side story:2

545 70 1
                                    

အားလပ်ရက်နေ့တူတော်မောင်မာန်ရှားအောင်အိမ်မှာလာရှုပ်နေလေသည်၊
ယခုလည်းရွှေရတုသစ်ခွပင်တွေရေလောင်းနေသည်ကိုပိုက်ကိုအတင်းယူရာရွှေရတုထဘီပေါ်ရေများစင်ကုန်သည်
'မာန်ရှားအောင်၊နင်မကူရင်ထိုင်နေ၊ငါ့ကိုရေတွေစိုကုန်ပြီ၊´
'တီတီလေးကလည်း´
'သွားထိုင်နေစမ်းပါဟာ၊နင်အဘွားမြင်ရင်ငါ့မြေးကိုနင်ခိုင်းနေတာလားဆိုပြီးငါ့ကိုရန်လုပ်နေမယ်၊´
'တီတီလေးကလည်း´
ထိုအချိန်ကားဟွန်းတီးသံ​ကြား၍မာန်ရှားအောင်ခြံတံခါးထဖွင့်သည်၊
'ဟဲ့၊ယွန်းထက်နင်ဘာလာလုပ်တာလဲ´
'နင်ကိုရွာသာကြီးပို့မလို့လာခေါ်တာ၊´
'ငါအကောင်းမေးနေတာ´
'ငါအမေနဲ့စကားများလာလို့သူကားခိုးလာတာ´
ရွှေရတုနားထောင်ရင်မျက်လုံးပြူးသွားသည်၊
အတွေးထဲမှာလည်းဒီကလေးမတကယ်မလွယ်ပါလားဟု​တွေးနေလေသည်၊
'နင်ကလည်းဟာအန်တီသဒ္ဒါကိုလည်းသနားပါဦး၊နင်အဖေဆုံးသွားကတည်းကနင်အမေကနင်နဲ့နင်ညီမလေးကိုလည်းကြည့်ရတယ်၊ပြီးတော့အလုပ်ကလည်းလုပ်ရသေးတယ်´
'တော်စမ်းပါဟာ၊ငါ့ကြည့်ရတယ်ပြောရအောင်၊ငါသူ့ကိုဘယ်နှခါများအဆင်မပြေအောင်လုပ်ဖူးသလဲ၊အခုကလည်းအိမ်ပြောင်းပြီးငါအခန်းနေရာချပြီးမှဟိုအငယ်မသွန်းထက်အခန်းလဲခိုင်းလို့ရန်ဖြစ်လာတာ´
'ကလေးပဲဟာ၊အလျော့ပေးလိုက်ပါ´
'ဟဲ့၊ငါ့ကိုအပိုလာမပြောနဲ့၊အဘွားကော´
'အပြင်ခဏသွားတယ်၊အလုပ်ကိစ္စ´
ယွန်းထက်သစ်ခွပင်တွေကိုရေလောင်း၊အုန်းခွံလဲနေသည့်ရွှေရတုကိုသေချာခြေဆုံးခေါင်းဆုံးကြည့်ကာ
'ဟဲ့၊အဲ့တာနင့်ကိုဟိုတခါကလာကြိုတဲ့အဒေါ်ဆိုတာကြီးမလား´
'ဟုတ်တယ်လေ၊ဘယ်လိုလဲ၊ငါအဒေါ်လှတယ်မလား´
'ငါအမေဒါကြီးကိုဘာကြောင့်များကြိုက်သလဲမသိ´
ရွှေရတုကြားတော့ပြုံးကာသူမဘက်ထွက်လာသည်
'သြော်၊မတော်လိုက်ရတဲ့သမီးလေး၊ဘယ်လာတာလဲ´
'ဘာ!´
'သြော်၊မင်းအမေသာငါနဲ့ညားမယ်ဆို၊မင်းငါ့ကိုမေမေခေါ်နေရလောက်ပြီလေ၊သမီးလေးရဲ့´
'အဘွားကြီး၊စကားကိုကြည့်ပြော၊´
'အမယ်လေးလာလာချည်သေးရဲ့၊မင်းလေးပြောတော့ကောင်းသလား၊မိစွာတေး´
'ကျွန်မကိုအဲ့လိုမခေါ်နဲ့!´
