16

653 81 4
                                    

ခွေးများနဲ့တည့်နေတော့မိမိကိုရှိမှန်းတောင်မသိတော့ပေ
ထိုအချိန်Hotelဖုန်းကနေ
'ညစာအပြင်ထွက်မစားတော့ဘူး၊အခန်းကိုပဲနှစ်ယောက်စာပို့ပေးပါ´
'ဟုတ်ကဲ့ပါရှင့်၊´
ကလေးမကိုတချက်ကြည့်ကာ
'တော်ပြီ၊ဟိုသုံးကောင်´
သုံးကောင်သားခေါင်းလေးတွေမော့ကြည့်ကြသည်၊
'ကယ်လ်ဗင်၊ရိုလီ၊လှောင်အိမ်ထဲဝင်တော့´
ကလေးမတစ်ယောက်တည်းကြမ်းပြင်ပေါ်မှာထိုင်ကာကျန်ခဲ့သည်၊
'ကလေးမ၊ညစာစားမယ်၊အင်္ကျီလဲခြေလက်ဆေး´
ကလေးမကုပ်ကုပ်နဲ့ရေချိုးခန်းထဲဝင်သွားသည်၊
ခဏအကြာမှ
'အန်တီ´
'အင်း´
'သဘတ်လေး´
'ဟမ်´
'သဘတ်´
မာန်သွေးခက်လည်းထယူပေးရင်တချက်ရှားလော့ဆီအကြည့်ရောက်သွားသည်၊
'ဟဲ့မြတ်စွာဘုရား!´
'ရှင်´
'မြန်မြန်ယူလေ´
ရှားလော့လည်းအမြန်ယူကာတံခါးပိတ်ချလိုက်သည်၊
ရင်တွေတုန်သလို၊ခေါင်းတွေမူးသလို၊
လူကပူသလို၊အိုက်သလိုနှင့်ချက်ချင်းကြီးဝေဒနာသည်းလာခြင်းကိုအဖြေရှာမရ၊
Hello kittyအရုပ်ကလေးများပါသည့်ညအိတ်ဝတ်စုံလေးနဲ့ထွက်လာတဲ့သူမကမိမိကိုဘီးတစ်ချောင်းလာထိုးပေးသည်၊
'အဲ့တာက´
'ဖြီးပေးလေ´
'ဘာလို့´
'ညတိုင်းမာမီကဖြီးပေးတယ်လေ´
'ငါကမင်းအမေမှမဟုတ်တာ´
'အမေမဟုတ်လည်းရတာမို့ဖြီးပေးပါ´
'ထိုင်၊´
ကျောကျော်ကာခါးလောက်နီးနီးရှိတဲ့ဒီဆံပင်လေးတွေကသိပ်ကိုလှသည်၊လူတိုင်းနဲ့ဆံပင်အရှည်မလိုက်၊သူမနဲ့ကျတအားပင်လိုက်ဖက်သည်၊
ဆံပင်ကိုသေချာဖြီးပေးပြီးနောက်
'အန်တီဆံပင်ရှားလော့ဖြီးပေးမယ်´
'လူကြီးခေါင်းကိုမကိုင်ရဘူး´
'မရဘူး၊ကိုင်မှာပဲ´
'အသေးလေး၊မကိုင်ရဘူး´
'ရဘူး၊ရဘူးကိုင်မှာပဲ´
မိမိခေါင်းကိုကိုင်တွယ်ခြင်းမကြိုက်တာကြောင်လှမ်းလာတဲ့ကလေးမလက်များကိုချုပ်လိုက်ကာကလေးမကိုအားနှင့်ကုတင်ပေါ်လှဲချလိုက်သည်၊
'မကိုင်နဲ့ငါမကြိုက်ဘူး´
နီးကပ်လွန်းတဲ့အနေအထားကြောင့်ကလေးမကောမိမိပါငြိမ်ကျသွားသည်၊အကြည့်ချင်းဆုံရင်တွေခုန်ကာငြိမ်နေမိကြသည်၊
လက်ဖျားခြေဖျားများအေးစက်ကာနှုတ်ခမ်းတို့ထိကပ်လုနီးပါးဖြစ်နေမိသည်၊
ထိုအချိန်
*ဒေါက်...ဒေါက်*
'ညစာလာပို့တာပါဗျ´
