side story:3

552 65 0
                                    

'မာမီသမီးသဘောမတူဘူး၊ဒီကောင်မလေး၂ယောက်ကိုအိမ်ပေါ်ခေါ်ထားရလောက်တဲ့အထိဘာကျေးဇူးတွေရှိလို့လဲ´
'အခုသူတို့နေတဲ့အိမ်ကလည်းအကြွေးပေးဖို့ရောင်းမှရမှာ၊မဟုတ်ရင်၊ထက်သဒ္ဒါကိုအမှုတွေထပ်တပ်ပြီးပိုဆိုးသွားလိမ့်မယ်´
'သမီးမေးနေတာရှင်းရှင်းလေးမာမီ၊ဘယ်ကျေးဇူးတွေရှိဖူးလို့လဲ´
'နင်တူမသေတာယွန်းထက်ကြောင့်၊ရွှေရတုရဲ့၊နင်သွားပြီးသိပ်မကြာဘူးနင်တူမာန်ရှားအောင်ယာဥ်တိုက်မှုဖြစ်တယ်၊သွေးထွက်လွန်းပြီးကုမရတော့တဲ့အထိဖြစ်ခဲ့တယ်၊အကယ်လို့သာယွန်းထက်လေးအမေသာသွေးလှူပြီးမကယ်ခဲ့ရင်အခုအချိန်မာန်ရှားအောင်ဆိုတာရှိမှာတောင်မဟုတ်ဘူး၊ဒါကြောင့်ငါကခေါ်ထားမယ်ဆို၊ခေါ်ထားမယ်ပဲ၊ဘာမှထပ်မပြောနဲ့´
'မာမီ´
ဒေါ်ဂရေစ့်အောင်ခိုင်ပြောပြီးသည်နှင့်ထွက်သွားလေသည်၊
ရွှေရတုလည်းကလေးမတွေကိုထမင်းချိုင့်ပို့ရင်းအကျိုးအကြောင်းပြောပြရန်ထွက်လာသည်
'ကဲ၊ထမင်းစားမယ်၊´
ခေါ်လိုက်သည်နှင့်ယွန်းထက်နှင့်သွန်းထက်ညီအမနှစ်ယောက်ရောက်လာကြသည်၊
'မင်းတို့ကိုပြောစရာရှိတယ်´
ယွန်းထက်ထမင်းစားရင်းရွှေရတုကိုမော့ကြည့်လိုက်သည်၊
'မင်းတို့အိမ်ကိုမင်းအမေကရောင်းပြီးအကြွေးဆပ်ဖို့မှာလိုက်တယ်´
'ဘာ!၊အဲ့တော့ကျွန်မတို့ဘယ်မှာသွားနေရမှာလဲ!´
'မင်းတို့ညီအမတွေကိုငါနဲ့ငါ့အမေကခဏတာဝန်ယူထားမယ်´
'ဟာ၊အဓိပ္ပာယ်မရှိတာ´
'အေး၊ငါလည်းအဓိပ္ပာယ်မရှိဘူးထင်တယ်၊ဒါပေ့မဲ့မာမီရဲ့တချက်လွှတ်အမိန့်ကိုငါမနာခံလို့မရဘူး၊အဲ့တော့မင်းတိူ့အထုတ်အပိုးပြင်ပါ၊နောက်၂ရက်နေရင်ငါမင်းတိူ့ကိုလာခေါ်မယ်´
'ကျွန်မသိပြီ၊အဒေါ်ကြီးကမေကေိုမရလို့သမီးတွေကိုပါကြံဖို့လုပ်နေတာလား´
ရွှေရတုမိမိရဲ့စေတနာကဝေဒနာဖြစ်သွားတာမို့ဒေါသတကြီးစားပွဲကိုလက်နဲ့ပုတ်ကာ
'ဟဲ့ကောင်မလေး၊မင်းငါ့ကိုမစော်ကားနဲ့၊မင်းအမေနဲ့ငါသူငယ်ချင်းတွေထက်ပိုခဲ့ကြတာဟုတ်တယ်၊ဒါပေ့မဲ့ငါမင်းပြောသလိုအောက်တန်းမကျဘူး၊ငါနိုင်ငံခြားမှာထားခဲ့တဲ့ငါ့Exတောင်မင်းထက်ပိုရင့်ကျက်တယ်ကွ၊ငါကကလေးအရွယ်နဲ့တွဲရအောင်ငါ့အတွက်မိန်းမမရှားဘူး၊၊မင်းမနေချင်လည်းနေပေါ့၊ငါဘက်ကအသာကြီး၊အမှုကိစ္စကူညီတာနဲ့တင်တော်တော်များနေပြီ´
