sidestory:6

394 49 1
                                    

ယွန်းထက်တစ်ယောက်ရွှေရတုပါးကိုနမ်းလိုက်ပြီးနောက်နှစ်ယောက်သားရှက်သွားကြလေသည်၊
နမ်းခံရသူရွှေရတုခမျာပါးစပ်အဟောင်းသားဖြစ်နေပြီး
ယွန်းထက်တစ်ယောက်လည်းပြောစရာစကားပျောက်ဆုံးသွားရလေသည်၊
ခြံထဲကားဝင်မလို့စောင့်နေတဲ့ရှားလော့လည်းဆင်းကာရွှေရတုကားတံခါးကိုသွားခေါက်ရာ
ဒေါ်ရွှေရတုလန့်ကာကားတံခါးဖွင့်မိလေရာ
'အမယ်လေး!´
မာန်သွေးခက်နဲ့မာန်ရှားအောင်လည်းလဲကျသွားတဲ့ရှားလော့ကိုပြေးထူကြသည်၊
ယွန်းထက်လည်းရှက်ရှက်ဖြင့်ကားပေါ်ကဆင်းပြေးလေပြီး
'အမ၊အဆင်ပြေလား၊နင်ရောက်နေတာငါမှမသိတာဟယ်´
ရှားလော့တစ်ယောက်နှာခေါင်းတခုလုံးရဲရဲနီသွားလေသည်၊
မာန်ရှားအောင်လည်းမိခင်ကိုတွဲကာအိမ်ထဲဝင်လာလေသည်၊
မာန်သွေးခက်နဲ့ရွှေရတုလည်းကားများနေရာချကာအိမ်ထဲဝင်လာသည်၊
မာန်သွေးခက်ကရှားလော့မျက်နှာသေချာကြည့်ကာ
'အသေးလေး၊တအားနာသွားပြီလား၊ဆေးခန်းသွားမလား´
'ဟင့်အင်း၊ရပါတယ်´
'ဥုံဖွ၊ဥုံဖွ၊´
မာန်ရှားအောင်လည်းအဖွားဖြစ်သူကိုကူကာမုန့်သယ်ပေးလေသည်၊ထိုအချိန်သွန်းထက်ခေါင်းကုပ်ကာဆင်းလာရာ
'သမီးသွန်းထက်လေးဘာဖြစ်လို့လဲ´
မာန်သွေးခက်အူကြောင်ကြောင်နဲ့ဆင်းလာတဲ့သွန်းထက်ကိုမေးလိုက်ရာ
'သမီးကဘာမှမဖြစ်ပေ့မဲ့မမကတမျိုးပဲ´
ရွှေရတုအအေးသောက်ရင်းသီးသွားလေသည်၊
ရှားလော့ကရွှေရတုကိုကြည့်ကာ
'ဟဲ့နင်ကဘာဖြစ်နေတာလဲ၊´
'ဟမ်၊ဘာဖြစ်လို့လဲ၊ဘာမှမဖြစ်ဘူး၊ဘာဖြစ်ရမှာ၊ပေါက်ကရတွေဟယ်၊ဘာကိုဘာဖြစ်ရမှာ၊ဘာမှမဖြစ်ဘူး´
ရွှေရတုရဲ့မူမမှန်ဖြစ်နေပုံကြည့်ကာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကုန်ကြသည်၊
'ငါဘာမှမပြောရသေးဘူး၊´
ရှားလော့စကားထောက်လိုက်ရာရွှေရတုငြိမ်ကျသွားသည်၊
'မာမီ၊တောင်ကြီးတန်ဆောင်တိုင်မီးပုံးပွဲသွားဖို့သမီးတို့စီစဥ်ထားတယ်၊သန်ဖက်ခါလောက်ထွက်ဖြစ်မယ်၊အိမ်ကိုလည်းပြင်ဆင်ထားခိုင်းလိုက်တယ်´
'အေးအေး၊´
မိခင်ဖြစ်သူဂရေစ့်အောင်ခိုင်အရင်တုန်းကလောက်စကားသိပ်မပြောတော့ဘူး၊အေးစက်နေသည်မှာဒေါ်ရွှေရုပ်လွှာဆုံးသွားကတည်းကပင်
