sidestory:8

649 52 3
                                    

နောက်နေ့မနက်စတော်ဘယ်ရီစိုက်ခင်းထဲ
ရွှေရတုနဲ့တူတော်မောင်မာန်ရှားအောင်တို့အလုပ်လုပ်နေချိန်
'တီလေး၊ဘွားဘွားကခရစ်စမတ်အပြီးမှပြန်မယ်တဲ့'
'ဟမ်၊အကြာကြီးဒီမှာဘာလုပ်မှာလဲ'
'မသိဘူး၊သူဒီမှာနေချင်သေးတယ်တဲ့၊နင်အမေဒေါ်မာန်သွေးခက်ကအလုပ်တွေကော'
'ဒီကပဲonlineကလုပ်မယ်ပြောနေတယ်၊အရမ်းအရေးကြီးရင်တော့ခဏပြန်မယ်တဲ့၊'
'အင်းပေါ့'
ခဏအကြာယွန်းထက်တို့ညီအမနှင့်ရှားလော့အောင်ခိုင်တို့ထမင်းချိုင့်များနှင့်ရောက်လာရာရှေ့ကလာတဲ့အမဖြစ်သူရှားလော့အောင်ခိုင်နှင့်သွန်းထက်ကိုကျော်ကာယွန်းထက်လက်ထဲကဟင်းရည်ဘူးကိုကူသယ်လေသည်၊
'လမ်းလျှောက်လာကြတာလား'
ယွန်းထက်ရှက်ရှက်ဖြင့်ခေါင်းညိမ့်လေသည်၊
ရှားလော့အောင်ခိုင်နှင့်သွန်းထက်ဆီကခြင်းကြီးခြင်းငယ်များကိုမာန်ရှားအောင်လက်လွဲယူတော့မှရှားလော့အောင်ခိုင်ခါးထောက်ကာ
'အမယ်လေးဟဲ့၊ဒေါ်ရွှေရတု၊နင်မှာလည်းနော်၊ငါတို့ခြင်းသယ်လာတဲ့လူတွေကိုကျော်ကာခွသွားပြီးမှယွန်းထက်ဆီကဟင်းရည်းပဲယူတယ်နော်၊တအားတွေမောနေဦးမယ်'
'သြော်အမရယ်၊နင်တို့ကလူကောင်းလေ၊ယွန်းထက်ကအခုမှခြေထောက်ကသက်သာကာစလေ၊'
ယွန်းထက်မိမိဘက်ကကာစည်းပြောပေးနေသည့်ဒေါ်ရွှေရတုကိုငေးကာပြုံးနေမိသည်၊
'အန်တီကသာစိတ်ပူ၊ဟိုမှာပါးစပ်နားရွက်တက်ချိတ်တော့မယ်'
သွန်းထက်ရဲ့အပြောကြောင့်ယွန်းထက်တစ်ယောက်ရှက်ကာ
'သွန်းထက်၊ပေါက်ကရတွေမပြောနဲ့၊လာ၊စားဖို့ပြင်ပေးဖို့လာကူစမ်း'
ယွန်းထက်ဇရပ်ရှိရာဘက်သို့လှည့်လိုက်ချိန်ခြေချော်ကာလဲတော့မလိုဖြစ်ရာရွှေရတုခါးကနေကိုင်ကာလှမ်းထိန်းလိုက်သည်၊
ယွန်းထက်လည်းလဲမည်စိုး၍ရွှေရတုပခုံးကိုဆုပ်ကိုင်ထားလိုက်သည်၊
ရင်ခုန်သံတွေမြန်နေကာမျက်ဝန်းချင်းလွဲမရတော့ပါ၊
တလောကလုံးနဲ့ပါအဆက်ပြတ်နေကြလေသည်၊
ရှားလေည့အောင်ခိုင်ပြုံးကာ
'အမယ်လေး၊ဗမာကားတွေရိုက်မနေကြနဲ့ဟေ့၊ငါ့သားလေးဗိုက်ဆာနေပြီ'
ရွှေရတုလည်းယွန်းထက်ကိုပြန်မတ်ပေးလိုက်ကာတစ်ယောက်နဲ့တစ်ယောက်မကြည်ရဲတော့ပဲတစ်နေရာစီခွဲထွက်သွားသည်၊
'အန်တီရှားလော့ရေ၊မမကတော့မရတော့ဘူးထင်တယ်'
သွန်းထက်လက်တို့ကာပြောလေတော့ရှားလော့အောင်ခိုင်ရယ်ကာ
'ဟုတ်ပါ့၊ရတုတို့လည်းဝဋ်ကျွတ်တော့မယ်နဲ့တူတယ်'
'ဟုတ်တယ်၊အန်တီရေ'
ထိုအချိန်ဇရပ်ထဲကနေမာန်ရှားအောင်အော်တော့သည်
'ဗိုက်ဆာတယ်ဗျို့!!!!!'