ရွှေရတုလည်းကားသော့ကိုယူကာအိမ်ထဲကထွက်သွားလေသည်၊
'မမကလည်းသူများကကူညီနေတာကို´
'သွန်းထက်၊နင်ဘာမှမသိပဲဝင်မပါနဲ့၊နင်ကအဲ့မိန်းမကြီူအကြောင်းဘာသိလို့လဲ´
'မေမေရည်းစားဟောင်းမှန်းလည်းသိတယ်၊မမသူ့ကိုကြည့်မရတာလည်းသိတယ်၊ဒါပေ့မဲ့အခုအချိန်ထိစားဖို့ကအစမပူရအောင်သူပဲကူညီနေတာလေ´
'တော်စမ်း၊နင်စားစရာရှိတာစား၊ငါကိုစကားလာမရှည်နဲ့´
၂ရက်ခန့်ကြာသော်ရွှေရတုသစ်ခွပန်းများကိုရေလောင်းပေးနေစဥ်
မိခင်ဖြစ်သူကားဟွန်းတီးလိုက်၍ခြံတံခါးထဖွင့်ပေးလိုက်သည်၊
ကားနောက်ခန်းမှအထုတ်လေးတွေကိုယ်စီမကာထွက်လာတဲ့ယွန်းထက်နဲ့သွန်းထက်ညီအမကိုမြင်တော့ရွှေရတုခါးထောက်ကာကြည့်နေသည်
'ဘာလာလုပ်တာလဲ´
ယွန်းထက်မျက်ခုံးများတွန့်ချိုးနေသော်လည်းသက်ပြင်းချကာ
'အိမ်ဂရံဆုံးသွားလို့အ​ကြွေးရှင်တွေမောင်းချလို့ဆင်းလာတာ´
'အဲ့တာနဲ့ပဲ၊ငါအိမ်ပေါ်တက်လာတယ်ပေါ့´
ဒေါ်ဂရေ၀့်အောင်ခိုင်သမီးဖြစ်သူခေါင်းကိုခေါက်လိုက်ကာ
'ကလေးတွေကိုဝမ်းနည်းအောင်မလုပ်စမ်းနဲ့၊ရတု၊၊သမီးလေးတို့လာ၊ဘွားဘွားအခန်းလိုက်ပြမယ်၊ရတုကလေးတွေအထုတ်ဝိုင်းသယ်ပေး´
ယွန်းထက်လည်းလက်ထဲကအထုတ်ကိုရတုဆီပေးကာခြေလွတ်လက်လွတ်ထွက်သွားလေသည်၊
'အန်တီ၊သမီးသယ်လိုက်ပါမယ်၊မမကစိတ်မကြည်လို့ပါ၊တောင်းပန်ပါတယ်နော်´
'ရပါတယ်၊သမီးကောအဆင်ပြေလား၊သွန်းထက်၊´
'မေမေကိုနည်းနည်းလေးလွမ်းပေ့မဲ့အဆင်ပြေပါတယ်၊ကျောင်းမှာတော့သူငယ်ချင်းတွေကသိပ်မခေါ်တော့ဘူး´
သွန်းထက်တစ်ယောက်အဆင်ပြေသလိုဟန်ဆောင်ကာပြောနေပုံကရွှေရတုကိုဝမ်းနည်းစေသည်၊
'အဆင်ပြေသွားမှာပါ၊စိတ်မကောင်းမဖြစ်နဲ့´
'ဟုတ်´
ယခင်ကရှားလော့အောင်ခိုင်နေခဲ့သည့်အခန်းကိုရှင်းလင်းကာကုတင်းနှစ်ခုထားကာကလေးနှစ်ယောက်အားနေစေသည်၊
'အခန်းကတော့သိပ်မကျယ်ဘူးသမီးတို့၊မာန်ရှားလေးအမေငယ်ငယ်ကနေခဲ့တဲ့အခန်းလေ၊´
'ရပါတယ်၊ဘွားဘွားရဲ့´