'မာမီ၊မားမားကိုသတိရနေပြန်ပြီလား´
ရှားလော့အမေးကိုဂရေစ့်ပြုံးပြလေသည်၊
'သမီးနှစ်ယောက်ကသူရဲ့စရိုက်တွေမျက်နှာအနေအထားတွေ၊တစ်ဝက်ဆီရထားတော့သမီးတို့ကိုမြင်တိုင်းဘွားတော်ကိုမြင်ရသလိုပါပဲ´
ရှားလော့နဲ့ရွှေရတုလည်းမိခင်ကိုဖက်ကာ
'မာမီကိုသမီးတို့အရမ်းချစ်တယ်နော်´
ညီအမနှစ်ယောက်ရဲ့ခေါင်းလေးကိုအသာအညာပွတ်သပ်ပေးကာဂရေစ့်ငြိမ်သက်နေလေသည်၊
ထိုအချိန်ယွန်းထက်တစ်ယောက်မိမိစိတ်လွတ်ကာရွှေရတုပါးကိုနမ်းမိခြင်းကိုရှက်နေမိသည်၊
ရက်အနည်းငယ်ကြာသော်မိသားစုလိုက်ခရီးထွက်ရန်အထုတ်များကားပေါ်တင်ရာရွှေရတုကားပေါ်ကနေယွန်းထက်ကိုငေးကြည့်နေလေသည်၊အပြုံးကခပ်နည်းနည်းပင်၊အခုလိုကျတော့လည်းယွန်းထက်ဟာသာမန်ကလေးတစ်ယောက်လိုပင်၊အထုတ်များကိုယွန်းထက်ကူသယ်ပေးပြီးကားပေါ်တက်လိုက်သည်၊ရွှေရတုလည်းအကြည့်လွဲကာရှက်သွေးဖြာနေပြီးယွန်းထက်လည်းရှက်နေသေးသည်၊
ဂရေစ့်အောင်ခိုင်နဲ့သွန်းထက်လည်းကားပေါ်တက်လိုက်ကြသည်၊
'သမီးမောင်းလေ´
'သြော်ဟုတ်မာမီ´
ရွှေရတုလည်းကားစက်နှိုးကာမောင်းလိုက်သည်၊
၁၀နာရီကျော်မောင်းလာပြီးမှရည်မှန်းထားသောတောင်ကြီးမြို့ကိုရောက်လေ့သည်၊မာန်သွေးခက်လည်းပစ္စည်းများချပြီးသည်နှင့်
'အသေးလေး၊အန်တီစားစရာသွားဝယ်လိုက်မယ်၊အလုပ်သမားတွေကအခုအချိန်တော့မချက်ပြုတ်ပေူမယ်မထင်ဘူး၊ပြီူတော့အချိန်ကြာမှာလေနော်၊´
'ဟုတ်အန်တီ ´
'ဘာစားကြမှာလဲ၊´
'အဆင်ပြေတာပဲဝယ်လိုက်ပါ၊အရေးကြီးတာစားဖြစ်ဖို့ပဲ၊မနက်ကျမှမားမားနဲ့စားနေကျခေါက်ဆွဲဆိုင်မှာသေချာစားမယ်လေနော်´
'အင်းအင်း၊ကလေးတွေခေါ်သွားလိုက်မယ်နော်´
'ဟုတ်ဟုတ်´
ကလေးများနှင့်မာန်သွေးခက်ညစာဝယ်ရန်ထွက်သွားသည်
ရွှေရတုနှင့်ရှားလော့အောင်ခိုင်လည်းအထုတ်များကိုအိမ်ထဲသယ်ကြလေသည်
အမှတ်တရများစွာရှိသောအိမ်ကြီးကိုခြေချရပြန်လေတော့ဂရေစ့်တစ်ယောက်ငယ်ရွယ်စဥ်ကအမှတ်တရများကိုသတိရသွားလေသည်၊အိမ်တံခါးကိုဖွင့်လိုက်သည်နှင့်ထွက်ပေါ်လာတဲ့ထိုအမှတ်တရများ၊ချစ်ရသူတဲ့အငွေ့အသက်များကိုခံစားမိလေသည်၊
'မာမီသမီးပစ္စည်းတွေအခန်းထဲထည့်....´
ရှားလော့ရွှေရတုကိုတားလိုက်ကာမိခင်ကိုကြည့်နေသည်
