5

646 73 4
                                    

မာန်သွေးခက်တစ်ယောက်ရုံးခန်းထဲတစ်ယောက်တည်းအလုပ်ရှုပ်နေသည်၊
နေသူရိန်လည်းခွင့်တပတ်လောက်ယူပြီးမိခင်ဆီခဏပြန်ရန်ခွင့်တောင်းရန်ဝင်လာရာ
'အကိုbossကိုဒါလေးပေးပေးပါ၊သူမှာထားတဲ့ပစ္စည်းလေးပါလို့´
'သြော်အင်း၊´
ရုံးခန်းထဲဝင်သွားရာ
'တီလေး၊မှာထားတဲ့ပစ္စည်းတဲ့´
'သြော်အေး၊ပေး´
Lap topမှာကမ်းပေးတဲ့USBကိုထိုးလိုက်သည်
ခဏအကြာမာန်သွေးခက်videoတခုကိုကြည့်နေသည်၊
ပန်းဆိုင်ရှေ့မှာရပ်နေသည့်ကားထဲမှရွှေရုပ်လွှာထွက်သွားသည်၊
ထိုကားထဲမှာရှားလော့အောင်ခိုင်တစ်ယောက်တည်းကျန်ခဲ့သည်
bubble teaကိုအရသာခံသောက်လို့ကုန်တော့ရေခဲတုံးကိုမရမကမော့ကာယူနေသည်၊
ရေခဲတုံးကကြီးနေတာကြောင့်ပါးစပ်နှင့်မဆံ့ရာ
ခွက်ထဲပြန်ထွေးထုတ်လိုက်သည်
မာန်သွေးခက်သေချာကြည့်ကာ
'သူရိန်လာကြည့်စမ်း၊အဲ့အသေးလေးပြန်ထွေးထုတ်လိုက်တာလား´
နေသူရိန်သေချာကြည့်ကာ
'ဟုတ်တယ်၊တီလေး´
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
videoကိုရပ်လိုက်သည်၊
'ကဲနင်ကဘာကိစ္စလဲ´
'အမေဆီပြန်ချင်လို့ပါ၊တီလေး´
'ဟဲ့၊နင်အမေဆီတလောကပဲပြန်ခွင့်ပေးတယ်လေ၊ဘာတွေအဲ့သလောက်တောင်အလောတကြီးဖြစ်နေတာလဲ´
'ဘာမှမဟုတ်ပါဘူး၊အမေကကျန်းမာရေးသိပ်မကောင်းတော့ကျွန်တော်စိတ်မချလို့ပါ´
'မသွားနဲ့၊ငါလူလွှတ်ပေးလိုက်မယ်၊ဒီရက်ပိုင်းGrace the Gloryအတွက်surpriseလေးရှိတယ်၊ငါအလုပ်ရှုပ်မှာမို့၊မသွားနဲ့ဘယ်မှ´
'ဟုတ်ကဲ့ပါ၊´
ရှားလော့အောင်ခိုင်သူငယ်ချင်းဖြစ်သူသွန်းစက်မွေးနေ့ရှိသည်မို့သွန်းစက်အိမ်တွင်ကူလုပ်နေသည်၊
'ဟဲ့ရေ၊မုန့်လိုက်ဝေရမယ်၊နင်လိုက်မလား´
'အေးလိုက်မယ်၊´
ခြံကြီးတခုဆီရောက်တော့
'ဟဲ့၊နင်bellတီးနှင့်၊ဝင်မသွားနဲ့နော်အထဲမှာခွေးကြီး၂ကောင်ရှိတယ်´
'အေးပါ´
'ငါဟိုဘက်အိမ်သွားပေးလိုက်ဦးမယ်´
စတီးချိုင့်က်ိုလက်လွဲကိုင်ကာbellကိုတီးလိုက်သည်၊
လူသံကောခွေးသံမကြားတာကြောင့်ရှားလော့တစ်ယောက်အိမ်ထဲဝင်သွားလိုက်သည်၊
'အိမ်ရှင်တို့၊မုန့်လာပို့တာပါ´
'အယ်ကလေးမ၊တော်သေးလို့ပေါ့၊ကယ်လ်ဗင်နဲ့ရိုလီမလွှတ်ထားလို့´
