12

626 72 3
                                    

'သူမင်းကိုသဘောကျလာမှာမဟုတ်ဘူး'
'ရှင်'
'မင်းလိုကလေးသာသာလောက်ကိုခေါင်းထဲထားမတဲ့လား၊သူကရင့်ကျက်တဲ့လူကိုမှသဘောကျတာ၊အိမ်ထောင်မှုနိုင်နင်းတဲ့လူမျိုးမှ၊မင်ူကသူအတွက်စိတ်အနှောင့်အယှက်ဖြစ်နေတာလေမင်းသတိမထားမိဘူးလား'
'ဒါပေ့မဲ့သူကပျော်နေတယ်လေ'
'ခက်ကမင်းကိုသူတူကောင်မလေးမို့အလိုက်အထိုက်ဆက်ဆံနေတာပါ၊မင်းကအလိုက်ကမ်းဆိုးနားလည်မှပေါ့၊အန်တီကမင်းအတွက်ပြောနေတာပါ၊ကလေးရယ်၊နားလည်စမ်းပါ'
'ဟုတ်၊သမီးဘာဆက်လုပ်ရမလဲ၊အန်တီ'
'ထွက်သွား၊'
'ရှင်'
'ထွက်သွား၊သူနားမှာမနေပဲဝေးဝေးကိုသာသွားလိုက်'
'ရပါ့မလား'
'လူတွေကဝေးသွားမှပိုသတိရတက်ကြတယ်လေ၊အဲ့တာကြောင့်သူဖုန်းကိုမကိုင်ပဲသူနဲ့အဆက်အသွယ်ဖြတ်ထားလိုက်၊သူကပေါင်၁၀၀ကျော်တဲ့မိန်းကလေးတွေကိုမကြိုက်ဘူး၊ဝိတ်လျော့၊မြန်မာမဆန်ရင်မကြိုက်ဘူး၊စကတ်တိုတိုလေးနဲ့မင်းကိုပိုတောင်ဆိုးသေး၊အဲ့တော့အခုလောလောဆယ်သူ့ကိုအဆက်အသွယ်ဖြတ်လိုက်'
'ဟုတ်၊အန်တီကျေးဇူးပါနော်'
ခဏအကြာမာန်သွေးခက်တစ်ယောက်စျေးတခုလုံးပတ်ရှာသော်လည်းမတွေ့၍ဖုန်းဆက်ကြည့်ရာ
'ဖုန်းကိုင်စမ်းပါ!တောက်!'
'တော်ပါတော့၊ခက်ရာ၊ကလေးတစ်ယောက်အတွက်ကိုနင်ဘာလို့အဲ့သလောက်ဖြစ်နေတာလဲ!'
'အေးနင်တွေးထားတယ်မလား၊!ဟုတ်တယ်၊အဲ့ငါအဲ့ကလေးမကိုသဘောကျတယ်၊သေလောက်အောင်ချစ်နေမိတာ၊အဲ့တာကြောင့်ငါတို့ဘာသာနေပါ့ရစေ!နင်သူကိုဘာတွေပြောလိုက်လို့သူဖုန်းတောင်မကိုင်တော့တာလဲ!'
ဘရဏီဘာမှမပြောတော့ပဲမျက်ရည်များသာကျလာသည်၊
'နင်နောင်တရစေရမယ်၊မာန်သွေးခက်၊နင်ငါ့အချစ်ကိုစော်ကားလွန်းတယ်'
'တော်စမ်းပါဟာ!နင်ငါကိုချစ်တာလား၊နင်နားမှာအဖော်ရှိနေပေးတာကိုချစ်တာလား!နင်ကနေဒါမှာကတည်းကနင်အနားငါရှိနေတာကိုသဘောကျတာလေ၊'
'ငါချစ်လို့လေ!'
'အဲ့တာချစ်တာမဟုတ်ဘူး!အဖော်မက်နေတာ!မတူဘူးဟဲ့!'
'ချစ်တယ်ဆိုတာကိုယ်နားမှာမရှိနေရင်တောင်သူအတွက်ဆိုပြီးအဝေးမှာနေနေရလည်းကျေနပ်နေတာမျိုး!အဲ့တာကိုမှအချစ်လို့ခေါ်တာ!'