လှေကားဘေးကအခန်းကိုဂရေစ့်အောင်ခိုင်တန်းတန်းမတ်မတ်လျှောက်သွားကာနံရံပေါ်ကဒေါ်ရွှေရုပ်လွှာနဲ့အတူရေးချယ်ခဲ့တဲ့ရုပ်ပုံများကိုထိတွေ့ကာမျက်ရည်များကျလာသည်၊
ဂရေစ့်ရဲ့အဖြစ်ကိုသမီးဖြစ်သူရှားလော့နဲ့ရွှေရတုငေးကြည့်ကာမျက်ရည်ဝဲလာကြသည်၊
ဂရေစ့်အောင်ခိုင်ထိုင်ကျသွားကာချစ်ရသူတွေကိုလွမ်းမောနေသည်၊
ချစ်ရတဲ့အကို၊မိန်းမဖြစ်သူ၊အဖိုး....လှပသာယာသောအမှတ်တရများပါလားဟုဂရေစ့်တွေးကာမျက်ရည်ကိုသုတ်လိုက်သည်၊
'သမီးစောစောကဘာပြောလိုက်တာလဲ´
ရွှေရတုလည်းမျက်ရည်များခိုးသုတ်ကာ
'သြော်၊မာမီအိတ်တွေအပေါ်ထပ်အခန်းမှာပဲချရမလားလို့လေ´
'ဒီမှာပဲချလိုက်နော်၊မာမီဒူးတွေကမကောင်းတော့ဘူးလေ၊အတက်အဆင်းမလုပ်ချင်တော့ဘူး´
'ဟုတ်မာမီ၊မနက်ဖြန်ကျရင်တော့သမီးတို့လျှောက်လည်ကြမှာဆိုတော့မာမီစောစောနားနော်´
ရှားလော့မိခင်ဘေးထိုင်ကာပြောလိုက်သည်
'အေးပါကွယ်´
'သားသားနဲ့သူအမေကစားဖို့သွားဝယ်တယ်၊မာမီ၊နားနော်´
'အေးအေး´
ရှားလော့နဲ့ရွှေရတုလည်းအခန်းထဲကထွက်လာတော့မိခင်ဒေါ်ရွှေရုပ်လွှာကိုသတိရ၍ငိုမိကြသည်၊ငယ်စဥ်ကပြေးလွှားဆော့ခဲ့ချိန်ကမိမိတို့ကိုပြုံး၍သာကြည့်နေတတ်တဲ့မိခင်ဒေါ်ရွှေရုပ်လွှာကိုသတိရကြသည်
'ရတု၊နင်မှတ်မိလား၊ငါနောက်ကတွန်းလိုက်လို့နင်စက်ဘီးမှောက်ပြီးဒူးပြဲတာလေ´
ရွှေရတုမျက်ရည်များကြားကရယ်ကာ
'မှတ်မိတာပေါ့၊အမရယ်၊မားမားကမာမီမသိအောင်ငါ့ကိုဆေးထည့်ပေးတာလေ၊နောက်မာမီလည်းမိကော၊နင်ဆော်ပလော်တီးရတာလေ၊ငါဘယ်လိုလိုမေ့နိုင်မှာလဲ၊အမရာ၊´
ညီအမနှစ်ယောက်ရယ်သံတူတူထွက်လာကာခဏအကြာငြိမ်သက်သွားလေသည်၊
'မားမားကိုငါလွမ်းတယ်ဟာ၊ငါတအားလွမ်းတာပဲ၊ညီမလေးရာ၊အကြီးတစ်ယောက်အနေနဲ့ငါကနင်ထက်တောင်ကလေးဆန်တာလေ၊မားမားကအမြဲငါ့ကိုခွန်အားပေးခဲ့တာ၊နင်ကမားမားနဲ့တူတာ၊ရတု၊နင်ကရင့်ကျက်တယ်တည်ငြိမ်တယ်၊နင်နဲ့ငါယှဥ်ရင်နင့်ကိုလူတိုင်းကအကြီးလို့ထင်ခဲ့ကြတာလေ´
ရွှေရတုငြိမ်ကျသွားကာအမဖြစ်သူကိုဖက်ကာငိုလေသည်၊
မာန်သွေးခက်နှင်ကလေးများပြန်လာရာငိုနေတဲ့ညီအမ၂ယောက်ကိုတွေ့တော့မာန်သွေးခက်အပြေးရှားလော့ဆီပြေးကာ
