2

929 96 0
                                    

Companyမှာဌာနအသီးသီးကိုလိုက်ပြကာကလေးများကို
ဂရေစ့်မေးခွန်းထုတ်လေသည်
'ကဲ၊သားသစ်တောကဘယ်အပိုင်းကအားနည်းတယ်ထင်လဲ'
'ဟုတ်၊အန်တီ၊ကြော်ငြာပိုင်းကိုလေအားထုတ်စေချင်တယ်၊'
'အင်းသမီးတို့ကကော'
'မာမီ၊သမီးတို့companyကအဝတ်အစားတမျိုးတည်းထုတ်နေမယ်ဆိုမကောင်းဘူးထင်တယ်၊ထုတ်ကုန်နယ်ပယ်အသစ်ထပ်ဖြန့်ကြည့်ပါလား၊အဝတ်အစားအပြင်စားသောက်ကုန်ကိုပါထပ်ထုတ်မယ်ဆိုရင်ကော'
'ရတုလေးပြောတာမာမီထောက်ခံတယ်'
အငြိမ်ထိုင်မနေနိုင်သောသမီးကြီးရှားလော့ဘက်လှည့်ကာမေးငေါ့ပြတေည့ခေါင်းကုပ်ကာဖြေလာသည်
'မာမီတို့ရုံးမှာbreak timeအတွက်coffee roomကလေ'
'အင်း'
'snackမစုံဘူး'
မိုးသစ်တောနှင့်ရွှေရတုရယ်ချင်စိတ်ထိန်းထားလေသည်၊
'ရှားလော့!ဒါနောက်စရာမဟုတ်ဘူး၊အသက်ပဲ၂၀ဖြစ်နေပြီ၊နည်းနည်းပါးပါးအတွေးအခေါ်ရှိတဲ့စကားလေးကိုပြောစမ်းပါ'
'မာမီကလည်းတွေးကြည့်အလုပ်သမားတွေကပင်ပန်းနေကြတာလေ၊မုန့်မစုံတော့ပိုပင်ပန်းမှာတော့'
'ရှားလော့အောင်ခိုင်!အခန်းအပြင်မှာဒူးထောက်လက်မြှောက်နေ!'
အော်သံ​သည်အခန်းအပြင်ထိဟိန်းနေသည်၊
ရှားလော့အပြင်ထွက်လာတော့ရုံးဝန်ထမ်းများကြည့်နေသည်
'အလုပ်လုပ်ကြလေ၊မာမီဆူတာခံနေရမယ်'
ထိုအခါကျမှအလုပ်ပြန်လုပ်ကုန်ကြသည်
ထိုအချိန်မိုးသဇင်ရုံးထဲအပြေးအလွှားရောက်လာသည်၊
ဂရေစ့်ရုံးခန့်ရှေ့မှာဒူးထောက်လက်မြှောက်နေတဲ့ရှားလော့ကိုမြင်တော့ကြောင်ကာကြည့်နေမိသည်၊
'သမီးဘာဖြစ်လို့လဲ'
'မာမီအပြစ်ပေးထားတာပါ'
'သြော်အေးအေး'
မိုးသဇင်အထဲဝင်သွားကာ
'R.L(Red Lengend)ကCEOရောက်နေတယ်၊bossနဲ့တွေ့ခွင့်တောင်းနေတယ်'
'ဘာ!ဘယ်ကဟာတွေလဲ၊'
ရုံးခန်းထဲဝင်လာတဲ့အမျိုးသမီးကိုဝန်ထမ်းများငေးကြည့်ကုန်ရသည်၊
ဒေါက်ဖိနပ်သံ​ကြောင့်ရှားလော့လည်းမော့ကြည့်မိတော့
မိခင်ဖြစ်သူနှင့်အသက်ရွယ်တူလောက်ရှိမည့်အမျိုးသမီးတစ်ဦးပင်၊ပွဲထိုင်ချိတ်ထဘီနှင့်ရင်ဖုံးနှင့်သူမဟာကျက်သရေရှိသလိုသြဇာရှိပေမည်၊နှစ်လိုဖွယ်ပြုံးကာမျက်ဝန်းတို့ဟာတောက်ပသည်၊
အချိုးကျတဲ့မျက်နှာနှင့်ခန္ဓာဟာဘုရားပေးသောဆုလာဘ်ပင်၊
သူမဘေးတွင်ဖိုင်တွဲကိုင်ကာပါလာသည့်ယောကျာ်းလေးတစ်ယောက်လည်းပါသည်၊
ရုံးခန်းရှေ့မှာဒူးထောက်နေတဲ့ရှားလော့ကိုလှည်ကြည့်ကာကြောင်ကြည့်နေသည်၊
ရှားလော့ကပြုံးပြကာ
