14

624 73 1
                                    

'အဲ့တော့ဘယ်သွားလှူကြမှာလဲ´
'ရွှေပြည်သာဘက်မှာမိဘမဲ့ဂေဟာတခုတော့ငါသိတယ်၊နီးလည်းနီးတယ်၊အလှူရှင်လည်းသိပ်မရှိဘူးလေ´
'အေး၊အဲ့ပဲသွားကြတာပေါ့၊´
ထိုအချိန်ရှားလော့ဖုန်းဝင်လာသည်
'ဟယ်လို၊ကိုသူရိန်´
'တီလေးမနေ့ကရှားလော့ဆီလာသွားတယ်ဆို´
'ဟုတ်တယ်၊ကိုသူရိန်၊ညီမပန်းချီကားတွေအကုန်ဝယ်သွားလေရဲ့´
'အခြေအနေတွေကဘယ်ဆိုးလို့လဲ´
'ဟုတ်တယ်၊ဒီနေ့တောင်ပန်းချီကားတွေလာပို့မလို့´
'ရှားလော့ကအခုဘယ်မှာလဲ´
'ညီမကအခုပန်းဆိုးတန်းတံတားဘေးကအင်းဝစာအုပ်ဆိုင်မှာ´
'ကိုယ်လည်းမြို့ထဲမှာပဲဆိုတော့၊ကိုယ်ဝင်ခေါ်လိုက်မယ်´
'သြော်အိုကေ၊အကို၊ရောက်ခါနီးကျဖုန်းဆက်ပေးနော်၊ညီမစာအုပ်ဝယ်နေတာမို့´
'​ဟုတ်ပါပြီဗျ´
နေသူရိန်မောင်နှင်ရှားလော့အောင်ခိုင်တို့နှစ်ယောက်အတူCompanyကိုထွက်လာလိုက်ကြသည်
'အန်တီ´
အလုပ်ရှုပ်နေသူခမျာအံသြသွားပုံပေါ်၏၊အပြုံးမျက်နှာကလေးဖြစ်သွားကာ
'အသေးလေး၊ဘယ်ကနေဘယ်လို´
'ပန်းချီကားလေ´
'သြော်ဟုတ်သားပဲ၊ခဏနော်အသေးလေး၊စာရင်းတွေကိုခဏနေမှပို့လိုက်၊ငါ့ဧည့်သည်အတွက်bubble teaကိုbubbleများများထည့်ခဲ့´
'boss၊ဒီနားမှာ....´
'ရှိတဲ့နေရာရှာဝယ်၊Mallမှာရှိတယ်၊Mallမှာသွားဝယ်၊လျှာမရှည့်နဲ့´
'​ဟုတ်Boss´
နေသူရိန်ရယ်ကာ
'တီလေးတို့များ၊တူရဲ့ချစ်သူကောင်မလေးတူဆီကများလုနေသလားနော်´
မာန်သွေးခက်ရှက်သွေးဖြာသွားပေ့မဲ့ခပ်တည်တာ်ပင်နေသူရိန်ကိုမျက်စောင်းထိုးကာခြေထောက်ကိုတက်နင်းလိုက်သည်၊
'အချိုးမပြေလာမလုပ်နဲ့နော်၊သေမယ်ဟင်းဟင်း´
တူဖြစ်သူနားကပ်ကာခပ်တိုးတိုးပြောလိုက်သည်
'ကဲ၊ရုံးခန်းထဲသွားရအောင်အသေးလေး´
'ဟုတ်အန်တီ´
ရုံးခန်းထဲရောက်သော်ပန်းချီကားများကိုသေချာကြည့်ကာ
'အန်တီ၊အိမ်မှာချိတ်မှာလား၊´
'မသိသေးပါဘူး၊´
'ဒါဆိုရုံးခန်းထဲမှာချိတ်၊ရှားလော့နေရာချပေးမယ်´
'အင်း´
ရှားလော့ညွှန်သည့်နေရာကိုနေသူရိန်ကသံရိုက်ကာရှားလော့ကချိတ်ပေးသည်၊
