17

646 67 1
                                    

ဘရဏီအခန်းတံခါးကိုရှားလော့ခေါက်လိုက်သည်၊
'ဘာလာလုပ်တာလဲ၊ရှားလော့´
'အန်တီသမီးကိုကူညီပါဦး၊အန်တီကဘယ်လိုသိသွားတာလဲ၊ရှားလော့ဘာလုပ်ရမလဲမသိဘူး´
ဘရဏီလည်းပြုံးပြကာ
'ရှားလော့ကြည့်ရတာစိတ်ဖိစီးနေပြီပဲ၊ဘားသွားထိုင်ကြမယ်လေ၊´
'ရှားလော့အရက်မသောက်တတ်ဘူး´
'ဘာ´
'ရှားလော့အရက်မသောက်ဖူးဘူး´
ဘရဏီရယ်မောကာ
'မရင့်ကျက်လိုက်တာရှားလော့ရယ်၊ခက်မင်းကိုမကြိုက်တာမဆန်းပါဘူး၊အရက်တောင်မသောက်နိုင်တဲ့ကလေးကိုသူဘယ်ထိန်းချင်ပါ့မလဲ´
ရှားလော့တစ်ယောက်အတွေးတွေစုံကာ
'သောက်မယ်၊အခုသွားမှာလားဟင်´
'ဒါပေါ့´
ဟိုတယ်ရဲ့ဘားဘက်ကိုအတူထွက်လာကြသည်၊
'Jack Roseရယ်Martiniရယ်ပေးပါ၊ပြောပါဦး၊ဘာတွေခံစားနေရလဲ´
'အန်တီကရှားလော့ကိုရွံတယ်တဲ့၊ရှားလော့ကိုပစ်ပစ်ခါခါပြောတယ်၊´
'ရှားလော့၊အန်တီမင်းကိုစိတ်ဒဏ်ရာမရစေချင်ဘူး၊ခက်ကအန်တီနဲ့ပြန်တွဲချင်နေတယ်၊အန်တီကိုသူမနေ့ညကနမ်းတယ်၊အန်တီမင်းကိုငဲ့နေခဲ့တာ၊မင်းအဆင်ပြေစေချင်ပေ့မဲ့သူကမင်းကိုတကယ်မလိုချင်ဘူးလေ၊´
'ဒါပေ့မဲ့သူရှားလော့အပေါ်တအားကောင်းပေးနေတာလေ´
'အဒေါ်ကတူမတစ်ယောက်ကိုလည်းအဲ့လိုပြုမူနိုင်တာပဲလေ၊ဒါပေ့မဲ့ရှားလော့ဘက်ကနောက်မဆုတ်ချင်ဘူးဆိုရင်တော့အန်တီကြံပေးပါ့မယ်´
'အန်တီတို့ကပြန်ပေါင်းထုတ်မယ်ဆိုရင်တော့ရှားလော့နောက်ဆုတ်ပါ့မယ်´
'အင်းပါကလေးရယ်၊စိတ်မကောင်းမဖြစ်ပါနဲ့၊ရော့ဒီနေ့အမူးသောက်လိုက်´
ဘရဏီပေးတဲ့ကော့တေးကိုတခွက်ပြီးတခွက်သောက်ရင်းအတော်ကြာတော့ရှားလော့တစ်ယောက်ခေါင်းမထောင်နိုင်တော့ပေ၊
ဘရဏီလက်ဖျောက်တချက်တီးလိုက်တော့လူနှစ်ယောက်ရောက်လာသည်၊
'ပျော်လိုက်ကြပေါ့ကွယ်၊´
ဘားထဲကနေရှားလော့ကိုမချီကာထိုလူနှစ်ယောက်ကိုဘရဏီကြည့်ရင်း
'ဝီစကီပေး´
ရှားလော့နဲ့ထိုလူနှစ်ယောက်မြင်ကွင်းထဲကပျောက်သည်အထိကြည့်နေကာချပေးတဲ့ဝီစကီကိုအကုန်မော့လိုက်သည်၊
မာန်သွေးခက်ခွေးနှစ်ကောင်နဲ့အတူကမ်းခြေမှာထိုင်နေသည်၊
