19

763 89 3
                                    

စေ့စပ်ပွဲတွင်မိမိကိုမျက်စောင်းထိုးကြည့်နေသူများလှသည်၊
မိခင်နှစ်ဦးမှာစလို့ဦးလေးနှစ်ဦးအပြင်ရှားလော့ရဲ့ညီမငယ်ရွှေရတုကပါမိမိကိုဝါးစားမတတ်ကြည့်နေကြတော့မိမိမှာရေပဲထိုင်သောက်နေရသည်၊
စားသောက်ဆိုင်တခုတွင်VIPအခန်းငှားကာလုပ်သောကြောင့်ဂရေစ့်တစ်ယောက်သူမလူများပါလုံခြုံရေးခေါ်ယူကာအင်အားပြထားသည်
'ဒေါ်ရွှေရုပ်လွှာနဲ့ဒေါ်ဂရေစ့်အောင်ခိုင်တို့ရဲ့သမီးလေးရှားလော့အောင်ခိုင်ကိုဒီကမိသားဖသားပီပီလာရောက်တောင်းရမ်းစေ့စပ်မင်္ဂလာဖြစ်ပါတယ်ခင်ဗျာ၊´
ရှားလော့သက်ပြင်းချကာ
'ခဏ၊ကိုသူရိန်၊မာမီနဲ့မားမားမျက်နှာကြီးအဲ့လိုမလုပ်ထားနဲ့လေ၊လေးလေးတို့ကောပဲရတုနင်ကောပဲ၊အန်တီတို့ကိုအားနာကြပါဦး၊ရှားလော့စိတ်ညစ်လာပြီ´
ထိုအခါကျမှမိခင်နှစ်ဦးမှ
'မားမားနဲ့မာမီကစတာပါသမီးလေးရယ်´
'ဟုတ်တာပေါ့၊လေးလေးတို့ကစနေတာပါ´
'ပြီးရော၊ကိုသူရိန်ဆက်ပြောပါ´
'မင်္ဂလာရက်ဘယ်လိုသတ်မှတ်ကြမလဲလို့´
'အန်တီတို့ကတော့ဒီလမကုန်ခင်လုပ်စေချင်တယ်၊သမီးအကြောင်းကလည်းကောလဟာလတွေပါထွက်နေတယ်လေ၊´
'စိတ်တော့မရှိပါနဲ့တာဝန်မယူချင်လို့မဟုတ်ပေ့မဲ့မင်္ဂလာရက်နောက်ဆုတ်လို့မရဘူးလားရှင့်´
'မရဘူး!´
ဂရေစ့်တို့ဝိုင်းအော်လိုက်ရာနေသူရိန်မောင်နဲ့မာန်သွေးခက်တို့လန့်သွးကြသည်
'အရေးကြီးတဲ့လူကိုအသိပေးရမှာမို့´
'ရက်ရွေ့မယ်ဆိုထောင်ထဲဝင်´
'မရွေ့တော့ပါဘူးဗျ၊weddingအတွက်လည်းစိတ်တိုင်းကျလုပ်ပါခင်ဗျ´
'ကောင်းပြီ၊စားစရာတွေမှာလိုက်ကြပေါ့´
'နေဦးဂရေစ့်´
'အကိုဘာပြောမလို့လဲ´
'မာန်သွေးခက်၊´
'ရှင်...အဲပြောပါ´
'အပြင်မှာတွေ့တဲ့လူတွေကိုမင်းတွေ့မယ်ထင်ပါတယ်´
'တွေ့ပါတယ်၊´
'ငါ့တူမလေးရဲ့အပိုင်ပဲ၊သူမျက်ရည်ကျရင်ဖြစ်ဖြစ်ဒဏ်ရာရရင်ဖြစ်ဖြစ်၊မင်းကြောင့်ဆိုတာနဲ့မင်းဘဝပြောင်းပြန်ဖြစ်အောင်ငါတို့လုပ်ပစ်မယ်၊´
မိမိကိုစူးရဲစွာကြည့်နေတဲ့ကလေးမဦးလေးကိုမျက်လုံးချင်းတောင်ဆုံမကြည့်ရဲပေ
'လေးလေး´
တူမအသံကြားတော့မှဂျွန်နီအောင်ခိုင်ပြုံးကာ
'သမီးလေးဘာစားမလဲ၊ကြေးအိုးဆီချက်စားမလား´
