18

709 89 4
                                    

'မပြောရဲဘူး'
'မပြောလို့မရဘူးလေ၊နင်ကိုသူမပြောဘူးဆိုတာလည်း​နင်လွန်တာလေ'
ရှားလော့အောင်ခိုင်သက်ပြင်းချကာထူပူနေသည်၊
'ရှားလော့၊နင်သူ့ကိုချစ်တာပဲလေအခုသူကနင့်အပိုင်ဖြစ်နေပြီလေ၊နင်သိမ်းပိုက်လိုက်ရုံပဲ'
'ဗီလိန်မဆန်ဘူးလား'
'ဘာပဲဖြစ်ဖြစ်သူကနင်မိန်းမဖြစ်မှာလေ၊ဒါနဲ့လေနင်အဲ့ညကအပေါ်ကမလား'
'ဟုတ်မယ်ထင်တာပဲ'
'နင်အဲ့နေ့ကဘယ်လောက်တောင်သောက်လိုက်တာလဲ၊ရှားလော့'
'ငါမသိဘူး'
'နင်အင်္ကျီလဲတော့၊ဦးလေးကိုငါပြောပေးမယ်၊သွားမယ်'
'ဘယ်လဲ'
'သူ့ဆီလေ'
'မသွားရဲဘူး'
'မရဘူး၊သွားအဝတ်အစားလဲ!'
သွန်းစက်ရဲ့ဖိအားများကြောင့်ပင်မာန်သွေးခက်companyဆီရောက်လာသည်၊
'CEOကအစည်းအဝေးတတ်နေတာမို့၊စောင့်ရပါမယ်'
'သြော်ဟုတ်၊ညီမတို့စောင့်လိုက်ပါ့မယ်'
'ဘာများသုံးဆောင်ဦးမလဲရှင်'
'တော်ပါပြီ'
'ဒါဆိုWaiting Areaမှာစောင့်နေပေးပါရှင့်'
'ဟုတ်'
reception counterနဲ့မနီးမဝေးကwaiting areaမှာစောင့်နေချိန်ဘရဏီကရောက်လာကာ
'ရှားလော့၊'
'အန်တီ၊'
'ခက်ကိုလာတွေ့တာလား'
'ဟုတ်၊ဟိုနေ့ညက.....'
ဘရဏီကပြုံးပြကာ
'ကဲ၊လာ၊အန်တီတို့ရုံးခန်းထဲသွားရအောင်'
'ဟုတ်'
'ရှားလော့ငါကကော'
'ခဏလေးစောင့်ဟဲ့၊ပြီးရင်ပြန်လာခဲ့မယ်'
'အေးအေး'
ဘရဏီသူမရုံးခန်းထဲရောက်မှ
'ကဲ၊ပြောပါဦး'
'အန်တီနဲ့ရှားလော့အဲ့နေ့ညက....'
'ဘာဖြစ်လို့လဲ'
'လူသိရှင်ကြားပြောလို့မဖြစ်တဲ့အရာတွေဖြစ်ခဲ့တယ်ထင်တယ်'
ဘရဏီဒေါသမီးတောက်သွားလေသည်၊
'အဲ့တော့မင်းဘာဆက်လုပ်မှာလဲ'
'အဲ့တာတော့ရှားလော့လည်းမသိဘူး'
ဘရဏီဆုံလည်ကုလားထိုင်ကိုလှည့်ကာရှားလော့ကိုကျောပေးထိုင်လိုက်သည်၊
'အန်တီပြောသလိုရှားလော့လုပ်ရမယ်၊'
'ရှင်'
'ဟုတ်တယ်၊ရှားလော့၊အန်တီမင်းအတွက်နောက်ဆုတ်ပေးလိုက်ပြီ၊အန်တီမင်းကိုကူညီမယ်၊'
'တကယ်လားအန်တီ'
ဘရဏီမဲ့ပြုံးပြုံးကာ
'ဒါပေါ့၊သမီးရယ်၊အန်တီမင်းလက်ထဲကိုခက်ကိုရအောင်ကိုထည့်ပေးမယ်'
'အန်တီအတွက်ကကော'
'အန်တီအတွက်ဟုတ်လား'
'ဟုတ်၊အန်တီလည်းအန်တီမာန်သွေးခက်ကိုချစ်နေတာမဟုတ်ဘူးလား'