လှေပေါ်မှာတုန်းကရှားလော့အောင်ခိုင်ပြောခဲ့သည့်စကားများပြန်ကြားယောင်နေတော့နေရခက်သည်၊
ထိုအချိန်ကယ်လ်ဗင်နဲ့ရိုလီကရုတ်တရပ်ထဟောင်ကာပြေးထွက်သွားကြသည်
'ကယ်လ်ဗင်!ရိုလီ!´
ထိုအချိန်ခြုံပုတ်နားမှာမြင်ဖူးနေတဲ့ဖိနပ်တဖက်ကမိမိကိုစိုးရိမ်စေသည်၊
ပထမဦးစွာဘေးမှာရှိတဲ့ကျိုးကျထားတဲ့သစ်ကိုင်းကိုကောက်ဆွဲကာခြုံပုတ်နောက်ကိုလျှောက်လာရာ
မာန်သွေးခက်ဒေါသမီးတောက်သွားသည်၊
'ခင်ဗျား၊ဘာလုပ်တာလဲ!´
ကလေးမကနိုးတောင်မနိုး၊ရှားလော့လည်တိုင်ပေါ်ကကိုက်ရာကလူသတ်ချင်စိတ်ပါဖြစ်သွားစေသည်၊
မာန်ဖီနေတဲ့ကယ်လ်ဗင်နဲ့ရိုလီဟာသခင်အမိန့်ကိုစောင့်နေလေသည်
မာန်သွေးခက်လေတချက်ချွန်တာနဲ့ထိုလူနှစ်ယောက်ကိုအမဲဖြတ်သလိုဝိုင်းကိုက်ကြသည်၊
'ကယ်လ်ဗင်၊ရိုလီ၊ရပ်´
ထိုလူနှစ်ယောက်သွေးသံတရဲရဲနှင့်လဲကျသွားတော့မှမာန်သွေးခက်ခြေလက်များကိုရိုက်နှက်ကာဆံပင်ကနေဆွဲဆောင့်ကာမေးလိုက်သည်
'ပြောစမ်း၊နင်တို့ကိုဘယ်သူခိုင်းတာလဲ!´
'မပြောဘူး!´
မာန်သွေးခက်နောက်တစ်ယောက်ကိုအားဖြင့်ထပ်မံရိုက်နှက်ကာမေးသည်
'နင်တို့မပြောရင်ငါနင်တို့ငယ်ပါကိုဖြတ်ပစ်မယ်၊ပြော!ဘယ်မအေဘေးခိုင်းတာလဲ!´
'ဘရဏီဆိုတဲ့မိန်းမ!ကျုပ်တို့ကိုလွှတ်ပေးပါဗျာ´
မာန်သွေးခက်လည်းထိုလူနှစ်ယောက်ကိုဒီတိုင်းထားခဲ့ကာရှားလော့အောင်ခိုင်မချီလာသည်၊
အခန်းထဲမှာအိပ်ခိုင်းစေပြီးဘရဏီအခန်းဆီထွက်လာသည်၊
'ခက်...´
လက်မှာခြောက်ကပ်နေတဲ့သွေးများကိုမြင်တော့မှအခြေအနေကိုနားလည်ကာပြုံးနေသည့်ဘရဏီချက်ချင်းမဲ့သွားသည်၊
'နင်ငါ့ကိုအဲ့စောက်ကလေးမနဲ့ပတ်သတ်ပြီးပြသာနာမရှာနဲ့´
'နင်အခုလုပ်လိုက်တာလူတစ်ယောက်ရဲ့ဘဝဘယ်အထိဖြစ်သွားနိုင်လဲသိလား´
'သွားစမ်းပါ၊မာန်သွေးခက်ရယ်အဲ့ကောင်မလေးကဘာမို့နင်အဲ့သလောက်ရေးကြီးခွင်ကျယ်လုပ်နေတာလဲ´
'အေးဟုတ်တယ်၊ငါကသူနဲ့မှရေးကြီးခွင်ကျယ်လုပ်တယ်၊ဘာလို့လဲငါ့ကိုယ်ငါသေချာတောင်မသိဘူး၊သေချာတာကတော့နင်မဟုတ်လို့ပဲ၊´