'ခေါ်တော့ဘာဖြစ်သလဲ၊မိစွာတေးရဲ့´
'သြော်ဒေါ်ကျန်ရစ်!´
'ဘာပြောတယ်´
'ကျွန်မအမေပစ်လို့ကျန်ရစ်ဖြစ်တာလေ၊ဒေါ်ကျန်ရစ်ရဲ့´
'မိစွာတေး!´
'ဒေါ်ကျန်ရစ်!´
ထိုအချိန်ဂရေစ့်အောင်ခိုင်နဲ့ရှားလော့အောင်ခိုင်ပြန်ရောက်လာလေသည်၊
'ဟဲ့ဟဲ့၊ဘာဖြစ်နေကြတာလဲ´
ထိုကလေးမဦးအောင်အရင်တိုင်လေသည်၊
'ဘွားဘွား၊သမီးကိုဘွားဘွားသမီးကအနိုင်ကျင့်တယ်´
'အောင်မာ!မင်းအရင်လာခနဲ့တာလေ၊မိစွာတေးရဲ့´
'ကဲ၊ရွှေရတုရယ်ကလေးနဲ့ပြိုင်ပြီးဘယ်လို​တွေဖြစ်နေတာလဲ´
'မာမီ!´
'တော်စမ်း၊လာ၊မြေးလေးလာ၊´
ဂရေစ့်အောင်ခိုင်ကိုဖက်ကာယွန်းထက်အိမ်ထဲဝင်သွားသည်၊
ရှားလော့တစ်ယောက်လည်းညီမဖြစ်သူဆီကိုလျှောက်လာကာ
'ယွန်းလေးနဲ့ဘာဖြစ်နေတာလဲ၊´
'သြော်၊ငါကိုဒေါ်ကျန်ရစ်တဲ့၊အမရယ်´
ရှားလော့ရယ်ရှာသည်၊
'မရယ်ပါနဲ့၊အမရာ´
'အေးပါဟယ်၊ကလေးမပြောတာလည်းဟုတ်နေတာပဲကို´
'နေစမ်းပါဦး၊သူအဖေကဘယ်တုန်းကဆုံးသွားတာလဲ´
'သူဆယ်တန်းနှစ်မှာလှေကားပေါ်ကပြုတ်ကျပြီးဆုံးသွားတာ´
'သြော်၊´
'သဒ္ဒါထက်လည်းသနားပါတယ်၊သူ့သမီး၂ယောက်ကိုထိန်းရ၊သူ့ယောကျာ်းအလုပ်တွေကိုလည်းဆက်ခံရနဲ့၊တလောကမှတလမ်းကျော်ကိုပြောင်းလာကြတာ´
'နေပါ၊ငါမသိချင်ပါဘူးအမရယ်´
'မသိချင်ပေလို့ပဲခေါင်းတငြိမ့်ငြိမ့်နဲ့၊အလုပ်တွေလက်စသတ်ပြီးအထဲကိုလာခဲ့ချည်၊မုန့်စားရအောင်´
ရွှေရတုလည်းခြေလက်ဆေးကာအမဖြစ်သူနဲ့အတူမုန့်များကူထည့်ပေးနေသည်၊
မုန်များကိုဧည့်ခန်းထဲရွှေရတုယူလာကာ
'ကဲရော့၊မိစွာတေး´
'စိတ်မရှိပါနဲ၊လက်ကောဆေးရဲ့လားဟင်၊စောစောကမြေကြီးတွေကိုင်နေတာတွေ့တယ်လေ´
ထိုသို့​ပြောသောယွန်းထက်ဘေးရွှေရတုထိုင်ကာ
ပန်းကန်ထဲကမုန့်တခုယူစားကာထထွက်သွားလေသည်
'ဘယ်လိုတောင်´
'နင်စာတွေရပြီလား၊´
'ပူမနေနဲ့၊ကျမှာ´
'ဟ၊အဲ့လိုလည်းမဟုတ်သေးဘူးလေ´
'ဟဲ့၊လပတ်စာမေးပွဲတွေအတွက်နဲ့ငါကိုဦးနှောက်လာမစားနဲ့၊ငါကျနေကြ၊အရေးကြီးတာနောက်ဆုံးနှစ်ကုန်စာမေးပွဲပဲ´
'အေးပါ၊ငါသိပါတယ်´
'သြော်၊ဒါနဲ့ဘွားဘွား၊နောက်၂ရက်နေ့ရင်သမီးတို့အိမ်တက်ပွဲရှိတယ်၊ဘွားဘွားလာရမယ်နော်´
'လာမှာပေါ့၊သမီးလေးရဲ့´