'လှသွားပြီ´
မာန်သွေးခက်ပြုံးကာရှားလော့ကိုကြည့်နေသည်၊
'Bossမှာတာရပါပြီ´
'အသေးလေးသောက်လိုက်ဦး´
'ဟုတ်ကျေးဇူးပါရှင့်´
ကလေးတစ်ယောက်လိုသဘောကျကာပြုံးနေလေ့ရှိသည်ရှားလော့ဟာမာန်သွေးခက်ရင်ကိုလှုတ်ခတ်နိုင်သောစွမ်းအားကိုဘုရားကပေးထားလေသည်၊
လူတိုင်းကိုရုပ်တည်ကြီးနဲ့ခပ်တည်တည်ဆက်ဆံတတ်တဲ့အဒေါ်ကိုတူဖြစ်သူပါးစပ်အဟောင်းသားငေးကြည့်နေသည်၊
ထိုအချိန်
'ခက်၊ဒီမှာငါဒီမှာ...သြော်မင်းလည်းရောက်နေတာပဲ´
'ဟိုင်းအန်တီ၊´
ဘရဏီကပြုံးကာ
'အတော်တောင်ပိန်သွားတာပဲ´
မာန်သွေးခက်ခပ်အေးအေးသာစိုက်ကြည့်နေသည်၊
'ဘာကိစ္စ´
'သြော်ကုန်ကြမ်းအသစ်ကိစ္စပါ၊ဒါနဲ့ပန်းချီကားတွေက...´
'သမီးဆွဲထားတာအန်တီ´
'သြော်....ခက်ကအဝါမကြိုက်ဘူး၊ကလေးမရဲ့´
'ရှင်၊အန်တီကဘာမှလည်းမပြောဘူး´
'အရင်ကမကြိုက်တာ၊အခုကြိုက်တယ်၊ဘရဏီကုန်ကြမ်းကိစ္စကိုနင့်ဘာနင်ဆက်လုပ်လိုက်´
'အေးပါ၊ပန်းချီလေးတွေကမဆိုးဘူးပဲ၊ဝါသနာအဆင့်လား´
မာန်သွေးခက်စားပွဲကိုလက်ဖြင့်အားပြင်းပြင်းရိုက်ချကာ
'ဘရဏီ!´
'ဘာလဲ၊ဘာပြောချင်လို့လဲ´
'ကလေးကိုမစပါနဲ့၊သူလက်ရာကပညာရှင်အဆင့်လောက်ရှိတယ်၊နင့်မှာအနုပညာမျက်စိရှိရင်မြင်မှာပေါ့´
ဘရဏီရယ်မောကာ
'သြော်အေးအေး၊ငါသွားတော့မယ်၊ကလေးမအန်တီသွားပြီ´
'ဟုတ်ကဲ့အန်တီ´
ဘရဏီထွက်သွားတော့မှ
'အန်တီ´
'အင်း´
'ရှားလော့တို့ရွှေပြည်သာဘက်ကမိဘမဲ့ကျောင်းမှာအလှူသွားလုပ်မှာအန်တီလိုက်ခဲ့ပါလား´
'ဘယ်နေ့လဲ´
'သန်ဘက်ခါ´
'အင်း၊သွားကြတာပေါ့´
'တီလေးသန်ဘက်ခါကသောကြာနေ့လေMeetingရှိတယ်လေ´
'နေသူရိန်မောင်၊ငါနင့်ကိုပညာသင်ပေးထားတာဘာလုပ်ဖို့ထင်နေတာလဲ၊ငါမရှိလည်းနင်လုပ်ပေါ့!ငါ့ကိုစကားလာရှည်နေတယ်´
'အန်တီအဆင်ပြေရဲ့လား၊မအားရင်...´
'အားတယ်၊အဲ့နေ့ကျလာခေါ်မယ်၊လမ်းထိပ်ကနေစောင့်´
အလုပ်လုပ်ရက်းစကားလှမ်းပြောတဲ့အန်တီကသိပ်ကို​ချောတာပါပဲ
'ဟုတ်ကဲ့အန်တီ´
သောကြာနေ့မနက်၉နာရီခန့်တွင်
'သမီး!ကားမယူဘူးလား!
