sidestory:5

440 58 1
                                    

ကျောင်းဆင်းသည်နှင့်ယွန်းထက်လည်းညီမဖြစ်သူအတန်းမှသွားခေါ်ကာကျောင်းလာကြိုမည့်ရွှေရတုကိုစောင့်နေလေသည်၊
'မမ၊ရေခဲမုန့်စားရအောင်´
'အေးသဘော၊သွားဝယ်´
စတိုးဆိုင်ထဲညီအမနှစ်ယောက်ဝင်သွားကာကြိုက်နှစ်သက်ရာရေခဲမုန့်တစ်ယောက်တခုယူကာကောင်တာမှာပိုက်ဆံရှင်းဖို့လုပ်နေချိန်
'အဘွားရှင်းပေးမယ်´
ထိုလေသံကိုကြားတော့ယွန်းထက်တစ်ယောက်တုန်လှုပ်သွားသည်၊နောက်ကိုလှည့်ကြည့်လိုက်ရာသူမကိုပြုံးပြနေသည့်ဖွားအေဖြစ်သူဒေါ်စန္ဒာကိုတွေ့လိုက်ရသည်
'မလိုပါဘူး၊သမီးတို့မှာပိုက်ဆံရှိပါတယ်´
'အဖွားကိုမလွမ်းဘူးလား၊အခုဘယ်မှာနေနေကြတာလဲကွယ်၊မင်းအမေထောင်ကျနေတယ်ဆို´
ယွန်းထက်ညီမငယ်လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားပြီး
'အဖွားကစင်ကာပူမှာနေပြီးဒါတွေဘယ်လိုသိတာလဲ၊ကြိုတင်အကွက်ချစီစဥ်ထားတာလား´
ဒေါ်စန္ဒာပြုံးကာ
'ကဲပါ၊အဖွားနဲ့အိမ်ပြန်ကြရအောင်´
ယွန်းထက်ညီမဖြစ်သူကိုသူမနားဆွဲကပ်လိုက်ကာ
'ရပါတယ်၊သမီးတို့မလိုက်ဘူး၊သမီးတို့အဆင်ပြေတယ်´
'ယွန်းထက်၊ညည်းဇောင်းကြွနေတာလား၊ငါနင်အကြောင်းတွေမသိဘူးထင်နေလား´
ဒေါ်စန္ဒာရဲ့အေးစက်စွာအကြည့်တွေကိုယွန်းထက်မကြည့်ရဲပဲရှောင်ကွင်းနေလေသည်၊
ထိုအချိန်
'ယွန်းထက်၊မင်းတို့ကဒီမှာကိုငါကျောင်းရှေ့မှာစောင့်နေပါလို့​ပြောထားတယ်လေ´
ယွန်းထက်ညီမဖြစ်သူလက်ကိုဆွဲကာရွှေရတုဘေးကိုပြေးကပ်နေလိုက်သည်၊
ယွန်းထက်ရဲ့ပုံစံဟာမူမမှန်တာကိုသတိထားမိလိုက်ရာ
'ဒီကဘယ်သူများလဲ၊ကလေးတွေနဲ့သိလို့လား´
'အန်တီကသူတို့အဘွားပါ၊ကလေးတွေအကြောင်းကြားလန့စင်ကာပူကပြန်လာတာလေ၊အခုလည်းအိမ်ပြန်ဖို့ခေါ်နေတာပါကွယ်´
ကလေးတွေကိုလှည့်ကြည့်တော့တစ်ယောက်မှလိုက်ချင်ပုံမပေါ်တာကိုရွှေရတုသိနေလေသည်၊
'သူအမေအမှုရင်ဆိုင်နေတာတလတောင်ကျော်နေပါပြီအန်တီ၊စင်ကာပူကနေဒီကိုတလကျော်တောင်ကြာတာပဲလား၊အန်တီ၊ကလေးတွေအမေကလည်းကျွန်မတို့ကိုပဲစောင့်ရှောက်ဖို့ပြောထားတာမို့ပြီးစလွယ်ပေးလိုက်လို့မဖြစ်ဘူးထင်တယ်၊´