'ဟီး၊မာမီအပြစ်ပေးထားတာ'
'သြော်အေး၊သမီး'
ရုံးခန်းထဲဝင်သွားသည့်အမျိုးသမီးကိုငေးမိရင်းမတ်တပ်ရပ်ကာချောင်းကြည့်နေမိသည်၊
'တွေ့ရတာဝမ်းသာပါတယ်၊ဂရေစ့်အောင်ခိုင်၊'
'ဟုတ်ကဲ့၊ဘာကိစ္စများရှိလို့ပါလဲ၊'
'တို့တွေပို့လိုက်တဲ့ပူးပေါင်းမယ့်projectတချို့အတွက်ဘာမှအကြောင်းပြန်လာခြင်းမရှိလို့လူကိုယ်တိုင်လာတွေ့ရတာပါ'
'သြော်အကြောင်းမပြန်ဘူးဆိုရင်ရှင်းနေတာပဲလေ၊မလုပ်ချင်လို့ပေါ့'
ထိုအခါထိုအမျိုးသမီးကကြင်နာစွာပြုံးကာ
'ဟုတ်ကျွန်မတို့ပြင်ပေးပါ့မယ်ရှင့်၊ကျွန်မတို့လို့Companyငယ်လေးတွေအတွက်Companyကြီးတွေကနေအခွင့်အရေးမရတာအတော်ဆိုးတာပါပဲ'
'ကျွန်မတို့ကအခွင့်အရေးပေးပါတယ်၊သို့သော်အခွင့်အရေးကိုအရည်အချင်းပြည့်မှီတဲ့လူတွေပဲရလိမ့်မယ်လို့ထင်တယ်၊'
မိခင်ဖြစ်သူဂရေစ့်အောင်ခိုင်သည်ဆုံလည်ကုလားထိုင်ပေါ်မှာစမတ်ကျကျထိုင်ကာချေပပုံတွေဟာသိပ်ကိုပညာသားပါလှသည်
'ဟုတ်တာပေါ့၊ကျွန်မတို့အခုထပ်ပြင်လာတဲ့projectလေးကိုတချက်လောက်နားထောင်ပေးပါလား'
'ကောင်းပါပြီ'
ဖိုင်တွဲကိုလှမ်းယူကာရှင်းပြမည်ဟုလုပ်စဥ်
'ကျွန်မတို့project...'
'ရှားလော့အောင်ခိုငိ!ဘာလို့ချောင်းနေတာလဲ'
ဂရေစ့်ရဲ့ကျောသလိုပုံစံကိုထိုအမျိုးသမီးတင်းသွားပေ့မဲ့စိတ်ရှည်သည်းခံစွာရှင်းပြသည်၊
ထိုအမျိုးသမီးရှင်ပြတာအပြီးမှာ
'ကျွန်မတို့စဥ်းစားပြီးအကြောင်းကြားလိုက်ပါ့မယ်၊ဒေါ်မာန်သွေးခက်'
ထိုအမျိုးသမီးဟာအနည်းငယ်လန့်သွားပုံပင်၊
မာမီရဲ့စုံစမ်းရေးစကေးဟာသာမန်လူထက်ကို၂ဆမြန်သည်၊
နောက်ကွယ်တွေလူတွေရှိသောကြောင့်ပင်ဟုထင်မိသည်၊
'ဟုတ်ကဲ့ပါ၊ကျွန်မတို့ကိုပြန်ခွင့်ပြုဦး'
'ဟုတ်၊လိုက်မပို့တော့ဘူးနော်'
'ဟုတ်၊ရပါတယ်၊ရှားလော့အောင်ခိုင်ထင်တယ်အခန်းရှေ့မှာဒူးထောက်နေတာ၊ကလေးသနားပါတယ်၊'
ဂရေစ်မျက်မှောင်ကျုံသွားကာ
'မမိုး၊သမီးတို့ကိုအိမ်ပြန်ပို့ပေးလိုက်ပါ'
'ဟုတ်ကဲ့boss'
ဂရေစ့်မတ်တပ်ရပ်ကာမာန်သွေးခက်နားရပ်ကာ
'သိသင့်တာထက်သိတာကမကောင်းဘူး၊မာန်သွေးခက်'
ရုံးခန်းထဲကဂရေစ့်အောင်ခိုင်နှင့်အတူသမီးငယ်နှင်မိုးသစ်တောကပါထွက်လာသည်၊မိုးသဇင်ဟာလည်းချက်ချင်းထွက်လာလိုက်သည်၊
'မာမီ'
'ထတော့၊အိမ်ပြန်ရောက်ရင်အပြင်ကိုမထွက်ရတော့ဘူးနော်၊သမီးအရင်ကစာတွေကိုပြန်လေ့လာတော့၊မာမီရုံးမှာအလုပ်ဝင်ရမယ်၊'
'သမီး....'