နှစ်ရက်ခန့်ကြာ်သော်ယွန်းထက်တို့အိမ်တက်ပွဲ၌
'ဒေါ်ကျန်ရစ်ပါလား´
'မိစွာတေးလေး´
နှစ်ယောက်သားမကြည်ကြည့်ကြည့်နေကြလေတော့ဘေးလူများနေရခက်လေသည်
'ရတုနေကောင်းတယ်နော်´
လူကြီးတွေဖြစ်နေကြပြီမို့ထက်သဒ္ဒါဟာမာနလျော့ကာအရင်နှုတ်ဆက်လိုက်သည်၊
ရွှေရတုလည်းပြီးခဲ့သမျှကိုမေ့လိုက်ပြီမို့၊
'အင်းကောင်းပါတယ်၊နင်ကောအဆင်ပြေတယ်မလား´
'အင်းပြေပါတယ်၊ငါသမီးကြီးကိုတော့နင်သိပြီးသားပါ၊ဒီမှာကတော့အငယ်လေးသွန်းထက်တဲ့လေ၊´
'သြော်အေး၊ချစ်စရာလေးပဲ၊´
'လာကြလေ၊အလှူပေ့မဲ့ကိုယ့်အသိလောက်ပဲဖိတ်တာမို့လူနည်းတယ်လေ´
'နင်ယောကျာ်းဆုံးသွားပြီဆို၊သဒ္ဒါ´
'အင်းဟုတ်တယ်၊ကြာပါပြီ၊ငါပြန်မပြောချင်တော့ဘူး´
'သွားတဲ့လူလည်းသွားပြီမို့နင်လည်းသိပ်မတွေးနဲ့တော့´
'အင်း၊ထည့်စားကြနော်၊အန်တီဂရေစ့်ဝအောင်စားနော်၊သမီးယွန်းအန်တီကိုထည့်ပေးလိုက်´
'ဟုတ်မေမေ၊ဒေါ်ကျန်ရစ်စားနော်၊အားမနာနဲ့´
ယွန်းထက်ကပြုံးဖြီးပြပြီးရွဲ့စောင်းကာပြောလိုက်လေသည်
'ဟဲ့၊သမီးလူကြီးကိုဘယ်လိုတွေပြောနေတာလဲ၊ရတုရယ်၊ငါတောင်းပန်ပါတယ်´
'အမေကဘာကိစ္စနဲ့တောင်းပန်နေတာလဲ၊အမှန်ပြောတာအမှားလား´
'ယွန်းထက်၊ပါးစပ်ပိတ်ထား၊လူတွေကြားထဲငါ့ကိုပါးထရိုက်အောက်လုပ်မနေနဲ့´
'အဖေဆုံးသွားတာကကော....´
'ယွန်းထက်!၊သွားအခန်းထဲသွား!´
မိခင်ဖြစ်သူအော်လိုက်၍ကလေးမငိုကာထထွက်သွားသည်၊
'အားနာလိုက်တာ၊အန်တီနဲ့ရတုသုံးဆောင်ကြနော်၊ဟိုဘက်ဝိုင်းတွေသွားဧည့်ခံလိုက်ဦးမယ်´
ရွှေရတုလည်းကလေးမပုံစံဟာဂျစ်ကန်ကန်နိုင်နေပုံဟာအရာတခုခုကိုပုန်ကန်နေသလိုဖြစ်နေတာကိုသတိထားမိလေသည်၊
ထိုအချိန်ရပ်ကွက်လူကြီးများနှင့်ရဲများရောက်ချလာသည်၊
'ဒေါ်သဒ္ဒါထက်ဟုတ်ပါသလား´
'ဟုတ်ပါတယ်၊´
'ခင်ဗျားကိုခင်ဗျားခင်ပွန်းဦးမိုးရန်သေဆုံးမှုမှာသံသယရှိသူအနေနဲ့ဖမ်းရပါမယ်၊ရှေ့နေ့ခေါ်ခွင့်ရှိပါတယ်၊ပြန်လည်ခြေပခွင့်ပြုပါတယ်၊´
'သဒ္ဒါ´
ရွှေရတုလည်းကြောင်သွားသည်
ထက်သဒ္ဒါလည်းမျက်ရည်များကျရုံသာနှင့်လက်ထိပ်အခတ်ခံလိုက်သည်
