10

645 83 2
                                    

ကားကိုအရှိန်တင်ကာမောင်းနေတော့ဂရေစ့်ငြိမ်ကာလိုက်လာသည်၊
အိမ်ရောက်တော့လည်းရွှေရုပ်လွှာဘာမှမပြောပဲအိမ်ထဲဝင်သွားသည်၊
မီးဖိုချောင်ထဲဝင်ကာရေဝင်သောက်ပြီဧည့်ခန်းထဲခြေချိတ်ထိုင်ကာစူးရဲစွာဂရေစ့်ကိုကြည့်နေသည်၊
ဂရေစ့်လည်းကလေးတစ်ယောက်အပြစ်လုပ်ထားသလိုခံစားလာရသည်၊
'မင်းအန်တီကိုလိမ်တယ်ပေါ့၊ဂရေစ့်'
'ဘွားတော်လက်မခံမှာစိုးလို့ပါ'
'ဒါနဲ့ပဲငါ့ကိုသမီးတို့တသက်လောက်လိမ်လာတယ်ပေါ့!'
အိမ်ပေါ်ထပ်ကရှားလော့တို့ကလည်းဆင်းလာကြသည်၊
'မင်းထွက်သွားဂရေစ့်'
'ဘွားတော်၊ဂရေစ့်ရှင်းပြပါရစေ၊ဂရေစ့်ထပ်ပြီးဘွားတော်ကိုထပ်အဆုံးရှုံးမခံနိုင်လို့လုပ်ခဲ့တာပါ၊'
'မင်းငါ့ကိုဘာမှမပြောခဲ့ဘူးလေ၊ထွက်သွားဂရေစ့်!ငါ့အိမ်မှာမိသားစုလိုနေမယ့်လူတွေပဲနေစေချင်တယ်၊မင်းထွက်သွား'
'မားမား၊တော်ပါတော့၊မာမီမှာဘာအပြစ်ရှိလို့လဲ'
'ရှားလော့၊သမီးဝင်မပါနဲ့၊ဂရေစ့်အောင်ခိုင်၊မင်းသွားမလား၊ငါသွားရမလား၊'
'မသွားပါနဲ့၊ဘွားတော်ရယ်၊ဂရေစ့်ပဲသွားပါ့မယ်၊'
'မာမီ၊မသွားပါနဲ့၊မာမီ'
သမီးငယ်လက်ကိုလွတ်ချကာဂရေစ့်ထွက်သွားသည်၊
ရွှေရုပ်လွှာလည်းထိုင်ကျသွားကာငိုနေမိသည်
ထွက်သွားတဲ့သူမှာလည်းမျက်ရည်များနှင့်
ရှားလော့နှင့်ရွှေရတုလည်းဘာလုပ်ရမှန်းမသိဖြစ်ကာ
ရှားလော့ကဂရေစ့်နောက်လိုက်သွားကာ
ရတုကရွှေရုပ်လွှာကိုအကြောင်းစုံမေးနေသည်၊
နောက်ဆုံးရှားလော့အလုပ်ကိုခွင့်တိုင်ကာ
မိခင်နှင့်တောင်ကြီးကိုလိုက်သွားသည်၊
ရွှေရုပ်လွှာကိုတော့ရွှေရတုဖြောင်းဖျရင်းသာကျန်ခဲ့သည်၊
မာန်သွေးခက်တူဖြစ်သူနေသူရိန်ဖုန်းတပြောပြောနှင့်ဆိုတော့အမြင်ကတ်လာသည်၊
'သူရိန်နင့်အဲ့ဖုန်းကိုချစမ်း!'