'မာန်သွေးခက်!နင်မလွန်လာနဲ့၊နင်ကိုငါသည်းခံတာအတိုင်းအတာတခုရှိပြီ၊အဲ့ထက်နင်မလွန်လာနဲ့၊ငါအခုလိုလုပ်နေတာငါနင့်ကိုချစ်လို့´
'တော်စမ်းပါ၊နင်သူကိုအန္တရာယ်ထပ်မပေးနဲ့တော့၊မဟုတ်ရင်နောက်တခါကယ်လ်ဗင်နဲ့ရိုလီကိုက်တဲ့သားကောင်ကနင်ဖြစ်သွားလိမ့်မယ်´
'ငါကလည်းနင့်ကိုပြောမယ်၊နင်လူကိုနင်အရိပ်အာဝါသထဲကမထွက်စေနဲ့၊မဟုတ်ရင်နောက်တခါခေါင်းမဖော်ရဲတာရှားလော့အောင်ခိုင်ဖြစ်သွားမယ်´
မာန်သွေးခက်လည်းအခန်းကိုပြန်လာကာခွေးနှစ်ကောင်ကိုရေချိုးပေးပြီးမိမိလည်းဆေးကြောသန့်စင်လိုက်သည်၊
ရေချိုးခန်းထဲထွက်လာတော့ကုတင်ပေါ်မှာကလေးမကရှိမနေ၊
ရေခဲသေတ္တာကလည်းပွင့်နေတော့အထဲကိုသေချာကြည့်တော့အသင့်ထည့်ပေးထားတဲ့အရက်ပုလင်းပျောက်နေသည်၊
'ဒီကလေးမကတော့´
ဝရန်တာဘက်ကိုထွက်လာတော့တံခါးနောက်မှငိုသံကြားမှကြည်ါတော့ကလေးမကအရက်ပုလင်းကိုမော့ကာငိုနေသည်၊
'ရပ်စမ်း၊ပေး´
'ပေးဘူး!´
'ရှားလော့အောင်ခိုင်´
'အဲ့တာဘယ်သူလဲ´
ကိုယ်နာမည်တောင်မေ့သည်အထိသောက်ရအောင်မိမိပြောတာလွန်သွားလို့လား
'မင်းနာမည်လေ၊´
'အဲ့တာဆိုဒီကဘယ်သူလဲ´
'မာန်သွေးခက်´
'ကြားဖူးတယ်´
ထပ်မော့ရန်လုပ်နေတော့လက်နှစ်ဖက်ကိုချုပ်ကာပုလင်းကိုယူပြီးလွှတ်ပစ်လိုက်သည်၊
'ဟာ!အဒေါ်ကြီး´
'ဘာလဲ၊ဘာပြောမလဲပြော´
ချက်ချင်းမျက်ရည်များပိုးပိုးပေါက်ပေါက်ကျကာ
ငိုပြန်သည်၊
'ဘာလို့ငိုတာလဲကလေးရဲ့´
'အန်တီကရှားလော့ကိုရွံတယ်တဲ့´
မိမိစကားကတကယ်ပဲသူမအတွက်ပြင်းထန်နေလေသည်၊
'အန်တီကရှားလော့နဲ့အသားချင်းတောင်မထိချင်ဘူးတဲ့´
မိမိပါမျက်ရည်များဝဲလာသည်၊
'အန်တီတောင်းပန်ပါတယ်၊အခုတော့အိပ်ရအောင်နော်´
'ဟင်အင်းမအိပ်ချင်ဘူး၊သောက်ဦးမယ်´
'တော်ပြီရှားလော့´
'မရဘူး!သောက်ဦးမှာ!´
'ရှားလော့၊ပြောရမခက်နဲ့ကွာ!´
'မရဘူး!´
မိမိချီမလိုက်ရာအတင်းရုန်းကန်နေတော့ပြုတ်ကျမည်စိုး၍
'တိတ်စမ်း!ရပ်၊မင်းပြုတ်ကျရင်နာသွားလိမ့်မယ်၊အသေးလေး´
ထိုအခါကျမှငြိမ်ကာသွားသည်၊
ကုတင်ပေါ်တင်ပေးကာအိပ်ခိုင်းတော့
'အန်တီပါအိပ်´
'ပြီးရင်အိပ်မယ်´
'မရဘူး´
'ဟုတ်ကဲ့ပါအိပ်ပါမယ်´