'ထားပါကလေးရယ်၊မင်းအခုဘာလုပ်ရမလဲဆိုတာအန်တီပြောမယ်'
'ဟုတ်အန်တီ'
'အခုမင်းသွားတာနဲ့သူရုံးခန်းထဲရောက်ရင်အင်္ကျီစလေးနည်းနည်းဖြဲ၊စကတ်လေးနည်းနည်ဖြဲပြီး၊အော်ပစ်လိုက်ကယ်ကြပါဦး!အန်တီကျွန်မကိုမတရားကြံနေပါတယ်လို့'
'အဲ့တာကြီးက'
'မင်းခက်ကိုမလိုချင်ဘူးလား'
'ဟုတ်လိုချင်တယ်'
'နုံသလိုအသလိုလုပ်မနေနဲ့တော့၊လည်ဖို့လိုရင်လည်ရမယ်၊ရှားလော့၊အန်တီပြောသလိုလုပ်ပါ၊ကြားလား'
'ဟုတ်အန်တီ၊ကျေးဇူးပါ'
'ရပါတယ်ကွယ်'
ရှားလော့အောင်ခိုင်ထွက်သွားတော့မှ
'ငါကခက်ကိုချစ်တယ်၊ဒါပေ့မဲ့ငါအနိုင်ရတာမျိုးကိုပိုချစ်တယ်'
အစည်းအဝေးအပြီးရုံးခန်းထဲမှာနားနေတဲ့မာန်သွေးခက်အကြောင်အရာတခုကိုပဲတွေးနေမိသည်၊
ထိုအချိန်
'အန်တီ'
'မင်း၊မင်းဘာလာလုပ်တာလဲ'
'ငပလီမှာရှားလော့တို့ဖြစ်ခဲ့တာတွေအတွက်တောင်းပန်ချင်လို့ပါ'
'မလိုဘူး၊ပြန်တော့'
'ရှားလော့မှားမှန်းသိပါတယ်'
မာန်သွေးခက်နားမလည်ဖြစ်သွားသည်၊
'အန်တီအပေါ်ရှားလော့အခွင့်အရေးယူမိတဲ့အတွက်ရှားလော့တာဝန်ယူမှာပါ'
'မင်းငါ့ကိုလာနောက်နေတာလား၊မင်းနဲ့ငါကမိန်းမတွေ၊ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့မေ့လိုက်၊ဘာမှဖြစ်လာမှာမဟုတ်ဘူး'
'အန်တီအဲ့လိုမပြောပါနဲ့၊ရှားလော့ကလာတောင်းပန်နေတာပါ'
'မလိုဘူးပြန်'
'မရဘူး!အန်တီကိုရှားလော့ရအောင်ယူမှာ၊အန်တီကိုရှားလော့ရအောင်ယူပြမယ်!'
ပြောရင်းဆိုရင်းရှားလော့စီးလာတဲ့ဖိနပ်ကိုချွတ်ကာ၊အင်္ကျီကိုပခုံးနားကိုအနည်းငယ်ဆွဲဖြဲကာဝတ်လာတဲ့စကတ်ကိုအနည်းငယ်မဆိုသလောက်ဖြဲလိုက်သည်၊
'ဘာလုပ်နေတာလဲ'
'အန်တီစိတ်မဆိုးပါနဲ့နော်၊ရှားလော့ဒီလိုလုပ်မှဖြစ်မှာမို့လို့ပါ'
'ဘာ'
'ကယ်ကြပါဦး!အန်တီရှားလော့ကိုမတရားလုပ်နေပါတယ်!'
'ကလေးမ၊မင်းဘာတွေလျှောက်အော်နေတာလဲ'
ရှားလော့အောင်ခိုင်အခန်းထဲပတ်ပြေးကာအားကုန်အော်ပစ်သည်၊
မာန်သွေးခက်လည်းလိုက်ဖမ်းရာမိသည်နှင့်ပါးစပ်ကိုလှမ်းအုပ်လိုက်သည်၊
'တီလေး!ဘာတွေဖြစ်....'
ဖရိုဖရဲဖြစ်နေတဲ့ရှားလော့ကိုမာန်သွေးခက်ကချုပ်ထားတာမြင်တော့နေသူရိန်ပြန်ထွက်သွားသည်၊
'နေသူရိန်၊နင်ထင်သလို....'
