sidestory:4

428 57 0
                                    

ရွှေရတုလည်းထောင်ဝင်စာတွေ့ရန်ထက်သဒ္ဒါကိုစောင့်နေလေသည်၊
'ရတု၊နေကောင်းတယ်နော်'
'အင်းကောင်းပါတယ်၊နင်ဘာတွေလိုသေးလဲ၊ငါထည့်ပေးလ်ို့ရတာရှိရင်ထည့်ပေးမလို့'
'ဘာမှမလိုပါဘူး၊သမီးတို့စကားနားထောင်ရဲ့လား၊ရတု'
'အင်း၊လိမ္မာကြပါတယ်၊ငါ့အမေလည်းကူဖော်လောင်ဖက်ရတယ်လေ၊'
'ရတု'
ရွှေရတုထက်သဒ္ဒါကိုကြည့်လိုက်ရာထက်သဒ္ဒါဒူးထောက်ချလိုက်သည်၊
'သဒ္ဒါ!နင်ဘာလုပ်တာလဲ၊ထစမ်း'
'ကျေးဇူးတင်ပါတယ်ဟာ'
ထက်သဒ္ဒါကရွှေရတုကိုကန်တော့လေသည်
'ငါကမကောင်းတဲ့ဟာမပါဟာ၊နင်ကိုအမျိုးမျိုးစိတ်ဒုက္ခပေးခဲ့မိတယ်၊အခုလည်း....'
'ငါဘာမှလိုချင်လို့မဟုတ်ဘူး၊နင်ကငါ့တူရဲ့အသက်သခင်ကျေးဇူးရှင်မလို့ပဲ၊ငါနဲ့နင်ရဲ့အရင်ကဇာတ်လမ်းကြောင့်လည်းမဟုတ်ဘူး၊နင်ကိုလည်းငါပြန်မလိုချင်ဘူး၊ငါကကျေးဇူးကြွေးဆပ်နေတာ၊ဒါကြောင့်ငါ့ကိုနင်ကန်တော့စရာမလိုဘူး'
ထက်သဒ္ဒါလည်းထကာခုံမှာပြန်ထိုင်လိုက်သည်၊
'ရှေ့နေ​ကတော့ချေပဖို့သက်သေတွေလိုက်နေတယ်၊ရက်ချိန်းကတော့၁၅ရက်နေ့တဲ့'
'သဒ္ဒါ....နင်ယောကျာ်းနင့်ကိုရိုက်ခဲ့တာလား'
ထက်သဒ္ဒါဘာမှမဖြေပဲနေလေသည်၊
'နင့်သမီးတွေကိုကောနင်ယောကျာ်းရိုက်ခဲ့တာလား'
ထက်သဒ္ဒါဘာမှဖြေပဲငြိမ်သက်နေခဲ့လေသည်၊
'ငါအကြောင်းစုံသိချင်တယ်၊သဒ္ဒါ'
'ငါ....ငါနေလို့မကောင်းတော့လို့၊နောက်နေ့မှထပ်လာခဲ့ပါလား၊ရတု'
ထက်သဒ္ဒါကမန်းကတန်းထွက်သွားရာရွှေရတုတားချိန်ပင်မရှိပေ၊
ထိုအချိန်ယွန်းထက်နဲ့သွန်းထက်ညီအမနှစ်ယောက်ကျောင်း၌
သွန်းထက်ဟာအတန်းငယ်ဆိုသော်လည်းအမဖြစ်သူနင့်မုန့်စားချိန်တိုင်းတွေ့လေရှိရာယွန်းထက်တစ်ယောက်ညီမဖြစ်သူမိမိအတန်းဘက်ရောက်မလာ၍လိုက်ရှာလေသည်၊
'မာန်ရှား၊တွေ့လားမိသွန်းကို'
'မတွေ့ဘူး၊နင့်ညီမကျောင်းပြေးတာတွေမဟုတ်ပါဘူးနော်'
'အဲ့ဟာမလေးအဲ့လိုအကျင့်ရှိရင်ငါလက်ချက်နဲ့သေနေလောက်ပြီ၊'
ထိုအချိန်ဘေးကဖြတ်သွားသည့်ကျောင်းသူလေးများစကားကိုယွန်းထက်ကြားသွားလေသည်
'ဟဲ့၊Grade 9 Cခန်းကကောင်မလေးတွေရန်ဖြစ်နေတယ်ဆို'
'ရန်ဖြစ်တာမဟုတ်ပါဘူး၊အနိုင်ကျင့်နေတာပါဟယ်၊ဟိုကောင်မလေးအမေကထောင်ထဲမှာဆို'
'ဟယ်ဟုတ်လား'
ယွန်းထက်လည်းညီမဖြစ်သူအခန်းကိုပြေးသွားကြည့်ရာအခန်းနောက်ဆုံးတန်းမှာအနိုင်ကျင့်ခံနေရတဲ့သွန်းထက်ကိုမြင်လိုက်လေသည်
'သွန်းထက်၊နင်အမေကထောင်ထဲမှာဆို၊နင်ကောလူဆိုးမလား၊ထောင်ထဲဝင်မှာလားဟမ်!'