သမီးအငယ်ကအိမ်ပေါ်ထပ်တက်ကာအမဖြစ်သူကိုပြေးခေါ်သည်
'မေမေ!၊မေမေကိုမဖမ်းပါနဲ့´
'သမီး၊မေမေပြောတာမှတ်မိတယ်နော်၊´
'မေမေ´
ယွန်းထက်တစ်ယောက်မိခင်လက်ကိုမြဲမြံနေအောင်ဆုပ်ကိုင်ထားကာငိုလေသည်၊
ထက်သဒ္ဒါမျက်ရည်များကြားကရွှေရတုကိုကြည့်ကာပြောလိုက်သည်
'ရတု၊ငါနင့်အပေါ်မကောင်းခဲ့တာမှန်ပေ့မဲ့ငါ့သမီးလေးတွေကိုစောင့်ရှောက်ပေးပါဟာ၊ငါတောင်းဆိုပါတယ်၊´
ရွှေရတုလည်းလောလောဆယ်ဘာမှမပြောတော့ပဲ
'အေးပါ၊ငါဂရုစိုက်လိုက်မယ်၊နင်အတွက်လည်းငါကူညီပေးမယ်´
'ကျေးဇူးပါဟယ်´
ရဲများမိခင်ကိုအိမ်ထဲကဆွဲခေါ်သွားသည်နှင့်ယွန်းထက်နဲ့သွန်းထက်ညီအမနှစ်ယောက်ဆောက်တည်ရာမရဖြစ်ကာငိုကုန်သည်၊
ဧည်သည့်များကလည်းချော့သူကချော့၊ပြန်သူကပြန်ကုန်သည်၊
ယွန်းထက်ဘာမှမတွေးနိုင်တော့ပဲအသက်ရှူကြပ်လာသည်
မျက်လုံးများပြာကာလဲကျသွားသည်၊
'ယွန်းထက်!ကလေးမ!ဆရာဝန်ခေါ်!´
အကုန်လုံးလည်းပြာယာတွေခတ်နေကြသည်၊
အမှုရင်ဆိုင်ရင်ဂရေစ့်အောင်ခိုင်နဲ့ရှားလော့အောင်ခိုင်တို့ကလုပ်နေချိန်ကလေး၃ယောက်ကိုရွှေရတုကစောင့်ကြည့်နေလေသည်၊
ဆရာဝန်ပြန်ပြီးခဏအကြာယွန်းထက်နိုးလာသည်၊
'နိုးလာပြီလား´
'အင်း´
'မင်းအမေနဲ့အဖေဘာတွေဖြစ်ခဲ့တာလဲ၊ယွန်းထက်၊မင်းသိနေတယ်မလား´
'အရာအားလုံး​ကအန်တီကြောင့်ဖြစ်ရတာ´
'ဟ၊ထက်သဒ္ဒါနဲ့ငါတွဲတာ၁နှစ်တောင်မပြည့်ခဲ့ဘူး၊မင်းအဖေဖြတ်လုလို့သူနဲ့ဒင်းညားတာလေ၊ဘာကြောင့်ငါကြောင့်ဖြစ်ရသလဲ၊ရှင်းစမ်းပါဦး´
'အဲ့နေ့ကကျွန်မကျောင်းကပြန်လာတော့အဖေကအမေနဲ့ရန်ဖြစ်နေတယ်၊ရှေးဟောင်းနောက်ဖြစ်အကြောင်းတွေပြောရင်းပေါ့၊နောက်ဆုံးအဖေကသွေးဆိုးတာမို့အမေကိုရိုက်တယ်၊အမေကမခံနိုင်တော့လှေကားကနေတွန်းချလိုက်တာ၊ကျွန်မမျက်စိရှေ့မှာပဲ´
'ဒါဆိုမင်းအဖေကိုမင်းအမေတကယ်သတ်ခဲ့တာပေါ့´
'အဖေကအဲ့အချိန်ထိမသေဘူး၊ဆေးရုံကျမှသေတာ၊´
'ကဲပါ၊ထားပါ၊မင်းတို့ကငယ်သေးတယ်၊မင်းညီမလေးကလည်းချော့မရဘူး၊ငိုနေတုန်း´
'ပါး၂ချက်လောက်ဆင့်ရိုက်ပေးလိုက်ငြိမ်သွားလိမ့်မယ်´
'မင်းဒီလိုတွေဘယ်ကတတ်တာလဲ၊´
'အိမ်တွင်းအကြမ်းဖက်တတ်တဲ့အဖေဆီကတတ်တာ´