ကလေးမကိုမျက်စောင်းထိုးလိုက်တာ့ငြိမ်ကျသွားသည်၊
ထိုအချိန်ဂရေစ့်ဆီဖုန်းဝင်လာသည်
'ဟယ်လို၊ပြောပါ၊ဟုတ်ပါတယ်၊ဂရေစ့်အောင်ခိုင်ပါ´
နောက်ဆက်တွဲစကားကြောင့်ဂရေစ့်တစ်ယောက်မီးဖိုချောင်ထဲကပြေးထွက်ကာကားသော့ယူပြီး
'ရတု!သမီး!´
'ရှင်မာမီ!´
'နောက်ဖေးကဟင်းအိုးကိုမီးပိတ်လိုက်၊´
'မာမီဘယ်လဲ၊´
'ပြန်လာမှပြောမယ်၊ခြံတံခါးသော့ခတ်ထား!ကြားလား!´
'ဟုတ်မာမီ´
ဂရေစ့်အောင်ခိုင်ကကိုအရှိန်မြှင့်မောင်းကာရွှေရတုကိုရုံးကိုသွားခေါ်သည်
'ရှားလော့၊´
'သမီးဘာဖြစ်လို့လဲ´
'မသိဘူး၊မာန်သွေးခက်တူဖုန်းဆက်တာ၊အရေးကြီးတာမို့လာခဲ့ပါတဲ့´
'ဂရေစ့်စိတ်လျော့ပါ´
'သမီးကိုသူတခုခုလုပ်လိုက်ပြီ၊ဂရေစ့်သိတယ်´
'ဂရေစ့်၊စိတ်လျော့၊မီးနီနေပြီ၊ရပ်!´
အသက်တောင်မနည်းရှူနေတဲ့သမီးဇောတက်နေတဲ့ဂရေစ့်ကိုရွှေရုပ်လွှာဖက်လိုက်ကာ
'အဆင်ပြေသွားမှာပါ၊စိတ်ကိုလျော့၊ဟိုရောက်ရင်အေးဆေးပဲပြောမယ်နော်၊ဟုတ်ပြီလား၊စိတ်လျော့´
ဂရေစ့်မျက်ရည်များပင်ကျနေသည်၊
မာန်သွေးခက်ရုံးခန်းကိုရောက်တော့ဖရိုဖရဲအင်္ကျီများပါစုတ်ပြတ်နေတဲ့သမီးကိုမြင်တော့
'သမီး!´
'မာမီ၊မားမား´
ရွှေရုပ်လွှာသမီးကိုသူမရဲ့ကုတ်အင်္ကျီကိုချွတ်ကာရှားလော့အောင်ခိုင်ပေါင်ပေါ်တင်ကာဖုံးပေးလိုက်သည်
ဂရေစ့်အောင်ခိုင်ပူထူကာမာန်သွေးခက်ကိုအားပြင်းပြင်းနှင့်တချက်တည်းရိုက်ချလိုက်သည်
*ဖြန်း!*
'နင်ငါ့သမီးကိုဘာလုပ်လိုက်တာလဲ!မာန်သွေးခက်!ငါ့သမီးလေးကို!နင့်ကိုငါသတ်မယ်!'
ဂရေစ့်ကိုရွှေရုပ်လွှာဆွဲထားကာ
'ဂရေစ့်စိတ်လျော့၊သမီးမျက်နှာလည်းထောက်ဦးမှပေါ့၊မောင်သူရိန်ကိုကျေးဇူးတင်ပါတယ်ကွယ်၊မဟုတ်ရင်အန်တီတို့သမီးလေးဘာဖြစ်မလဲတောင်မသိဘူး'
ရွှေရုပ်လွှာမာန်သွေးခက်ကိုမျက်စောင်းထိုးကာပြောလိုက်သည်၊
'ကျွန်တော်ကလည်းတီလေးအစားတောင်းပန်ပါတယ်၊ရုံးကလူတွေလည်းဟိုပြောဒီပြောဖြစ်သွားပြီဆိုတော့မင်္ဂလာကိစ္စပြောသင့်ပြီထင်တယ်'
'နေဦး၊နေသူရိန်မောင်၊နင်အဖြစ်မှန်ကိုမသိပဲမပြောနဲ့၊ရှားလော့မင်းဘာမှမပြောဘူးလား'
မာန်သွေးခက်စကကဂရေစ့်ကိုဒေါသပိုဖြစ်သွားစေကာ
'မာန်သွေးခက်!ငါ့ကိုလူသတ်မိအောင်မလုပ်နဲ့!ငါ့သမီးလေးအခုအရှက်ကွဲအကျိုးနည်းဖြစ်အောင်နင်တမင်လုပ်တာမလား´