လှောင်သံတွေကိုခေါင်းငုံခံနေတဲ့သွန်းထက်ကိုကြည့်ကာယွန်းထက်ဒေါသထွက်လာသည်
'နင်မှာလက်မပါဘူးလား!သွန်းထက်!'
သွန်းထက်လည်းမျက်ရည်းများကြားထဲကမော့ကြည့်လာရာယွန်းထက်ဒေါသထွက်ကာအခန်းထဲဝက်ချလာလိုက်ရာ
'ဘယ်သူမို့လို့၊ဘာလာပြီးရှည်နေတာ.....'
ယွန်းထက်သူမရှေ့ကိုရောက်လာတဲ့အနိုင်ကျင့်တဲ့ကောင်မလေးပါးကိုချလိုက်သည်၊
'သူအမ၊နင်မေလင်မို့လို့လေ၊'
လဲကျသွားတဲ့ကောင်မလေးရဲ့ဆံပင်ကိုယွန်းထက်အားဖြင့်ဆွဲကာဒရွတ်တိုက်ဆွဲလာလေသည်၊
'ရိုက်စမ်း၊သွန်းထက်'
'မမ....'
'ငါရိုက်ပြရမလား၊နင်ကဘာစောက်ဆင့်နဲ့အနိုင်ကျင့်နေတာလဲဟမ်'
ပြောပြောဆိုဆိုနှင့်ယွန်းထက်ထိုကောင်မလေးပါးကို၂ချက်ဆင့်ရိုက်လိုက်သည်၊
'မမ၊တော်ပါတော့'
ယွန်းထက်ညီမဖြစ်သူကိုကြည့်လိုက်ကာထိုကောင်မလေးကိုလွှတ်ပေးလိုက်သည်၊
'တစ်လုံးဆင့်ဂျိုင့်တွေကများ၊ဇောင်းကြွမလာနဲ့၊မနေ့တနေ့ကမှထမင်းစားပြီးငါ့ညီမကိုလာပြီးအနိုင်ကျင့်ချင်နေသေးတယ်!'
ယွန်းထက်ဒေါသပြေသွားမှအခန်းထဲကအေးဆေးထွက်သွားလေသည်၊
နာရီအနည်းခန့်ကြာသော်ကျောင်းအုပ်ကြီးရုံးခန်း၌
'ယွန်းထက်၊သွန်းထက်'
ညီအမနှစ်ယောက်ခေါ်သံကြောင့်လှည့်ကြည့်လိုက်ရာရွှေရတုဖြစ်နေလေသည်၊
'မင်းတို့ဘာဖြစ်သွားကြသေးလဲ'
ထိုအခါနစ်နာသူမိန်းကလေးရံအမေကဒေါသထွက်ကာ
'အမယ်လေးဟဲ့၊ခံရတဲ့ကျွန်မသမီးကိုလည်းကြည့်ပါဦး၊နှာခေါင်းသွေးတောင်လျှံနေတာရှင့်!ဒီမယ်ဘယ်လိုလုပ်ပေးမှာလဲ၊ပြော!´
'ဘယ်သူရိုက်လိုက်တာလဲ´
သွန်းဆက်လည်းအမဖြစ်သူယွန်းထက်ကိုလက်ညိုးထိုးပြလိုက်သည်၊
'ယွန်းထက်၊ပြန်တောင်းပန်လိုက်´
ယွန်းထက်တို့ခံရသည့်ကောင်မလေးကိုမျက်စောင်းထိုးကြည့်လိုက်ရာထိုကလေးမလန့်ကာ
'ရပါတယ်!မတောင်းပန်ပါနဲ့´
'ကြားတယ်မလား၊ဒေါ်ကျန်ရစ်၊´
နစ်နာသူ၏မိခင်မှာဒေါသပိုဖြစ်သွားကာ
'ကြည့်စမ်း!ကြည့်စမ်း!ဒင်းကဇမသေးပဲငါရဲတိုင်မယ်!မကျေနပ်ဘူး!´
ထိုအခါယွန်းထက်ကထလာကာ