ဘရဏီခြေလှမ်းများကိုနောက်ဆုတ်လိုက်သည်
ထိုနေရာမှာထွက်လာကာခြေထောက်များမခိုင်တော့လောက်အောင်ပင်ဖြစ်နေသည်၊
မာန်သွေးခက်စျေးထဲဝင်ရှာသော်လည်းမတွေ့တော့ပေ၊
လက်လျော့ကာပြန်လာလိုက်သည်
နောက်နေ့မနက်ဂရေစ့်တစ်ယောက်အစောနိုးနေ၍ဝရန်တာထွက်ကြည့်ရာမြူတွေကြားထဲလှုပ်တုတ်လှုပ်တုတ်နဲ့ဘယ်သူလဲဟုသေချာကြည့်နေရာကအခန်းထဲပြန်ဝင်ကာ
'ဘွားတော်ထဦး၊'
'အင်း...ကလေးရာ၊နောက်နေ့မှအန်တီအိပ်ချင်သေးတယ်'
'သြော်အရေးထဲ!ထပါဆို'
အိပ်ချက်မူးတူးနဲ့ရွှေရုပ်လွှာထလိုက်ရာ
ဂရေစ့်ဝရန်တာကိုဆွဲခေါ်လာသည်
'ရှင့်သမီးဘာဆေးတွေမှားသောက်ထားလဲမသိဘူးကြည့်ဦး'
ရွှေရုပ်လွှာမျက်မှန်တပ်ကာခြံထဲကသမီးဖြစ်သူကိုသေချာကြည့်နေရာ
'ကလေးသမီးငယ်ကိုသွားခေါ်၊အန်တီမျက်စိမှောက်နေတယ်ထင်တယ်'
ဂရေစ့်လည်းရွှေရတုကိုခေါ်လာကာ
'ဘာတုန်းမာမီကလည်းအစောကြီးကို၅နာရီပဲရှိသေးတယ်'
'အောက်မှာနင့်အမလားသေချာကြည့်စမ်းပါ'
ရွှေရတုသမ်းဝေကာမျက်စိကိုသေချာပွတ်ကာကြည့်လိုက်သည်
အံသြဖွယ်ထူးခြားရှားလော့အောင်ခိုင်လေ့ကျင့်ခန်းလုပ်နေလေသည်၊
ရွှေရတုအံသြကာ
'အမ!'
'ဝေ!'
'နင်အစောကြီးထလုပ်နေတာလဲ!'
'သြော်ငါလေ့ကျင့်ခန်းလုပ်နေတာလေ!'
'ဆေးမှားသောက်ထားတာလား!'
'ငါအကြောင်းနဲ့ငါဟေး!!!!'
ရွှေရတုတချက်ငြိမ်ကာ
'မာမီ၊မားမား၊အမေတို့သမီးကတော့သွားပြီ၊သမီးတော့ပြန်အိပ်တောမယ်'
သမီးကြီးဒီလောက်ထိပြောင်းလဲသွားတာကိုဂရေစ့်စဥ်းစားမရဖြစ်နေသည်
မနက်စာစားချိန်၌
'အန်တီ၊နေ့လည်စာကိုသမီးအတွက်ဆီလျော့ပြီးအရွက်ကြော်လေးပဲလုပ်ပေးနော်'
မနက်စာစားနေကြသူများအားလုံးအကြည့်ကရှားလော့ဆီရောကါသွားသည်၊
'ဂရေစ့်၊ငါ့တူမဘာဖြစ်သွားတာလဲ'
'မသိဘူးအကို၊မနက်ကလည်းအဲ့ကောင်မလေးလေ့ကျင့်ခန်းတွေထလုပ်နေတယ်'
'သစ်တောလေးအမေမိုးပုလဲကစိတ်ကျန်းမာရေးကောကုလားမသိဘူး'
'အကိုရယ်၊နင်ပြောမှငါ့သမီးအရူးဖြစ်နေပြီ'
'ဟဲ့နင့်သမီးကတသက်လုံးအသားပဲစားလာတဲ့ကလေးမကအခုမှအရွက်မှအရွက်ဖြစ်နေတာဟုတ်မှမဟုတ်သေးတာ'
'သြော်သူလည်းကျန်းမာရေးလိုက်စားတာနေမှာပေါ့'
'ဒါနဲ့မာမီ'
'ပြောသမီး'
'သမီးကိုလေမာမီမဝတ်တော့တဲ့ရင်ဖုံးနဲ့ထဘီလေးတွေပေးပါလားနော်'
