6

568 76 4
                                    

မိခင်နှစ်ဦးကိုမြင်တော့ရှားလော့အောင်ခိုင်စချင်လာ၍
'ဟိတ်!ကောင်မလေးကိုလွှတ်လိုက်´
ရွှေရုပ်လွှာနှင့်ဂရေစ့်လည်းသမီးကိုကြည့်ကာရယ်မောနေမိကြသည်၊
'ဒီကလေးကတော့နော်၊လာပါဦး´
'မာမီ´
ပြောရင်းဆိုရင်းမိခင်ကိုပြေးဖက်ကာ
မွေးနေ့ပွဲတွင်သူမလုပ်သမျှကိုပြောပြနေသည်မှာမိခင်တို့မျက်ဝန်းထဲ၅နှစ်သမီးအရွယ်လေးလိုပင်ဖြစ်နေသည်၊
'သြော်ဒါနဲ့ဖိနပ်စင်ပေါ်မှာဘွားတော်ဖိနပ်အသစ်လား´
'ဟင်၊ဟုတ်ပါဘူး´
'အဲ့တာသမီးဖိနပ်´
'အယ်၊သမီးကlady shoeဘယ်တုန်းကစီးတတ်သွားတာလဲ၊ပြီးတော့သမီးကိုမာမီဝယ်ပေးထားတဲ့ဖိနပ်ကကော´
'အဲ့တာကလေ၊ပျက်သွားတာ၊အဲ့တာသမီးကိုအန်တီတစ်ယောက်ကဖိနပ်ငှားလိုက်တာ´
'သြော်အေးအေး၊သမီးဖိနပ်ကိုသေချာဆေးပြီးပြန်ပေးလိုက်နော်´
'ဟုတ်မာမီ´
'သမီးလည်းနားတော့လေ၊မားမားတို့လည်းနားတော့မယ်၊´
'ဟုတ်မားမား၊Gnမားမားနဲ့မာမီ၊မားမားတို့ကိုရှားလော့အားကြီးချစ်တယ်´
သမီးလေးထွက်သွားတော့မှရွှေရုပ်လွှာထပြောလေသည်
'သမီးလေးကအဲ့စကားကိုဘယ်သူဆီကတတ်ပါလိမ့်နော်´
ဂရေစ့်ပြုံးကာရွှေရုပ်လွှာကိုဖက်ထားလိုက်ကာ
'ဂရေစ့်နဲ့တူတာမလား´
'ဂရေစ့်ကအရင်ကဆိုစကားပြောရင်အားကြီးထည့်ထည့်ပြောတာလေ၊သမီးလေးကလေတနေ့တခြားဒီကအန်တီကလေးလေးနဲ့တူတူလာတယ်´
ရှားလော့တစ်ယောက်ဖိနပ်ကိုဘူးအလွတ်တခုထဲထည့်ကာသိမ်းပြီး
'ပြန်ပေးပါဘူး၊အန်တီခြေဖဝါးနဲ့ထိထားတာရှားလော့အပိုင်သိမ်းထားမှာ´
ထိုအချိန်
'အမ!´
'ဟဲ့၊လန့်တာဟယ်၊ဘယ်လို့အဲ့သလောက်တောင်အော်ရတာလဲ´
'မာမီတို့Companyဒေဝါလီခံရတော့မယ်အမအဲ့တာသိလား´
'ဟမ်၊ဘယ်လိုလို့ဖြစ်နိုင်မှာလဲ၊´
'အခုပဲသတင်းထဲမှာပါလာတာ၊သက်ဆိုင်ရာကgrace the gloryကိုတရားစွဲထားတယ်´
'ဟမ်ပြစမ်း´
ညီမငယ်လက်ထဲကဖုန်းကိုယူကာသတင်းကိုဖတ်လိုက်ပြီးမိခင်ဖြစ်သူတို့အခန်းကိုနှစ်ယောက်သားအမြန်ပြေးကာ
'မာမီ!´
'မားမား!´
ကုတင်ပေါ်မှာလေကျင့်ခန်းကျင့်ရန်ပြင်နေသောမိခင်နှစ်ယောက်ကြောင်အမ်းအမ်းဖြစ်ကာဂရေစ့်တစ်ယောက်ရှက်ကာဘေးမှခေါင်းအုံးဖြင့်ပစ်ကာ
'ထွက်သွားကြ!´
ရွှေရတုနဲ့ရှားလော့အောင်ခိုင်လည်းတံခါးအမြန်ပိတ်လိုက်သည်
ခဏအကြာမိခင်နှစ်ဦးနဲ့အတူရှားလော့တို့ဧည့်ခန်းထဲမှာထိုင်ကာနေကြသည်၊
'အန်တီ၊မေမေတို့ဖုန်းဆက်တယ်၊´
'သြော်အေး၊သားပေး´
တဖက်ကသူငယ်ချင်းမအသံမှာစိုးရိမ်သံများပါနေသည်၊
'ဟဲ့၊နင်အဆင်ပြေလား၊ဂရေစ့်´