'အမယ်လေးလာပြီ၊သားရေ၊နင်မာလည်းစားဖို့ပဲသိတယ်၊ရည်းစားဆိုလို့မူးဖို့တောင်ရှူဖို့ရှိရဲ့လားဟဲ့!!!!'
သားဖြစ်သူအနေအေးသလောက်ရည်းစားလည်းမရှိတာကိုတွေးမိကာရှားလော့နောက်လိုက်သည်
ခဏနားနေကြချိန်စတော်ဘယ်ရီခင်းအစွန်ဆုံးကသစ်ပင်ကြီးအောက်ကခုံတန်းလေးမှာယွန်းထက်ထိုင်ကာအဝေးကိုငေးနေလေသည်၊
'စတော်ဘယ်ရီစားဦးလေ´
မိမိဘေးလာထိုင်ကာရေးဆေးပြီးသားစတော်ဘယ်ရီအနည်းငယ်ကိုလက်ထဲထည့်ပေးသည့်ဒေါ်ရွှေရတုကိုပြုံးပြလိုက်ကာ
'ကျေးဇူးတင်ပါတယ်´
'ဒါတွေကခြံထွက်တွေ၊ဆေးလုံးဝမပါဘူး၊´
ယွန်းထက်စတော်ဘယ်ရီတခုကိုကိုက်စားလိုက်သည်၊
ယွန်းထက်ချိုချိုချဥ်ချဥ်အရသာကိုသဘောကျကာပြုံးမိလေရာ
ရွှေရတုတစ်ယောက်မှိုရသလိုကိုပျော်ကာကြည့်နေမိသည်
ယွန်းထက်လည်း၂ခု၃ခုလောက်စားပြီးမှရွှေရတုကိုပြန်ကြည့်ကာ
'စားပါဦး´
ရွှေရတုခပ်သဲ့သဲ့လေးရယ်ကာယွန်းထက်လက်ထဲကစတော်ဘယ်ရီသီးကိုကိုက်စားလိုက်သည်၊
ယွန်းထက်တစ်ယောက်သူမလက်ကိုထိတွေ့လာတဲ့ရွှေရတုရဲ့နှုတ်ခမ်းပါးကြောင့်အနည်းငယ်တုန်တက်သွားသည်၊
သွန်းထက်လည်းမာန်ရှားအောင်ကိုစတော်ဘယ်ရီသီးကူခူးပေးနေရင်းအမဖြစ်သူနဲ့ရွှေရတုလှမ်းငေးနေလေသည်
ထိုအချိန်အရပ်ကား၅ပေ၉လောက်ရှိမည်၊ပိန်ပိန်သွယ်သွယ်အမျုးသမီးတစ်ယောက်ရောက်လာကာ
'ချာတိတ်၊´
သွန်းထက်လည်းဘေးဘီကြည့်ကာဘယ်သူမှမတွေ့လေတော့သူမကိုယ်သူမလက်ညိုးထိုးပြလေရာ
'အေးလေ၊မင်းကိုပြောတာ´
သွန်းထက်လည်းဖုန်ခါကာထပြီးသူမရှေ့လျှောက်လာလိုက်သည်၊
'ဘာကိစ္စလဲ´
'သြော်၊ဒေါ်ရွှေရတုရှိလားလို့ပါ´
'ဟိုမှာထိုင်နေတာဒီဘက်ကဒေါ်ရွှေရတုပဲဘာလုပ်မလို့လဲ´
'အဲ့တာမဆိုင်ပါဘူးကွ´
သွန်းထက်ကိုကျော်သွားရာသွန်းထက်နောက်ကပြေးလိုက်ကာလက်ကိုဆွဲလိုက်သည်၊
'ဘာလုပ်တာတုန်း´
'သြော်၊ဘာကိစ္စမှန်းမသိပဲ၊ကျွန်မကဘာလို့ရှင့်ကိုအန်တီရတုဆီလွှတ်ရမလဲ´
'အမယ်လေး၊ရှည်လိုက်တဲ့မိကျောင်းမင်းသမီးရဲ့၊´
'ဘာပြောတယ်!!!´