'ဟုတ်တီလေး၊ဘာခိုင်းမို့လဲ'
'အသေးလေး....နင်ကောင်မလေးကော'
'တောင်ကြီးမှာတဲ့၊သူအမေတွေရန်ဖြစ်ပြီးဒေါ်ဂရေစ့်အောင်ခိုင်အိမ်ပေါ်ကဆင်းသွားတာ၊တောင်ကြီးကသူ့ဦးလေးတွေဆီရောက်နေတယ်ဆိုလားပဲ'
'သူအဆင်ပြေလား'
နေသူရိန်ပိုပိုသာသာပြောပါတော့သည်
'ငိုနေတယ်တဲ့၊တီလေးရယ်၊မိဘတွေတကွဲတပြားဖြစ်နေတော့စိတ်ညစ်နေတာပေါ့၊'
'ဟဲ့၊၃ရက်စာScheduleဖျက်လိုက်၊တောင်ကြီးကိုညတွင်းချင်းFlightစီစဥ်လိုက်၊Hotelဘိုကင်တင်ဦးနော်'
'တီလေး၊ဘယ်လဲ'
'တောင်ကြီးလေ'
'တီလေးကကျွန်တော်ရည်းစားဆီဘာသွားလုပ်မှာလဲ'
ဟုတ်သား....ဒါသူရိန်နဲ့ရည်းစားပဲ
ငါဘာတွေတွေးသလဲဟုမိမိဘာသာတွေးကာငြိမ်နေမိသည်
'နင်တစ်ယောက်တည်းစိတ်မချလို့၊ငါပါလိုက်မှာ၊ဘယ့်နှယ့်ရည်းစားနားမှာမနေဘူး၊အားမကိုးရတဲ့ကောင်'
'သူကအတည်မှမဟုတ်တာ၊တီလေးရာ၊တီလေးစိတ်ကျေနပ်ရင်အဲ့ကောင်မလေးကိုဖြတ်မှာ'
'နေသူရိန်မောင်!'
'ဗျာ'
ဒေါသတကြီး​အော်ပြီးမှမိမိတူအမှားမဟုတ်မှန်းတွေးမိကာ
'ငါပြောတာသာလုပ်စမ်းပါ၊နလပိန်းတုံးရယ်'
ထောင်ထားတဲ့ထောင်​ချောက်ထဲကွက်တိကိုဝင်လာတဲ့တီလေးအကြောင်းကိုရှားလော့ဆီနေသူရိန်တင်ပြလေတော့
အိပ်နေရာကပင်ကောက်ထိုင်ကာပျော်မြူးနေသည်၊
'သမီးရေ၊နိုးပြီးလား၊'
'နိုးပြီ၊လေးလေး၊'
'နင်အမေကိုသွားခေါ်ချေ၊ညစျေးသွားမယ်လို့'
'ဟုတ်လေးလေး'
ဂရေစ့်အောင်ခိုင်အခန်းအောင်းကာချစ်ရသူဆွယ်တာကိုဝတ်ကာငိုနေသည်၊
'မာမီ'
'အေး၊သမီးပြော'
'မာမီရယ်၊မားမားကခဏလေးစိတ်ကောက်တာပါ၊မားမားကနောက်နေ့ကျဒီလာမှာတဲ့'
'ဟမ်ဘာလို့လဲ၊မာမီကိုလာခေါ်မယ်တဲ့လား'
ရှားလော့လည်းဖြေရခက်သွားသည်
အဖြေမှားရင်မိခင်ကငိုပေဦးမည်
သို့သေည်မျှော်လင့်ချက်တလွဲလည်းမပေးချင်
'မဟုတ်ဘူး၊လေးလေးစောမွေးနေ့ရှိလို့လေးလေးစောခေါ်ထားတာ'
ဂရေစ့်အောင်ခိုင်မျက်ရည်များဝဲကာငိုပါတော့သည်၊
'ကဲ၊ဂရေစ့်ရယ်၊မငိုပါတော့နဲ့တော့ကွယ်၊အကိုလည်းတမင်ခေါ်ထားပေးတာ၊သမီးငယ်လေးလည်းအစီအစဥ်ချပြီးသားနားလည်အောင်ရှင်းပြလိုက်ပေါ့ကွယ်'
'အကိုစောမသိပါဘူး၊ဘွားတော်ဂရေစ်ကိုတကယ်မုန်းသွားတာ၊ဂရေစ့်သိတယ်'
'ကလေးရှေ့မှာမငိုနဲ့တော့၊ထအကိုတို့ညစျေးသွားမှာ'