'သြော်၊သွေးသားရင်းချာထက်ပိုရင်းတဲ့သူစိမ်းဆိုတာရှိပါမလားကွယ်၊ကလေးတွေကတို့မြေးပဲ၊ဘာလို့မဖြစ်ရမှာလဲ´
'ဆောရီးပါ၊အန်တီ၊ကျွန်မကလေးတွေအမေကိုမေးပြီးမှပဲပြန်ပြောပေးပါ့မယ်၊ကဲသွားကြမယ်၊ယွန်းထက်´
ယွန်းထက်လက်ကိုဆွဲကိုင်ကာရွှေရတုစတိုးဆိုင်ထဲကထွက်လာသည်၊
ကားပေါ်ရောက်တော့ယွန်းထက်တစ်ယောက်ငြိမ်နေသည်ကိုသတိထားမိလေသည်၊
ရွှေရတုလည်းဘာမှမပြောပဲအိမ်ကိုသာတန်းပြန်လာလိုက်သည်၊
အိမ်ရောက်တော့လည်းအခန်းထဲတန်းဝင်သွားတဲ့ယွန်းထက်​ကိုဂရေစ့်အောင်ခိုင်ကသတိထားမိရာ
'ရတု၊သမီး၊မြေးလေးယွန်းထက်ကဘာဖြစ်လာတာလဲ´
'မသိပါဘူးမာမီရယ်၊သူ့တို့အဖွားဆိုတာကြီးကျောင်းကိုရောက်ချလာတယ်လေ´
'အဘွား၊ဒေါ်စန္ဒာမလား၊သူကစင်ကာပူမှာလေ၊ယွန်းထက်လေဿးမူကြိုကတည်းကစင်ကာပူကိုထွက်သွားတာလေ၊တခါမှလည်းပြန်မလာပါဘူး´
'သြော်၊အခုကသဒ္ဒါကထောင်ထဲမှာလေ၊သူမြေးတွေဒုက္ခ​ေ ာက်မှာစိုးလို့နေမှာပေါ့မာမီရယ်´
'သြော်၊အဲ့ဒေါ်စန္ဒာကိုငါမြင်ဖူးပါတယ်၊သိပ်လည်တယ်၊ကလေးတွေနားသိပ်အကပ်မခံနဲ့၊´
'သြော်မာမီရယ်၊အဲ့လိုတော့မရဘူးလေ၊သူတိူ့ကသွေးသားအရင်းအချာလေ၊´
'အင်းပါ၊ကဲ၊နားတော့၊´
ထိုအချိန်အခန်းထဲမှာအဝတ်အစားလဲပြီးကုတင်ပေါ်မှာလှဲနေတဲ့ယွန်းထက်နားသွန်းထက်ထိုင်ကာ
'မမ၊အဘွားကသမီးတို့ကိုတကယ်ခေါ်သွားမှာလားဟင်´
ညီမဖြစ်သူရဲ့စိုးရိမ်နေတဲ့မျက်နှာကိုကြည့်ကာ
'လုံးဝမဖြစ်စေရဘူး၊´
နောက်နေ့ကျောင်းဆင်းချိန်ရောက်တော့ဒေါ်စန္ဒာရောက်လာပြန်သည်၊
'သွန်းထက်၊နင်ဒီမှာနေခဲ့၊ဒေါ်ကျန်ရစ်လာရင်ငါဘာသာပြန်လာမယ်ပြောလိုက်´
'မမ´
'ငါပြောတဲ့အတိုင်းသာလုပ်စမ်းပါ၊သွန်းထက်ရာ´
အမဖြစ်သူအဘွားနဲ့ထွက်သွားတာမြင်တော့ပြန်မလာမှာစိုးနေလေသည်၊
ခဏအကြာရွှေရတုရောက်လာသည်၊
'သွန်းထက်၊ယွန်းထက်ကော´
'အဖွားနဲ့ထွက်သွားတယ်၊သူ့ဘာသာပြန်လာမယ်ပြောတယ်၊အန်တီ´
'ဒီကောင်မလေးကတော့ကွာ၊ကဲ၊လာပြန်ကြမယ်´