ရန်ဖြစ်သံကြား၍ဇရပ်ထဲကရှားလော့ကော၊အပင်အောက်ကရွှေရတုနဲ့ယွန်းထက်တို့လည်းအပြေးလာကြည့်လေသည်၊
'ဘာဖြစ်ကြတာလဲ´
'ဒီကဒေါ်ရွှေရတုလားမသိဘူး´
'ဟုတ်ပါတယ်၊ဘာကိစ္စများရှိလို့ပါလဲ´
'ဒီလိုပါပဲ၊ကျွန်မနာမည်မေမိုးဖွေးပါ၊ကျွန်မကအခုလောလောဆယ်အသီးအနှံတွေကိုအောဂဲနစ်ဆိုင်လေးဖွင့်ထားတာပါ၊ဒီခြံရှေ့ရောက်တိုင်းဒီခြံပိုင်ရှင်တွေဆီကစတော်ဘယ်ရီသီးတွေပြန်ဝယ်ချင်လို့ဆက်သွယ်နေခဲ့တာကြာပါပြီ၊အခုလည်းခြံပိုင်ရှင်တွေရောက်နေတယ်ဆိုလို့ပါ၊လာပြီးစကားပြောကြည့်တာပါ´
'သြော်၊ဟုတ်၊ဒီကိစ္စနဲ့ပတ်သတ်တာဆိုရင်တော့မာမီကိုလိုက်ပြောလိုက်ပါ၊ဒါကမာမီရဲ့ခြံပါ၊´
'သြော်ဟုတ်ကဲ့၊ဒါကျွန်မရဲ့လိပ်စာကတ်ပါ´
'သြော်ဟုတ်ကဲ့´
ရွှေရတုယူကာဖတ်နေချိန်မေမိုးဖွေးတစ်ယောက်ဆူပုတ်နေတဲ့သွန်းထက်ကိုလိပ်စာကတ်ပေးလေရာသွန်းထက်မျက်ခုံးများတွန့်ချိုးကာ
'ဘာလုပ်ရမှာလဲ´
'သြော်၊မချိုမချဥ်မျက်နှာနဲ့ဆိုတော့
စတော်ဘယ်ရီသီးလေးများလို့ပါ၊ဝယ်ချင်လို့လေ´
'ပြောလိုက်ရင်မကောင်းရှိတော့မယ်၊´
ချာခနဲလှည့်ကာထွက်သွားတဲ့သွန်းထက်ကိုမေမိုးဖွေးသဘောကျသလိုရယ်ကာကြည့်နေလေသည်၊
ခဏအကြာမိခင်ဖြစ်သူဂရေစ့်အောင်ခိုင်နှင့်ဖုန်းပြောကာရောင်းရန်ခွင့်ပြုလိုက်ပြီးကျန်သည့်စာချုပ်စာတမ်းကိစ္စများကိုသမီး၂ယောက်ကိုသာလုပ်ခိုင်းလိုက်တော့သည်၊
စာချုပ်ချုပ်ပြီးသည်နှင့်မေမိုးဖွေးခြံထဲကပြန်ထွက်သွားလေသည်ခြံရှေ့မှာယောင်လည်လည်လုပ်နေသည့်သွန်းထက်ကိုမြင်တော့ဆိုင်ကယ်ပေါ်အရင်တက်ကာစက်နိုးပြီးလေမှ
'ပြန်ပြီနော်၊မိကျောင်းမင်းသမီးလေးရေ´
'ဒီမိန်းမတော့!ရှင်ပြန်လာရဲပြန်လာကြည့်၊အရေခွံစုတ်ပစ်မယ်!´
နောက်နေ့မနက်စတော်ဘယ်ရီသီးများလာယူလေတော့မေမိုးဖွေးသူမအလုပ်သမားများခေါ်လာကာကိုယ်တိုင်ခူးလေသည်၊စတော်ဘယ်ရီခင်းရဲ့အစွန်ဆုံးကသစ်ပင်မထိုင်ကာနေတဲ့သွန်းထက်ကိုမြင်တော့အနီးအနားကမာန်ရှားအောင်ကိုခေါ်ကာ