ချက်ချင်းပြောင်းလဲသွားတဲ့မျက်နှာတွေကိုမာန်သွေးခက်အံအားသင့်စွာကြည့်နေသည်၊
ထိုအချိန်နေသူရိန်မောင်တီးတိုးပြောလာသည်
'တီလေး´
'ဘာလဲ´
'တီလေးတော့သွားပြီ၊´
'ပါးစပ်ပိတ်ထားစမ်း´
'တီလေး၊တီတီစိုးကိုပြောဦးမလား´
'နင့်ကိုငါနယူးဇီလန်ကိုအဆက်အသွယ်လုပ်ထားလို့ပြောထားတယ်လေ´
'လုပ်တယ်၊မရဘူး´
'ဒါဆိုလည်းနောက်မှပေါ့´
'တီတီစိုးတော့တီလေးကိုဆဲတော့မယ်´
'အပေါက်ပိတ်ထား´
'အန်တီဘာစားမလဲဟင်´
'အသေးလေးစားတာစားမှာပေါ့´
'ဟုတ်´
တပတ်ခန့်ကြာသော်ဂရေစ့်အောင်ခိုင်၊ရှားလော့နှင့်မာန်သွေးခက်တို့သတို့သမီးဝတ်စုံရွေးချယ်နေကြသည်
ရှားလော့ဂါဝန်အတိုလေးကိုစမ်းဝတ်ကြည့်လိုက်သည်
'ဒီဂါဝန်လေးနဲ့လှသားပဲ´
'တကယ်လား၊အန်တီ´
'အင်း၊တကယ်´
ဂရေစ့်ဝင်လာတော့
'ဒါကဘာလဲ´
'သမီးတို့ဒါလေးရွေးလိုက်ပြီ၊မာမီ´
'သမီးအခုကမင်္ဂလာဆောင်သွားမှာမဟုတ်ဘူး၊သမီးမင်္ဂလာဆောင်မှာလေ၊ဒီဂါဝန်အတိုလေးနဲ့ကမလိုက်ဖက်ဘူးလေ´
'ဒါပေ့မဲ့မာမီ၊အန်တီကြိုက်တယ်လေ´
'မဟုတ်သေးဘူးလေ၊သမီးရဲ့၊သတို့သမီးဆိုတာပွဲတခုလုံးရဲ့အခရာပဲ၊သမီးလေးကခမ်းနားထည်ဝါနေမှဖြစ်မှာလေ၊ဒီဟာလေးဆိုကြည့်ဘယ်လောက်လှလည်း၊လူတိုင်းမျက်လုံးထဲသမီးလှနေရမှာလေ၊´
'အန်တီမျက်လုံးထဲအလှဆုံးပဲဖြစ်ချင်တာ´
ဂရေစ့်အောင်ခိုင်မာန်သွေးခက်ကိုမျက်စောင်းထိုးကာ
'ဒါဆိုဒီမိန်းမမျက်စိမွဲနေတာပဲဖြစ်ရမယ်´
'မာမီ!မာမီအန်တီကိုမကျေနပ်ဘူးဆိုတာသိပါတယ်၊ဒါပေ့မဲ့အဲ့လောက်ထိမပြောသင့်ဘူးလေ´
'အသေးလေး၊အသေးလေးအမေပြောတာလည်းဟုတ်ပါတယ်၊´
'ဟင့်အင်း၊အန်တီ၊အခုရွေးထားတာလေးပဲဝတ်မယ်´
ဂရေစ့်ရင်ထဲမကောင်းဖြစ်လာတော့
'သမီးမားမားဆီမာမီသွားတော့မယ်၊ပြီးရင်ပြန်နှင့်´
'မာမီ´
ဂရေစ့်အောင်ခိုင်လည်းစိတ်ဆိုးမာန်ဆိုးနှင့်ရွှေရုပ်လွှာရုံးခန်းထဲရောက်ချလာသည်၊
'ဘေဘီ၊ဘာဖြစ်တာလဲ´
'အန်တီမျက်လုံးထဲအလှဆုံးဖြစ်ချင်တာပါ၊စောက်ကောင်မငါသမီးကိုဘာတွေမက်လုံးပေးထားလည်းမသိဘူး´
'ကလေးလေး´
ရွှေရုပ်လွှာမျက်မှန်ကိုချွတ်ကာထရပ်လိုက်ပြီးသူမရုံးခန်းထောင့်ကရေခဲသေတ္တာလေးထဲမှအအေး၂ဘူးထုတ်လိုက်သည်၊
