sidestory:7

450 51 2
                                    

ညီအမနှစ်ယောက်မိခင်ဖြစ်သူဂရေစ့်အောင်ခိုင်နဲ့အတူအိမ်ကိုပြန်ရောက်ပြီဟုရှားလော့အောင်ခိုင်မာန်သွေးခက်အားဖုန်းဆက်ပြောလေသည်၊ကလေးများလည်းအပြေးပြန်လာကြသည်၊
'ဘွားဘွား!´
မာန်ရှားအောင်အဘွားဖြစ်သူကိုတင်းကြပ်စွာဖက်ထားလေသည်
'ဘွားဘွားကလည်းသားတို့မှာစိတ်ပူသွားရတာ´
'အေးပါမြေးလေးရယ်၊ဘွားဘွားကမြေးတို့စားဖို့စတော်ဘယ်ရီသီးသွားခူးတာပါ၊မင်းဘွားဘွားအရင်ကလုပ်ပေးတဲ့ပေါင်မုန့်မီးကင်နဲ့စတော်ဘယ်ရီဖျော်ရည်လုပ်ပေးမယ်လေ´
'ဟုတ်´
ရှားလော့တို့လည်းပြုံးကာမြေးအဘွားနှစ်ယောက်ကိုကြည့်နေစဥ်
'ဒေါ်ရှားလော့!´
ထိုအသံကြောင့်ထွက်ကြည့်လိုက်ရာမိုးသစ်တောတစ်ယောက်လက်ထဲကြက်ဥများနှင့်ဝင်လာသည်၊
'မိုးသစ်တော၊ဟယ်မတွေ့ရတာတောင်ကြာပြီဟယ်´
'နင်ငါ့ကိုတောင်မသတိရပါဘူး၊ရတုနင်ကောပဲ´
ငယ်သူငယ်ချင်းတွေမတွေ့တာနှစ်တွေအတော်ကြာသွားသော်လည်းမစိမ်းသွားကြပေ၊
'အန်တီဂရေစ့်နေကောင်းတယ်နော်၊မေမေတို့ကတလောကမှဆေးကုဖို့သြစီထွက်သွားတာ´
'ဘယ်သူဘာဖြစ်လို့လဲသား´
'မေမေယင်းမာလေ၊ဒူးခွဲတာအဲ့တာနှစ်ယောက်စလုံးသွားကြတာ´
'သြော်အေးပေါ့၊သားကောအဆင်ပြေလား´
'ပြေပါတယ်၊ကျွန်တော်ကအခုမွေးမြူရေးကြက်တွေလုပ်တယ်၊တနိုင်တပိုင်ပါ၊အခုလည်းအန်တီတို့ရောက်နေတယ်ဆိို့လို့ကြက်ဥတွေစားဖို့လာပို့တာ´
'အေးအေး၊´
မိုးသစ်တောရှားလော့အောင်ခိုင်ကိုကြည့်ကာ
'ဟဲ့၊ဟိုလူဂွစာကြီးမပါဘူးလား´
'ဘယ်သူလဲ´
မာန်သွေးခက်ကရယ်ကာ
'နေသူရိန်မောင်မပါဘူး၊ပြောပါတယ်၊မင်းနဲ့သူရန်ဖြစ်ထားတယ်ဆို၊အသက်တွေလာ်းမငယ်တော့ဘူးလေ၊စိတ်လျော့ပြီးယူဖို့လုပ်ကြပါတော့လား´
'မပြောချင်တော့ပါဘူး၊ဒင်းကတဇွတ်ထိုးတဇောက်ကန်းပါ၊ဒါနဲ့ဘယ်တွေသွားကြမှာလဲ၊ဘယ်တွေလိုက်ပို့ရမလဲ၊ကလေးတွေဆ်ိုရင်တော့တောင်ကြီးညစျေးကိုညနေလိုက်ပို့ပေးမယ်၊အန်တီဂရေစ့်ဘုရားသွားချင်တယ်ဆိုလည်းရတယ်၊အတူတူသွားကြတာပေါ့´
'အေးအေး၊လောလောဆယ်တော့ဘာမှမဆုံးဖြတ်ကြသေးဘူး၊အန်တီတို့ကတော်တော်ကြာကြာနေဦးမှာလေ၊ဒီမရောက်တာအတေည်ကိုကြာပြီလေ၊´