'အန်တီလာကြိုမှာ!တာ့တာနော်မာမီ´
'ဟဲ့!ဘယ်ကအန်တီလဲ!ရှားလော့!´
ဘာမှပြန်မဖြေပဲထွက်သွားတော့ဂရေစ့်တစ်ယောက်ကြောင်ကာကျန်ခဲ့သည်
'ဟယ်၊ဒီကလေးမဘယ်ကအန်တီနဲ့ပြောတာပါလဲ´
'သြော်၊ကလေးရယ်၊မအေခြေရာနင်းတာနေမှာပေါ့ကွယ်´
'ဘွားတော်နော်´
'ကဲ၊ရုံးသွားခါနီးစိတ်မကောက်ပါနဲ့၊ကလေးရယ်၊အာဘွားပေး´
ဂရေစ့်ဘယ်ဘက်ပါးကိုတချက်နမ်းလိုက်ရာ
'ညာဘက်ကော´
ဂရေစ်ပြုံးကာထပ်နမ်းလိုက်သည်၊
'နှုတ်ခမ်းလေးကလည်းလိုချင်လို့တဲ့ကလေးရယ်´
ဂရေစ့်မညည်းမညူပင်နှုတ်ခမ်းကိုနမ်းလိုက်သည်
'ထပ်လိုချင်သေးလို့တဲ့´
'တော်ပြီလေ´
'အနမ်းတွေကမရပ်ချင်ဘူးကလေးရယ်´
နှုတ်ခမ်းကိုဂရေစ့်ထပ်နမ်းနေချိန်
'မာမီ၊တူးကုန်ပြီ!´
'ဟယ်၊သွားပြီ၊ကြက်သားတွေအမယ်လေးကုန်ပါပြီ!´
'ကလေး!´
တစ်တီးတူးလွန်း၍ထမင်းငတ်ရသူဂရေစ့်အောင်ခိုင်ဟုပင်ခေါ်ရတော့မည်အဖြစ်သို့ရောက်သွားပါသည်၊
ထိုအချိန်ရွှေပြည်သာရှိမိဘမဲ့ကျောင်းတခု၌ကျောင်းအုပ်ကြီးမှအားရဝမ်းသာစွာထွက်ကြိုသည်
'ဒီနေ့မှထူးထူးဆန်းဆန်းကွယ်၊အလှူရှင်နှစ်ယောက်ဖြသ်နေပါလား၊လာပါရှင့်ကြွပါ၊´
'အလှူရှင်ရဇိသေးတာလား´
'ဟုတ်ပါတယ်၊မန္တလေးကအလှူရှင်တွေပါ၊သူတို့ကရန်ကုန်ရောက်တိုင်းလှူတာပါ၊´
ခန်းမထဲကလေးများနှင့်အတူထိုင်နေသည့်အမျိုးသမီးနှသ်ယောက်ကိုလက်ညိုးထိုးပြကာအလှူရှင်များဖြစ်ကြောင်းပြောပြသည်၊
'ကလေးတွေနေ့လည်စာစားချိန်ရောက်ပြီဆိုတော့ထမင်းစားဆောင်ကိုသွားကြတာပေါ့´
'ဟုတ်ကဲ့၊´
ထိုအချိန်ရှားလော့ကိုလက်နဲ့တို့ကာခေါ်နေသည်ကလေးမလေးကိုရှားလော့ကပြုံးပြကာ
'ဘာလိုချင်လို့လဲ၊´
'မမတို့ကလင်မယားတွေလား´
'အယ်၊ဘယ်သူနဲ့လဲ´
'အဲ့အန်တီကြီးနဲ့´
မာန်သွေးခက်ကိုလက်ညိုးထိုးပြတော့ရှားလော့တစ်ယောက်ရှက်သွားသည်၊
'မ...မဟုတ်ပါဘူး´
'လူးလူး၊ဘာတွေလျှောက်ပြောနေတာလဲကွယ်၊´
ထိုအမျိုးသမီးကကလေးကိုချီကာရှားလော့ကိုပြုံးပြသည်၊
'အကြည်၊ထမင်းစားဆောင်သွားကြမယ်လေ´
'သွားမယ်၊ကလျာ၊ဒီမှာလူးလူးပေါ့၊ဒီကအလှူရှင်တွေကိုသွားနှောင့်ယှက်နေတယ်´
'မေမေကြီးကလည်းလူးလူးကမေးကြည့်ရုံပါ´
'ကဲ၊ကလျာ၊ခေါ်သွားနှင့်မဟုတ်ရင်ဒီစပ်စုစိန်လေးပေါက်ကရတွေပြောနေလို့ဒီကအလှူရှင်တွေနေရခက်နေမယ်´
'အင်းအကြည်နောက်ကလိုက်ခဲ့ချေနော်´
'ဟုတ်၊ညီမတို့ကရန်ကုန်ကပဲလား´