'ပြေပါတယ်ဟာ၊သစ်တောကိုတော့နင်တို့ဆီပြန်လွှတ်မလားလို့၊´
'ရတယ်ဟဲ့၊ငါသားကိုငါနေရာစီစဥ်ပေးထားလိုက်မယ်၊အဖေတို့ကလည်းနင်တို့ကိုမေးနေတာ၊companyကဘယ်လိုဖြစ်သွားမှာလဲ´
'ပလုံပေါ့ဟာ၊အခုအစိုးရနဲ့ရှားပါးတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့၁၀၀ကျော်ကပူးပေါင်းစွဲချက်တင်တာဆိုတော့လေ၊
ချေပဖို့ကတော့......ပြီးတော့လျော်ကြေးငွေတွေနဲ့တင်Companyကပြန်လည်ထူထောင်ဖို့ဆိုတာအရင်းအနှီးမရှိတော့ဘူးလေ၊အကိုတို့ကတော့တောင်ကြီးအိမ်မှာပြောင်းနေမယ်တဲ့လေ၊ငါတို့ဒီရန်ကုန်ကအမွေဆိုင်အိမ်ကြီးရယ်၊ငါကွန်ဒိုကိုပါလျော်ကြေးအတွက်ချိတ်ပိတ်ကြတော့မှာ၊ငါအမှားကတော့ဟာအဖိုးရဲ့companyကိုပါငါတို့companyနဲ့တခုတည်းပေါင်းလိုက်မိတာပဲ၊Companyကလည်းကြီးတော့ရင်းနှီးမြုပ်နှံမှုတွေကကြေးကြီးတယ်လေ၊အဲ့တော့လျော်ကြေးကကြီးသွားရော၊ငါတို့ဘက်ကချေပဖို့အတွက်ကငါအမျိုးသမီးရှိတယ်ဆိုပေ့မဲ့ငွေအားမလိုက်နိုင်ဘူးလေ၊သိတဲ့အတိုင်းဘွားတော်ကလည်းအသက်ရလာတော့စိတ်ဖိစီးမခံစေချင်ဘူးလေ၊ငါတို့ဒီအိမ်လေးကျန်ခဲ့တာပဲသက်သာသွားတာပါဟယ်၊´
မိခင်ရဲ့ဖျော့တော့နေသောလေသံကြောင့်ရှားလော့စိတ်မကောင်းဖြစ်သွားသည်၊
ယင်းမာနဲ့စကားပြောပြီးသည်နှင့်သက်ပြင်းချကာ
'မာမီတို့အများကြီးသမီးတို့ကိုဖြည့်စည်းမပေးနိုင်တော့ဘူးထင်တယ်၊´
ရှားလော့အပေါ်ထပ်ကိုပြေးတက်သွားတော့ဂရေစ့်ကလည်းစိတ်မကောင်းဖြစ်သွားသည်၊
ခဏအကြာပစ္စည်းတွေအများကြီးသယ်လာတဲ့ကလေးငယ်ကိုဂရေစ့်အံအားသင့်ကာကြည့်နေသည်၊
'မာမီ၊ဒီအိတ်တွေကနာမည်ကြီးbrandတွေလေ၊သမီးတို့ပြန်ရောင်းလိုက်မယ်လေနော်မာမီ၊´
'အဲ့တော့သမီးလေးကဘာသုံးမှာလဲ´
'သမီးအလုပ်လုပ်မယ်လေ´
ဂရေစ့်အောင်ခိုင်မျက်ရည်များကျကာသမီးကိုဖက်ထားမိသည်၊
ရွှေရုပ်လွှာကလည်းမျက်ရည်များဝဲနေသည်၊
'မာမီတောင်းပန်ပါတယ်၊သမီးရယ်´
'မာမီမငိုပါနဲ့၊သမီးအများကြီးမလိုပါဘူး၊အရေးကြီးတာမာမီဘာမှမဖြစ်ဖို့လေနော်၊သမီးဆီမှာမသုံးရသေးတဲ့မိတ်ကပ်တွေကောရောင်းလိုက်မယ်လေနော်၊´
'သမီးကောပဲမာမီ´
သမီးနှစ်ယောက်ရဲ့သိတတ်မှုတွေကမိခင်နှစ်ဦးကိုအတိုင်းမသိဝမ်းသာစေသည်၊
နေ့ချင်းညချင်းပြောင်းလဲသွားတဲ့ဂရေစ့်တို့အကြောင်းဟာဟိုးလေးတကျော်ကျော်ပင်၊
မာန်သွေးခက်နားဝအထိသတင်းကမွှေးလေတော့
မာန်သွေးခက်လက်ခုပ်လက်ဝါးတီးကာရယ်မောပစ်သည်၊
'ကောင်းတယ်၊သိပ်ကိုကောင်းတယ်၊နားဝမှာချိုသာနေရောပဲ!