'ဟုတ်၊ဒါဖြင့်ရှားလော့ငါပြန်တော့မယ်၊ကလေးတွေမြင်းစီးချင်တယ်ဆိုကိုယ်တွေအိမ်ဘက်လွှတ်လိုက်နော်၊ငါရှိနေတယ်၊´
ထိုအခါရွှေရတုကထကာ
'ငါလာခဲ့မယ်၊အမနင်အမေကိုစူဠာမဏိလိုက်ပို့မှာမလား၊နင်နဲ့နင့်မိန်းမကအမေကိုဘုရားလိုက်ပို့လိုက်၊ငါကကလေးတွေနဲ့သစ်တောတို့အိမ်သွားမယ်´
'အေးအဆင်ပြေသားပဲ၊အဲ့လိုဖြစ်တယ်မလားမာမီ´
'အေးအေး၊ပြေတယ်၊ရတုငါမြေးကို​မြင်းတွေနားသိပ်မသွားခိုင်းနဲ့နော်၊ယွန်းထက်တို့ကိုလည်းဂရုစိုက်ကြလား´
'ဟုတ်ကဲ့ပါ´
ရွှေရတုလည်းကလေးများခေါ်ကာမိုးသစ်တောအိမ်ကိုထွက်လာလေသည်၊
မြင်းများမွေးမြူထားသည်ခြံကျယ်ကြီးထဲရွှေရတုဝင်သွားကာမြင်းစီးရင်ပြင်ဆင်နေလေသည်၊မာန်ရှားအောင်နှင့်ယွန်းထက်တို့ကတော့နားရန်ဆောက်ထားသည့်ဇရပ်ထဲလိမ္မော်ရည်သောက်ကာထိုင်နေကြသည်၊ခဏအကြာမိုးသစ်တောနှင့်ရွှေရတုမြင်းကိုယ်စီစီးကာခြံဝိုင်းထဲပတ်နေလေသည်၊
အသက်ကား၃၀ကျော်မိန်းမတစ်ယောက်ဟာဒီလောက်ထိခန့်ညားနေလိမ့်မည်ဟုယွန်းထက်မထင်ထားပေ၊နေကာမျက်မှန်ကိုဟန်ပါပါတပ်ထားပြီးဆံပင်ကိုခပ်မြင့်မြင့်ထုံးဖွဲ့ထားကာပေါ့ပေါ့ပါးပါးလူငယ်စတိုင်များသာဝတ်ထားတဲ့ရွှေရတုဟာမြင်းကိုဟန်ကျကျထိန်းစီးနေပုံကိုယွန်းထက်မျက်တောင်မခတ်တမ်းကြည့်နေလေသည်၊
မာန်ရှားအောင်ယွန်းထက်နားကပ်သွားကာ
'နင်ငါ့တီလေးကိုကြွေနေတာမလား´
ယွန်းထက်လန့်ကာအနည်းငယ်ပင်တုန်သွားလေသည်၊
'ဘယ်လိုဖြစ်နေလဲ၊မာန်ရှားအောင်ရယ်´
'ဟဲ့၊ဖြစ်နေတာငါမဟုတ်ဘူး၊နင်၊နင်မျက်နှာကရဲတွက်ပြီးငါအဒေါ်ကိုပဲကြည့်နေတာ၊မယုံရင်နင့်ညီမကိုမေးကြည့်´
ယွန်းထက်လည်းညီမဖြစ်သူသွန်းထက်ကိုကြည့်လိုက်ရာ
သွန်းထက်ကဘာမှမပြောပဲခေါင်းပဲညိမ့်လိုက်သည်၊
ထိုအချိန်ရွှေရတုလည်းယွန်းထက်ကိုငေးကြည့်နေမိရာ
'ဟဲ့၊အရှေ့ကိုကြည့်၊စော်လိုက်ငမ်းမနေနဲ့´
'ငါကလေးတွေမကြိုက်ပါဘူးဟာ´
'သြော်အေ၊ယုံပေးမယ်လေ၊အိမ်မက်ထဲမှာ၊အသက်တွေလည်းကြီးနေပြီ၊အခုထိမလိမ်တက်သေးဘူး´
မိုးသစ်တောပြောပြီးမြင်းကိုအရှိန်ဖြင့်စီးနင်းသွားသည်၊