ရွှေရတုနဲ့သွန်းထက်အိမ်ပြန်ရောက်တာကြာပြီဖြစ်သော်လည်းယွန်းထက်အတော်နဲ့ပြန်မလာတော့ရွှေရတုနဲ့ဂရေစ့်အောင်ခိုင်စိတ်ပူနေရသည်၊
ခဏအကြာခြံရှေ့ကားသံကြားတော့ရျေရတုဒေါကြီးမောကြီးနဲ့ထွက်လာကာ
'ယွန်းထက်!ဘယ်အချိန်ရှိနေပြီလဲ!မင်းကြောင့်တအိမ်လုံးစိတ်ပူနေရတယ်၊မင်းဘာလို့ဒီလိုတွေလုပ်နေရတာလဲ!မင်းအဲ့လိုပေါက်လို့ပဲစားနေချင်တယ်ဆိုငါအိမ်ပေါ်ကဆင်း!´
ဂရေစ့်လည်းထွက်လာကာသမီးဖြစ်သူကိုတားလေသည်၊
'ရပါတယ်၊ကျွန်မသွားမှာပါ၊နေချင်လွန်းလို့တော့ထင်မနေပါနဲ့၊သိပ်နေချင်တာမဟုတ်ဘူး´
'ဟာ၊ဒီကောင်မလေးကတော့´
ရွှေရတုဒေါသဖြစ်နေသည့်မို့ရိုက်ရန်ရွယ်လိုက်ပေ့မဲ့က်ုယ့်စိတ်ကိုယ်ထိန်းလိုက်သည်၊
'ကျွန်မအဖွားအိမ်ပြန်နေတော့မယ်၊ညီမလေးကိုတော့ထားခဲ့မယ်၊´
'မမ´
ယွန်းထက်သူမပစ္စည်းများကိုသိမ်းကာအဖွားဖြစ်သူကားထဲတင်လိုက်သည်၊သွန်းထက်အမဖြစ်သူလက်ကိုဆွဲကာ
'မမ´
'အဖေဆုံးရတဲ့အကြောင်းကိုနင်ဘယ်သူမှမပြောပြနဲ့၊သွန်းထက်၊လူကြီးတွေစကားနားထောင်´
ယွန်းထက်လည်းညီမဖြစ်သူလက်ကိုဖြုတ်ချကာကားပေါ်တက်သွားလေသည်၊
ရွှေရတုလည်းအဖြစ်အပျက်တွေကိုထက်သဒ္ဒါကိုပြောပြလိုက်ရာ
'ရတု၊သမီးလေးကိုပြန်ခေါ်ပေးပါဟယ်၊ငါတောင်းပန်ပါတယ်၊ငါတောင်းဆိုပါတယ်၊သမီးလေးကိုဒေါ်စန္ဒာသူအသိကျောက်သူဌေးနဲ့လက်ထပ်ပေးဖို့လုပ်နေတာ´
'ဘာ!ကလေးကအသက်မှမပြည့်သေးဘူးလေ´
'ဒေါ်စန္ဒာကငွေမက်တယ်၊အဲ့ကျောက်သူဌေးကသူကိုမက်လုံးပေးထားပြီးသား၊သူအဖေသေရတဲ့အကြောင်းအရင်းတခုပဲ´
ထောင်ဝင်စာတွေ့ပြီးအပြန်လမ်းမှာရွှေရတုမေးခွန်းပေါင်းများစွာကျန်ခဲ့သည်၊
အိမ်ပြန်ရောက်တော့သွန်းထက်သစ်ခွပန်းများကိုရေလောင်းနေတာတွေ့တော့အဖြေရလိုရငှားအနားသွားကာ
'သွန်းထက်၊အန်တီနဲ့စကားခဏပြောရအောင်လား´
'ဟုတ်အန်တီ´
ဧည့်ခန်းထဲသေချာထိုင်ချကာ
'သမီးတို့မိသားစုအကြောင်းအန်တီသိမှဖြစ်မယ်၊အဲ့တာမှသမီးအမအန်တီပြန်ခေါ်လာနိုင်မှာ´
သွန်းထက်တစ်ယောက်အတွေးတွေများနေလေသည်၊