'သြော်အေးအေးသမီး'
'နင့်သမီးကိုဆရာဝန်ပြတော့'
'အကိုနင်နော်'
ပြောင်းလဲပုံဟာပို၍သာထူးဆန်းလာပြီးရှားလော့ဟာအရင်ကနဲ့မတူပဲငြိမ်သွားသည်၊တစ်နေကုန်အိမ်သန့်ရှင်းရေးလုပ်ကာနေ့လည်စာစားချိန်မတိုင်ခင်တွေမှာဆိုရင်မီးဖိုချောင်ထဲမှာဟိုကူဒီကူနှင့်လုပ်နေတတ်သေးသည်၊
နေ့လည်စာစားချိန်တိုင်းလက်မှာဒဏ်ရာဒဏ်ချက်များနှင့်ဆိုတော့မိဘနှစ်ပါးရင်ထဲမကောင်းပေ၊
'သမီးရယ်၊မာမီတို့တောင်မခိုင်းရက်တဲ့ဒီလက်ကလေးတွေကြည့်စမ်း၊အပူလောင်ရာတွေဓားရာတွေနဲ့၊သမီးရယ်ဘယ်လိုတွေဖြစ်တာလဲ'
'အဆင်ပြေပါတယ်မာမီရဲ့၊စားတော့လေနော်'
'အင်း'
ကြက်သားဟင်းပန်းကန်ထဲကဂရေစ့်အောင်ခိုင်ကိုဟင်းထည့်ပေးတော့ဂရေစ့်ကလည်းဟင်းပြန်ထည့်ပေးမယ်လုပ်တော့
'မာမီစား၊သမီးအသားခဏရှောင်ထားတယ်'
ရွှေရုပ်လွှာစားနေရင်းချောင်းဟန့်လိုက်ကာ
'ရှားလော့၊လွန်လွန်ကျူးကျူးတွေမလုပ်နဲ့နော်၊တော်ရုံပဲကောင်းတယ်၊'
လေသံမာမာနဲ့ပြောတဲ့ရွှေရုပ်လွှာကိုရှားလော့သေအောင်ကြောက်သည်၊
'ဟုတ်...မားမား'
ညဘက်တွေအစားရှောင်ကာမနက်ဆိုအစောထကာအမြဲလိုလိုဒီလိုလုပ်နေတော့မိခင်နှစ်ဦးစိုးရိမ်လာသည်၊
၂ပတ်လောက်ထိအစားကိုညဘက်တွေရှောင်ပြီးစားရင်လည်းနည်းလွန်းတော့ရှားလော့တို့အိပ်ရာထဲလှဲသွားတော့သည်၊
ပိန်သွားတဲ့သမီးကိုကြည့်ကာရွှေရုပ်လွှာရင်ထဲမကောင်းဖြစ်သွားသည်၊
'ကလေးကအားနည်းနေတယ်၊ငယ်ငယ်ကတည်းကအစာအိမ်ရောင်ဖူးတယ်မလား၊'
'ရောင်ဖူးတယ်၊မမိုးရယ်၊ညီမတို့ပြောတာကိုနားမထောင်ဘူး'
'အဲ့လိုအစားရှောင်လို့မရဘူး၊သမီး၊သမီးကနာတာရှည်ရောဂါရှိတဲ့လူမို့၊dietလုပ်လို့မရဘူး၊သမီးဝိတ်ကျချင်တယ်ဆိုgymဆော့တာပဲဖြစ်ဖြစ်လုပ်၊အစားကို၃နပ်ကတော့လျော့လို့မရဘူးသမီး၊'
'ဟုတ်အန်တီ၊'
'လိမ္မာတယ်၊အန်တီပေးတဲ့ဆေးကိုဆေးပတ်လည်အောင်သောက်မယ်နော်၊အစားကိုပုံမှန်ပြန်စားမယ်၊ဟုတ်ပြီလား'
'ဟုတ်ကဲ့၊'
မိုးပုလဲနဲ့အတူဂရေစ့်တို့ထွက်လာတော့
'ရှားလော့လေးကdietဘာလို့လုပ်တာလဲ'
'မသိပါဘူး၊မမိုးရယ်၊နေ့ချင်းညချင်းအရမ်းပျော်တတ်တဲ့ကလေးကစတာနောက်တာတွေမလုပ်တော့သလို၊ဟင်းတွေကောက်ချက်၊အိမ်ကိုသန့်ရှင်းရေးတွေထလုပ်နဲ့၊'