အကိုနင်မြင်နေရမလားတော့မသိဘူး၊ငါနင့်အတွက်လုပ်ပေးနေတာတွေနင်မြင်ရင်နင်သိပ်သဘောကျမှာ၊ငါရဲ့တစ်ယောက်တည်းသောအကိုနေရဲ၊အကိုအတွက်ဒီညီမလေးကသူတို့ဘဝကိုပါဖျက်စီးပစ်ပေးမယ်´
'တီလေး၊တော်ပါတော့´
'နင့်ပါးစပ်ပိတ်ထား၊သေသွားတာနင်အဖေဟဲ့!´
'တီလေးအလုံးစုံသိခဲ့တာမှ....´
'ငါ့သိစရာမလိုဘူး!၊ဟိုအသေးလေးကိုဖိနပ်သွားပေးရဦးမယ်မလား၊သွားမယ်´
ရှားလော့တို့သူငယ်ချင်းအုပ်စုဆီသွားတော့
'ရှားလော့ကဒီကိုမလာဘူး၊သူအလုပ်ရှာနေတာလေ၊အဲ့တာနဲ့မြို့ထဲကသမီးဦးလေးကော်ဖီဆိုင်တခုမှာလူလိုနေလို့သွားခိုင်းလိုက်တယ်´
မာန်သွေးခက်ကြောင်အမ်းသွားသည်၊
'အသေးလေးကအလုပ်တောင်လုပ်နေပြီလား´
'ဟုတ်တယ်၊ညတွင်းချင်းကြီးလေသမီးဆီငိုပြီးဖုန်းဆက်လာတာ၊သူအမေCompanyကဒေဝါလီခံလိုက်ရတယ်လေ၊အဲ့တာကြောင့်အလုပ်ရှာခိုင်းတာနဲ့သမီးအလုပ်ပေးလိုက်တာ´
မာန်သွေးခက်ရင်ထဲတမျိုးဖြစ်သွားသည်၊
'အဲ့ဆိုင်လိပ်စာလေးပေးပါလား´
'သြော်ဟုတ်´
မာန်သွေးခက်လိပ်စာရသည်နှင့်
'နင်ရုံးကိုtaxiငှားပြီးသာပြန်တော့၊ငါသူ့ဆီသွားလိုက်မယ်´
'ဟုတ်တီလေး´
မြို့ထဲတစ်နေရာကကော်ဖီဆိုင်လေးထဲမာန်သွေးခက်ရောက်သွားလေသည်၊
ကော်ဖီဆိုင်ရဲ့ထောင့်တစ်နေရာမှအော်သံတွေကြောင့်ကြည့်လိုက်ရာ
'ငါcheeseနဲ့ဓာတ်မတည့်တာမသိဘူးလား!pastaထဲဘာလို့cheeseထည့်လာတာလဲ!´
'ကာစတန်မာရှင့်သူကအခုမှအသစ်မို့မသိတာပါ´
ကလေးမကကြောက်လွန်းလို့ငိုမဲ့မဲ့ဖြစ်နေလေပြီ၊
ခေါင်းလေးကိုအတင်းငုံကာမျက်နှာကလေးနီနေလေသည်၊
ထိုအချိန်ထိုလူကြီးမှဖန်ခွက်နှင့်ကလေးမကိုပစ်ပေါက်လိုက်ရာ
နောက်ကိုပင်လှန်ကာလဲကျသွားသည်၊
တုန်ယင်ကာပြန်တောင်မထနိုင်တဲ့ကလေးမကိုထပ်ရိုက်ရန်လုပ်နေသည့်ထိုလူကိုဆက်၍သည်းမခံနိုင်ဖြစ်ကာရွယ်ထားသည့်လက်ကိုမာန်သွေးခကဆွဲလိမ်လိုက်သည်၊
'တော်ရုံပဲကောင်းတယ်၊မှာကတည်းကမစားရင်မစားဘူးပြောလေ၊ခွေးမသားရဲ့၊ကလေးကိုအဲ့သလောက်ထိလုပ်စရာလိုလို့လား ၊နင်အမေနင်နှမတွေကိုငါအဲ့လိုလုပ်မယ်ကြိုက်လားဟမ်!´