'တော်ပြီ၊ရှားလော့၊မာမီစကားကိုနားထောင်ကလေး'
'ဟုတ်ကဲ့ပါရှင့်'
'လိမ္မာတယ်၊ဒါမှမာမီသမီး၊မမိုးအိမ်အထိရောက်အောင်ပို့ပေးလိုက်ပါ၊အိမ်ရောက်တာနဲ့ဘွားတော်ကိုသူတို့ကိုအိမ်ပြင်ပေးမထွက်ဖို့​မှာ'
'ဟုတ်boss'
ထိုသို့မှာကြားပြီးသည်နှင့်စကားစဖြတ်ကာ
အကိုဖြစ်သူရုံးခန်းဘက်ကိုထွက်လာသည်၊
'သူရောက်လာတယ်'
'ဘယ်သူလဲ'
'မာန်သွေးခက်'
ထိုင်တောင်မထိုင်နိုင်ပဲပြာယာခတ်နေတဲ့ညီမကိုကြည့်ကာအကိုဖြစ်သူမှာစိတ်မချမ်းသာရ၊
'စိတ်အေးအေးထားပါ'
'ဒီမိန်းမကိုလျော့တွက်လို့မဖြစ်ဘူး'
'ငါတို့ကိုကောလျော့တွက်လို့ရလို့လား၊ဦးအောင်ခိုင်မြေးတွေမှာဦးအောင်ခိုင်သွေးပါတယ်ဆိုတာလူတိုင်းသိတယ်၊နူးညံ့ရင်လည်းအဆုံးထိပဲကြမ်းတမ်းရင်လည်းဘယ်သူမှလိုက်မမှီတာလူတိုင်းသိတယ်၊ဂရေစ့်၊ဘာမှမပူနဲ့၊ဖုန်မှုန့်တခုကဘယ်တော့မှသဲမုန်တိုင်းမဖြစ်နိုင်ဘူး'
အကိုဖြစ်သူရဲ့စကားတွေဟာမမှားပေ၊မျိုးနှင့်ရိုးနှင့်သြဇာအာဏာကြီးမားလာကြသည်မှာအမှန်ပေ၊
နဂါးမှန်းသိအောင်အမောက်ထောင်ပြခဲ့ချိန်ရှိသလို
ယုန်သူငယ်လိုလည်းနူးညံ့ခဲ့တဲ့အချိန်တွေရှိသည်၊
ဘယ်အချိန်ကမှအောင်ခိုင်မျိုးဆက်မရှုံးခဲ့ပေ၊
အဖိုးလက်ထက်တုန်းကလည်းလူတိုင်း​ချစ်ကြောက်ရိုသေရသလို
အဖေလက်ထက်ကလည်းလူချစ်လူခင်ပေါများခဲ့သည်၊
သမီးနဲ့သားလက်ထက်မှာလည်းသြဇာညောင်းတုန်းပင်
မျိုးဆက်၃ဆက်တိုင်အောင်တံတိုင်းကြီးသဖွယ်ရပ်တည်ခဲ့ရာတော်ရုံဖြိုဖို့မလုပ်နိုင်သည်မှာအသိအသာပင်ဒါကြောင့်ဂရေစ့်စိတ်လျော့လိုက်သည်၊
မာန်သွေးခက်ကားပေါ်ရောက်သည်နှင်အပြုံးများပျောက်ကာ
လှောင်ရယ်သံထွက်လာသည်၊
'တီလေး၊ကျွန်တော်မားမားနဲ့ဒီတပတ်တွေ့ပါရစေ'
'အေး၊သွားတွေ့၊ရုတ်ရုတ်လုပ်မယ်တော့မကြံနဲ့တော့၊နေသူရိန်မောင်၊နင်ကငါ့အကိုသားမို့ဆိုပြီးငါညှာမှာမဟုတ်ဘူး၊နင်အမေအသက်ပျောက်သွားမယ်'
ပေါ်တင်ကြီးခြိမ်းခြောက်သည်ကိုငြိမ်ခံနေရသည့်နေသူရိန်မောင်စီယာတိုင်ကိုအားဖြင့်ဆုပ်ကိုင်ထားသည်၊
'အခုဘယ်မောင်းရမလဲ၊'
'အိမ်ပဲမောင်း၊ဒါနဲ့မင်းရှားလော့အောင်ခိုင်ကိုသေချာကြည့်မိလား၊'
'ဟင့်အင်းတီလေး'
'သူကမင်းကိုမျက်စိကျနေပုံပဲ၊မင်းသူ့နဲ့ရင်းနှီးအောင်လုပ်'
'တီလေးကျွန်တော်....'