'ဟုတ်၊အမကကော´
'မန္တလေးကပါ၊ကလျာအဖေကရန်ကုန်ရောက်နေတော့လာတွေ့ရင်းလူးလူးမွေးနေ့သူနေခဲ့တဲ့ကျောင်းလေးမှာအလှူလာလုပ်ပေးတာလေ၊´
'အမတို့ကလှူနေကြပေါ့၊´
'ဟုတ်တယ်၊အမတို့မင်္ဂလာဆောင်ပြီးကတည်းကဒီမှာပဲလှူနေခဲ့တာ၊သမီးလေးကိုလည်းဒီကပဲမွေးစားခဲ့တာ´
'အမအမျိုးသားကော´
ထိုအမျိုးသမီးကရယ်ကာ
'စောစောကထွက်သွားတဲ့အမျိုးသမီးကအမရဲ့အိမ်ထောင်ဦးစီးပါ´
'သြော်၊ဆောရီးပါအမရယ်´
'ရပါတယ်၊အမနာမည်အကြည်ဓာတ်ပါ´
'ဟုတ်၊ညီမနာမည်ကရှားလော့အောင်ခိုင်ပါ´
'တွေ့ရတာဝမ်းသာပါတယ်၊´
လက်ဆွဲနှုတ်ဆက်လိုက်ကြပြီးထမင်းစားဆောင်ထဲဝင်လာကြသည်
'အန်တီ´
'အင်း´
'မိုက်တယ်နော်´
'ဘာကိုလဲ´
'သြော်အဲ့အမတွေအတွဲလေ၊ရုပ်ကလေးတွေကလည်းချောချောလေးတွေ´
'မင်းကကောအဲ့လိုနေချင်လို့လား´
'အင်း၊နေချင်တယ်´
ခဏတာတွေဝေသွားပေ့မယ်မာန်သွေးခက်မေးလိုက်သည်၊
'ဒါဆိုငါတူနဲ့မင်းဘာလို့တွဲနေသေးလဲ´
'ဒါကတော့ပြောလို့မရဘူးလေ၊သွားတော့မယ်နော်၊သွန်းစက်တို့ပစ္စည်းကားရောက်နေပြီ´
'ကလေးမ...´
ရှားလော့အောင်ခိုင်အလိမ်ပေါ်တော့မည်စိုး၍အကြောင်းပြကာထမင်းစားဆောင်ထဲကထွက်လာလိုက်သည်၊
မာန်သွေးခက်ဟာလည်းနာမည်နဲ့လိုက်အောင်မာန်မလျော့တတ်သူမို့နောက်ကလိုက်ပါတော့သည်၊
'အသေးလေး၊ခဏနေဦး´
'မနေဘူး´
'အသေးလေး´
ရှားလော့တစ်ယောက်ခြေလှမ်းများကိုအရှိန်တင်လိုက်သည်၊
​သို့သော်ခြေလှမ်းကြဲကြဲလှမ်းတဲ့မာန်သွေးခက်တို့ခဏလေးနဲ့မှီသည်၊လက်ကိုဖမ်းဆွဲလိုက်ကာမျက်နှာချင်းဆိုင်စေသည်၊
'လွှတ်၊သွားကူမို့´
'ကလေးမ!ငြိမ်ငြိမ်နေစမ်း!´
ချက်ချင်း​ကျောက်ရုပ်တခုလိုမလှုပ်မယှက်ရပ်ကာအမိန့်ကိုနာခံနေမိသည်၊
ဒီအန်တီနှယ့်ဘာအစွမ်းတွေများတတ်သလဲ
Hogwartကျောင်းဆင်းများလား၊
ခန္ဓာကိုယ်ကမိမိစကားထက်အန်တီစကားပဲနားထောင်ချင်တော့တယ်၊ဘယ်နှယ့်လုပ့်ရပါ့မလဲနော်
'ငါမေးတာဖြေဦး၊´
'မသိဘူး´
'ငါတူနဲ့ဘာလို့တွဲတာလဲ´
'ချစ်လို့´
'ဘယ်သူကိုလဲ´
'အန်တီ....´
'ဘာ!´
'အန်တီတူကိုလို့ပြောမလို့ကို၊စကားကိုဆုံးအောင်နားထောင်ပါဦးလား´
မာန်သွေးခက်လည်းအနည်းငယ်ရှက်သွားကာ
'ဆောရီး´
'လွှတ်၊နာတယ်´
အားနဲ့ဆွဲထားမိတာမို့နာသွားလောက်ပါသည်၊
ကလေးမစိတ်ဆိုးရင်လည်းချော့ရတော့မှာပေါ့ဟုတွေးကာပြန်ထွက်လာလိုက်သည်၊
ထိုအခြေအနေကိုအကြည်ဓာတ်ကကြည့်နေတော့