'ဟဲ့ဘာကိုပြောတာလဲ၊မိုးသစ်တော!နေဦး၊ငါကိုစောင့်ဦး´
ခဏအကြာရွှေရတုအိမ်ထဲမှာဖုန်း​ဝင်လာ၍
'ကလေးတွေ၊ဘယ်သူမှမြင်းမစီးရဘူးနော်၊နင်တို့တွေတစ်ယောက်မှစီးတက်တာမဟုတ်ဘူး´
ရွှေရတုမှာတမ်းခြွေပြီးမှအိမ်ထဲဝင်ကာဖုန်းပြောလေသည်
'သွန်းထက်၊ထ´
'ဘယ်လဲ၊မမ´
'မြင်းစီးမယ်လေ´
'ဟာ၊အန်တီရတုကမစီးဖို့မှာသွားတာကို´
'ဟာ၊လာစမ်းပါဟာ၊ဦးလေးလည်းရှိနေတာကို´
ယွန်းထက်လည်းညီမဖြစ်သူကိုဆွဲခေါ်လာလေသည်၊
သွန်းထက်တို့ညီအမနှစ်ယောက်မြင်းပေါ်တက်ကာ
'မမ​၊ကြောက်တယ်´
သွန်းထက်မှာကြောက်ကြောက်ဖြင့်ယွန်းထက်ကိုပြောလိုက်ရာ
'ငါကန်ချလိုက်ရမလား´
သွန်းထက်ငြိမ်သွားကာမိုးသစ်တောမှမြင်းကိုဘေးမှာထိန်းပေးနေလေသည်၊ထိုအချိန်သစ်ပင်ပေါ်မှာသစ်ကိုင်းကျိုးကျရာမြင်းမှလန့်ကာကဆုန်ပေါက်တော့လေသည်၊ယွန်းထက်လည်းသွန်းထက်ကိုအကျမနာစေရန်ဖက်ထားသည်၊မြင်းပေါ်ကနှစ်ယောက်သားလိမ့်ကျသွားသော်လည်းသွန်းထက်ကတော့ဒဏ်ရာကြီးကြီးများများမရပေ့မဲ့ယွန်းထက်ခြေထောက်မှာအဆစ်လွဲသွားလေသည်၊မာန်ရှားအောင်လည်းအိမ်ထဲပြေးဝင်ကာ
'တီလေး!ဟိုမှာယွန်းထက်တို့မြင်းပေါ်ကလိမ့်ကျလို့´
'ဟာ!ငါမစီးဖို့မှာထားတာကို၊ဒီကလေးမတွေကတော့´
ရွှေရတုအပြေးလာကာကြည့်လေတော့ယွန်းထက်တစ်ယောက်မြေပြင်ပေါ်မှာလဲလျက်သားပင်
'ယွန်းထက်၊ငါဒီလောက်မှာခဲ့တာကို၊ဘာလို့မစီးတတ်ပဲစီးရတာလဲကွ၊မိုးသစ်တောနင်ကလည်းဟာနည်းနည်းပါးပါးတားမှပေါ့´
'သြော်၊မြင်းကလန့်သွားပြီးဖြစ်တာပါ၊ဒဏ်ရာကိုငါကြည့်ပါရစေဦး´
သစ်တောမှထိုင်ချကာ
'အဆစ်လွဲသွားရုံပါ၊လာလာ၊အိမ်ထဲခေါ်ခဲ့´
ရွှေရတုလည်းယွန်းထက်ခြေထောက်ကိုကြည့်ကာ
'မင်းထောက်နိုင်လား´
'ဟင့်အင်း၊တအားနာနေတာ´
'မထူးဘူးဟာ´
ရွှေရတုယွန်းထက်ကိုပွေ့ချီလိုက်သည်၊
'ဘာ...ဘာလုပ်တာလဲ!´
ယွန်းထက်မျက်နှာတခုလုံးရဲရဲနီနီနေလေသည်
'စကားမများနဲ့၊ငါပစ်ချလိုက်မှာ´
ယွန်းထက်လည်းဘာမှမပြောပဲရွှေရတုလည်တိုင်ကိုလက်ဖြင့်သိုင်းရစ်ထားလိုက်သည်၊
သွန်းထက်နှင့်မာန်ရှားအောင်တို့ကြောင်ကာကြည့်နေပြီး
'အကိုမာန်ရှား၊´
'ဟေး´