'ဖေဖေဆုံးတာမေမေကြောင့်မဟုတ်ဘူး၊မမကြောင်ပါ့´
'ဘယ်လို´
'ဘွားဘွားကသူအသိကျောက်သူဌေးနဲ့မမကိုပေးစားမယ်လို့ပြောတယ်၊အဲ့တာကိုမေမေကလက်မခံခဲ့ဘူး၊ဘွားဘွားကစေစပ်ထားရုံပါလို့မေမေကိုပြောတယ်၊မေမေကလုံးဝလက်မခံဘူး၊အဲ့တော့ဘွားဘွားကဖေဖေကိုဖိအားပေးတယ်၊နောက်ဆုံးဖေဖေနဲ့မေမေရန်ဖြစ်ကြတယ်၊ရန်ဖြစ်ရင်းမေမေကိုဖေဖေကရိုက်လိုက်တယ်၊မေမေကသည်းမခံနိုင်တော့လို့လှေကားပေါ်ကနေတွန်းချလိုက်တယ်၊ဒါပေ့မယ့်ဖေဖေကဆေးရုံပေါ်မှာ၃ရက်လောက်ထိ​သတိလစ်နေတာ၊ဆရာဝန်ကမကြာခင်ပြန်သက်သာလာမယ်ပြောတယ်၊အဲ့တာကိုမမကမလိုချင်ဘူး၊သူသူငယ်ချင်းအဖေဆေးခန်းကမော်ဖင်းတွေကိုပိုက်ဆံနဲ့ဝယ်ပြီးဆေးထိုးသတ်လိုက်တာ၊´
ရွှေရတုကြားလိုက်ရတဲ့စကားတွေကိုမယုံနိုင်ဖြစ်နေမိသည်၊
'ဘွားဘွားအဲ့တာတွေသိနေပုံရတယ်၊မမအဲ့လူကြီးနဲ့လက်ထပ်ချင်တာမဟုတ်ဘူး´
'သမီးအဖွားအိမ်ကိုသိတယ်မလား၊သွန်းထက်´
'ဟုတ်´
'သွားကြမယ်´
ဒေါ်စန္ဒာအိမ်၌စေ့စပ်ပွဲစလုပ်နေလေသည်၊အဘွားဘေးမှာယွန်းထက်တစ်ယောက်အလှဆုံးပြင်ဆင်ထားသော်လည်းငြူငြူငိုင်ငိုင်သာထိုင်နေသည်၊
'ကဲ၊ဒီကသမီးလေးနဲ့ဦးမိုးသူတို့ရဲ့စေ့စပ်ပွဲကိုကန့်ကွပ်မယ့်သူရှိပါလားခင်ဗျာ´
'ရှိတယ်၊ကျွန်မလက်မခံဘူး´
ယွန်းထက်အသံလာရာငေးကြည့်လိုက်ရာ
'ဒေါ်ကျန်ရစ်....´
ဒေါ်စန္ဒာမတ်တပ်ထရပ်ကာ
'မင်းဘာလာလုပ်တာလဲ´
'အုပ်ထိန်းသူတစ်ယောက်အနေနဲ့သဘောမတူကြောင်းပြောတာလေ´
'ငါကသူ့အဘွားလေ!ငါစီစဥ်တာ၊နင့်လိုသူစိမ်းကဘာဝင်ပါတာလဲ!´
'ကျွန်မရဲ့အမေကရှေ့နေဆိုတော့ဥပဒေ​အကြောင်းတော်တော်များများကျွန်မသိတယ်၊ဒီမင်္ဂလာပွဲကဥပဒေအရကြည့်မယ်ဆိုတရားမဝင်ဘူး၊ဒါကိုဒီကရပ်ကွပ်လူကြီးတွေလည်းသိမယ်ထင်ပါတယ်၊အသက်မပြည့်သေးတဲ့ကလေးကိုအတင်းအကြပ်လက်ထပ်ခိုင်း
တယ်၊ဒီနိုင်ငံရဲ့ကလေးအခွင့်အရေးဥပဒေနဲ့တရားစွဲလို့ရတယ်´
'ဟဲ့၊ငါမြေးကအသက်ပြည့်တော့မှာဟဲ့၊ငါအဲ့တာတွေသိလို့စီစဥ်လိုက်တာ´
'ဒါဆိုလည်းယွန်းထက်၊မင်းအဲ့လူကိုလက်ထက်ချင်လား´
ယွန်းထက်လည်းရွှေရတုမျက်နှာကိုကြည့်ကာ