'အကြည်ဘာတွေကြည့်´
'ဟိုကောင်မလေးနဲ့အဒေါ်ကြီးလေ၊လူးလူးထင်ရင်လည်းထင်ချင်စရာကြည့်ပါလား´
'မေမေတို့လိုအာဘွားပေးကြတော့မှာလား´
'ကဲ၊တွေ့လားဒေါ်ကလျာ၊သမီးကအတုမြင်အတတ်သင်နေပြီ´
'သင်ပါစေပေါ့ကွာ´
ရှားလော့တစ်ယောက်ပြုံးစိစိနှင့်ဖြစ်နေတော့သွန်းစက်လက်မောင်းကိုရိုက်လိုက်ရာရှားလော့တို့စကားတောင်မပြောနိုင်ပဲမေးငေါ့ကာဘာလဲဟုမေးလာသည်၊
'ငါကနင်ကိုမေးရမှာလေ၊ရှားလော့၊ဘာဖြစ်´
'ဘာမှမဟုတ်ပါဘူးဟယ်၊ဒီလိုပါပဲ၊´
'ဘာမှမဟုတ်ရင်လည်းသေချာလုပ်၊ပစ္စည်းတွေကနင့်နှလုံးသားလေးလိုပဲထိလွယ်ရှလွယ်ဟေး!´
ရှားလော့တစ်ယောက်မျက်စောင်းတချက်ထိုးကာပြုံးနေသည်၊
ကလေူများနေ့လည်စာစားပြီးခန်းမထဲကစားနေကြချိန်
ရှားလော့တစ်ယောက်တစ်စုံတစ်ယောက်ပျောက်နေသည်ကိုသတိထားမိသည်၊
ခဏအကြာဆရာမတချို့နှင့်အတူအန်တီကအထုတ်များသယ်လာသည်၊
'သားတို့သမီးတို့ရေ၊ဒီကအန်တီကရာသီဥတုပူလို့ကလေးတွေအတွက်ရေခဲမုန့်တွေဝယ်လာတယ်´
'ရေး!!!!!´
ကလေးများကိုဆရာမများကဝေပေးနေချိန်မာန်သွေးခက်ကရေခဲမုန့်တခုကိုယူကာရှားလော့ကိုပေးသည်၊
'စောစောကလက်ကိုတအားဆွဲထားမိလို့ဆောရီးပါ´
ရှားလော့တို့အပျော်ကြီးပျော်ကာရေခဲမုန့်ကိုယူလိုက်သည်၊
'ကျေးဇူးပါရှင့်´
မာန်သွေးခက်နားရွက်များရဲသွားသည်၊
ညနေလောက်မှထိုကျောင်းလေးမှပြန်လာကြသည်
တစ်နေကုန်ပင်ပန်းထားတဲ့အတွက်ကြောင့်ကလေးမအတော်ပင်အိပ်မောကျနေသည်၊
အိမ်နားမရောက်ခင်ရပ်ကာကလေးမကိုနိုးမည်အလုပ်တအားကိုအိမ်မောကျနေတော့မနိုးရက်ပေ၊
မျက်နှာပေါ်ကျနေတဲ့ဆံပက်များကိုသပ်တင်ပေးရင်းမျက်နှာနားကပ်သွားမိသည်၊နမ်းသင့်ရဲ့လားတွေးဖို့ထက်နမ်းလိုက်ချင်မိသည်ဟုသာတွေးနေမိသည့်စိတ်ကိုဦးနှောက်စိတ်မှမှန်သေးရဲ့လားလို့မေးခွန်းတွေလည်းထုတ်နေပြန်သည်၊
ကလေးမမျက်လုံးများပွင့်လာသည်၊လန့်မသွားပဲကလေးမကပါရှေ့တိုးလာသည်၊မိမိလည်းသူမဘေးကအံထဲရေဘူးကိုဆွဲထုတ်လိုက်ကာ
'ရေဆာလို့´
အကြောင်းပြချက်ပြကာအခြေအနေကိုပြောင်းပစ်ရသည်၊
'ဟုတ်၊ရောက်နေပြီပဲ´
'အင်း´
'အန်တီ´
'အင်း´
မျက်လုံးချင်းမဆုံရဲပါ
'ဂရုစိုက်ပြန်နော်´
'အင်း´
ကလေးမကပေါ်ကဆင်းကာခြံထဲဝင်သွားမှ
'ငါဘာတွေလုပ်နေတာလဲ´

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now