'စကားမရှည်နဲ့လုပ်ဆိုလုပ်လိုက်'
မာန်သွေးခက်ပြောသည့်အတိုင်းနေသူရိန်မောင်တသွေမတိမ်းလုပ်ခဲ့သည်မှာအတော်ပင်ကြာခဲ့သည်၊
အိမ်ဆိုသည်နေရာရောက်သည်နှင့်
'ရှန်ပိန်တပုလင်းငါ့အခန်းထဲထည့်ပေးထား'
Dobermannအမျိုးအစားခွေးနှစ်ကောင်သည်သခင်ဖြစ်သူပြန်လာတော့အပြေးကြိုကြသည်၊
မာန်သွေးခက်ဂိုထောင်ထဲဝင်ကာယုန်တစ်ကောင်ကိုနားရွက်ကကိုင်ကာမြက်ခင်းပေါ်ပစ်ချလိုက်သည်၊
Dobermannနှစ်ကောင်သည်ပြေးလိုက်ကာကိုက်ဖြတ်ချင်နေကြပေ့မဲ့သခင်ဆီကအချက်ပေးလေချွန်သံမကြားမချင်းရပ်စောင့်ကြသည်၊
မာန်သွေးခက်ကလေချွန်သံပေးမှထိုယုန်လေးကိုအမဲဝိုင်းဖြတ်ကြသည်၊
ထိုမြင်ကွင်းကိုပြက်လုံးတခုလိုကြည့်ကာရယ်မောပစ်ပြီးအိမ်ထဲဝင်လာသည်၊
'ဒီနေ့ညစာဘာများစားချင်လဲ၊boss'
'ဒီနေ့ငါရင်ထဲအပျော်တွေရှိနေတာမို့အစာမလိုဘူး၊ငါ့အခန်းထဲကိုမခေါ်ပဲမလာနဲ့၊တံခါးလည်းလာမခေါက်နဲ့၊ကယ်လ်ဗင်နဲ့ရိုလီလုပ်ထားတာတွေရှင်းလိုက်'
ရယ်မောရင်းအပေါ်ထပ်မိမိအခန်းဆီကိုတက်လာသည်၊
မိမိအခန်းထဲတွင်အကိုဖြစ်သူနှင့်ရိုက်ထားသည်ပုံများသာရှိသည်၊
'အကို၊ညီမလေးလေဂရေစ့်အောင်ခိုင်မျက်နှာကိုသေချာကြည့်ခဲ့တယ်၊သူတော်တော်ကိုကြောက်နေတာ၊ကြောက်သင့်တာပေါ့၊ငါ့အကိုဘယ်လောက်တောင်စိတ်ဆင်းရဲခဲ့ရလဲ၊အရာအားလုံးအတွက်သူကြောက်နေရမှာ၊အသက်တချောင်းအတွက်အသက်တစ်ချောင်းပြန်ပေးဆပ်ရမယ်'
အိမ်ပြန်ရောက်သွားတဲ့ရှားလော့မျက်လုံးထဲမာန်သွေးခက်ရဲ့အပြုံးတွေကိုသာမြင်ယောင်နေသည်၊
'သမီးရေ၊မုန့်ရပြီလေ၊သမီး'
ဘာမှပြန်မဖြေပဲတွေးကာရယ်နေတဲ့သမီးဟာဘာဖြစ်နေမှန်းမျက်မှန်းတန်းသိသည်၊
'ရှားလော့လေး'
'ရှင်၊မားမား၊'
ရွှေရုပ်လွှာကိုမြင်မှပြေးဖက်ကာအရှက်ဖြေနေတဲ့သမီးမျက်နှာကိုကြည့်ကာ
'ဘာတွေသဘောကျနေတာတုန်းသမီးရဲ့'
'ဘာမှမဟုတ်ပါဘူး'
'သေချာပါတယ်မားမားရဲ့'
'ဒါဆိုလည်းမုန့်လာစား၊အန်တီယင်းမာတို့ပေးတဲ့စတော်ဘယ်ရီကိုဖျော်ရည်လုပ်ထားတယ်၊ပြီးတော့ပေါင်မုန့်မီးကင်လပြၽထားတယ်´
'ဟုတ်လာပြီ၊မားမား´
ညနေဘက်ဂရေစ့်တစ်ယောက်အိမ်ပြန်လာတော့ကားထဲကချက်ချင်းထွက်မလာတော့ရွှေရုပ်လွှာစိတ်ပူကာကားမှန်ကိုသွားခေါက်လိုက်တော့
'ဆောရီး၊ဘွားတော်၊ဂရေစ့်ရုံးမှာစိတ်ညစ်လာလို့´