မာန်သွေးခက်အမြန်ထကာ
'လာပြီ!´
ဝရန်တာဘက်မှာလေညင်းခံရင်းထမင်းစားဖြစ်ကြသည်၊
တစ်ယောက်ကိုတစ်ယောက်မခေါ်မပြောပဲငြိမ်နေလိုက်သည်၊
အိပ်ခါနီးအချိန်အိပ်ရာတခုတည်းအိပ်ဖို့ရာမာန်သွေးခက်နဲ့ရှားလော့တို့တွေဝေနေကြသည်၊
'အိပ်နှင့်လေ၊လမ်းလျှောက်လိုက်ဦးမယ်´
'ဟုတ်အန်တီ´
မာန်သွေးခက်လည်းခွေးနှစ်ကောင်ကိုခေါ်ကာအခန်းထဲကထွက်လာလိုက်သည်၊
ရှားလော့တစ်ယောက်ကုတင်ပေါ်ပစ်လှဲကာသက်ပြင်းတွေချနေသည်၊
မာန်သွေးခက်ကမ်းခြေဘက်မှာထိုင်နေချိန်
'ခက်´
မာန်သွေးခက်သက်ပြင်းချကာနောက်လှည့်ကြည့်လိုက်ရာ
ညအိပ်ဝတ်စုံအပါးလေးနဲ့ရပ်ကာကြည့်နေတဲ့ဘရဏီကိုမြင်လိုက်သည်
'နင်ငါ့ကိုနောက်နေတာလား၊ဘရဏီ´
'ငါပုံစံကနင့်ကိုနောက်နေတဲ့ပုံပေါက်နေလို့လား´
'ငါရန်မဖြစ်ချင်ဘူး၊ဘရဏီ´
'ငါပြောတဲ့အတိုင်းလုပ်မှာလား´
'အေး၊ဒါပေ့မယ်နင်ပြောသလိုမဟုတ်ဘူးဆိုရင်တော့နင်ကနေဒါပြန်ဖို့ပြင်တော့´
'အိုကေလေ၊´
ထိုအချိန်ရှားလော့တစ်ယောက်ပုဝါတစ်ထည်နဲ့မိမိတိူ့ဘက်လာနေတာကိုဘရဏီတွေ့သွားတော့ပြုံးကာ
'ငါကိုနမ်း´
'ဘာလို့လဲ´
'အတည်ပြုသင့်တယ်လေ´
'ဘာအတွက်လဲ´
'ငါစကားကိုနားထောင်ပါ့မလားလို့´
'အဲ့တာက...´
ဘရဏီမာန်သွေးခက်နှုတ်ခမ်းကိုနမ်းလိုက်ရာ
အပြင်မှာလေစိမ်းများတိုက်၍အနွေးထည်လာပေးတဲ့ရှားလော့ကမြင်တော့အံအားသင့်ကာလက်ထဲကအနွေးထည်ပင်လွတ်ကျသွားသည်၊
ရှားလော့လည်းမျက်ရည်များဝဲလာသည်၊ဘေးဘီကြည့်ကာအနွေးထည်ကိုကောက်လိုက်ပြီးချက်ချင်းပြန်လှည့်ပြေးလာသည်၊
မာန်သွေးခက်ဘရဏီကိုတွန်းထုတ်ကာ
'မလိုအပ်တာတွေမလုပ်နဲ့၊ငါမကြိုက်ဘူး၊ငါသွားပြီ´
ခွေးနှစ်ကောင်ကိုဆွဲကာထွက်သွားတဲ့မာန်သွေးခက်ကိုကြည့်ရင်းဘရဏီပြုံးလိုက်သည်
'အင်းပါ၊နင့်အတွက်မလိုအပ်ပေမဲ့ငါရဲ့ကစားပွဲလှဖို့တော့လိုတယ်ခက်´
မာန်သွေးခက်လည်းအခန်းပြန်လာတော့ရှားလော့အောင်ခိုင်ကျောပေးအိပ်နေသည်ကိုတွေ့တော့သူမလည်းခြေလက်ဆေးကာအိပ်ရာမှာဝင်အိပ်လိုက်သည်၊
နောက်နေ့မနက်မာန်သွေးခက်နိုးတော့ခွေးနှစ်ကောင်နဲ့ကလေးမပျောက်နေတာကိုသတိထားမိရာ၊