'အသေးလေး၊ဘာဖြစ်လို့လဲ´
'မားမားကိုလွမ်းလို့!´
ရှားလော့တစ်ယောက်မာန်သွေးခက်ရှေ့ရောက်လျှင်ကလေးတစ်ယောက်လိုပင်ညီမဖြစ်သူကိုတွန်းဖယ်ကာအမျိုးသမီးကိုဖက်ပြီးငိုလေသည်
ငိုနေတဲ့ရွှေရတုကိုတူဖြစ်သူမာန်ရှားအောင်ကဖက်ကာအားပေးလေသည်၊ယွန်းထက်တို့ညီအမတွေလည်းဝိုင်းကာအားပေးလေသည်၊ညစာအတူစားပြီးဂရေစ့်ကတော့ခရီးပန်းကာအိပ်ပျော်သွားပြီးမာန်သွေးခက်နှင့်ရှားလော့အောင်ခိုင်တို့ကတော့အခန်းထဲမှာနားနေကြလေသည်၊မာန်ရှားအောင်နှင့်သွန်းထက်ကတော့လူငယ်ပီပီgameဆော့နေကြလေသည်၊ရွှေရတုကတော့မိခင်ကိုလွမ်းစိတ်ဖြင့်အိပ်မရသောကြောင့်ခြံထဲသစ်ကိုင်းများကိုမီးထိုင်ရှို့ကာမီးလုံနေသည်၊
'ဒေါ်ကျန်ရစ်၊´
ရွှေရတုလှည့်ကြည့်လိုက်ရာယွန်းထက်ကအနွေးထည်တခုနှင့်ရပါနေသည်
'အန်တီရှားလော့ကအပြင်မှာအေးတယ်တဲ့၊အထဲဝင်တဲ့မဟုတ်ရင်အနွေးထည်ဝတ်ထားပါတဲ့´
'အင်းပေးလေ´
ယွန်းထက်ကမ်းပေးတဲ့အနွေးထည်ကိုဝတ်လိုက်သည်၊ယွန်းထက်လည်းရွှေရတုဘေးဝင်ထိုင်လိုက်သည်၊
'ကျွန်မလည်းအမေကိုလွမ်းတယ်´
ယွန်းထက်ရဲ့စကားကြောင့်ရွှေရတုယွန်းထက်ကိုကြည့်လိုက်သည်၊ယွန်းထက်ကတော့ကောင်းကင်ကြီးကိုငေးနေလေရဲ့
'ဒါပေ့မဲ့လည်းအချိန်ဆိုတာကိုယ်လွမ်းနေလို့ရပ်ပေးမနေဘူးလေ၊ရှေ့ဆက်ရမှာလေနော်´
ယွန်းထက်ကရွှေရတုကိုပြန်ကြည့်ကာပြုံးပြလေသည်၊
ထိုအဖြစ်အပျက်ကိုရှားလော့အပေါ်ကကြည့်ကာပြုံးမိသွားသည်၊
မြူခိုးမြူငွေ့တွေပြည့်နေသည့်စတော်ဘယ်ရီခင်းထဲ
ဂရေစ့်အောင်ခိုင်ရောက်နေလေသည်၊
စတော်ဘယ်ရီသီးကြီးကြီးတွေကိုမြင်တော့ဂရေစ့်ဘေးဘီကြည့်ကာတခုကိုခူးကာအင်္ကျီဖြင့်ဖုန်များအနည်းငယ်သုတ်ကာပါးစပ်ထဲကောက်ထည့်လိုက်သည်၊ချိုချိုချဥ်ချဥ်အရသာမှာပျော်ဝင်နေချိန်
'ဒီကလေးမတော့စတော်ဘယ်ရီသီးတွေကိုရေမဆေးပဲခိုးစားနေပြန်ပါလား´
ထိုအသံကြောင့်လှည့်ကြည်လိုက်ရာT-shirtအဖြူဖြင့်ဘောင်းဘီကိုဝတ်ရတာကြိုက်တဲ့ချစ်ရတဲ့သူကိုတွေ့လိုက်ရသည်၊
'ဘွား....တော်´
မခေါ်ရတာကြာပြီဖြစ်တဲ့နာမည်လေးကိုခေါ်လိုက်ရလေသည်၊ထိုအခါရွှေရုပ်လွှာကပြုံးပြလေသည်၊ဂရေစ့်အောင်ခိုင်လက်ထဲကစတော်ဘယ်ရီသီးများကိုပစ်ချခဲ့ကာရွှေရုပ်လွှာကိုပြေးကာဖက်ထားလေသည်၊အသံအကျယ်ကြီးအော်ငိုမိနေလေရဲ့