'လက်မထပ်ချင်ဘူး၊ဒါအတင်းအကြပ်စီစဥ်ထားတဲ့ပွဲ´
'ကြားတော်မူကြတဲ့အတိုင်းပါပဲ၊ဒါကြောင့်ယွန်းထက်၊ထ၊အိမ်ပြန်မယ်´
ယွန်းထက်ကမ်းလာတဲ့ရွှေရတုလက်ကိုဆုပ်ကိုင်ပြီးထွက်သွားရန်တံခါးပေါက်ကိုလှမ်းလာရာ
'မိယွန်းထက်!ညည်းသွားရင်ညည်းအမေထောင်ထဲကထွက်ရမယ်မထင်နဲ့!´
ယွန်းထက်ခြေလှမ်းများကိုရပ်တန့်ကာနောက်ပြန်လှည့်လိုက်သည်၊အဖွားရှေ့ရောက်မှာမာထန်သောမျက်နှာပေးဖြင့်သူမကိုယ်ပေါ်ကလက်ဝတ်ရတနာများကိုဖြုတ်ကာမြေပြင်ပေါ်ပစ်ချလိုက်သည်၊
'သားအမိတွေတစ်လေသံ၊တစ်ပုံစံတည်းပဲ၊ရွံဖို့တောင်ကောင်းတယ်´
ယွန်းထက်ထိုအိမ်ထဲကထွက်လာကာကားပေါ်ရောက်မှမျက်ရည်များကျလာသည်၊
ရွှေရတုလည်းကျောကိုပွတ်ပေးကာ
'ငိုချလိုက်၊အဆင်ပြေသွားလိမ့်မယ်´
ယွန်းထက်လည်းရွှေရတုကိုပွေ့ဖက်လိုက်ရာရွှေရတုအနည်းငယ်အံသြသွားပေ့မဲ့ပြန်ဖက်ထားပေးလိုက်သည်၊
သွန်းထက်လည်းငြိမ်၍သာနေလေသည်၊
အိမ်ပြန်လမ်းတလမ်းလုံးယွန်းထက်အိပ်၍သာလိုက်လာသည်
အိမ်ပြန်ရောက်တော့သွန်းထက်ကတော့ဆင်းသွားပေ့မဲ့ရွှေရတုခမျာယွန်းထက်ကိုမနိုးရက်ပဲငေးကြည့်နေလေသည်
အလှတွေပြင်ထားလို့လားမသိ၊သိပ်ကိုလှနေသည်၊
မျက်မှောင်ကျုံမထား၍သိပ်ကိုဖြူစင်နေသည်
ငေးကြည့်နေချိန်မျက်ဝန်းလေးများပွင့်လာကာမိမိကိုစိုက်ကြည့်နေလေသည်၊
ရွှေရတုလည်းရှက်ရမ်းရမ်းကာ
'မင်းကလည်းမအိပ်ရတာကျနေတာပဲ၊ကားပေါ်လာအိပ်နေတယ်´
ယွန်းထက်ကတော့တိတ်ဆိတ်နေကာရွှေရတုငေးနေလေသည်၊
'သွန်းထက်အကုန်ပြောပြတယ်မလား´
'အင်း´
'ကျွန်မဒီလက်တွေနဲ့အဖေကိုသတ်လိုက်တာ´
ယွန်းထက်သူမလက်ကိုကြည့်ကာကိုယ့်ကိုကိုယ်နာကြည်းနေသည်
ရွှေရတုသူမလက်တွေကိုဆုပ်ကိုင်လိုက်ကာ
'စိတ်လိုက်မာန်ပါလုပ်လိုက်တယ်ဆိုပေ့မဲ့မင်းကမင်းမိသားစုအတွက်ထွက်လမ်းဖောက်ပေးခဲ့တာလေ´
ရွှေရတုရဲ့စကားများကြောင့်ယွန်းထက်ပျော်သွားကာငေးကြည့်နေလေသည်၊ခဏအကြာယွန်းထက်အနားတိုးကာရွှေရတုပါးကိုနမ်းလိုက်သည်၊

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now