13

598 66 1
                                    

'အဲ့တာတော့သမီးလည်းမသိဘူးအန်တီ၊မနေ့ညကတော့သူရန်ကုန်ပြန်ရောက်တယ်ပြောတယ်၊နောက်အပတ်ထဲGalleryတခုမှာသမီးတို့ပြပွဲရှိတယ်လေ၊သူလည်းပါတာမို့အမြန်ပြန်လာတာလို့တော့ပြောတယ်´
'သူကပြီးရင်ပြန်မှာတဲ့လား´
'အဲ့တာလည်းမသိဘူး၊သူအမေပြန်ပါလာတယ်ဆိုတော့မပြန်လောက်ဘူးထင်ပါတယ်၊´
'ဒါနဲ့သူဘာတွေပြောသေးလဲဟင်´
'သြော်သူနည်းနည်းစိတ်မကြည်ဘူးရယ်ဘာညာပါပဲ´
မာန်သွေးခက်မျက်နှာညိုးသွားသည်
'ဒါနဲ့အန်တီကဘာလို့ရှားလော့အကြောင်းတွေလာမေးနေတာလဲဟင်´
'သြော်၊ဘာရယ်မဟုတ်ပါဘူး၊ဒါဆိုအန်တီကိုခွင့်ပြုပါ´
မာန်သွေးခက်စိတ်လျော့ကာလှည့်ထွက်လာချိန်
'အန်တီခဏ၊ဒါလေးယူထားပါ၊နောက်အပတ်တနင်္လာနေ့လှည်တန်း၊ခိုင်ရွှေဝါလမ်းထဲNeutral Art Galleryမနက်၉နာရီထဲကည၆နာရီထိရှိမယ်၊ပြပွဲစရက်လာနော်၊သူလည်းရှိနေလောက်မှာ´
'သြော်၊အိုကေ၊ကျေးဇူးပါသမီး´
'ရပါတယ်၊အန်တီရယ်၊မုန့်စားရမှာပဲဟာကို´
'ဘယ်လို´
'သြော်ဘာမှမဟုတ်ပါဘူး´
မာန်သွေးခက်ကားနှင့်ထွက်သွားတော့မှ
သွန်းစက်ရှားလော့ဆီဖုန်းခေါ်လိုက်သည်၊
'ဟယ်လို၊ရှားလော့၊အခြေအနေကတော့ရှယ်ပဲ၊ငါဒရာမာခင်းပေးလိုက်တာအဘွားကြီးယုံသွားတယ်´
'ဟယ်၊နင်ကလည်းအန်တီကအဲ့လောက်မအိုသေးပါဘူးဟယ်´
'အမယ်လေး၊သူ့လူကိုထိလို့၊ကောင်မဖြစ်နေတာ´
'ထင်ချင်သလိုထင်အေ၊ငါကတော့တအားတွေစိတ်လှုပ်ရှားနေပြီ´
'ငါ့ကိုမုန့်ဝယ်ကျွေးဦး´
'အေးပါဟယ်၊အဲ့နေ့ကျငါကျွေးမယ်´
နောက်တပတ်နေတော့ရှားလော့တစ်ယောက်အလှဆုံးဝတ်ကာမိခင်ဖြစ်သူအခန်းတံခါးကိုလာခေါက်သည်၊
'သမီး၊ဘာလိုလို့လဲ´
'သမီးကိုလေမိတ်ကပ်လေးကူပြင်ပေးပါလား´
'အယ်၊သမီးဘာသာပြင်တတ်နေတာပဲကိုကလေးရယ်´
'အဲ့တာကထသွားထလာ၊ပေါင်ဒါလေးဖို့နှုတ်ခမ်းနီလေးဆိုးတာလေ၊မာမီလိုပါးပါးကြည်ကြည်Lookကလေးလိုချင်လို့ပါ´
'ဟုတ်ပါပြီ၊လာ´
မှန်ရှေ့ထိုင်စေကာသေချာပြင်ဆင်ပေးရင်း
'ဒါဘယ်ကောင်လေးနဲ့တွေ့မလို့မာမီတောင်အကိုးနေတာလဲသမီး´
'ကောင်လေးမဟုတ်ပါဘူး၊မာမီရဲ့´
'ဟယ်၊ဒါဆိုကောင်မလေးလား´
'ကောင်မလေးလည်းမဟုတ်ပြန်ဘူး၊အန်တီ´
ကုတင်ပေါ်မှာထိုင်ကာအလုပ်လုပ်နေတဲ့ရွှေရုပ်လွှာရယ်ကာ
'သမီးကတော့အမေခြေရာနင်းပြီပေါ့ဟားဟား´
'ဘွားတော်နော်၊ကလေးကိုမစနဲ့၊သမီးလေးကအံအန်တီကြောင့်အဲ့သလောက်ထိလိမ္မာပြနေတာပေါ့ဟုတ်လား´
'ဟုတ်၊သမီးကသူ့ကိုအရမ်းသဘောကျတာ´