ယွန်းထက်ခံစားချက်ကိုသတိထားမိလာတော့အမြင်ကတ်ခြင်းရာခိုင်နှုန်းလျော့နည်းသွားလေသည်၊
'ကဲ၊မင်းဆေးသောက်ရမယ်၊အဲ့တော့အစာစားမယ်၊ထ´
'ဗိုက်မဆာဘူး´
'မဆာလို့မရဘူး၊ဆေးကိုအစာမပါပဲမသောက်ရဘူး၊ထ´
'မထဘူး၊´
ရွှေရတုလည်းပြောမရတဲ့အဆုံးဆွဲမချီလိုက်သည်
'ဒေါ်ကျန်ရစ်!´
'မလှုပ်နဲ့!ငါခါးအနာခံချီရတာနော်!ငြိမ်ငြိမ်နေ!´
အခန်းထဲကနေအော်ဟစ်ကာထွက်လာတဲ့ထိုနှစ်ယောက်ကိုမာန်ရှားအောင်နဲ့သွန်းထက်တို့ကြောင်ကာကြည့်နေသည်
ထမင်းစားခန်းထဲကျမှာချပေးကာထိုင်ခုံမှာထိုင်စေသည်၊
'ကဲ၊ရော့၊ခေါက်ဆွဲပြုတ်စား´
'မစားဘူး´
'မြိုလို့ပြောနေတယ်နော်!´
'တီတီလေးရယ်၊လူမမာကိုဘယ်လိုတောင်ဆက်ဆံနေတာလဲ´
'ဟဲ့ခါးအနာခံပြီးချီလာရတာ၊စားစရာရှိတာစားစကားမများနဲ့´
ယွန်းထက်လည်းတင်းခံနေရင်းဗိုက်ဆာနေသည်မို့ဗိုက်ကအသံထွက်လာသည်၊
ရွှေရတုသဘောကျသလိုပြုံးကာခေါက်ဆွဲပန်းကန်ကိုရှေ့တိုးပေးလိုက်သည်၊
'ကဲ၊တင်းခံမနေပါနဲ့၊စားလိုက်ပါ´
ယွန်းထက်လည်းသက်ပြင်းချကာယူစားလိုက်သည်၊
ယွန်းထက်စားပြီးသည်နှင့်ဆေးသောက်ကာအခန်းမှာပြန်အိပ်လေသည်၊
ရွှေရတုလည်းတွေးစရာများလာလေတော့ဝရန်တာထွက်ကာထိုင်နေစဥ်
'ဒေါ်ကျန်ရစ်´
'ဟမ်´
သွန်းငယ်လေးကပြုံးကာမိမိရှိရာဆီလျှောက်လာလေသည်၊
'သမီးဘာဖြစ်လို့လဲ´
'အန်တီနာမည်ကတကယ်ကြီးဒေါ်ကျန်ရစ်လား´
'မဟုတ်ပါဘူးကွယ်၊မင်းအမလျှောက်ခေါ်နေတာ´
'သြော်၊မေမေကဘယ်တော့ပြန်လာမှာတဲ့လဲဟင်´
'ပြန်လာတော့မှာပါ၊အန်တီတို့ကြိုးစားနေပါတယ်၊သမီးရဲ့´
'မေမေနဲ့မမကမတည့်ဘူး၊အဖေနဲ့လိုပဲခဏခဏရန်ဖြစ်တယ်´
'သမီးအဖေနဲ့အဖေကရန်ခဏခဏဖြစ်တာပဲလား´
'ဟုတ်ဖေဖေကလေ....´
'သွန်းထက်!နင်ကိုမေမေဘာပြောထားလဲ၊အိမ်ကအကြောင်းတွေအပြင်လူမပြောပြရဘူးမပြောထားဘူးလား၊လာ၊နင်ငါနဲ့လာအိပ်၊´
'သမီးဘာသာအခန်းမှာအိပ်မယ်´
'မအိပ်ရဘူး၊လာစမ်း၊ဒေါ်ကျန်ရစ်ကဧည့်ခန်းထဲမှာအိပ်လို့ရတယ်၊´
'ဘာ´
'မအိပ်ချင်ပြန်လိုက်´
ယွန်းထက်တစ်ယောက်ပြောပြီးသည်နှင့်ထွက်သွားလေသည်

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now