ကမ်းခြေဖက်လှည့်ကြည့်လိုက်မှခွေးနှစ်ကောင်နဲ့ဆော့နေတဲ့ကလေးမကိုတွေ့တော့သည်၊
မျက်နှာသစ်အဝတ်အစားလဲကာကမ်းခြေဖက်ကိုထွက်လာလိုက်သည်၊
'ကယ်လ်ဗင်၊ရိုလီ၊ထိုင်´
ခွေးနှစ်ကောင်ကသခင့်အသံကြားသည်နှင့်ချက်ချင်းဆိုသလိုထိုင်ချလိုက်သည်၊
'အန်တီဘယ်တုန်းကနိုးတာလဲ´
'စောစောကမှပါ၊မနက်စာစားပြီးပြီလား´
'ဟင့်အင်း၊´
'ဒါဆိုသွားကြမယ်လေ´
မနက်စာစားသည့်နေရာကိုအတူထွက်လာတော့
'သြော်၊အန်တီခက်၊သမီးကအခုပဲလာခေါ်တော့မလို့´
'ရပါတယ်၊မွန်မွန်ရယ်တို့တွေကတကူးတကလာခေါ်ရမယ့်လူတွေ့မှမဟုတ်ပဲ၊အေးဆေးပေါ့´
'ဟုတ်၊အန်တီခက်၊အန်တီခက်တို့ကြိုက်တာသာစားနော်၊ဟိုဘက်မှာသောက်စရာထဲမှာတော့chocolate milkshakeတွေပါရတယ်၊လိုတာရှိရင်လည်းပြောနော်အန်တီခက်´
'အိုကေသမီး၊´
ရှားလော့တစ်ယောက်chocolate milkshakeဆိုတဲ့အသံကြောင့်စားစရာအရင်မယူပဲmilkshakeရဖို့ကလေးတွေကြားတန်းစီနေသည်၊
မာန်သွေးခက်ပန်းကန်များနေရာချပြီးတန်းစီနေတဲ့ကလေးမကိုလှမ်းကြည့်နေရာမိန်းမတစ်ယေယက်ကကလေးမကိုကျော်တက်သွားတာကိုတွေ့လိုက်သည်၊
ကလေးမကဘာမှမပြောပဲကြောင်ကြည့်နေတော့မာန်သွေးခက်ထသွားကာ
'ဒီမယ်!´
'ဘာလဲ´
'ရှင်အလှည့်ကျော်လိုက်တာလား´
'ဟဲ့၊ငါ့သားလေးကmilkshakeသောက်ချင်နေတာလေ၊ဒီကြီးကောင်ကြီးမားနဲ့တန်းစီနေတဲ့ဟာကိုမစောင့်နိုပါဘူး´
မာန်သွေးခက်လက်မောင်လေးကိုရှားလော့တချက်တို့ကာ
'ရပါတယ်အန်တီရယ်၊ဘာမှမဖြစ်ပါဘူး´
'ဘာရတာလဲ၊အသာနေစမ်း´
ရှားလော့တစ်ယောက်ငြိမ်ကျသွားတော့မှမာန်သွေးခက်လည်းရှေ့ကmilkshakeဖျော်တဲ့လူဆီသွားကာ
'ငါဒီmilkshakeကောင်တာကိုဝယ်တယ်´
'ဗျာ´
'ပြောတာနားမလည်ဘူးလား၊milkshakeကောင်တာကိုဝယ်တယ်လို့၊ဘယ်သူအတွက်မှမလုပ်နဲ့တော့´
'ဟုတ်...ဟုတ်´
ထိုအမျိုသမီးမျက်စောင်းထိုးကာဆောင့်အောင့်ကာထွက်သွားသည်၊
ထိုနေရာမှာတန်းစီတဲ့လူတွေမရှိတော့မှ
'ရော့၊အသေးလေး´
Milkshakeကိုပြုံးပျော်ကာသောက်နေတဲ့ကလေးမကိုကြည့်ကာမိမိပါအပျော်တွေကူးစက်ကုန်သည်၊
'တီလေးတို့ကစားနေကြပြီလား၊ကျွန်တော်လည်းသွားယူဦးမယ်၊milkshakeကရသေးလား၊ရှားလော့´
မာနသွေးခက်ကော်ဖီသောက်ရင်းပြောလိုက်သည်၊