'ရပါတယ်အကြီးရဲ့၊သမီးကဘေးအိမ်ကပါ မွေးနေ့အတွက်မုန့်လေးလာပို့ပေးတာပါ´
'သြော်အေးသမီး၊အထဲဝင်ပါလား၊ခဏနေကယ်လ်ဗင်နဲ့ရိုလီကိုခြံထဲလွှတ်ထားမှာမို့´
'ရပါတယ်အကြီး၊သမီးကခွေးကြောက်ဘူး´
'သြော်အေး၊ထိုင်နေနော်၊အကြီးကယ်လ်ဗင်တို့ကိုမလွှတ်ဖို့ပြောလိုက်ဦးမယ်´
'ဟုတ်´
အဒေါ်ကြီးအိမ်ထဲဝင်သွားတော့ခြေဂနာမငြိမ်ကာခြံထဲကပန်းပင်တွေကိုလျှောက်ပတ်ကြည့်နေရာရုတ်တရပ်ခွေးကြီး၂ကောင်မိမိအားမာန်ဖီနေတာမြင်တော့​ကြောက်လာကာပြေးလေသည်၊
နောက်ဆုံးကြံရာမရဖြစ်ကာသရက်ပင်ပေါ်တက်ပြေးလေသည်
ခွေးကြီးများကခြေထောက်ကိုလှမ်းကိုက်ရန်လုပ်ရာရှောင်ရင်းဖိနပ်တဖက်ကျွတ်သွားရာဖိနပ်တဖက်ကိုအမဲဝိုင်းဖြတ်နေတော့
ရှားလော့အောင်ခိုင်ငိုတော့သည်
'ငါ့ဖိနပ်!ခွေးစုတ်ခွေးနာတွေ!´
ထိုအချိန်ခြံထဲသို့ကားတစ်စီးဝင်လာသည်၊
ကားပေါ်ကနေဆင်းလာတဲ့မာန်သွေးခက်သရက်ပင်အောက်မှာအပေါ်ကိုထိုးဟောင်နေတဲ့ကယ်လ်ဗင်နဲ့ရိုလီကိုတွေ့တော့အနားသွားကာအပေါ်ကိုမော့ကြည့်ရာမထင်ထားသူလေးကြောင့်အံသြမှင်သက်နေသည်၊
'ဟာအန်တီကြီး၊ခွေးတွေကကိုက်တယ်၊အနားမကပ်နဲ့ရယ်´
'ကယ်လ်ဗင်၊ရိုလီ၊go!´
သခင်အမိန့်ရသည့်နှင့်အိမ်နောက်ဘက်ကိုပြေးသွားကြတဲ့ခွေးနှစ်ကောင်ကိုကြည့်ကာရှားလော့မျက်မှောင်ကြုံလိုက်သည်
'အန်တီကြီး၊အဲ့တာအန်တီကြီးခွေးတွေပေါ့´
'ဟုတ်တယ်´
'ရှားလော့ဖိနပ်ကိုကိုက်လိုက်တယ်၊ပြန်လျော်´
'အောင်မာ!မင်းကဘာလို့ခြံထဲဝင်လာလဲ´
'bellတီးတာဘယ်သူမှထွက်မလာလို့လေ´
'ကဲ၊ထားလိုက်၊မင်းဆင်းလာခဲ့´
ထိုအခါကျမှရှားလော့ရယ်ကြဲကြဲလုပ်ကာ
'ပြန်မဆင်းတက်တော့ဘူး´
'ဟ!အသေးလေးမင်းဘယ်လိုတက်သွားလဲ´
'ဒီတိုင်းပဲကြောက်ကြောက်နဲ့တက်သွားတာပဲလေ၊အန်တီကြီးခွေးတွေကလိုက်ကိုက်တာကို´
'ကောင်းရော၊ကဲ၊ခုန်သာချလိုက်´
'ဟင့်အင်း´
'ငါရှိတယ်၊ခုန်ချလိုက်´
'မလုပ်ရဲဘူး´
'ရဲရဲသာခုန်စမ်းပါ´
ခုန်ချလာတဲ့ရှားလော့မာန်သွေးခက်ပေါ်ပုံ့ပုံ့လေးကျသွားပြီးမာန်သွေးခက်ပါးကိုသူမနှုတ်ခမ်းနဲ့ထိမိသွားသည်၊
မာန်သွေးခက်ရှက်သွေးဖြာသွားကာကြောင်သွားသည်၊
ရှားလော့လည်းသူမနှုတ်ခမ်းလေးကိုလက်နဲ့ကာကာနေသည်၊