ရွှေရတုလည်းတံခါးကိုမှီကာလက်ပိုက်ကြည့်နေလိုက်သည်၊
'မမ၊ပြောစရာရှိတာပြောလိုက်လေ´
သွန်းထက်သတိပေးမှုကြောင့်ယွန်းထက်လည်းရွှေရတုကိုမျက်စောင်းထိုးကာ
'တောင်းပန်တယ်၊မနေ့ကပြောမိတာအတွက်´
'ဘာပြောတယ်၊မကြားလိုက်ရဘူး´
'ကန်းနေလား၊အဒေါ်ကြီး´
'အောင်မာ´
'မမ၊သေချာပြန်ပြောလိုက်ပါ´
ယွန်းထက်လည်းကုတင်ပေါ်တက်ထိုင်လိုက်ကာ
'တောင်းပန်တယ်၊တနေ့ကပြောမိတဲ့အတွက်၊ခွင့်လွှတ်ပေးပါ´
'စဥ်းစားလိုက်ဦးမယ်´
ရွှေရတုလှည့်ထွက်သွားတော့ယွန်းထက်စိတ်တိုသွားလေသည်၊
'မင်းတို့အဒေါ်ကိုခွင့်လွှတ်ပေးလိုက်ပါကွယ်၊နိုင်ငံခြားမှာသူချစ်သူနဲ့ပြတ်လာတော့စိတ်ဆတ်နေတာ´
'သြော်လက်စသတ်တော့ကျန်ရစ်ဖြစ်လာလို့ကို´
နောက်နေ့မနက်၈နာရီခွဲပြီး၉နာရီမှထလာတဲ့ညီအမနှစ်ယောက်ကိုရွှေရတုမျက်ထောင့်နီနဲ့ကြည့်နေသည်၊
'အခုဘယ်နှနာရီရှိပြီလဲသိကြလား´
'အိပ်ရာပြောင်းတော့သမီးတို့အိပ်တာနောက်ကျသွားတာပါအန်တီ´
'မဟုတ်ပါဘူးသွန်းထက်နင်ကဘာလို့မျက်နှာချိုသွေးပြေညနေတာလဲ၊မထချင်လို့မထတာ´
'ဘာ!ယွန်းထက်!မင်းကအခုငါ့အိမ်မှာနော်၊ငါအိမ်မှာနေရင်ငါ့စည်းကမ်းနဲ့ပဲနေရမယ်၊´
'ရတု၊တော်စမ်း၊ကလေးတွေ​ပျော်သလိုနေပါစေ၊သူတို့ခင်မျာစိတ်ထိခိုက်နေတာ´
'မာမီ၊စိတ်တိုချင်တို၊ဆိုးချင်ဆိုး၊မာန်ရှားအောင်တောင်အကျင့်မပျက်ဘူး၊မိန်းကလေးတန်မဲ့နဲ့ဒီလောက်ထိအကိင့်ပိက်နေတာမဟုတ်သေးဘူး´
'ဘာ!၊ဒီမယ်ဒေါ်ရွှေရတု၊ကျွန်မတို့ကိုမနေစေချင်ထွက်သွားပေးမယ်၊အကျင့်ပျက်တယ်ပြောရအောင်ကျွန်မတို့ထလာတဲ့အချိန်ကအဲ့လောက်နောက်မကျသေးဘူး၊ရှင့်တူဘာသာ၅နာရီမကလို့၆နာရီထထ၊ကျွန်မတို့နဲ့မဆိုင်ဘူး၊´
'ကဲတော်ကြတော့!ရတုကော၊ယွန်းထက်ကောရပ်၊မနက်စာစားမယ်၊ထိုင်ကြ´
ရွှေရတုထိုင်လိုက်ကာ
'မင်းတို့နိုးအလာကိုစောင့်နေတာ၊ငါအမေကမနက်ဆိုဆေးသောက်ရတယ်၊အချိန်ကျော်လို့မရဘူး၊အခုဆိုအချိန်ကျော်တော့မယ်၊အခုမှဆေးသောက်ရတယ်၊ငါမျက်နှာမကြည့်ရင်နေ၊ငါအမေမျက်နှာကြည့်ကြ´
ရွှေရတုပြောရင်းမိခင်စားဖို့ထည့်ပေးပြီးသောက်ရန်ဆေးပေးလိုက်သည်
ရွှေရတုစကားကြောင့်ယွန်းထက်အားနာစိတ်ဝင်သွားသည်၊