'မရတော့ဘူး၊နင်ကကလေးမဟုတ်သူငယ်မဟုတ်နဲ့ကော်ဖီပဲသောက်ပါလား´
'ဟာတီလေးကလည်း´
မာန်သွေးခက်မျက်စောင်းတချက်ထိုးလိုက်တော့နေသူရိန်မောင်ထိုင်နေရာကထကာစားစရာသွားယူသည်
'ခက်ကမနက်စာတောင်စားနေပြီပဲ´
'အင်း၊´
'သြော်ဒါနဲ့၊နေသူရိန်နဲ့သမီးနဲ့အတွက်အန်တီရွက်လှေတစ်စင်းငှားပေးထားတယ်၊´
'ရှင်´
'သမီးနဲ့သူရိန်နဲ့တွဲတာကြာပြီလေ၊အဲ့တော့အန်တီကအပျော်လေးဖြစ်အောင်လုပ်ပေးရုံပါ´
'သြော်ရပါတယ်၊အန်တီရဲ့၊သမီးနဲ့ကိုသူရိန်ကအဆင်ပြေပါတယ်၊ဟုတ်တယ်မလား၊ကိုသူရိန်´
အစားစိတ်ရောက်နေတဲ့နေသူရိန်မောင်လည်းခေါင်းညိမ့်ပြလိုက်ရာဘရဏီကမာန်သွေးခက်ကိုလက်တို့ကာစစ်ကူတောင်းတော့သည်၊
'လူကြကစီစဥ်တာနားထောင်ကြလေ´
ရှားလော့တို့လည်းငြင်းဖို့ရာအခက်တွေ့သွား၍လက်ခံလိုက်ကြသည်၊
ရှားလော့တို့အခန်းပြန်ကာအင်္ကျီများနှင့်လိုအပ်တာများပြန်ယူနေစဥ်ဘရဏီမာန်သွေးခက်နဲ့အတူရွက်လှေ​ပေါ်ရောက်နှင့်နေသည်၊
'နင်ဘာတွေလုပ်နေတာလဲဘရဏီ´
'နင်သိမှာပါ၊လာ´
လှေမောင်းနှင်ရာအခန်းထဲဝင်နေလိုက်ကြပြီးထိုအခန်းထဲမှCCTVကနေတဆင့်စောင့်ကြည့်နေကြသည်၊
သိပ်မကြာခင်မှာပဲနေသူရိန်မောင်နဲ့ရှားလော့အောင်ခိုင်တို့လှေပေါ်တက်လာကြသည်၊
စီစဥ်ထားတဲ့အခန်းထဲအတူမနေကြပဲ၊ဘေးကသီးသန့်အခန်းတွေထဲဝင်သွားကတည်းကမာန်သွေးခက်တပတ်ရိုက်ခံလိုက်ရပြီဟုသိလိုက်သည်၊သို့သော်အကြောင်းမရှိပဲတော့ထိုသို့မလုပ်ဟုတွေးမိ၍ဆက်စောင့်ကြည့်နေကြသည်
ခဏအကြာနေသူရိန်မောင်ကရှားလော့အခန်းထဲဝင်သွားသည်ကိုတွေ့လိုက်တော့မာန်သွေးခက်အတွေးတွေထွေပြားသွားသည်
'ရော့´
ဘရဏီထိုးပေးလာတဲ့နားကြပ်ကိုယူကာမေးလိုက်သည်
'ဘာလဲ´
'ငါအခန်းထဲမှာအသံဖမ်းစက်တပ်ထားတယ်´
'နင်ရူးနေလား´
'နားထောင်စမ်းပါ´
မာန်သွေးခက်နားကြပ်တပ်လိုက်ရာ
'ကိုသူရိန်၊အန်တီကညီမအပေါ်ဘယ်လိုမှမနေသလိုပဲ´
'နေမှာပါ၊ရှားလော့ရယ်၊တီလေးကနည်းနည်းရုပ်တည်တာကတော့သူပင်ကိုယ်မို့ပါ၊ရှားလော့ကအဲ့တာကိုကြောက်နေတာနေမှာ´
'ဒါပေ့မဲ့မိုက်တော့မိုက်တယ်၊ခပ်တည်တည်ကြီးနဲ့ချစ်စရာကြီး၊အကယ်လိုသာလေအန်တီသာကိုသူရိန်နဲ့ညီမဟန်ဆောင်တွဲနေတာသိရင်အတော်စိတ်တိုသွားမလားမသိဘူးနော်´