'ဟိုဟာမနင်ငြိမ်နေမှာလား၊နင်ဘာလုပ်ထားလဲပြောပြလိုက်လေ!´
ထိုအခါကျမှနစ်နာသူကောင်မလေးကဖြစ်စဥ်ကိုပြောပြလေရာနစ်နာသူမိခင်ကအသံလျော့သွားလေသည်၊
'အိုး....တော်ပြီ၊ဇာတ်ရှုပ်တွေနဲ့မပတ်သတ်ချင်ဘူး၊ဆရာကြီးကျွန်မသမီးခွင့်၂ရက်ယူမယ်၊လာသမီးသွားမယ်´
နစ်နာသူကောင်မလေးနဲ့သူမမိခင်ထွက်သွားတော့မှယွန်းထက်လည်းလက်မှတ်ထိုးကာကျောင်းတပတ်နားခံလိုက်ရသည်၊
ညနေကျောင်းပြန်လမ်းမှာmallထဲဝင်ကာဝယ်စရာရှိတာဝယ်ရင်းရွှေရတုယွန်းထက်က်ိုဆူလေသည်၊
'မင်းပါးစပ်နဲ့ပြောလို့မရလို့လား၊ယွန်းထက်´
ရွှေရတုခြင်းထဲပစ္စည်းကိုပစ်ထည့်လိုက်သည်၊
'ပြောလို့နားလည်တဲ့ဟာမမဟုတ်လို့ဆော်ထည့်လိုက်တာ၊ဘာဖြစ်လို့လဲ´
'မင်းကိုယ်မင်းမိန်းကလေးဆိုတာမေ့များနေသလား´
'ဒေါ်ကျန်ရစ်ကျတော့ကောဝတ်လိုက်တိုင်းဘောင်းဘီနဲ့T shirt၊ကိုယ့်ကိုလူကြီးဆိုတာကောမေ့နေလား´
'မင်းငါ့ကိုအဲ့လိုမခေါ်နဲ့စမ်း၊ယွန်းထက်!´
'ဘာဖြစ်လဲခေါ်တော့!´
'တီလေးတို့တော်ကြပါတော့၊ယွန်းထက်လည်းတော်တော့၊မာမီဖုန်းဆက်တယ်၊ရုံးကိုလာခဲ့ပါတဲ့´
'အေးအေး၊ဘာဝယ်ဦးမလဲ၊မုန့်လိုချင်ယူကြ´
သွန်းထက်နှင့်မာန်ရှားအောင်တို့ပျော်ကာမုန့်ထုတ်များထည့်နေစဥ်
ယွန်းထက်ကတော့စိတ်ကောက်ကာရပ်နေသည်၊
'မင်းလည်းယူ၊ယွန်းထက်၊တော်ပါတယ်၊လက်တုံ့ပြန်တတ်တာလည်းတော်ရုံစကေးမဟုတ်ပါဘူး´
ထိုအခါယွန်းထက်ကပြုံးကာမုန့်ထုတ်များထည့်လေသည်၊
ထိုအချိန်မာန်သွေးခက်ရုံးခန်းထဲ၌
'အသေးလေး၊သားတို့ကဒီလာမှာဆို´
'ဟုတ်တယ်၊သားကိုဒီကိုခေါ်လိုက်တာ၊ပြီးတော့ရှားလော့ကိုသားရှေ့မှာအသေးလေးလို့မခေါ်ပါနဲ့´
မာန်သွေးခက်လည်းလုပ်လက်စအလုပ်ကိုရပ်ကာရှားလော့အောင်ခိုင်ဘေးထိုင်လိုက်သည်၊
'ဘာလို့လဲ၊အသေးလေးရဲ့၊မင်းလေးကကလေးသာမွေးပြီးတယ်၊ပုပုသေးသေးလေးပဲရှိတုန်း၊ဒါကြောင့်အန်တီကချစ်စနိုးနဲ့ခေါ်တာလေ´
'အန်တီကရှားလော့ကိုချစ်လို့ခေါ်တာသိပါတယ်၊ဒါပေမဲ့သားလေးရှေ့မှာကျနည်းနည်းနေရခက်တယ်လေ၊´