'မောင်လေးခဏ´
'သြော်ဟုတ်အမ၊ပြောပါ´
'အဲ့တာမောင်လေးညီမလား´
'ဟုတ်ဘူးဗျ၊ကျွန်တော်သူငယ်ချင်းညီမပါ၊ကျွန်တော်နဲ့လည်းသူငယ်ချင်းတွေပါပဲ၊´
'သြော်´
'ဘာလို့လဲ၊ကြိုက်လို့လား´
'မဟုတ်ပါဘူး၊သိချင်လို့ပါ´
'ဟုတ်´
မေမိုးဖွေးတစ်ယောက်သွန်းထက်ကိုငေးကြည့်နေလေသည်၊
သွန်းထက်လည်းဟိုငေးဒီငေးကနေမေမိုးဖွေးဆီအကြည့်ရောက်သွားလေတော့မျက်စောင်းများကိုလှိမ့်ပိမ့်ထိုးကာအောက်ကိုမကြည့်ပဲလျှောက်လေရာချော်ကျမလိုဖြစ်လေသည်၊
မေမိုးဖွေးသဘောကျကာရယ်လိုက်သည်၊
သွန်းထက်ရှက်ကာထွက်ပြေးသွားလေသည်၊
ကလောစျေးထဲအမဖြစ်သူနှင့်ရွှေရတုစျေးဝယ်နေရင်း
'ရတု၊နင်ယွန်းထက်လေးကိုကြိုက်နေတာလား´
'ဟာအမကလည်း!´
'ဟယ်မကြိုက်ဘူးလား´
'ဘယ်ကသာကြိုက်တယ်´
ညီမဖြစ်သူမကြီးမငယ်မူနေသည်ကိုကြည့်ကာ
'အမယ်လေးဟဲ့၊မူနေသိလား၊နင်ရဲ့ဒေါ်ကျန်ရစ်ဆိုတဲ့ဘွဲ့နာမည်ပျောက်မှာမဟုတ်ဘူး´
'အမယ်လေး၊ပေါက်ကရတွေအမရယ်၊´
'ငြိမ်မနေနဲ့၊ကလေးကလည်းနင်ကိုသဘောကျနေပါတယ်´
'အမကလည်း၊အဲ့လိုကြီးဇွတ်ကြီးမလုပ်ပါနဲ့´
'နင်ဟာလေ၊´
ခဏအကြာမနက်စာဆိုင်ရောက်လေတော့ရှားလော့မှညီမဖြစ်သူရွှေရတုဆီလှည့်ကာ
'ဟဲ့နင်ဘာစားမှာလဲ´
'ယွန်းထက်´
'ဟမ်!´
'သြော်၊တို့ဟူးနွေး´
'တော်တော်တွေပါနော်၊ကလေးတွေကိုဘာကျွေးမှာလဲ´
'ရှမ်းခေါက်ဆွဲနဲ့တိုဟူးနွေးမျှဝယ်ခဲ့လေ၊သူတို့ကြိုက်တာမျှစားပါစေပေါ့´
'အေးအေး´
အိမ်ပြန်ရောက်လေတော့ယွန်းထက်ကပစ္စည်းများကူသယ်ပေးရာ
ရွှေရတုအနားကပ်ကာ
'ယွန်းထက်၊တို့ဟူးနွေးစားတယ်မလား´
'ဟုတ်စားပါတယ်၊´
'ဝယ်လာတယ်၊´
မနက်စာများထည့်နေချိန်ရွှေရတုသူမသောက်ချင်၍ဝယ်လာသည့်စီလုံတီးကိုထည့်နေလေရာယွန်းထက်ရောက်လာလေသည်
'စီလုံတီးလား´
'ဟုတ်တယ်၊သောက်ချင်လို့လား´
'ဟုတ်၊အန်တီသောက်ဖို့ဝယ်လာတာမလား၊ရပါတယ်´
'သောက်ပါ၊ညနေကျမှနောက်တခွက်ဝယ်သောက်လိုက်မယ်´
'မဟုတ်တာ၊´
'သောက်ပါ၊ရပါတယ်´