မြက်ခင်းပြင်ပေါ်မှာရှားလော့ခါးကိုဖက်ကာထားပြီးမျက်နှာဟာပန်းရောင်သွေးနေတဲ့အဒေါ်ဖြစ်သူကိုမြင်တော့နေသူရိန်စဥ်းစားရခက်နေသည်၊
'တီလေးတို့ကဘယ်လိုဖြစ်နေကြတာလဲ´
ချက်ချင်းဆိုသလိုနှစ်ယောက်သားမတ်တပ်ထရပ်ကာမျက်နှာတွေလွဲထားကြသည်၊
'သမီးရေချိုင့်ရပြီ´
'ဟုတ်အကြီး၊´
ဖိနပ်တဖက်မပါပဲပြေးသွားတဲ့ကလေးမကိုကြည့်ကာသက်ပြင်းချရင်းကလေးမနောက်လိုက်သွားသည်၊
'ဒါဆိုသွားခွင့်ပြုပါဦး၊အကြီး´
'ဟိုအသေးလေး၊နေဦး´
'မင်းဖိနပ်ဆိုဒ်ပြော´
'၄၀ပါ´
'အခုလောလောဆယ်ငါဖိနပ်စီးသွား၊´
မျက်လုံးချင်းမဆုံရဲဖြစ်နေကြပေ့မဲ့မာန်သွေးခက်သူမစီးထားတဲ့lady shoesကိုချွတ်ပေးကာအိမ်ထဲဝင်သွားသည်၊
စမတ်ကျလွန်းတဲ့အန်တီကြီးရဲ့နောက်​ကျောကိုကြည့်ကာပြုံးဖြီးကာထွက်လာသည်၊
'ဟဲ့ဘာဖြစ်နေတာလဲ´
'ဘာမှမဟုတ်ပါဘူးဟာ၊ငါညနေကျမှထပ်ခဲ့မယ်၊ပြန်လိုက်ဦးမယ်နော်´
'အေးအေး´
ရှားလော့တစ်ယောက်အိမ်ကိုပြုံးရွှင်စွာပြန်လာသော်လည်း
ဂရေစ့်အောင်ခိုင်၏အော်သံကြောင့်လန့်သွားသည်၊
'မာမီဘာဖြစ်လို့လဲဟင်´
'ဘာမှမဖြစ်ပါဘူးသမီးရဲ့၊သမီးညနေကိသွန်းစက်တို့အိမ်သွားရမှာမလား´
'ဟုတ်၊မာမီ´
'မာမီ၊မွေးနေ့လက်ဆောင်ဝယ်ဖို့credit cardလိုက်မယ်နော်´
'သမီးမှာရှိသေးတယ်မာမီ´
'မဟုတ်တာ၊လိုမှာပေါ့ယူသွားနော်´
'ဟုတ်´
'မာမီ၊ရုံးသွားရဦးမယ်သမီး၊မားမားလာရင်ရုံးကိုလိုက်ဲ့ဖို့ပြောပေးနော်´
'ဟုတ်မာမီ´
ပါးကလေးကိုတချက်နမ်းကာအမြန်ထွက်သွားတဲ့မိခင်ကိုကြည့်ကာရင်ထဲထိတ်တလန့်ဖြစ်နေသည်၊
ဂရေစ့်အောင်ခိုင်ရုံးရောက်တော့
'ဘယ်လိုဖြစ်တာလဲ၊အကို၊မနေ့ကအထိအကောင်းတွေပါ၊´
'မသိဘူး၊စက်ရုံမှာတိရစ္ဆာန်သားရေနဲ့သားမွှေးတွေတွေ့လို့ပြောတယ်၊´
'မဖြစ်နိုင်တာဂရေစ့်တို့ဘယ်တုန်းကမှအဲ့လိုတွေမလုပ်ခဲ့ဘူးလေ´
'အခုတော့ဖျောင်းဖြထားပေ့မဲ့မထူးလာဘူး၊အခုcompanyကိုချိတ်ပိတ်မယ်လုပ်နေတယ်´
'ဟာ၊´
ချက်ချင်းဆိုသလိုရွှေရုပ်လွှာပါရောက်ချလာသည်
'ကလေးဘယ်လိုဖြစ်တာလဲ´
'စက်ရုံမှာတိရစ္ဆာန်သားရေနဲ့သားမွှေးတွေရှာတွေ့လို့တဲ့၊အခုcompanyကိုချိတ်ပိတ်မယ်တဲ့´