'အခုမှလူကြီးဆန်နေပါလား၊သေးသေးပိစိလေးရဲ့´
'တွေ့လားခေါ်ပြန်ပြီ´
'ဒီကိုကြည့်ပါဦး၊ရှားလော့´
ဆူနေတဲ့နှုတ်ခမ်းလေးကိုမာန်သွေးခက်အနမ်းချွေလိုက်ရာရှားလော့အောင်ခိုင်ရှက်သွေးဖြာသွားသည်၊
'ဟာ၊အန်တီ၊ရုံးခန်းထဲမှာကို´
'အောင်မာ၊မင်းကလေးတို့ရုံးခန်းထဲအင်္ကျီတွေဆွဲချွတ်တုန်းကကျမရှက်ဘူးလား´
အရင်ကမိုက်ရူးရဲဆန်ခဲ့သမျှသည်ယခုတော့ဟာသတခုလိုပင်၊ရှက်လည်းရှက်ရသည်၊
ခပ်ရှက်ရှက်နဲ့ပင်ဒေါ်မာန်သွေးခက်ရင်ခွင်ထဲရှားလော့ဝင်ခိုနေလိုက်သည်၊
'အသေးလေးကမကြိုက်ရင်အန်တီမခေါ်တော့ပါဘူး၊´
ဒေါ်မာန်သွေးခက်ပါးကိုရှားလော့အောင်ခိုင်မွှေးကြူလိုက်သည်၊
'ခေါ်ပါ၊မတားတော့ပါဘူး၊အန်တီရဲ့အသေးလေးပဲဖြစ်ချင်တာပါနော်´
'အာရီးဂူး၊အန်တီရဲ့သေးသေးပိစိလေး´
ဒေါ်မာန်သွေးခက်လည်းရှားလော့မျက်နှာအနှံအနမ်းမိုးများရွာချလိုက်တော့သည်
ထိုအချိန်ရွှေရတုနှင့်ကလေးတသိုက်ဝင်လာရာအကုန်လုံးကြောင်​အမ်းအမ်းနဲ့ကြည့်နေကြသည်၊
'အမေ....ရုံးခန်းကြီးထဲမှာလေ၊အမေတို့ရယ်၊´
မာန်ရှားအောင်ပြောမှလူချင်းခွာကာ
'သားတို့လာကြလေ´
ရှားလော့မှရှက်ရှက်နဲ့ငြိမ်နေသည်၊
'အမယ်လေး၊ရှက်မနေပါနဲ့၊လုပ်တုန်းကလုပ်ကြပြီ၊´
ရွှေရတုစနောက်လိုက်ရာရယ်သံများထွက်ပေါ်လာသည်၊
'ပြောပါဦး၊ခေါ်ရတဲ့အကြောင်းအရင်း´
'မာမီလာသွားတယ်၊လာမယ့်တန်ဆောင်တိုင်ကြရင်တောင်ကြီးကိုခရီးထွက်ချင်တယ်တဲ့´
'မာမီတောင်ကြီးအိမ်ကိုမသွားတော့တာဘယ်လောက်ကြာပြီလဲ၊´
'မာမီကမားမားကိုသတိရမှာစိုးတဲ့စိတ်နဲ့မသွားတာအတော်ကြာနေပြီ၊အခုကလည်းမိသားစုလိုက်သွားမယ်တဲ့၊ယွန်းထင်တို့ညီအမတွေကိုလည်းခေါ်မယ်တဲ့၊နင်လည်းလိုက်ရမယ်တဲ့´
'မဖြစ်ဘူးလေအမရဲ့၊နင်မိန်းမပါလိုက်မယ်ဆိုCompanyဘယ်သူနဲ့လွဲခဲ့မှာလဲ´
'တို့တူနေသူရိန်မောင်နဲ့မိုးသစ်တောရှိပါတယ်၊ဘာမှပူစရာမလိုပါဘူး´