'ဘွားတော်၊ညစျေးမှာဆိုရှမ်းခေါက်ဆွဲစားနေကြ၊ပြောရင်းသတိရနေပြီ၊တော်ပြီမလိုက်တော့ဘူး'
'သြော်အဲ့လိုလည်းမဟုတ်သေးဘူးလေ၊လေကောင်းလေသန့်ရှူပြီးစိတ်ညစ်ပျောက်အောက်လိုက်ခဲ့မှပေါ့၊အခန်းထဲအောင်းနေတာလည်းကြာနေပြီလေ၊လိုက်ခဲ့ပါ၊ဂရေစ့်ရယ်'
'ဟုတ်သားပဲ၊မာမီရယ်၊ရှားလော့တို့နဲ့လိုက်ခဲ့ပါနော်'
'အင်းပါ'
ထိုအချိန်ရန်ကုန်၌
'မားမားကလည်းလိုက်ခဲ့ပါ'
'မလိုက်ဘူး၊'
'မားမား'
'ဘာလဲ'
'မာမီငိုနေတယ်၊အခုထိမရပ်သေးဘူးတဲ့၊'
ရွှေရုပ်လွှာLap topပေါ်ရောက်နေတဲ့အာရုံဟာရွှေရတုဆီရောက်သွားသည်၊
'ခေါင်းကိုက်နေမှာပေါ့'
'အမတားတာတောင်မရဘူးတဲ့၊မားမားဆွယ်တာဝတ်ပြီးငိုနေတယ်တဲ့၊'
'ဟူး၊မားမားကစိတ်တိုသွားတာပါ၊မားမားဘဝထဲဝင်လာတဲ့သူကသားသမီးတွေအသက်တွေရတံအချိန်အထိဖုံးကွယ်ထားတဲ့အရာရှိတယ်ဆိုတော့မားမားစိတ်မကောင်းဖြစ်မိတာပါ၊မားမားမှာလည်းသူပဲရှိတာလေ၊ဘယ်ပချိန်ပြစ်ထားရက်မှာလဲ'
'ဒါဆိုလည်းခွင့်ယူပြီးလိုက်ခဲ့လို'
'အင်းပါ'
မိခင်ဆီမှမီးစိမ်းပြတော့အမဖြစ်သူဆီစာလှမ်းပို့လိုက်သည်
ရှားလော့ဖုန်းကိုကြည့်ကာ
'ဒီနေ့ကတော့ရက်ရာဇာပဲ'
'ဘာလဲ၊အိုကေလား၊သမီး'
'အိုကေမှာစိုပြေနေရာပဲ၊လေးလေး၊ရှားလော့မှာဝမ်းသာစရာကနှစ်ခုတောင်'
နောက်နေ့မနက်မြူများနှင်းများကြားထဲရှားလော့အောင်ခိုင်ပျော်မြူးနေမိသည်၊
'လေးလေးစော၊သမီးကိုစက်ဘီးခဏငှားပါလား'
'ဘာလို့လဲ၊သမီးရဲ့'
'သမီးစက်ဘီးစီးချင်လို့'
'မြူတွေကြားထဲမှာသမီးရယ်၊အန္တရာယ်များတယ်'
'ဟိုနားဒီနားလေးပါပဲ'
'အင်းပါ၊ဂိုထောင်ထဲမှာယူသွား၊ခဏပဲနော်'
'ဟုတ်ကဲ့'
'အင်္ကျီလက်ရှည်ဝတ်သွားဦး၊ရှားလော့'
'ဟုတ်လေးလေးစော'
အနွေးထည်ပန်းရောင်လေးဝတ်ကာစက်ဘီးလေးနှင့်ထွက်လာသည်၊
ထိုအချိန်သိုဝှက်စွာစုံစမ်းထားတဲ့မာန်သွေးခက်ရှားလော့အောင်ခိုင်တို့အိမ်ရှိရာလမ်းသွယ်ရဲ့ထိပ်မှာကားရပ်ကာကားထဲကစောင့်ကြည့်နေသည်
ခဏအကြာမိမိရပ်ထားသည့်ကားကိုမမြင်ပဲဝင်လာတဲ့စက်ဘီးတစီးရှောင်ရင်းသစ်ပင်ကိုတိုက်မိကာအော်သံကြား၍မာန်သွေးခက်အမြန်ပြေးကြည့်ရာ
'အသေးလေး၊အသေးလေး၊သတိထားဦးလေ၊ဟာဒုက္ခပဲ!'