'နေဦး၊အန်တီပြောကြည့်မယ်၊ကလေးတို့ဘာမှဝင်မပြောနဲ့နော်´
တကယ်တမ်းစစ်ဆေးရေးအဖွဲ့များမှာတရားစွဲဆိုထားပြီးဖြစ်တာကြောင့်လုပ်ငန်းများရပ်ဆိုင်းရမည့်သတိပေးစာလာပေးတာဖြစ်ကြောင်းပြောသည်၊အမှုရင်ဆိုင်ရန်သာနောက်ဆုံးအခွင့်အရေးဖြစ်နေတာကြောင့်ခေါင်းငြိမ့်ကာသတိပေးစာကိုယူလိုက်သည်၊
companyထဲကထွက်လာချိန်မြင်ဖူးနေသောလူတစ်ယောက်ကိုမြင်လိုက်ရ၍ဒေါသများထိန်းမရဖြစ်နေသည်၊
'ဘွားတော်ကားသော့ပေး၊အကိုနဲ့အိမ်ကိုပြန်နှင့်၊´
'ဂရေစ့်ဘယ်လဲ´
ဘာဆိုဘာမှမပြောပဲကားနှင့်ထွက်သွားသူကို​ငေးရင်းသာကျန်ခဲ့သည်
ထိုကားနောက်ကိုဂရေစ့်ထပ်ကြပ်မခွာလိုက်ရာနောက်ဆုံးထိုကားကိုကျော်ကာပိတ်ရပ်လိုက်သည်၊
ကားထဲမှနေသူရိန်ကိုမြင်တော့ချက်ချင်းဆင်းလိုက်သည်၊
နောက်ခန်းထဲမှမာန်သွေးခက်ဆင်းလာကာ
'ဘယ်သူများလဲလို့၊ဒေါ်ဂရေစ့်အောင်ခိုင်ကို၊ဒါနဲ့Companyမှာလူစုံနေတယ်နော်´
'နင်လုပ်တာမလား၊ဟမ်!နင်လုပ်တာမလား!´
'အမယ်လေး၊ဘာသက်သေတွေများရှိလို့လာစွပ်စွဲနေရတာလဲ´
'နင်ဘာကြောင့်လုပ်ရတာလဲ´
မာန်သွေးခက်မျက်လုံးများစူးရဲလာကာ
အပြုံးများပျောက်ကွယ်သွားသည်၊
'ငါ့အကိုအတွက်၊နင်သတ်လိုက်တဲ့ငါ့အကိုအတွက်´
'နင်အကိုအတွက်ဟုတ်လား!နင့်အကိုကဘာကောင်မို့လို့လဲ၊နက်ရှေ့ဆက်တိုးလာကြည့်နင်ကောနင်တူအသက်ပါဖက်နဲ့ထုတ်ထားစေရမယ်!´
'နင့်ကိုနင်သိပ်တော်နေပြီထင်နေလား၊နင်သတိတစ်ချက်အလွတ်မှာနင့်ဘဝတခုလုံးပျက်စီးသွားအောင်ငါလုပ်ပစ်နိုင်တယ်ဆိုတာနင်မမေ့နဲ့၊နင်ရဲ့အမျိုးသမီးနဲ့ကလေးတွေဘဝကိုပါငါပြောင်းပြန်လှန်ပစ်လို့ရတယ်ဆိုတာနင်သိထား´
'ငါမိသားစုတခုခုဖြစ်တဲ့နေ့၊ငါ့သမီးတွေကိုနင်လာထိတဲ့နေ့ကနကနင့်နိဂုံးကိုနင်ကိုယ်တိုင်အစပျိုးတဲ့နေ့ပဲ၊ငါအဆိုးမဆိုနဲ့မာန်သွေးခက်၊နင်တွေ့နေရတဲ့မိန်းမကနင်ထင်ထားတာထက်အကြောတင်းတယ်´
ဂရေစ့်အောင်ခိုင်ထွက်သွားသည်နှင့်နေသူရိန်က
'တီလေး၊ဘာတွေလုပ်နေတာလဲ´
'နင်အဖေငါအကိုအတွက်လက်စားချေနေတာ´
'တီလေး၊´
'ငါကိုစကားတွေလာမများနဲ့၊အိမ်ပြန်မယ်၊´
ကားပေါ်ရောက်မှမာန်သွေးခက်ဖိနပ်အပျက်လေးတခုကိုကိုင်ကာ
'ဒါနဲ့ငါမှာထားတဲ့sneakerရလား´
'ရတယ်´