'ဂရေစ့်၊မအော်နဲ့တော့၊ကားပေါ်မှာဘာပြောထားလဲ၊ဒီကိစ္စကိုအေးအေးဆေးဆေးပြောကြမယ်လို့ပြောထားတယ်မလား´
ဂရေစ့်ခုံပေါ်ထိုင်ကျကာသမီးငယ်ကိုကြည့်ကာငိုရှာသည်၊
'မာမီအပြစ်တွေပါသမီးရယ်၊မာမီသာအတ္တမကြီးခဲ့ရင်သမီးလေးဒီလိုမဖြစ်ဘူး´
'မာမီတော်ပါတော့၊မာမီအပြစ်မဟုတ်ပါဘူးပြီးတော့ဒီကိစ္စကြောင့်ရှားလော့အန်တီကိုအတင်းလက်ထပ်ဖို့မလုပ်တော့ပါဘူး၊အန်တီဘက်ကရှေ့မဆက်ချင်ရင်ရပ်လိုက်ကြတာပေါ့၊ဒါပေ့မဲ့လေရှားလော့အန်တီကိုချစ်တယ်၊ရှားလော့ချစ်မိတဲ့အတွက်နောင်တမရဘူး၊´
ထပြန်တော့မယ်ရှားလော့မျက်နှာကိုမာန်သွေးခက်သေချာကြည့်ကာတွေးမိသည်၊
ဒါဟာသူမအတွက်လည်းအခွင့်အရေးဖြစ်သည်၊
သူမကိုပိုင်ရမယ့်အခွင့်အရေးပင်၊
ဒီအပြုအမူကိုဘယ်သူသင်ပေးလဲဆိုတာကိုလည်းသိချင်မိသည်၊
'နေဦးရှားလော့´
ရှားလော့လှည့်ကြည့်လာတော့
'မင်္ဂလာပွဲကိုမင်းစိတ်ကြိုက်စီစဥ်ပါ၊လောလောဆယ်ငါနဲ့ခဏလိုက်ခဲ့´
'ဟုတ်´
CCTVအခန်းထဲကိုနှစ်ယောက်အတူရောက်လာတော့မာန်သွေးခက်သူမရုံးခန်းCCTVကိုဖွင့်ကာပြလိုက်သည်၊
ပြူးတူးပြဲတဲနဲ့ကလေးမကြည့်ပြီးရှက်သွားသည်၊
'မင်းအမေတွေကိုဒါတွေပြလိုက်လို့ရတယ်၊´
'အန်တီကခြိမ်းခြောက်တာလား´
'ဟုတ်တယ်၊မင်းကိုငါလက်ထပ်မယ်၊ဒါပေ့မဲ့မင်းငါစကားနားထောင်ရမယ်´
'ဟုတ်၊နားထောင်မယ်´
မာန်သွေးခက်လည်းပြုံးကာသူမကုတ်အင်္ကျီကိုဝတ်ပေးလိုက်သည်၊
'ဒါဆိုအခုလိုလုပ်ရမယ်လို့ဘယ်သူသင်ပေးတာလဲ´
'ရှင်´
'အခုလိုလုပ်ဖို့ဘယ်သူမြှောက်ပေးတာလဲ´
ဘာမှမပြောပဲငြိမ်ကျသွားတဲ့ကလေးမကိုမမေးရင်တောင်ဘယ်သူ့ကြောင့်ဆိုတာခန့်မှန်းလို့ရပါသည်၊
သို့သော်သူမပါးစပ်ကထုတ်ပြောတာကိုလိုချင်သည်၊
'ပြောလေ၊´
'အန်တီဘရဏီပါ၊အဲ့တာကတကယ်အလုပ်ဖြစ်တယ်လေ၊´
မာန်သွေးခက်ရုပ်တည်ဖြင့်ကြည့်နေတော့ရှားလော့ငြိမ်ကျသွားသည်
'ကဲ၊အိမ်ကိုပြန်တော့၊´
'အန်တီကကော၊´
'စာရင်းရှင်းစရာလေးရှိလို့ပါ´
'အန်တီFacebookမှာmarriageတင်လို့ရလား´
'သဘောလေ´
'ဟီး၊ပျော်စရာကြီး´
'ဘာလို့လဲ´
'ရှားလော့မိန်းမရတော့မယ်လေ´
'ဘယ်သူကမင်းမိန်းမလဲ၊အသေးလေး´
'အန်တီလေ´
မာန်သွေးခက်စချင်လာ၍
'ငပလီမှာတုန်းကမင်းကငါ့ကိုအခွင့်အရေးယူတယ်လို့မင်းပြောတယ်နော်´
