11

692 72 3
                                    

'ဘွားတော်အဲ့လိုပြောတော့ဂရေစ့်ကဝမ်းနည်းတာပေါ့´
'တောင်းပန်ပါတယ်၊ကလေးလေးရယ်၊ဘွားတော်အမှားနော်´
'မားမားတို့ငြိမ်ငြိမ်နေမယ်၊ဒါနဲ့လေသမီးလေစက်ဘီးတိုက်မိတာပြောပြမယ်´
ဧည့်ခန်းထဲမိခင်နှစ်ယောက်ကိုမော်ဒယ်လ်ထိုင်ခိုင်းကာ
ပုံဆွဲနေသည့်ရှားလော့စကားဝင်ပြောသည်
'မားမား၊သမီး​လေသစ်ပင်ကိုအုန်းခနဲမြည်အောင်တိုင်မိတာသိလား´
'သမီးရယ်၊နောက်မှပြောပါ၊ဒီမှာမင်းမာမီညောင်းနေပြီ´
သြော်ပေါင်ပေါ်မှာထိုင်နေတဲ့လူကညောင်းတယ်တဲ့ဆိုပဲဟုရှားလော့တွေးနေသည်၊
'မားမားကလည်းပိုနေပြီ၊သမီးလေးမေ့လဲသွားတာလေ၊´
ရွှေရုပ်လွှာနားထဲဂရေစ့်တခုခုပြောလိုက်၍
'ကဲသမီး၊နောက်မှပြောတော့နော်၊မားမားနဲ့နောက်လည်းမျက်နှာချင်းဆိုင်တွေ့ရမှာ၊အခုလောလောဆယ်မာမီနဲ့အလုပ်လေးရှိလို့သွားတော့မယ်သမီးလေး´
'မားမား၊သမီးဆွဲလို့မပြီးသေးဘူးလေ´
'နောက်မှဆွဲ၊မားမားအရင်ဆွဲအဲလေသွားတော့သမီးရယ်´
'ဘွားတော်ကလေးရှေ့မှာ´
'လာပါ၊ဝတ်ပြစရာရှိတာဝတ်ပြ´
မိခင်နှစ်ဦးထွက်သွားတော့ညီမငယ်ရွှေရတုဝင်လာကာရှားလော့ဘေးဝင်ထိုင်လိုက်သည်
'မားမားတို့ကဘာလဲဟာ၊´
'ဘာပြောသွားလို့လဲ´
'ဘာတဲ့၊ဝတ်ပြစရာရှိတာဝတ်ပြဆိုလားဘာဆိုလား´
'သြော်၊´
'နင်သိလို့လား´
'သြော်၊မသိဘူးလေ၊´
ထိုအချိန်
'ရှားလော့ရေ!´
'အေး၊ငါဒီမှာ´
မိုးသစ်တောပုဆိုးနဲ့တိုက်ပုံဖြင့်ဆိုတော့ရှားလော့နဲ့ရတုကြည့်ကာ
'ဒါကဘယ်လိုဖြစ်´
'ဘုရားသွားမယ်လေဟာ´
'ဟာ၊အဲ့တာအကြံကောင်းပဲ!´
'ဘာကိုလဲ´
'သစ်တောငါနင်နဲ့လိုက်မယ်၊ခဏစောင့်´
မိခင်ဒေါ်ဂရေစ့်အောင်ခိုင်အမွေပေးထားတဲ့အပျိုအရွယ်ကရင်ဖုံးထဘီကမိမိနဲ့ကွက်တိဖြစ်နေသည်၊
နေသူရိန်ကိုဖုန်းခေါ်ကာ
'ဟယ်လိုကိုသူရိန်၊ကိုသူရိန်တီလေးကိုခေါ်ပြီးစူဠာမဏိဘုရားလို့အမြန်လာခဲ့ပါ၊´
ဖုန်းချသွားတော့မှ
'ဟင်းဟင်း၊အန်တီရေ၊သမီးရင်ခွင်ထဲဝင်ဖို့ပထမခြေလှမ်းလေးစကြတာပေါ့နော်၊ဟီး´
စူဠာမဏိဘုရားပေါ်မှာလည်ပင်းကို360လှည့်ကာတမျှော်မျှော်လုပ်နေတဲ့ရှားလော့အောင်ခိုင်ကိုမိုးသစ်တောကြည့်မရဖြစ်နေသည်