'ရပါတယ်၊အန်တီသောက်ပါ´
ရှားလော့တစ်ယောက်မျက််စိရှေ့ဘော်လီဘောလာပုတ်နေမြင်လေတော့
'အချစ်တွေစမ်းမနေကြနဲ့ဟေး၊အမြင်မတော်ရင်တို့ယူသောက်လိုက်မယ်၊မိန်းမအိမ်ပြန်သွားလို့သိပ်ကျေနပ်တယမဟုတ်ဘူးနော်၊ဒီမှာအထီးကျန်နေတာအဲ့လိုသဲသဲကဲကဲတွေမြင်ရတာအဆင်မပြေဘူးနော်´
ယွန်းထက်လည်းငြင်းမနေပဲယူလိုက်သည်၊
ခဏအကြာမာန်ရှားအောင်နှင့်ရွှေရတုခြံထဲသွားလေရာအိမ်၌ယွန်းထက်တို့ညီအမတွေကတော့ရှားလော့အောင်ခိုင်နှင့်အတူနေ့လည်စာအတူတူချက်နေချိန်
'Is anyone home?'
ယွန်းထက်လည်းအသံကြား၍ထွက်ကြည့်လေရာနိုင်ငံခြားသူတစ်ယောက်ဖြစ်နေလေသည်၊
'How can i help you?´
'Is this woman live here?´
ယွန်းထက်လည်းထိုအမျိုးသမီးပြသည့်ဖုန်းထဲကပုံကိုကြည့်လိုက်ရာရွှေရတုဖြစ်နေလေသည်၊
'Yes,she is here.Is there any problem?´
'My name is Amanda.I am her girlfriend´
မီးဖိုချောင်ထဲကရှားလော့နှင့်အခန်းထဲကဂရေစ့်ပါထွက်ကြည်ါလေသည်၊
ခဏအကြာရွှေရတုအိမ်ကိုအပြေးပြန်လာလေသည်၊
'Amanda?´
'Babe!´
ကဲကဲသဲသဲပြေးဖက်သည့်ထိုအမျိုးသမီးကိုဂရေစ့်အောင်ခိုင်အပြင်ကျန်သူများကပါကြည့်မရဖြစ်နေသည်၊
ယွန်းထက်ကတော့ဘာမှ​မပြောပဲဧည့်ခန်းထဲကထကာအပေါ်ထပ်ကိုတက်သွားလေသည်၊ယွန်းထက်ဆီအကြည့်များရောက်သွားကာအတင်းတွယ်ကပ်နေသောAmandaကိုဖယ်ထုတ်ရန်ကြိုးစားသော်လည်း
'I wanna talk,babe´
'We are over,Amanda´
'Just let me explain!´
'ok,fine!´
Amanda လက်ကိုဆွဲကာထွက်သွားတဲ့ရွှေရတုကိုယွန်းထက်အိမ်ပေါ်ထပ်ကိုငေးကြည့်နေလေသည်၊
မြင်ကွင်းထဲကပျောက်ကွယ်သည်အထိငေးကြည့်ရင်း
ရင်ထဲကဟာတာတာခံစားချက်ကပို၍ကြီးထွားလာသည်၊
ဆိုင်တောင်မဆိုင်သေးတဲ့လူအတွက်နဲ့
နာကျင်နေရတာဟာရယ်စရာဟာသများဖြစ်နေမလား၊
ခရစ်စမတ်နီးမှအသဲကွဲရတယ်လို့ကွယ်....

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now