မာန်သွေးခက်ဘေးမှာဝင်လဲလိုက်သည်၊
တစ်ယောက်ကိုတစ်ယောက်ငေးမောနေရင်း
ရှားလော့မှရှေ့တိုးကာမာန်သွေးခက်နှုတ်ခမ်းကိုနမ်းလိုက်သည်၊
'ရှားလော့တော်တော့´
'သေချာလား၊အန်တီ၊´
ထိုမေးခွန်းကိုမာန်သွေးခက်မဖြေနိုင်ပေ၊
ရှားလော့ထထိုင်ကာသူမအပေါ်အင်္ကျီကိုချွတ်လိုက်သည်၊
'မင်းဘာတွေလုပ်နေတာလဲ၊ရှားလော့´
'အန်တီရှားလော့ကိုထိလို့ရတယ်လေ၊´
'ရှားလော့´
ရှားလော့အောင်ခိုင်မာန်သွေးခက်ပေါင်ပေါ်ခွထိုင်လိုက်သည်
'ရှားလော့´
'အန်တီသဘောမကျဘူးလား၊အန်တီဘရဏီနမ်းတာကပိုကောင်းလို့လား´
'မဟုတ်ဘူး၊ရှားလော့၊´
'ဒါဆိုလည်းနမ်းလေ၊´
မာန်သွေးခက်ရှားလော့အောင်ခိုင်ကိုငေးကြည့်နေရင်းအနားကိုတိုးကပ်သွားလိုက်သည်၊
ရှားလော့ရဲ့နှုတ်ခမ်းဖူးဖူးလေးကိုတချက်စုပ်ကာနမ်းလိုက်သည်၊
သူမလည်တိုင်ကကိုက်ရာကိုအခဲမကြေဖြစ်နေမိသည်၊
ထိုကြောင့်ရှားလော့လည်တိုင်မာန်သွေးခက်ကိုက်ခဲလိုက်သည်၊
'အန်တီ....´
မာန်သွေးခက်လည်းချက်ချင်းကိုယ့်ကိုကိုယ်ထိန်းလိုက်ကာနောက်ဆုတ်လိုက်တော့ကလေးမကရယ်ကာလဲကျသွားသည်၊
အရက်သမားမလေးကအိပ်ပျော်သွားခြင်းဖြစ်သည်၊
မိမိမှာတော့ပူထူနေလေပြီ၊
ရေချိုးခန်းထဲဝင်ကာမျက်နှာသစ်ကာအရာရာအားလုံးမေ့ပစ်လိုက်ချင်မိသည်၊
အမှားတခုကိုနစ်နစ်မွန်းမွန်းကျူးလွန်ပစ်မိသည်
ထပ်၍သာကျူးလွန်ချင်နေမိသည်၊
ရီဝေဝေအကြည့်တွေ
ပန်းရောင်သမ်းနေတဲ့ပါးနှစ်ဖက်
နူးညံတဲ့နှုတ်ခမ်းလေး
ရဲတင်းတဲ့သူမကိုမေ့မရပေ၊
ညတွင်းချင်းရန်ကုန်ပြန်ဖို့စီစဥ်လိုက်ပြီးကလေးမမနိုးခင်အရင်ရှောင်ပြေးလာလိုက်သည်
မနက်နိုးတော့ရှားလော့တစ်ယောက်ခေါင်းမူးကာနေသည်၊
ရေချိုးခန်းထဲဝင်ကာမျက်နှာသစ်ရန်မှန်ကိုကြည့်လိုက်ရာလည်ပင်းပေါ်ကသွေးစို့နေသည့်ကိုက်ရာကြောင့်သူမလန့်ဖြန့်သွားသည်၊
အခန်းကိုသေချာကြည့်မှခွေးတွေကောမာန်သွေးခက်ကောရှိမနေတော့သည်ကိုသတိထားမိလိုက်သည်၊
ညကဘာတွေများဖြစ်ခဲ့လဲဆိုတာတွေးမရပေ၊
ရေမိုးချိုးမျက်နှာသစ်ပြီးနေသူရိန်နဲ့အတူမနက်စာစားတော့