'အား!နာတယ်၊လွှတ်!´
'ကာစတန်မာရှင့်၊လွှတ်လိုက်ပါရှင့်၊´
ထိုအချိန်ကလေးမကထကာ
'အန်တီ၊လွှတ်လိုက်ပါ၊ရှားလော့အဆင်ပြေပါတယ်´
ထိုအချိန်သူဌေးဆိုသူရောက်လာကာအခြေအနေကိုဝင်ထိန်းပေးသည်
ခဏအကြာ
'ဦးတောင်းပန်ပါတယ်၊သမီးရယ်၊အဲ့လူကအဲ့လိုပဲ၊ကဲသွား၊ဆေးသွားထည့်ချေ´
'ဟုတ်ဦးလေး´
ထိုအချိန်မာန်သွေးခက်ထိုင်နေသည့်စားပွဲမှာဝင်ထိုင်ကာ
'အန်တီကတအားမိုက်တာပဲသိလား´
'ရှေ့တိုးစမ်း´
ခွေးကလေးတစ်ကောင်သခင်ကိုကပ်ချွဲနေသလိုသူမမျက်ဝန်းတွေကအသည်းယားစရာ၊
ဆံမြိတ်ကိုသပ်တင်လိုက်ရာဖူးယောင်နေသည့်ဒဏ်ရာကမသက်မသာ
'ရှားလော့လေးရေ၊အမဆေးထည့်ပေးမယ်´
မာန်သွေးခက်ရဲ့မျက်စောင်းကြောင့်ထိုအမျိုးသမီးနေရခက်သွားသည်
'ဟုတ်မမကဗျာ၊´
'ထိုင်နေစမ်း၊ပေး၊ကျွန်မလိမ်းပေးလိုက်မယ်၊လုပ်စရာရှိတာပဲသွားလုပ်လိုက်ပါ´
'ဟုတ်....ဟုတ်ကဲ့ပါရှင့်´
ကတန်ကယင်နှင့်ဆေးသေတ္တာကိုချကာထိုအမျိုးသမီးထွက်ပြေးသွားသည်
'လာ၊ငါနားလာထိုင်´
ခုံကလေးကိုမကာမိမိဘေးမှာလာထိုင်တဲ့ကလေးမကိုမိမိအိတ်ထဲကအသင့်ဆောင်ထားလေ့ရှိသည့်ခေါင်းစည်းကြိုးနှင့်ဆံပင်မြိတ်ကိုစီးပေးလိုက်ရာချစ်စရာကောင်းနေသည်၊
ပြုံးပြတိုင်းမိမိရင်ထဲကလိကလိနှင့်ပင်ပြန်ပြုံးပြချင်နေမိသည်၊
ဆေးထည့်ပေးနေရင်း
'အန်တီကလေsleeping beautyထဲကဂျိုကြီးနဲ့စုန်းမနဲ့တူတယ်´
မာန်သွေးခက်မျက်မှောင်ကြုံကာ
'Maleficentကိုပြောတာလား´
'အွန်း၊ဟုတ်တယ်၊တောင်ဝှေးကြီးနဲ့လေwell wellပြောတဲ့စုန်းမကြီးလေ´
'အဲ့တော့မင်းကအူတူတူအတတအိမ်မက်ထဲမှာပဲတွေ့ဖူးတဲ့မင်းသားလေးကိုကြိုက်နေတဲ့ငတုံးမင်းသမီးလေးလား၊´
'ဟာအန်တီကလည်း၊မင်းသမီးလေးကလေဘာလို့များမင်းသားလေးကိုပဲသဘောကျတာလဲနော်၊ရှားလော့သာမင်းသမီးလေးဆိုဘေစုန်းမကြီးကိုပဲဆွဲစားပစ်မှာသိလား´
မာန်သွေးခက်မရယ်ချင်လည်းမရတော့ပေ၊