'အင်း....ဒါဆိုရင်တော့မာမီတို့အကဲခတ်ဖို့လိုမယ်ထင်တယ်နော်´
'မာမီတို့ကလည်း၊သမီးဘက်ကသဘောကျတာပဲရှိသေးတာ၊အဆင့်တက်ဖို့ကြိုးစားတုန်း´
'ဒါဆိုလည်းမြန်မြန်လုပ်သမီးရေ၊အန်တီတွေကအရွယ်လွန်ရင်လုပ်ရတာသိပ်မကောင်းဘူး´
'ဘွားတော်၊ဘာတွေပြောနေတာလဲ´
'သြော်၊ကလေးရယ်၊အလုပ်ပြောတာပါ၊လူကြီးဆိုတော့အလုပ်လုပ်ရတာအသက်ကြီးတော့လုပ်ရကိုင်ရခက်လာတာပေါ့၊ဒါကိုပြောတာပါကွယ်၊´
'မားမားနဲ့မာမီနောက်မှစကြနောက်ကြ၊သမီးကိုနှုတ်ခမ်းနီမြန်မြန်ဆိုးပေးပါတော့၊နောက်ကျတော့မယ်´
ဂရေစ့်လည်းသူမရွေးချယ်ထားတဲ့အရောင်လေးကိုနှုတ်ခမ်းမှာချယ်သပေးလိုက်သည်၊
'မာမီ၊မားမား၊တာ့တာနော်!´
ဂရေစ့်နဲ့ရွှေရုပ်လွှာလည်းလက်ပြနှုတ်ဆက်လိုက်ကာ
'လူကြီးတွေလုပ်နိုင်သေးကြောင်းကုတင်​ပေါ်သက်သေပြရအောင်´
'ဘွားတော်လူဆိုး´
လှည်းတန်းကိုရောက်သည်နှင့်ရင်ထဲတလှပ်လှပ်ဖြစ်နေမိသူမှာရှားလော့အောင်ခိုင်ပင်၊ဒီနေ့သာအန်တီလာခဲ့ရင်ဆိုတဲ့အသိနဲ့စိတ်ကူးတွေယဥ်နေမိသည်၊
ကျေးဇူးရှင်မသွန်းစက်ကိုcaféမှာမုန့်ဝယ်ကျွေးကာGalleryကိုထွက်လာခဲ့ကြသည်၊
'နေလရောင်၊ငါပြောတာပါလာလား´
'ပါတာပေါ့ဟ၊၊ဒီမှာ
'သွန်းစက်၊နေလရောင်နင်တို့ကဂီတာနဲ့ဘာလုပ်ဖို့လဲ၊´
'တီးမလို့လေ၊အနုပညာကိုချပြပါတယ်ဆို၊ပန်းချီနဲ့အတူခံစားလို့ရမယ့်ဂီတသံလည်းပါသင့်တာပေါ့မဟုတ်ဘူးလား´
နေလရောင်ဂီတာကိုအသံညှိပြီးအချိန်မှာတော့
'ရော့၊´
စာရွက်တရွက်ထိုးပေးလာတဲ့သွန်းစက်ကိုကြောင်ကြည့်နေတော့
'ငါကိုကြောင်ကြည့်မနေနဲ့လေ၊နင်ဒီသီချင်းကိုပန်းချီသင်တန်းဆင်းပွဲတုန်းကလည်းဆိုဖူးတယ်လေ၊ပြီးတော့နင့်အန်တီကိုကြွေဆင်းစေဖို့လက်နက်နောက်တခုကနင့်အသံလေ၊နင်အသံနဲ့သာဆိုနင်အန်တီ၊ဖယောင်းကမီးနဲ့တွေ့သလိုအရည်ပျော်ကြသံားမှာတကယ်´
'သြော်ဟုတ်သားနော်´
၈နာရီလောက်ကတည်းကလူများရောက်လာကာပြခန်းထဲလှည့်လည်ကြည့်ရူကြသည်၊
၉နာရီဝန်းကျင်လောက်မှာမာန်သွေးခက်ရောက်ချလာသည်၊
ပြခန်းဝမှာစကားရပ်ပြောနေတဲ့သွန်းစက်အထဲကိုအချက်ပြလိုက်ကာ
'အန်တီရောက်လာပြီလား´
'ဟုတ်တယ်ရှားလော့ရောက်နေပြီလား´
'ရောက်ပါပြီ၊၊လာလေအန်တီ´
ဝင်ဝင်စမှာပဲလူတွေအုံနေတဲ့ထိုနေရာလေးကဂီတာသံနဲ့အတူ
'I think we could do it if we tried
If only to say, you're mine
Sofia, know that you and I
Shouldn't feel like a crime

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now