'မြင်းကိုကျေးဇူးတင်ရမလိုပဲနော်´
'ဟုတ်ပါ့´
ရွှေရတုလည်းဧည့်ခန်းဆိုဖာပေါ်ယွန်းထက်ကိုချပေးကာမိုးသစ်တောမှဆေးသေတ္တာယူလာကာ
'ငါအမေသူငယ်ချင်းသူနာပြုသွားခေါ်ပေးမယ်၊နင်သူ့က်ုဆေးစည်းပေးထားလိုက်´
'အေး´
သစ်တောပြန်ထွက်သွားတော့မှနှစ်ယောက်သားမျက်ဝန်းချင်းဆုံမိရာရွှေရတုလည်းအနည်းငယ်ရှက်နေလေသည်
'အဟမ်း၊နာရင်ပြောနော်´
'ဟုတ်´
ရွှေရတုလည်းယောင်နေသည့်နေရာကိုဆေးအနည်းငယ်ပွတ်ကာပတ်တီးသေချာစည်းပေးလိုက်သည်
နှစ်ယောက်သားငြိမ်နေချိန်မာန်ရှားအောက်၏အာချောင်မိကြောင့်ဂရေစ့်အောင်ခိုင်ရောက်ချလာသည်
'အမယ်လေး!မြေးလေး!ရတုငါနင့်ကိုမှာတဲ့ကြားက´
စကားပင်မဆုံးသေးခင်လက်ကရွှေရတုခေါင်းကိုဂွက်ခနဲမြည်အောင်ခေါက်လိုက်သည်၊ယွန်းထက်ကပြုံးကာ
'ဘွားဘွားရယ်၊ဒေါ်ကျန်ရစ်ကိုမဆူပါနဲ့၊သမီးကသာစကားနားမထောင်ပဲမြင်းတက်စီးလို့ဖြစ်ရတာပါ´
'အမယ်လေး၊မြေးရယ်၊´
ခဏအကြာမိုးသစ်တောခေါ်လာသည့်သူနာပြုမှသေချာပြန်ဆေးစည်းပေးကာဆေးပေးခဲ့လေသည်၊
'ဒါဖြင့်ညနေကျရင်သမီးတန်ဆောင်တိုင်မီးပုံးပွဲလိုက်လို့ရပါ့မလား´
'လိုက်ရမှာပေါ့၊ငါမြေးဖြစ်ရတာရတုနင့်ကြောင့်´
'မာမီ´
'မမာမီနဲ့၊ငါမြေးကိုနင်ချီပိုးပြီးလိုက်ရမယ်၊ဒါပဲ´
'မာမီ၊သမီးကမာမီသမီးပါ´
'မရှည့်နဲ့၊အခုပြန်မယ်၊ညနေကျသွားဖို့ပြင်ဆင်ကြ၊ဒါပဲ´
ခဏစကားပြောအမောဖြေပြီူနောက်အိမ်ပြန်ကြာကာသွားရန်ပြင်ဆင်လေသည်၊
ယွန်းထက်ရေမိုးချိုးပြီးဗမာဝတ်စုံလေးကိုထုတ်ဝတ်ရာသွန်းထက်မှအမဖြစ်သူကိုကူဝတ်ပေးလေသည်၊
ကူလုပ်ပေးနေရင်းတန်းလန်းသွန်းထက်ဗိုက်အောင့်လာ၍အိမ်သာပေးလေသည်၊
'သွန်းထက်!ဘယ်ရောက်သွားတာလဲ´
ထိုအချိန်ရွှေရတုဝင်လာရာယွန်းထက်တစ်ယောက်သွန်းထက်ထင်ကာ
'သွန်းထက်၊ငါကိုထဘီကြိုးချည်ပေးဦး´
ရွှေရတုလည်းမိမိကိုကျောပေးကာရပ်နေတဲ့ယွန်းထက်ကိုငေးကာရှက်သွေးဖြာနေလေသည်
'ပြောနေတာမကြားဘူးလား´
ရွှေရတုလည်းပြုံးကာတထဘီကြိုးကိုချည်ပေးလိုက်ကာ
'ရပြီလား´
ယွန်းထက်လန့်ကာလှည့်ကြည့်လိုက်သည်၊ရွှေရတုလည်းလဲကျမှာစိုး၍ခါးကိုကိုင်ကာထိန်းလိုက်သည်၊နုစ်ယောက်သားအကြည့်ချင်းဆုံကြပြန်သည်၊ဒီတခါတော့ရှောင်ကွင်ူမနေကြပဲငေးကြည့်နေမိကြသည်၊