ကားရဲ့passenger sideကိုရွှေရုပ်လွှာဝင်ထိုင်ကာ
ဂရေစ့်ကိုပွေ့ဖက်ထားလိုက်သည်
'ကလေးလေးကပင်ပန်းနေပြီလား´
'နည်းနည်း´
'ကလေးလေးကြိုက်တဲ့ပေါင်မုန့်နဲ့စတော်ဘယ်ရီဖျော်ရည်လုပ်ထားတယ်´
'အဲ့တာကြောင့်ချစ်နေရတာ´
နှုတ်ခမ်းတို့ကိုအနမ်းပေးလိုက်ကာပခုံးလေးပေါ်မှီရင်း
ပြုံးနေတဲ့ဂရေစ့်ဟာတခုခုဖြစ်နေသည်ကိုရွှေရုပ်လွှာမပြောပဲသိနေသည်၊
'ကလေးလေးဘာတွေတွေးနေတာလဲ´
ကားနောက်ကြည့်မှန်မှာချိတ်ထားသည်ဓာတ်ပုံလေးတွေကိုကြည့်ကာဂရေစ့်ပြုံးသည်၊
'ရှားလော့လေးနဲ့ရတုလေးအကြောင်းပါ၊ကလေးတွေကြီးလာတာမြန်သလိုပဲပထမဆုံးလမ်းလျှောက်ချိန်လေးတွေ၊ပထမဆုံးစကားပြောချိန်တွေ၊စက်ဘီးစစီးချိန်တွေကိုပြန်တွေးကြည့်နေရုံပါ၊´
'ဟုတ်ပါ့၊ကလေးတွေလည်းကြီးပြီ၊အန်တီလည်းအိုလာပြီ´
မျက်နှာမှာဇရာဆိုတာဘာလဲကိုပြသည့်အရေးအကြောင်းတချို့ပေါ်နေလေသော်လည်းချောမောမှုတွေကိုတော့ဖျောက်မရ၊
'အိုပါဘူး၊ဘွားတော်ကချောတုန်း´
အနမ်းများပေးကာအလွမ်းသယ်နေသည့်မိခင်တို့ကိုအိမ်ထဲကထွက်လာတဲ့ရှားလော့မြင်တော့စချင်လာသည်၊
ကားနားကိုမိခင်တို့မမြင်အောင်သွားကာ
ဂရေစ့်ထိုင်သည့်ဘက်အခြမ်းကိုရောက်မှ
'ကြွက်ကြီး!!!အား!!!´
လန့်လန့်နှင့်ဂရေစ့်တံခါးကိုအားဖြင့်ဖွင့်လိုက်ရာ
ရှားလော့မျက်နှာကိိုရိုက်မိသွားလေသည်၊
ဂရေစ့်နှင့်ရွှေရုပ်လွှာခဏတာကြောင်သွားကြသည်
'အား....မာမီ၊မားမား´
ငိုသံကြားတော့ပြာကာကားထဲက​ထွက်လာကြသည်၊
'ရှားလော့!´
အိမ်ထဲမှယင်းမာတို့လည်းထွက်လာကြသည်၊
နှာခေါင်းကိုကာထားတာကိုဖယ်ကြည်မှနှာခေါင်းသွေးများလျံနေသည်ကိုတွေ့လိုက်သည်
အားလုံးအထဲပြန်ဝင်ကာသွေးတိတ်အောင်ရွှေရုပ်လွှာလုပ်ပေးရင်း
'ရှားလော့အောင်ခိုင်၊ဘာလို့အဲ့လိုလုပ်တာလဲ၊မအေမွေးတုန်းကအကောင်းအခုမှကျိုးချင်ကန်းချင်နေတာလား´
'မာမီတို့ကအာဘွားမွချိလုပ်နေကြတော့သမီးစချင်တာပေါ့´
အားလုံးတိတ်သွားပြီးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာရယ်ကုန်ကြသည်

အလုပ်တွေကနေကောင်းတာနဲ့ပြန်များလာတော့စာရေးတာကြာသွားတာဒီတပိုင်းကို၃ရက်လောက်ရေးရတယ်၊
ဝေဖန်ပေးပါဦးရှင့်

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now