'အင်းလေ´
'တကယ်တမ်းအဲ့လိုမဟုတ်ဘူး၊´
'ရှင်´
ရှားလော့ပါးနှစ်ဖက်ပန်းရောင်သန်းလာသည်၊
'ကိုက်ရာလေးရှိသေးသားပဲ´
ရှားလော့တစ်ယောက်မျက်လုံးချင်မစုံရဲတော့ပဲအခန်းထဲကထွက်လာလိုက်သည်၊
'ကျွန်မအသေးလေး....ရှားလော့ကိုလက်ထပ်ပါမယ်၊သမီးရှင်တွေစိတ်တိုင်းကျမင်္ဂလာပွဲကိုလည်းလုပ်ပေးပါမယ်´
ရွှေရုပ်လွှာမာန်သွေးခက်နားတိုးကာပါးကိုတချက်ထဲရိုက်လိုက်သည်၊
'ဒီကလေးကငါမိသားစုရဲ့အစပဲ၊ငါရဲ့သမီးဦးပဲ၊ငါရဲ့သမီးမျက်ရည်ကျတာမျိုးမလိုချင်ဘူး၊ငါ့သမီးလေးမျက်ရည်ကျတဲ့နေ့ကငါ့မင်းကိုသတ်ပြီးထောင်ထဲဝင်မယ့်နေ့ပဲ၊အဲ့တာကြောင့်ကြပ်ကြပ်သတိထားပါ၊မာန်သွေးခက်၊ငါမင်းကိုအမြဲစောင့်ကြည့်နေမှာ၊လာသမီးသွားမယ်´
ပါးနှစ်ဖက်ဟာကျိန်းစပ်နေပါသည်လေ၊
အမေနှစ်ယောက်ရိုက်ချက်ဟာအတော်ပြင်းလှသည်၊
'တီလေး´
'ပြန်နှင့်၊ကားထားခဲ့၊ဒီကိစ္စရဲ့အဓိကဇစ်မြစ်နဲ့ငါပြောရဆိုရဦးမယ်´
မာန်သွေးခက်ရုံးခန်းထဲကထွက်လာကာဘရဏီရုံးခန်းထဲဝင်လာလိုက်သည်၊
ဘရဏီရယ်မောကာ
'နင်ပါးရိုက်ခံရတယ်လို့ငါကြားတယ်´
'ဘယ်တတ်နိုင်မလဲ၊ယောက္ခမနှစ်ယောက်ကဒေါသကြီးတာကို´
'ဘာ!´
'အေး၊နင့်ကျေးဇူးကြောင့်ငါအသေးလေးနဲ့လက်ထပ်တော့မယ်´
ဘရဏီဒေါသတကြီးအော်ဟစ်လိုက်သည်
'နင်အဲ့သလောက်လွယ်လား!´
'အေးလွယ်တယ်!အခုလည်းနင့်ကိုကြိုပြီးဘယ်သူကိုမှမဖိတ်ရခင်ပါးစပ်နဲ့လာဖိတ်၊ငါရဲ့မင်္ဂလာဆောင်ကိုနင်လာခဲ့ပါဦး´
'မာန်သွေးခက်!နင်!´
'နင်ဖန်တီးခဲ့တာလေ၊ဘရဏီ၊ဘာလဲ၊နင်မထင်ထားဘူးမလား၊အေးဟုတ်တယ်၊ငါလိမ်ခဲ့တာ၊ငါရှားလော့ကိုမချစ်ဘူးလို့လိမ်ခဲ့တာ၊ငါသူ့ကိုချစ်နေခဲ့တာကြာပြီ၊သူရဲ့ဖြူစင်တဲ့အပြုအမူတွေကငါ့ရင်ထဲအထိရောက်စေတယ်၊ငါသိပ်လွယ်တယ်၊သူနေရာမှာတခြားမိန်းမဆိုငါရုံးခန်းပြင်ဆွဲထုတ်ပလိုက်ပြီ၊နင်ဆိုရင်တောင်မှပေါ့၊သူ့ကိုတော့ငါမလုပ်ရက်ဘူး၊သူခေါင်းထဲကိုအဲ့လိုအတွေးတွေရိုက်သွင်းတာနင်ဆိုတာငါအစကတည်းကသိပြီးသား´
'မာန်သွေးခက်!´
'နင်သူ့ကိုထပ်မထိနဲ့၊ငါသူငယ်ချင်းသံယောဇဥ်ထောက်ပြီးပြောနေတာ´
'ထိခဲ့ရင်ကော´
'နင့်တွင်းနင်တူးထားပေါ့´

feedback pls!


တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now