'ရေတော့ဆေးစားပါ၊ကလေးရယ်၊မင်းလေးကအခုထိအဲ့အကျင့်မပြင်သေးပါလား´
'ဟင့်အင်းမဆေးဘူး၊အန်တီမဆေးပေးရင်ဂရေစ့်အမြဲအဲ့လိုပဲစားနေမှာ´
ရွှေရုပ်လွှာရယ်ကာဂရေစ့်မျက်နှာပေါ်ကမျက်ရည်များကိုသုတ်ပေးကာထိုင်နေကျအပင်အောက်ကခုံတန်းလေးမှာပဲထိုင်ကာစကားတွေပြောဖြစ်သည်၊ရွှေရုပ်လွှာကတော့စကားတွေများနေတဲ့ဂရေစ့်ရဲ့ဆံနွယ်များကိုသပ်သပ်တင်ပေးကာပြုံးနေလေသည်၊
'သိပ်လွမ်းတယ်၊ဘွားတော်၊အရမ်းလည်းချစ်တယ်၊ဘွားတော်ဂရေစ့်နဲ့ပဲနေပါနော်
'ပျော်အောင်တော့နေပါ၊ကလေးရယ်၊အန်တီကမင်းကိုအမြဲချစ်နေမှာပါ၊ပြီးတော့အန်တီကမင်းနဲ့အတူရှိနေပါတယ်´
ထိုစကားအဆုံးမှာဒေါ်ရွှေရုပ်လွှာမြူခိုးများနှင့်အတူပျောက်ကွယ်သွားလေပြီးဂရေစ့်လည်းအိမ်မက်မှနိုးလာလေသည်၊
အချိန်ကားမနက်၅နာရီပင်ဖြစ်နေလေသည်၊
ဂရေစ့်မျက်နှာသစ်အဝတ်အစားလဲကာအိမ်ကထွက်လာလေသည်
မိမိတိူ့အပိုင်စတော်ဘယ်ရီခင်းလေးထဲကမှည့်နေသည့်စတော်ဘယ်ရီသီးများကိုခူးကာသစ်ပင်အောက်ကခုံလေးပေါ်မှာထိုင်ကာစားနေလေသည်၊
ခဏအကြာရှားလော့နိုးလာတော့မိခင်အခန်းထဲဝင်ကြည့်ကာဂရေစ့်အောင်ခိုင်မရှိတော့၍တအိမ်လုံးကိုနိုးကာအနီးအနားကိုလူခွဲရှာကြလေသည်၊ညီအမနှစ်ယောက်အားသွန်ခွန်စိုက်စတော်ဘယ်ရီခင်းဆီပြေးလာရာမြူတွေကြားထဲကနေမိခင်ဖြစ်သူစတေယ်ဘယ်ရီသီးများကိုထိုင်စားနေတာ​မြင်တော့စိတ်သက်သာရာရကာ
'မာမီ!´
ညီအမနှစ်ယောက်မိခင်ဖြစ်သူကိုပြိုင်တူခေါ်ကာပြေးဖက်လိုက်သည်
'အမယ်လေး၊ဘယ်လိုဖြစ်လာကြတာလဲ´
'သမီးတို့ကမာမီပျောက်သွားလို့ကြောက်နေကြတာ´
ငိုကာပြောနေတဲ့သမီးနှစ်ယောက်ကိုကြည့်ကာဂရေစ့်ရယ်လိုက်သည်၊အတွေးထဲမှာတော့ဒေါ်ရွှေရုပ်လွှာရဲ့အတူတူရှိနေပါတယ်ဆိုတဲ့စကားကိုယုံကြည်သွားလေသည်၊သမီး၂ယောက်ကိုဖက်ကာ
'စတော်ဘယ်ရီသီးစားဦးမလား၊မာမီအသဲလေးတွေ´
'ရေဆေးဦး!´
ညီအမနှစ်ယောက်အော်လိုက်ရာဂရေစ့်အောင်ခိုင်ရယ်မိလေသည်

နောက်တပိုင်းလာမယ်နော်

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now