'အဆင်ပြေလား´
'ဟုတ်´
ရှားလော့အောင်ခိုင်အကြည့်ချင်းဆုံရင်ခုန်နေသောသူနှစ်ယောက်ကိုကြည့်ကာဖွင့်ထားပြီးသားတံခါးခေါက်လိုက်ရာ
နှစ်ယောက်သားခွာလိုက်ကြကာရှက်နေကြသည်
'မာမီကသွားရအောင်တဲ့´
'ဟုတ်၊အမ၊ဆင်းလာခဲ့မယ်´
မိခင်မှာကြားထားသည့်အတိုင်းယွန်းထက်ကိုပွေ့ချီကာအောက်ထပ်ကိုဆင်းလာလေသည်၊ယွန်းထက်လည်းရှက်သော်လည်းပြုတ်ကျမှာစိုး၍ရွှေရတုလည်တိုင်ကိုလက်ဖြင့်သိုင်းရစ်ထားလေသည်၊
ပွဲကိုရောက်တော့လူ​နည်းသည့်ခပ်ဝေးဝေးကမီးပုံးများကိုငေးနေကြလေသည်၊
ယွန်းထက်ရဲ့ရယ်သံသဲ့သဲ့ကလေးတွေထဲရွှေရတုကြွေဆင်းနေလေသည်၊
ယွန်းထက်လည်းရွှေရတုကိုကြည့်မိတော့ပြုံးပြလိုက်မိသည်၊
ရွှေရတုလည်းယွန်းထက်ရဲ့လက်ကလေးကိုဆုပ်ကိုင်လိုက်တော့
'ဒေါ်ကျန်ရစ်လက်တွေတအားအေးနေတယ်´
ယွန်းထက်အိတ်ကိုယူကာအိတ်ထဲကအဆင့်ဆောင်ထားသည့်လက်အိတ်ကိုရွှေရတုလက်မှာစွပ်ပေးလိုက်သည်၊
ရွှေရတုလည်းယွန်းထက်မျက်နှာလေးကိုအသာအယာထိကိုင်ကာ
နှုတ်ခမ်းတို့ကိုစိုက်ကြည့်နေမိသည်၊မီးရောင်တွေကြားသူမဟာသိပ်လှနေတာကိုသတိထားမိကာနှုတ်ခမ်းတို့ကိုထိကပ်လိုက်မိသည်၊ခဏအကြာအနည်းငယ်လူချင်းခွာလိုက်ကာ
'ဆောရီးပါ၊အန်တီမလုပ်လိုက်သင့်ဘူး´
'ရ....ရပါတယ်´
ယွန်းထက်လည်းသူမရင်ဘတ်ကိုဖိထားရလေသည်၊
ဘာကြောင့်မှန်းမသိနုလုံးခုန်သံကိုမိမိဘာသာပင်ပြန်ကြားနေရလေသည်၊ထိုအချိန်မိုးသစ်တောမှမုန့်များဝယ်ကာလာပေးတော့နှစ်ယောက်သားမူမမှန်တာသတိထားမိကာ
'နင်တို့ကဘာဖြစ်နေတာလဲ´
'ဘာကို၊ဘာဖြစ်ရမှာလဲ၊ဘာလဲ၊မုန့်လား၊ပေး၊ထားခဲ့၊သွားတော့´
ရွှေရတုကမန်းကတန်းမိုးသစ်တောလက်ထဲကမုန့်ထုတ်များယူကာအတင်းနှင်လွှတ်လေသည်၊
'ဘာလဲဟ၊အတွဲလူမိတာကျနေတာပဲ၊သွားပြီ´
ရွှေရတုလည်းယွန်းထက်ဘေးထိုင်ကာ
'မုန့်စားနော်´
'ဟုတ်´
တကယ်တမ်းကျမိုးသစ်တော၊မာန်ရှားအောင်နှင့်သွန်းထက်တို့မှာရွှေရတုတို့ကိုလိုက်ချောင်းနေခြင်းဖြစ်သည်၊

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now