'သမီးပေါ့၊မအေမိဘကကောငအောင်လုပ်ပေးတာကို၊မယားအကြိုက်လိုက်တတ်နေပြီလေ၊အန်တီသဘော...အန်တီဆန္ဒနဲ့တကယ်တည်းမပြောချင်ဘူး၊အခုလည်းကလေးကုလားဒူးဖုံးဂါဝန်ကိုမင်္ဂလာပွဲမှာဝတ်မယ်တဲ့၊မအေကလှတာလေးရွေးပေးနေတာကို.....´
ရွှေရုပ်လွှာလည်းအဘွားအိုလိုပြောဆိုနေတဲ့ဂရေစ့်ကိုကြည့်ကာပြုံးနေမိသည်၊
ရွှေရုပ်လွှာပွစိပွစိနဲ့ပြောနေတဲ့နှုတ်ခမ်းလေးကိုနမ်းလိုက်ကာ
'ကလေးရယ်၊သမီးလေးသူဘာသာသူစီစဥ်ပါစေ´
'ဒါပေ့မဲ့´
'ကလေးငယ်ငယ်ကကလည်းအဲ့လိုပဲလေပြောမရဆိုမရအဆိုးအပေအတေလေးလေ´
'ဘွားတော်နော်၊သမီးကိုပြောသလိုလိုနဲ့´
'သမီးမင်္ဂလာဆောင်မှာသူတို့စိတ်တိုင်းကျလုပ်ပါစေ၊´
'ဂရေစ့်ကသူအမေလေ´
'ကဲ၊တော်တော့၊မင်းအန်တီဆီလာတာသမီးပေါ်ကဒေါသတွေသွန်ချဖို့လား´
'မဟုတ်ပါဘူးဘွားတော်ရယ်၊စိတ်မဆိုးပါနဲ့´
'ဆိုးတယ်´
'ဘွားတော်ကြိုက်တဲ့သမိုင်းဘက်ကရိုးရိုးလေးကကြေးအိုးဆီချက်သွားစားမယ်လေနော်´
'ပြီးရော၊လာ´
'သွားတော့မှာလား´
'အလုပ်တွေကပြီးနေပြီ၊ကျန်တာတွေလွဲထားခဲ့လို့ရတယ်၊လာသွားမယ်´
ကလေးများငယ်စဥ်ကတည်းကထိုဆိုင်လေးမှာစားလာခဲ့တာအတော်ပင်ကြာလေပြီ၊
အမှတ်တရတွေအများကြီးနဲ့ပေါ့
ဆိုင်နေရာပြောင်းသွားသော်လည်းယခုအသက်ကြီးသည်အထိသွားစားဖြစ်နေကြပင်၊
ထိုအရာတွေတွေးရင်းသမီးလေးကိုကိုယ့်ရန်သူနဲ့လက်ထပ်ပေးဖို့ဟာစွန့်စားစရာဖြစ်နေသည်၊
သမီးဟာငယ်သေးသလို၊ယူမယ့်လူဟာလည်းက်ုယ်နဲ့အသက်ရွယ်တူပင်၊
ကိုယ်တိုင်တောင်အဒေါ်အရွယ်ယူခဲ့တာမို့၊သမီးကိုတားဖို့ဟာလည်းမဖြစ်နိုင်သည့်အရာပင်၊
သမီးလေးကလည်းမျက်စိစုံမှိတ်ချစ်နေလေတော့မတားရက်ပေ၊
မင်္ဂလာပွဲတောင်အန်တီသဘောဖြစ်နေလေတော့ကိုယ်မှာသမီးနိုပ်စက်ခံရမည်ကိုတွေးပူရသည်၊
ရွှေရုပ်လွှာခုံကိုတချက်ခေါက်လိုက်တော့ဂရေစ့်တစ်ယောက်လန့်ကာအသိစိတ်ပြန်ဝင်လာသည်၊
'သမီးအကြောင်းတွေနေတာရပ်သင့်ပြီနော်၊ဂရေစ့်၊သမီးရှားလော့ကမငယ်တော့ဘူး၊သူလမ်းသူလျှောက်တဲ့အခါမှမိဘဖြစ်တဲ့အန်တီတို့ကမပိုင်တော့ဘူး၊ဆိုင်ပဲဆိုင်တော့တာ၊သမီးသူ့ဘာသာနေပါစေတော့၊ဂရေစ့်၊´
'ဟုတ်ကဲ့ပါ၊ဘွားတော်စားနော်၊ဂရေစ့်ဝယ်ကျွေးမှာ´
'ဟ၊တယ်ဟုတ်ပါလား၊တော်ရုံတန်ရုံပိုက်ဆံမထုတ်တဲ့ငါအသည်းလေးမှဟုတ်ရဲ့လား´