'တီလေးအကြောင်းကိုသိပါတယ်၊အဲ့အတွက်မပူပါနဲ့´
မာန်သွေးခက်အခန်းထဲကထွက်လာကာရှားဘော့တို့အခန်းတံခါးကိုသွားခေါက်လိုက်သည်၊
'ဘယ်သူ...တီလေး´
'အေးငါပဲ၊ကလေးမကောဘယ်မှာလဲ´
'အထဲမှာပါ´
မာန်သွေးခက်အထဲဝင်သွားတော့ရှားလော့အောင်ခိုင်လန့်သွားသည်
'အန်တီ´
'သူ့ကိုနမ်း´
'ရှင်´
'မင်းရည်းစားငါတူကိုနမ်း´
'တီလေး၊ဘာတွေခိုင်းနေတာလဲ´
'ဘာလဲ၊နင်တို့ရည်းစားတွေမဟုတ်ဘူးလား!´
'တီလေး၊တော်တော့၊ရှားလော့ကမိန်းကလေးဗျ!´
'နေသူရိန်မောင်၊နင်ငါ့ကိုတပတ်ရိုက်လို့ရမယ်ထင်နေလား´
မာန်သွေးခက်TVနောက်ကအသံဖမ်းစက်ကိုထုတ်ကာပြလိုက်သည်၊
'နင်ငါ့ကိုလိမ်လို့ရမယ်ထင်နေတာလား၊နေသူရိန်!´
'အဲ့တော့ဘာဖြစ်လဲဗျာ!´
မာန်သွေးခက်နေသူရိန်ပါးကိုရိုက်လိုက်ကာ
'နင်ငါ့က်ိုပြန်ပြောတယ်!´
'အန်တီတော်ပါတော့!ဒါတွေအားလုံးကရှားလော့စီစဥ်တာပါ´
'မင်းကပါငါ့ကိုလိမ်တယ်ပေါ့၊ရှားလော့အောင်ခိုင်!ဘာလို့လဲ!´
'ချစ်လို့!´
ခေါင်းလေးငုံကာ​အော်ပြောလိုက်တဲ့စကားကမိမိကိုကြက်သီးမွေးညှင်းများပါထစေသည်၊
'အန်တီကိုရှားလော့ချစ်နေမိလို့၊´
မာန်သွေးခက်ဘာပြောရမလဲမသိဖြစ်သွားကာခုံမှာထိုင်ချလိုက်ကာ
'ရွံလိုက်တာ´
'ရှင်´
'ငါမင်းကိုရွံသွားပြီ၊ရှားလော့၊ငါကမင်းအမေနဲ့ရွယ်တူနော်၊မင်းမို့ကိုယ့်အမေရွယ်ကိုပြစ်မှားရဲတယ်´
ရှားလော့အောင်ခိုင်ချက်ချင်းမျက်ရည်များကျကာ
'အန်တီအဲ့လိုမပြောပါနဲ့၊ရှားလော့အန်တီကိုတကယ်ချစ်တာပါ´
မာန်သွေးခက်လက်ကိုကိုင်ရန်လှမ်းလာတဲ့လက်ကိုပုတ်ချကာ
'ငါ့အသားကိုမထိနဲ့၊မင်းကိုငါရွံတယ်၊ပြီးတော့နေသူရိန်နင်ရန်ကုန်ရောက်ရင်သေဖို့သာပြင်ထား၊´
ရှားလော့အောင်ခိုင်ငို၍သာကျန်ခဲ့သည်
ထိုမြင်ကွင်းကိုသဘောကျစွာပြုံး၍ကြည့်နေသူမှာဘရဏီဖြစ်သည်၊
'မင်းကငါလူကိုမှလိုချင်တာကို၊နောက်ဆိုပိုဆိုးမယ်ရှားလော့အောင်ခိုင်´
ဆောရီးGuys!ericaအလုပ်တွေကောtraumaတွေပါများနေလို့နောက်ကျသွားတာပါ

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now