'အဆင်ပြေတယ်ဆို၊လိုက်ခဲ့ပါမယ်၊မာမီကျန်းမာရေးကလည်းသိပ်မကောင်းတော့သိပ်တော့စိတ်မချဘူး၊အမှန်တိုင်းပြောရရင်အေးဆေးအိမ်မှာပဲနေစေချင်တာ၊အခုအချိန်ထိရောဂါရယ်လို့မရှိပေ့မဲ့သွေးတိုးဘာညာကတခါတလေတိုင်းလိုက်ရင်တက်နေတတ်တယ်´
'သူလည်းပင်ပန်းနေတာပါ၊ရတုရယ်၊သူမှာအကိုလည်းမရှိတော့ဘူး၊ချစ်တဲ့သူလည်းမရှိတော့ဘူးလေ၊သူမြေးတွေသမီးတွေမျက်နှာကြောင့်သာခံစားချက်တွေတင်းခံနေရှာတာ´
'ဟုတ်တယ်၊ရတု၊အန်တီပြောတာမှန်တယ်၊သူဖြစ်ချင်တာလုပ်ပေးရအောင်ဟာ၊ကျောင်းပိတ်ဖို့ကလည်းမလိုတော့ဘူး၊ကလေးတွေကျောင်းပိတ်တာနဲ့ခရီးထွက်ဖို့ပြင်လိုက်ကြရအောင်´
'ဟုတ်ကဲ့ပါအမ၊ကားကတော့အိမ်ကကားတွေနဲ့သွားကြမယ်မလား´
'အင်းပေါ့၊ဘာမှပူမနေပါနဲ့၊ပေါ့ပေါ့ပါးပါးပေါ့ဟယ်´
ထိုအချိန်ရွှေရတုဖုန်းကအသံမြည်လာရာရွှေရတုသက်ပြင်းချကာ
'ခဏလေးနော်၊ဖုန်းကိုင်လိုက်ဦးမယ်´
ရုံးခန်းထဲကနေထွက်သွားကာဖုန်းကိုကိုင်လိုက်သည်
'Amanda,We have nothing to talk.Stop calling me around´
ယွန်းထက်လည်းရုံးခန်းထဲကနေအပြင်မှာဖုန်းပြောနေတဲ့ရွှေရတုကိုငေးကြည့်နေတယ်၊
'အန်တီရှားလော့၊´
'ပြောလေသမီးယွန်း´
'ဒေါ်ကျန်ရစ်ကြီးဘာဖြစ်နေတာလဲ´
'သြော်၊သူUSမှာတုန်းကကောင်မလေးလေဖောက်ပြန်လို့ရတုကထားခဲ့ပြီးအိမ်ပြန်လာတာ၊မြန်မာပြည်ရောက်ကတည်းကဖုန်းတွေတောက်လျှောက်ခေါ်နေတာလေ၊အခုထိပဲ´
ယွန်းထက်လည်းရွှေရတုရဲ့ဒေါသမျက်နှာကိုငေး၍သာကြည့်နေသည်၊
ရွှေရတုမျက်နှာကတဖြေးဖြေးချင်းပျက်ယွင်းလာပြီးမျက်ရည်များကျလာသည်ကိုယွန်းထက်သတိထားမိလာရာယွန်းထက်တစ်ရူးတချို့ယူလာကာရွှေရတုဘေးမှာရပ်ကာတစ်ရူးကိုပေးလိုက်သည်
ယွန်းထက်ကိုကြည့်ကာ
'ဒါက....´
'မိတ်ကပ်ပျက်နေပြီ....´
ရွှေရတုလည်းတစ်ရူးကိုယူကာမျက်ရည်များသုတ်လိုက်သည်
'ငိုမနေပါနဲ့၊စောစောစီးစီးသိလိုက်ရတာကံကောင်းပါတယ်၊ဒေါ်ကျန်ရစ်ရဲ့´
ရွှေရတုလည်းယွန်းထက်ကိုကြည့်ကာရယ်လိုက်သည်၊

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now