'သမီးတို့တောင်းပန်ပါတယ်၊ဘွားဘွားရယ်၊ညကသမီးတို့အိပ်မပျော်ကြလို့ပါ´
'ရပါတယ်၊ရတု၊သမီးကလည်းကလေးတွေကိုအလျော့ပေးလိုက်လေ´
'ဟုတ်ကဲ့ပါ၊မာမီ၊မာမီသာကျန်းမာရေးဂရုစိုက်´
ထိုအချိန်ကားဟွန်းသံကြောင့်ရွှေရတုခြံတံခါးသွားဖွင့်လိုက်သည်၊
'ရတု၊နေကောင်းတယ်မလား၊´
'ဟုတ်ကောင်းပါတယ်´
မာန်သွေးခက်ဆင်းလာကာနှုတ်ဆက်လိုက်သည်
'ရောက်နေတာသိတယ်၊Companyကအလုပ်တွေဖြတ်မရတာနဲ့မလာဖြစ်တာ၊အခုတောင်မနည်းရပ်ပြီးယွန်းထက်တို့အခြေအနေလာကြည့်တာ´
'ရပါတယ်၊USရုံးကလည်းအဆင်ပြေနေပြီမို့၊ပြီးတော့လည်းမာမီ​ကိုတစ်ယောက်တည်းစိတ်မချတာကြောင့်ခဏတဖြုတ်ပြန်လာတာပါ´
'အခုတော့ကြာတော့မယ်မလား´
'ကြာရတော့မှာပေါ့၊ထက်သဒ္ဒါကသူ့အရှုပ်ထုတ်ကိုကူညီဖို့အားကိုးရှာမှတော့မကူညီပဲနေမရတော့ဘူးလေ၊ဒါနဲ့အမကော´
'နင်အမကလှည်းတန်းဘက်မှာသူ့ပြပွဲရှိလို့သွားတယ်၊အဲ့တာသားနဲ့ငါကကလေးတွေကိုလာခေါ်တာ၊ကြည့်ချင်ကြမယ်ထင်လို့´
'ဒါဆိုသွားနှင့်လိုက်လေ၊မာမီနဲ့ဟိုကမြင်းမသမီးလေးတွေပါခေါ်ခဲ့လိုက်မယ်´
မာန်သွေးခက်လည်းခပ်သဲ့သဲ့ရယ်ကာကားပေါ်ပြန်တက်လိုက်သည်၊
'ဒါဆိုသွားနှင့်ပြီနော်´
'ဟုတ်´
ပြပွဲ၌အမဖြစ်သူရှားလော့အောင်ခိုင်ရဲ့လက်ရာများအပြင်တခြားသောတက်သစ်စပန်းချီဆရာများရဲ့လက်ရာများကိုလည်းတွေ့ရလေသည်၊
အရောင်များစုတ်ချက်များကိုစိတ်ဝင်တစားရွှေရတုကြည့်နေသည်၊
'ဒီပန်းချီကားမှာကတော့ကျွန်မရဲ့မိဘနှစ်ပါးဖြစ်တဲ့ဒေါ်ဂရေစ့်အောင်ခိုင်နဲ့ဒေါ်ရွှေရုပ်လွှာတို့ရဲ့wedding nightကိုinspireယူဆွဲထားတာဖြစ်ပါတယ်´
ဂရေစ့်လည်းသမီးဖြစ်သူရှားလော့ရဲ့ပန်းချီကားကိုကြည့်ကာအရင်အချိန်များကိုလွမ်းဆွတ်တမ်းတမိသွားသည်
'မာမီ၊မငိုပါနဲ့´
သမီးနှစ်ယောက်ကအမေပါးပြင်ကမျက်ရည်များကိုသုတ်ပေးပြီးပွေ့ဖက်ထားလိုက်သည်၊
'မျိုးဆက်၂ဆက်တောင်ရှိပါပြီးလား၊´
ဂရေစ့်အောင်ခိုင်လည်းတီးတိုးရွတ်ဆိုလိုက်သည်၊