'ကိုယ်တွေမေးတာလည်းဘာမှပြန်မဖြေဘူး၊'
'ဟုတ်တယ်၊ဘွားတော်ကဘာလို့လုပ်နေတာလဲမေးတာကိုတောင်မသိချင်ယောင်ဆောင်တတ်နေပြီ၊'
'အင်း....တွေးစရာပဲ၊ကလေးတွေကိုမေးကြည့်ရင်သိမယ်ထင်တယ်'
အမဖြစ်သူအခန်းထဲထွက်လာတဲ့ရွှေရတုကိုဂရေစ့်လက်ကဆွဲကာခေါ်လိုက်သည်၊
'သမီးအမဘာလို့အဲ့လိုတွေဖြစ်နေတာလဲ'
တရားခံစစ်သလိုမေးနေတော့ရွှေရတုဘာဖြေရမှန်းမသိဖြစ်နေသည်၊
'မသိဘူးလေ'
'ရွှေရတုမားမားလိမ်တာမကြိုက်ဘူး'
ရွှေရုပ်လွှာလေသံမာသွားတော့ရွှေရတုကြောက်သွားကာ
'မားမားသမီးကလူတစ်ယောက်ကိုချစ်နေမိတာ၊သမီးကျန်တာမသိဘူး၊'
ဂရေစ့်လည်းလက်ကိုလွှတ်ပေးလိုက်တော့ရွှေရတုပြေးတာတန်းနေတာပါပဲ၊
'အေးပေါ့၊အသက်လည်း၂၀ကျော်နေပြီ၊ဒီအရွယ်မှမချစ်တတ်ရင်လည်းဘယ်အချိန်ချစ်တတ်မလဲ'
'ဒါဆိုလည်းကလေးကိုဖြောင်းဖျကြည့်ကြပါ၊သူနောက်ထပ်အစားရှောင်ရင်ဆေးရုံရောက်သွားနိုင်တယ်'
'အဲ့အတွက်တော့မပူပါနဲ့၊'
'ဘွားတော်ဘာလုပ်မလို့လဲ'
'သြော်၊နားလည်အောက်ရှင်းပြရမှာပေါ့'
၃၊၄ရက်လောက်ရွှေရုပ်လွှာရှားလော့ကိုစကားမပြော၊
ရှားလော့အောင်ခိုင်နေရခက်လာတော့
'မာမီ၊'
'ပြောသမီး'
'မားမားကသမီးကိုစိတ်ဆိုးနေတာလား'
'မသိဘူးလေ၊သမီးသွားမေးပါလား'
'မမေးရဲဘူးမာမီ'
'သြော်စိတ်ဆိုးနေလည်းသမီးချော့တတ်နေတာပဲကို၊စကားသွားပြောကြည့်ပေါ့'
ရှားလော့လည်းအားတင်းကာဧည့်ခန်းထဲမှာအမှုသည်နှင့်ဖုန်းပြောနေတဲ့မိခင်ကိုဧည်ခန်းဝတံခါးအကွယ်ကနေချောင်းကာနေသည်၊
ရွှေရုပ်လွှာရှားလော့ကိုမြင်လိုက်တော့ဖုန်းချလိုက်ကာတံခါးဝကိုစိုက်ကြည့်နေသည်၊
နောက်တစ်ခေါက်ရှားလော့ပြန်ချောင်းတော့ပက်ပင်းတိုးလေသည်၊
'ဘာလုပ်နေတာလဲ'
'မားမားအလုပ်ရှုပ်နေတာလား'
'မရှုပ်ပါဘူး'
'မားမားဘာလုပ်'
'အမှုသည်နဲ့ဖုန်းပြောနေတာလေ'
'ဒါဆိုအလုပ်ရှုပ်နေတာပေါ့'
'ပြီးသွားပြီ၊မရှုပ်ဘူး'
'မားမား....ဟိုလေ'
'အထဲဝင်ခဲ့'
ရှားလော့လည်းသွက်သွက်ကလေးဝင်လာကာခုံမှာထိုင်လိုက်သည်၊
ရွှေရုပ်လွှာကြည့်နေတော့ပြုံးပြကာ
'မားမားသမီးကိုစိတ်ဆိုးနေတာလားဟင်'
'အင်းနည်းနည်း'
'မားမားကလည်းစိတ်ဆိုးပါနဲ့'
'ရတုရေ!သမီး'
'ရှင်!မားမား!'