ထိုအခါကျဂရေစ့်အောင်ခိုင်ပြုံးကာသူမအိတ်ထဲကရွှေရုပ်လွှာရဲ့ပိုက်ဆံအိတ်ကိုထုတ်ပြရာ
'ဟီး၊ကားပေါ်မှာဘွားတော်ကျန်ခဲ့လို့ဂရေစ့်ယူလာပေးတာ၊ဒီထဲကယူရှင်းမယ်နော်´
'ရှင်းပါ၊ငလည်မလေး´
ထိုအချိန်Company၌
'CCTVအခန်းထဲBossလူတွေဘာလို့ရောက်နေတာလဲ´
'မသိဘူးလေ၊CCTVမှတ်တမ်းလာယူတယ်ဆိုလားပဲ´
ဘရဏီလည်းနားထောင်နေရင်းကနေဘေးကဖြတ်သွားတဲ့မာန်သွေးခက်လူယုံတစ်ယောက်ရဲ့လက်ထဲကUSBကိုမြင်တော့
'နေဦး၊ခက်လွှတ်လိုက်တာလား´
'ဟုတ်ပါတယ်၊´
'Companyကပစ္စည်းဆိုငါစစ်ဆေးရမယ်၊ပေး´
'Bossကအဲ့လိုမမှာထားဘူး´
'မင်းbossငါ့ကိုကောင်းကောင်းသိတယ်၊ပြသာနာမတတ်ချင်ဘူး၊မင်းထမင်းအိုးမကွဲချင်ဘူးဆိုငါ့ကိုပစ္စည်းပေး´
ထိုအခါမှUSBကိုပေးလာတော့ဘရဏီလည်းရုံးခန်းထဲယူသွားကာဖွင့်ကြည့်လိုက်သည်၊သဘောကျစရာထိုအရာကြောင့်ရယ်မောနေမိသည်၊
'ရှားလော့အောင်ခိုင်နင်အရှက်တွေကွဲဖို့သာပြင်ပေတော့´
Lap-topထဲကူးထည့်ပြီးသည်နှင့်ချက်ချင်းပြန်ပေးလိုက်
နောက်နေ့ခန်းမပြင်ဆင်ရန်သွားရောက်ရွေးချယ်ရာ
'အဖြူ´
'ရွှေရောင်´
မာန်သွေးခက်သားအမိနှစ်ယောက်ကြားခေါင်းကုတ်နေရလေပြီ
'မာမီ´
'ရွှေရောင်လေးကထင်းနေမှာပါသမီးရဲ့´
'မင်္ဂလာပွဲပါဆိုအဖြူနဲ့မှလိုက်မှာ´
'မလှဘူး၊သမီးအဖြူပေါ်အဖြူထပ်နေတော့ဘယ်ပေါ်မလဲ´
'မာမီကနေရာတိုင်းလိုက်ပြောနေတာပဲ´
'ရှားလော့၊´
ဂရေစ့်စိတ်လျော့ကာ
'မင်းတို့ကြိုက်သလိုလုပ်ကြ၊မာမီဝင်မပါတော့ဘူး´
'မာမီ၊စိတ်မဆိုးပါနဲ့´
'မဆိုးပါဘူး၊သမီးရယ်၊ညစာမာမီပြင်ထားမယ်၊အိမ်မှာအတူစားကြတာပေါ့၊ပြီးတော့မှအိမ်ပြန်ပေါ့၊မာန်သွေးခက်´
'ဟုတ်ကဲ့၊အမေ´
ဂရေစ့်အောင်ခိုင်ပြူးကြည့်ကာ
'မခေါ်နဲ့၊နင်နဲ့ငါရွယ်တူကြီး၊ငါနင်အမေမဟုတ်ဘူး´
'ဟုတ်ကဲ့´
ဂရေစ့်အောင်ခိုင်အိမ်ပြန်လာကာစိတ်လျော့ပြီးညစာချက်လေသည်
ဟိုတယ်ခန်းမမှာကျန်ခဲ့တဲ့ရှားလော့ကမာန်သွေးခက်လက်ကိုကိုင်ကာ
'မာမီကအန်တီအပေါ်ကြည်ဖြူပါတယ်၊ရှားလော့တို့မြန်မြန်ဆန်ဆန်ကြီးဖြစ်သွားလို့သာစိတ်တိုနေတာပါ၊အဆင်ပြေသွားမှာပါ´
'အင်းပါ၊အသေးလေးရယ်၊ဒီကအပြန်bubble teaဝင်သောက်ကြမလား´
'ဟုတ်သောက်မယ်´