မိဘတွေရဲ့သူငယ်ချင်း....ထိုမှစ၍အမွေထိန်းရှေ့နေ့၊တဖန်ချစ်သူရည်းစားအဆင့်၊နောင်ကျအိမ်ထောင်ဦးစီးအဖြစ်နောက်ဆုံးမှတော့ဘဝကိုအငြိမ်းစားရှေ့နေ့အဘွားတစ်ယောက်အဖြစ်နဲ့အေးချမ်းစွာအသက်ဆုံးပါးသွားသူဒေါ်ရွှေရုပ်လွှာဟာဂရေစ့်အောင်ခိုင်ရဲ့နုပျိုမြဲနှလုံးသားထဲထာဝရရှင်သန်နေမှာပါ၊
ပြပွဲအပြီးရှားလော့အောင်ခိုင်နှင့်မာန်သွေးခက်တို့အိမ်၌မုန့်လုပ်စားဖြစ်ကြသည်၊
မာန်သွေးခက်၊ရွှေရတုနှင့်ဂရေစ့်အောင်ခိုင်တို့ကမီးဖိူချောင်ဝင်ကာချက်ပြုတ်နေချိန်
ရှားလော့အောင်ခိုင်ကလေးများနဲ့အတူမြက်ခင်းပြင်ပေါ်မှာဖျာကလေးခင်းကာပန်းချီထိုင်ဆွဲနေကြသည်
ခဏအကြာမာန်သွေးခက်ထွက်လာကာရှားလော့ပခုံးပေါ်မေးတင်ကာ
'ဘာပုံဆွဲနေလဲ၊အသေးလေး´
'သြော်၊ဒီမှာလေ´
ရှားလော့ဆွဲ ထားသည့်ပုံကိုမာန်သွေးခက်ကိုပြလိုက်လေသည်၊
'တို့မျက်နှာကိုတောင်မင်းလေးကအလွတ်ရနေတာပေါ့၊ဟုတ်လား´
'ဒီလိုပါပဲ၊ချစ်တော့လည်းအမြဲသတိရနေတာပေါ့၊ဟောဒီမျက်လုံးတွေ၊နှုတ်ခမ်း၊နှာခေါင်း၊မေ့မရဘူး၊´
မာန်သွေးခက်လည်းစကားတတ်တဲ့ရှားလော့နှုတ်ခမ်းကိုနမ်းလိုက်သည်၊
ကလေး၃ယောက်ကဆွဲနေရင်းတန်းလန်းပါးစပ်အဟောင်းသားနဲ့ကြည့်နေရာမာန်သွေးခက်မှာလက်ဖျောက်တီးလိုက်ကာကိုယ်အလုပ်ကိုယ်လုပ်ရန်သတိပေးလိုက်သည်၊
ရှားလော့လည်းရယ်လိုက်ကာမာန်သွေးခက်ရင်ခွင်ထဲဝင်နေလိုက်သည်
'ဟဲ့၊မာန်ရှားအောင်၊နင်အမေတွေကအမြဲအဲ့လိုပဲလား´
'ပညာရပါတယ်ဟာ၊လွှတ်ထားလိုက်စမ်းပါ´
ရွှေရတုထွက်လာကာတီးတိုးဆိုလိုက်သည်
'သြော်၊မုန့်စားဖို့ခေါ်ခိုင်းလိုက်တာ၊ဒင်းကငါ့အမကိုပြန်စားနေပါလား´
ဖျာပေါ်တက်ထိုင်ကာ
'ကဲ၊အကင်တွေရပြီလို့အေးကုန်မယ်၊ဟိုလင်မယားလည်းတော်တော့၊အကင်စားဖို့လည်းနေရာချန်ကြဦး၊ထကြ´
ထမင်းစားပွဲပေါ်အကင်နှင့်အအေးများခင်းကျင်းထားပြီးလူကြီးများကတော့ရေခဲပုံးထဲကဘီယာဘူးများဖောက်သောက်လ်ုက်ကြသည်
ထိုအချိန်ဆက်တိုက်မြည်နေတဲ့ရွှေရတုဖုန်းကိုရှားလော့မြင်ရာ
'ဟဲ့၊ဖုန်းလာနေတယ်လေ´
ရွှေရတုလည်းဖုန်းနံပါတ်ကိုကြည့်ပြီးစက်ပိတ်ချလိုက်သည်၊
'ထားလိုက်၊စားစရာရှိတာစား´



တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now