မသိမသာလေးပြုံးလိုက်မိသည်၊
'ဟာအန်တီပြုံးရင်လှတယ်သိလား´
'ငါအမြဲပြုံးနေခဲ့တာပဲလေ´
'အဲ့အပြုံးတွေကအစစ်မဟုတ်ဘူးလေ၊အခုပြုံးတာကမှအစစ်၊သိပ်လှပဲ´
လက်မလေးထောင်ပြကာလှတယ်ဟုပြောတဲ့စကားကအဲ့သလောက်ထိမိမိကိုရင်ခုန်စေတာပဲလား´
ကလေးမနှုတ်ခမ်းနားကိုကပ်မှန်းမသိကပ်နေမိရာ
'မှာထားတဲ့espressoလေးရပါပြီရှင့်´
ကလေူမနားကအမြန်ခွာကာချောင်းဟန့်လိုက်သည်၊
'bubble teaရလား´
'ဟုတ်ရပါတယ်ရှင့်၊´
'bubbleများများနဲ့တခွက်ပေးပါ´
'ဟုတ်ကဲ့ပါရှင့်´
'အန်တီကmilk teaကြိုက်တာလား´
'No´
'အဲ့တာဆိုဘယ်သူအတွက်လဲ´
'မသောက်ချင်ဘူးလား၊ရတယ်လေ´
'သောက်မှာ၊ကျေးဇူးပါနော်ဟီး´
Milk teaကြိုက်တဲ့ကလေးမကအနာနာတာကိုတောင်မေ့ပြီးmilk teaကိုစိတ်ရောက်နေလေရဲ့
ထိုအချိန်ကျမှလာရင်းကိစ္စကိုမှတ်မိကာ
'ရော့မင်းအတွက်´
milk teaကိုတငုံအမြန်သောက်ပြီးအိတ်ကိုယူကာကြည့်လိုက်သည်၊
'ရှားလော့အတွက်လားဟင်´
'အင်း၊မင်းဖိနပ်ကငါအိမ်ကခွေးတွေအတွက်ကစားစရာဖြစ်နေပြီမို့´
'ဟုတ်၊ဒါနဲ့လေအန်တီGucciအိတ်ကြိုက်လားဟင်´
'အင်းဘာလို့လဲ၊ပြန်ရောင်းချင်လို့လေ၊ရှားလော့တခါမှမသုံးရသေးပါဘူး၊မာမီလက်ဆောင်ဝယ်ပေးထားတာလေ၊အန်တီကြိုက်သလိုစျေးဖြတ်လို့ရပါတယ်၊´
'ဘာလို့လဲ၊မင်းမကြိုက်လို့လား´
'မဟုတ်ပါဘူး၊မာမီဝယ်ပေးသမျှကရှားလော့အကြိုက်တွေပါ၊အန်တီလည်းသိပြီးဖြစ်မှာပါ၊အခြေအနေတွေကိုလေ၊အဲ့တော့ရှားလော့ထုတ်ရောင်းချင်လို့ပါ´
'အင်းဝယ်မယ်လေ´
'အိတ်ပုံလေးပြမယ်လေနော်´
ပန်းရောင်အိတ်ကမိမိအကြိုက်မဟုတ်ပေ့မဲ့
'အင်း၊၅သိန်းပေးမယ်´
'ဟင်မာမီဝယ်တုန်းကတောင်၃သိန်းပဲပေးရတယ်အန်တီ´
မာန်သွေးခက်စေတနာအားပိုသွားမိလေသည်
'မင်းကလိမ္မာလို့၊ပြီးတော့တခြားဟာတွေလည်းပြ၊ကြည့်ကြည့်မယ်´
'ဟုတ်အန်တီ´

မျှော်နေတဲ့သူတွေကိုတောင်းပန်ပါတယ်နော်၊
အလုပ်လေးတွေနဲ့မို့ပါ

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now