ထိုအချိန်ရှားလော့ဆီဖုန်းဝင်လာသည်
'ဟယ်လို၊သွန်းစက်ပြော´
'မကောင်းတော့ဘူး၊ရှားလော့´
'ဘာကိုလဲ´
'နင်လိုင်းပေါ်သာတက်ခဲ့´
ရှားလော့လည်းလိုင်းတက်ကြည့်ရာလူအကြည့်အများဆုံးရုပ်သံဖိုင်တခုမှာမာန်သွေးခက်ရုံးခန်းCCTVမှတ်တမ်းဖြစ်နေသည်၊
'အန်တီ....´
ရှားလော့ပြလာသည့်videoကိုကြည့်ပြီးနေသူရိန်ဆီဖုန်း​ခေါ်နေရာရှားလော့တစ်ယောက်commentထဲမှစာများကိုဖတ်ကာမျက်ရာ်များကျလာသည်၊ခြေထောက်မှားပင်မတ်မတ်မရပ်နိုင်တော့ပဲပျော့ခွေလဲကျသွားသည်
'ရှားလော့၊သတိထားဦးလေ´
'ရှားလော့တော့သွားပြီ၊အန်တီ´
'ဒီကိစ္စကိုအန်တီတာဝန်ယူတယ်၊ရှားလော့ဘာကိုမှမတွေးနဲ့၊ရှားလော့ကိုအန်တီလက်ထပ်မှာ´
ညနေခင်းအိမ်ပြန်လာတော့ရွှေရုပ်လွှာအထုတ်များနှင့်အိမ်ရှေ့မှာစောင့်နေလသည်၊
'မားမား´
'ငါ့ကိုအမေလို့မခေါ်နဲ့၊ရှားလော့အောင်ခိုင်၊ဒီကနေ့ကစပြီးမင်းကဒီမိသားစုနဲ့မသက်ဆိုင်တော့ဘူး´
ရှားလော့ငိုယိုကာဒူးထောက်ချကာလက်အုပ်ချီပြီး
'မားမား၊သမီးရှင်းပြပါရစေ´
'ငါကဘာကိုနားထောင်ရမှာလဲ၊ရှားလော့အောင်ခိုင်၊ရှေ့နေ့ဒေါ်ရွှေရုပ်လွှာရဲ့သမီးကြီးကပိုင်းလုံးမပါ၊အရှက်ကိုအချစ်နဲ့လဲတဲ့မိန်းမ၊အောက်တန်းစားဆိုတဲ့စကားတွေငါဘယ်လိုအလုပ်ကိုသွားရမလဲ!ရုံးခန်းထဲမှာဖြစ်ပျက်နေတာတွေကိုနင်ဘယ်လိုငါ့ကိုရှင်းပြမှာလဲ!ငါတို့နင်အပေါ်ဘာအပြစ်တွေလုပ်ထားလို့ဒီလိုလုပ်ရသလဲရှားလော့အောင်ခိုင်!´
'ရှားလော့မှာအပြစ်မရှိပါဘူး၊တကယ်တမ်းကျွန်မ....´
'သူ့ကိုမင်းထောင်ချချင်လား၊ငါမင်းရှေ့နေ့လိုက်ပေးမယ်´
'ဘွားတော်၊သမီးကိုအဲ့လောက်ထိလုပ်ဖို့မလိုဘူး´
'မင်းသမီးလုပ်ပုံကဟုတ်သလား!ဂရေစ့်!ငါ့မျက်စိရှေ့ကထွက်သွား၊ရှားလော့၊မဟုတ်ရင်ငါလူသတ်မိလိမ့်မယ်´
ရှားလော့လည်းသူမအထုတ်များကိုသယ်ကာငိုနေလေသည်
'ကျွန်မရှားလော့ကိုယူမယ်၊ဘာလို့လဲဆို...ကျွန်မလည်းသူကိုချစ်လို့´
'ကြိုက်တာလုပ်၊မင်္ဂလာပွဲမှာငါတို့နာမည်တွေမထည့်နဲ့၊ရှက်လို့´
'မားမား´
အိမ်ထဲဝင်သွားတဲ့မိခင်ကျောပြင်ကိုကြည့်ကာအော်ဟစ်ငိုကျန်ခဲ့သည်၊

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now