'ညကျရင်နင်ဘေးအိမ်မှာသူ့ကိုရှာပေးလိုက်၊စကားလည်းပြောခဲ့ရင်းနှီးအောင်လုပ်ခဲ့၊အဲ့အသေးလေးကဂရေစ့်အောင်ခိုင်ရဲ့အားနည်းချက်ပဲ၊ကြားလား၊´
'ဟုတ်တီလေး´
ညပိုင်းနေသူရိန်လည်းအဒေါ်ဖြစ်သူညွှန်းကြားခဲ့သလိုပဲ
ရှားလော့အောင်ခိုင်နှင့်ရင်းနှီးမှုရအောင်လုပ်ရန်သွန်းစက်မွေးနေ့ကိုရောက်လာသည်၊
'ကိုသူရိန်၊အန်တီ​ကြီးမပါဘူးလားဟင်´
'ဟုတ်မပါဘူးခင်ဗျ၊ဒီမှာတီလေးပေးလိုက်တာပါ´
'သြော်ဟုတ်ကျေးဇူးပါ´
ဖွင့်ကြည့်လိုက်ရာသဘောကျသလိုကပြုံးပြီး
'အကိုအချိန်ရရင်တခုခုစားသွားလေနော်၊´
'ဟုတ်ကဲ့ပါခင်ဗျ´
တဖက်အိမ်ကဝရန်တာပေါ်မှာရှားလော့ကိုကြည့်ကာစီးကရက်ဖွာနေသည့်မာန်သွေးခက်ကပြုံးသယောင်ယောင်ပင်
'အသေးလေး၊အသေးလေး၊မင်းကမင်းမာမီလိုလည်းမခက်ထန်ဘူး၊မင်းမားမားလိုလည်းမတည်ငြိမ်ဘူး၊မင်းကဘယ်သူနဲ့တူတာလဲ၊ဦးအောင်ခိုင်ရဲ့မျိုးဆက်ထဲမှာဒီလိုချာတိတ်တွေရှိမယ်လို့ထင်တောင်မထားဘူး၊´
သေချာကြည့်ရင်းမာန်သွေးခက်ပြုံးကာ
'အသေးလေး၊မင်းငါ့လက်ခုပ်ထဲကရေဖြစ်ဖို့လိုနေပြီ´
ဂရေစ့်အောင်ခိုင်အိမ်တွင်ရောက်ယှက်ခက်နေသည်၊
'ကလေး´
'ဘွားတော်၊´
´စိတ်အေးအေးထားလေ၊ကလေးရဲ့´
'နိုင်ငံခြားcompanyတွေကလျော်ကြေးငွေတောင်းနေတယ်တဲ့၊Companyကလုံးဝဒေဝါလီခံရတော့မယ်အခြေအနေရောက်နေပြီ၊အမှုနိုင်ရင်တောင်ပြန်လည်ပတ်ဖို့မဖြစ်နိုင်ဘူး၊လျော်ကြေးမပေးရင်လည်းတရားစွဲခံရတော့မှာ´
'ကလေး၊companyကိုလက်လွှတ်လိုက်ပါလားကလေးငယ်၊အန်တီတို့ဒါတွေမလိုဘူးလေ၊´
'ကလေးတွေအတွက်ကကော´
'ကလေးတွေသူတို့ဘာသာရှာနိုင်တဲ့အခြေအနေရောက်နေပြီလေ၊ကလေးရယ်၊အရာရာကိုစိတ်ပူစရာမလိုတော့ပါဘူးကလေးရယ်၊စဥ်းစားကြည့်၊အန်တီတို့မှာဒီလုပ်ငန်းပဲရှိတာမဟုတ်ဘူးလေနော်´
'ဟုတ်၊´
'ကလေးလေးတွေးကြည့်ကုန်စုံဆိုင်လေးဖွင့်ပြီးအေးဆေးနေလိုကောမရလို့လားဟင်´
'ရပါတယ်၊´
'ပိုမအေးချမ်းဘူးလားကလေး´
'ဟုတ်၊အေးချမ်းတယ်´
'ဒါဆိုရပ်လိုက်တော့နော်´
'ဟုတ်အန်တီ´
ရွှေရုပ်လွှာရင်ခွင်ထဲတိုးဝင်ကာအကြင်နာအနမ်းများချွေကာ
စိတ်သက်သာရာရစေသည်

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now