'မားမားကိုကားသော့လေးယူပေးပါဦးကွာ'
ရွှေရတုကားသော့ယူလာတော့
'လာ၊ထ'
'ဘယ်လဲ၊မားမား'
'ထစမ်းပါ၊သမီးရယ်ဟိုရောက်ရင်သိမယ်၊ထ'
ရွှေရုပ်လွှာနဲ့အတူရှားလော့လိုက်သွားရာ
ကားသည်ရင်းနှီးနေသောဆိုင်လေးတခုမှာရပ်သွားသည်
'ဆင်း'
မိခင်နဲ့အတူကားပေါ်ကဆင်းကာဆိုင်လေးထဲဝင်ထိုင်လိုက်သည်၊
'မှတ်မိလား၊သမီး၊သမီးငယ်ငယ်ကဆိုဒီဆိုင်ကကြာဇံဆီချက်နဲ့ဖက်ထုတ်ကြော်အရမ်းကြိုက်တာလေ'
'ဟုတ်၊မှတ်မိတယ်၊တအားစားကောင်းတာ'
ထိုအချိန်စားပွဲထိုးလေးရောက်လာကာ
'ဘာသုံးဆောင်မလဲဗျ'
'ကြာဇံဆီချက်၂ပွဲရယ်၊ဖက်ထုတ်ကြော်ပွဲကြီးရယ်ပေးပါ'
'ဟုတ်ကဲ့ခင်ဗျ'
'မားမားသမီးကိုဒီကိုဘာလို့ခေါ်လာတာလဲ'
'သမီးလူတစ်ယောက်ကိုချစ်နေတယ်ဆို'
ရေနွေးငှဲ့ရင်း​ရွှေရုပ်လွှာပြောလိုက်တော့ရှားလော့တစ်ယောက်အံသြသွားသည်၊
'လူတစ်ယောက်ကိုချစ်ရင်ကိုယ့်ကိုပြုပြင်ရတယ်လို့ဘယ်သူပြောလဲ'
'ဘယ်သူမှတော့မပြောပေ့မဲ့သူအကြိုက်ပုံစံနေတော့အမှတ်များရမလားလို့ပါ'
'သမီးမာမီကမားမားအကြိုက်ပုံတော့မဟုတ်ခဲ့ပါဘူး၊ဒါပေ့မဲ့ချစ်မိတဲ့အချိန်မှာဒါတွေကဘာမှမဟုတ်တော့ဘူးသမီးရဲ့၊သမီးစကတ်တိုလေးဝတ်လဲလှတယ်၊ထဘီနဲ့လည်းလှတယ်၊ဝလည်းလှတယ်၊မားမားရဲ့အသည်းလေးကဘယ်လိုနေနေလှပြီးသားပါ၊သမီးကြိုက်နေတဲ့သူကကောလူပဲလေ၊ဘာသားနဲ့ထုတာမို့လို့လဲ၊မားမားသမီးကိုကြွေလောက်ပါတယ်၊ပြောချင်တာကလေလူတစ်ယောက်ကိုချစ်လို့ကိုယ့်ကို​ကိုယ်ပြောင်းလဲပစ်တာထက်၊ဖြစ်တည်မှုကိုချစ်လာအောင်ကိုယ့်ကိုသတိထားမိအောင်ကြိုးစားသင့်တာ၊
အပြင်ပန်းကိုမချစ်ပါနဲ့သမီးရယ်၊အတွင်းစိတ်ကလေးကိုချစ်တတ်ရုံနဲ့လုံလောက်ပါပြီ၊'
'ဟုတ်မားမား၊သမီးနားလည်ပါပြီ'
'မှာထားတာတွေရပါပြီခင်ဗျ'
လာချပေးတဲ့ကြာဇံဆီချက်ပန်းကန်လေးကိုကြည့်ကာရှားလော့မျက်ရာ်များကျလာသည်၊
ရွှေရုပ်လွှာပြုံးကာမျက်ရည်များသုတ်ပေးသည်၊
'ချစ်ပြလိုက်ပါသမီးရယ်၊ဘာမှမပြောင်းလဲနေပဲ၊နဂိုတိုင်းလေးပဲချစ်ပြလိုက်ပါ၊အဆင်ပြေသွားလိမ့်မယ်'

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now