ကလေးမခန္ဓာကိုယ်ကိုအမြန်ပွေ့ချီကာနီးစပ်ရာဆေးခန်းကိုအမြန်ပြေးရာမိုးပုလဲဆေးခန်းကိုရောက်သွားလေသည်
'ဒေါက်တာ၊ကလေးမကိုကြည့်ပေးပါဦး၊'
'ရှားလော့လေးပဲ၊ဘာဖြစ်လာတာလဲ၊မသိဘူး'
'ရပ်ထားတဲ့ကျွန်မကားကိုရှောင်ပြီးသစ်ပင်ကိုစက်ဘီးနဲ့ဝင်တိုက်တာပါ'
'သြော်၊ဟုတ်၊စမ်းကြည့်လိုက်ဦးမယ်နော်'
စမ်းသပ်ပြီးခဏအကြာ
'လန့်ပြီးမေ့သွားတာပါ၊ဘာရယ်မဟုတ်ပါဘူး၊ဒါနဲ့ရှားလော့လေးနဲ့ဘယ်လိုသိတာလဲရှင့်'
'အာ...ဒီတိုင်းလမ်းမှာaccidentဖြစ်တာပါ'
'သြော်၊ဟုတ်၊ကလေးကိုထားခဲ့လိုက်ပါ၊ကျွန်မကသူ့အဒေါ်ဆိုလည်းဟုတ်ပါတယ်'
'သြော်ဟုတ်၊ဒါဆိုကျွန်မသွားလိုက်ပါဦးမယ်၊'
'ဟုတ်ကဲ့၊'
မာန်သွေးခက်စိတ်မချဖြစ်နေပုံကိုမိုးပုလဲသံသယမကင်းဖြစ်နေသည်၊
'မမရေ၊ဒီမှာမမအတွက်လက်ဖတ်ရည်၊ဟာ၊ရှားလော့ကဘာဖြစ်တာလဲ'
'ရပ်ထားတဲ့ကားကိုရှောင်ရင်းသစ်ပင်ကိုဝင်ကြုံးတာ'
ယင်းမာတချက်ရယ်ကာ
'သြော်၊ဂရေစ့်သမီးလို့မပြောရဘူး၊လွဲနေလိုက်တာဆိုတာ'
'သူ့ကိုလာပို့တဲ့မိန်းမကတမျိုးပဲ၊'
'ဟင်၊ဘယ်ကမိန်းမ'
'ကားပိုင်ရှင်အမျိုးသမီး၊ရှားလော့ကိုကြည့်ပုံတွေကထူးဆန်းနေတယ်'
'ဟုတ်လို့လား၊မမရယ်၊သြော်ဒါနဲ့ညနေသားရယ်၊သမီးရတုတို့ရောက်မယ်တဲ့'
'သြော်အင်း'
ထိုအခါရှားလော့နိုးလာသည်၊
'အန်တီပုလဲ၊'
'ရှားလော့၊အီစိမ့်မသွားဘူးလား'
မိုးပုလဲယင်းမာလက်မောင်ူကိုတချက်ရိုက်ကာ
'ယင်းမာ၊ကလေးကို'
'သမီးခေါင်းမူးသေးလား'
'ဟင့်အင်း'
'ဒါဆိုသမီးအိမ်ပြန်တော့နော်၊ရော့ဆေး၊ခေါင်းကိုက်ခေါင်းမူးရင်သောက်လိုက်နော်၊ယင်းမာ၊ကလေးကိုလိုက်ပို့လိုက်'
'ကဲ၊ထ၊ဆိုင်ကယ်စီးရဲတယ်မလား၊'
'ဟုတ်စီးရဲတယ်၊'
'ပြီးရောလာ'
ဟိုတယ်ပြန်သွားတော့မနက်စာစားတာတေင်စိတ်မဖြောင့်တဲ့အဒေါ်ကိုကြည့်ကာနေသူရိန်ကြည့်ကာ
'တီလေး၊'
'ဟင်၊အေး၊ပြော'
'ဘာဖြစ်နေတာလဲ၊'
'ဘာမှမဖြစ်ပါဘူး၊ငါတော်ပြီ၊အခန်းပြန်တော့မယ်'
'ဟုတ်'
ညနေ၄နာရီရောက်တော့ရှားလော့တို့ခြံထဲကားတစ်စီးဝင်လာသည်၊
ဂရေစ့်လည်းအောက်ကိုပြေးဆင်းကာမျှော်ကာငေးကြည့်သည်
ရွှေရုပ်လွှာဆင်းလာတော့အပြေးဖက်ပေ့မဲ့