'တီလေးကပြန်သွားပြီ၊အကိုကိုဖုန်းဆက်တယ် ၊ရှားလော့နေချင်သလောက်နေပါ၊ပြီးမှအကိုတို့အတူပြန်မယ်´
'ရှားလော့မနေချင်တော့ဘူး၊ကိုသူရိန်၊အန်တီဘာလို့ထွက်သွားလဲရှားလော့သိတယ်´
'ဘာလို့လဲ´
'ညကရှားလော့တအားမူးနေခဲ့တာ၊ရှားလော့အန်တီအပေါ်အခွင့်အရေးယူမိပြီထင်တယ်´
နေသူရိန်မောင်ရှားလော့ကိုပြူးပြဲကာကြည့်ပြီး
'ရှားလော့၊သေချာရဲ့လား´
'ဟုတ်၊´
'ဘယ်လိုသေချာတာလဲ´
'အဲ့တာကတော့ကိုသူရိန်ကိုညီမမပြောပြချင်ဘူးလေ´
'သြော်အေးပေါ့´
'အန်တီတောင်မရှိတော့မှတော့ရှားလော့လည်းအိမ်ပြန်တော့မယ်´
'အင်းပါ၊ဒါဆိုအကိုသွားစီစဥ်လိုက်တော့မယ်´
'ဟုတ်အကို´
နေသူရိန်မောင်လေယာဥ်စင်းလုံးငှားကာရန်ကုန်ချက်ချင်းပြန်လာခဲ့ကြသည်
အိမ်ကိုအစောကြီးပြန်လာတဲ့သမီးကိုဂရေစ့်အံသြကာ
'သမီး၊အစောကြီးပါလား´
'ဟုတ်မာမီ၊သမီးပင်ပန်းနေလို့နားတော့မယ်´
'အေးအေး´
ဂရေစ့်လည်းသမီးဖြစ်သူမျက်နှာသိပ်မကောင်းတော့ခရီးပန်းသည်အထင်နှင့်ဘာမှမမေးတော့ပေ
'ဘေဘီ၊သမီးကစောလှချည်လား၊ပြန်လာတာ´
'အယ်၊မသိပါဘူး၊မျက်နှာလည်းပျက်နေတယ်၊ဘာဖြစ်လာလဲမသိပါဘူး၊ဘွားတော်ရယ်´
'ပင်ပန်းနေတာနေမယ်၊´
'အင်းပေါ့၊´
'ညကျရင်ကတိအတိုင်းနော်´
'အင်းပါဆိုနေ၊ခဏခဏပဲ၊မရိုးနိုင်တော့ဘူး´
'သြော်၊အဲ့အနီလေးနဲ့ဘေဘီကလိုက်တယ်လေ´
'ဟုတ်ကဲ့ပါ၊အခုတော့လာသမီးကြိုက်တဲ့ပါစတာလုပ်ပေးမယ်´
အိပ်ရာပေါ်ပစ်လှဲကာဘာတွေဖြစ်ခဲ့လဲတွေးနေရင်းတချို့သောအရာများကိုမှတ်မိလာသည်၊
မိမိဘက်ကစနမ်းမိတာတွေကရှက်သွေးဖြာသွားသည်၊
ဖုန်းအမြဲကောက်ကိုင်ကာသွန်းစက်ဆီဖုန်းဆက်ကာပြောပြလိုက်သည်
'နင်သူနဲ့စကားပြောသင့်ပြီ၊ရှားလော့´
'အန်တီကငါ့နဲ့တွေ့ချင်ပါ့မလား´
'နင်မှားထားတာလေ၊နင်တာဝန်ယူရမှာပေါ့ဟဲ့၊နင်အခုမပြောရဲရင်လည်းသွေးအေးသွားမှနောက်မှသူcompanyကိုသွားပေါ့ဟာ´
အပိုင်းလေးတွေကြာသွားလို့တောင်းပန်ပါတယ်နော်
နောက်ဆိုရင်တော့မြန်မြန်လေးupပေးပါမယ်

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now