'မထိနဲ့၊အထုတ်တွေသယ်ရဦးမယ်'
ဂရေစ့်ကိုတွန်းဖယ်ကာသမီးဆီကအထုတ်များသယ်လိုက်ပြီးအိမ်ထဲဝင်သွားတော့ရွှေရတုကငိုမဲ့မဲ့နဲ့ကျန်ခဲ့တဲ့မိခင်ကိုဖက်ကာ
'မားမားကဘာမှမဟုတ်ဘူးမူနေတာ၊မာမီအကွက်ဟောင်းတွေပြန်သုံးပစ်'
သမီးငယ်မြှောက်ပေးတော့မျက်ရည်များသုတ်ကာအိမ်ထဲလိုက်ဝင်လာသည်၊
'ဒါဆိုငါအိမ်ပြန်တော့မယ်၊အမေတို့စောင့်နေလောက်ပြီ'
'သြော်အေး၊နင့်အိတ်တွေကော'
'ချပြီးပြီ'
ထိုအချိန်မီးဖိုချောင်ထဲကရှားလော့ထွက်လာကာ
'မားမား၊'
'အင်း၊သမီးလေး'
'မားမား၊မာမီကိုလာချော့တာမလားဟင်၊မာမီအရမ်းငိုနေတာ'
ချောင်းဟန့်ကာဂရေစ့်ကိုပြောလိုက်သည်
'မင်းကဘာလို့အံလောက်ငိုနေတာလဲ၊ပြီးရင်ခေါင်းကိုက်၊ခေါင်းကိုက်ရင်ဆေးကမသောက်ချင်ဘူး'
'ဘွားတော်ရယ်၊ဂရေစ့်ရှင်းပြပါရစေ၊'
'ကဲ၊မဆိုင်တဲ့လူတွေမီးဖိုချောင်လာကူကြမယ်'
အလျိုလျိုထွက်သွားတော့မှဧည့်ခန်းထဲမှာဂရေစ့်နှင့်ရွှေရုပ်လွှာနှစ်ယောက်တည်းကျန်ခဲ့ကြသည်
ရှိုက်သံကြားတော့ရွှေရုပ်လွှာရောက်ကတည်းကမကြည့်ရသေးတဲ့မျက်နှာလေးကနီရဲနေအောင်ငိုထားတော့မိမိကိုယ့်ကိုအပြစ်တင်နေမိသည်
'မငိုနဲ့တော့၊မျက်လုံးတွေနာမယ်'
'ဂရေစ့်ဘွားတော်ကိုဆုံးရှုံးမှာကြောက်လို့ပါ၊ဂရေစ့်ရဲ့မိသားစုလေးကိုအထိအခိုက်မခံနိုင်လို့၊အကာအကွယ်အနေနဲ့ပဲထားတာပါ၊သူတို့အလုပ်တွေမှာဂရေစ့်မပါပါဘူး'
'အန်တီမှာလည်းမင်းပဲရှိတာလေကလေးရယ်၊ကလေးအဲ့လိုလုပ်တော့အန်တီရင်ထဲဘယ်လောက်တောင်စိတ်မကောင်းဖြစ်လဲ၊ကလေးလေးသိလား'
'တောင်းပန်ပါတယ်'
သမီးနှစ်ယောက်သာအသက်တွေကြီးသွားသည်ဒီအမျိုးသမီးငိုရင်ဘယ်လောက်ပဲကြီးမားတဲ့ပြသာနာဖြစ်ပါစေ၊ကိုယ့်ဘက်ကအလိုလိုစျာန်လျော့ရသည့်မှာသဘာဝလိုပင်ဖြစ်နေသည်
အကြောင်းအရင်းကထွေထွေထူးထူးမဟုတ်ပါ၊
ချစ်လို့ပင်၊
ချစ်လို့ပင်ဒီအမျိုးသမီးစိတ်ညစ်မှာကိုသိပ်စိုးခဲ့သည်၊
တပတ်လောက်မတွေ့ရခဲ့တာ၊
အခုမှပဲအတိုးချချစ်ရတော့မည်ဟုတွေ့ကာ
ကလေးလေးရဲ့နှုတ်ခမ်းကိုနမ်းလိုက်သည်

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now