'နင်ဘာဖြစ်နေလဲ၊ငါမျက်စိတွေနောက်နေပြီ´
'သြော်၊ဘာမှမဟုတ်ပါဘူး´
ထိုအချိန်ရှားလော့အောင်ခိုင်ဖုန်းဝင်လာရာဖုန်းထဲကစကားကိုတဟုတ်နှင့်ပြောပြီးထပြေးထွက်သွားတော့မိုးသစ်တောနောက်ကလိုက်ရသည်
'ဟဲ့၊ဘယ်လဲ´
ထိုအချိန်မိုးသစ်တောလက်မောင်းကိုနေသူရိန်ဆွဲလိုက်ကာ
'မလိုက်နဲ့တော့၊´
'ခင်ဗျားဘာလုပ်တာလဲ!လွှတ်´
'လာစမ်းပါ၊ချာတိတ်ရာ´
မိမိလက်ကိုမြဲအောင်ကိုင်ကာဆွဲခေါ်လာတော့
အားမမျှ၍ပါသွားရသည်
'ဟေ့လူ!လွှတ်ဗျာ´
'ဟုတ်ပါပြီ´
နေသူရိန်လွှတ်ပေးလိုက်တော့မှမိုးသစ်တောနေသူရိန်ကိုသေချာကြည့်ကာ
'ခင်ဗျားကဒီကိုဘာလို့ရောက်လာတာလဲ´
'သြော်၊တီလေးနဲ့ရှားလော့ကိုလာအောင်သွယ်ပေးတာ´
'ဘာ!´
'လာပါကွာ၊ကိုယ်မင်းကိုမုန့်လိုက်ကျွေးမယ်´
ထိုအချိန်ဘုရားထဲပန်းများကိုင်ကာတက်လာတဲ့ဒေါ်မာန်သွေးခက်
တူဖြစ်သူကိုမတွေ့တော့၍ဒေါသဖြစ်နေသည်
'ဒီနလပိန်တုံးကဘယ်ထွက်သွားတာလဲ၊ငါကိုပန်းတောင်ကူမသယ်ဘူး!နေပါစေဦး၊တွေ့မှအသေရိုက်ပစ်မယ်´
ရှားလော့အောင်ခိုင်ဒါမျိုးမျက်စိလျင်သည်၊
အနီနဲ့ရွှေရောင်ချိတ်ထဘီနှင့်ရင်ဖုံးနှင့်အန်တီကိုသူမချက်ချင်းပင်တွေ့သည်
​ရှားလော့တို့အပျော်လွန်ကာ
'အန်တီ!´
'အသေးလေး?´
အပြေးလာရာချော်လဲပါတော့သည်၊
မာန်သွေးခက်လည်းအပြေးသွားကာ
'အသေးလေး၊ဘာလို့ပြေးတာလဲ´
'ဟီး၊အန်တီကိုတွေ့လို့လေ၊အန်တီဘုရားလာတာလား´
'သြော်ဘုရားပေါ်မှာတွေ့မှတော့ဘုရားလာတာပေါ့၊လောလောဆယ်ထနိုင်ရဲ့လား´
'ရပါတယ်၊အန်တီရဲ့၊ဒီမှာကြည့်၊အ!´
ခြေခေါက်သွားသည့်မို့ခြေထောက်ကထောက်မရဖြစ်ကာ
မာန်သွေးခက်ရင်ခွင်ထဲပစ်ဝင်တော့သည်၊
'ကဲ၊အဆင်မပြေဘူးမလား၊အမြဲတမ်းရှက်ပြာထနေတာကို´
'အန်တီကိုတွေ့တော့ပျော်သွားလို့ပါ´
ကလေးမကိုစိုက်ကြည့်နေမိသည်၊
ဗမာထဘီရင်ဖုံးလေးနဲ့လည်းလှသည်၊
အပြုံးမပျက်တဲ့ကလေးလေးကဒီမိန်းမကြီးရင်ထဲနွေးထွေးစေသည်၊
'ဟုတ်ပါပြီ၊အခုလောလောဆယ်၊ခဏထိုင်နားလိုက်၊ထောက်လို့ရသွားလိမ့်မယ်၊ဟုတ်ပြီလား´
'ဟုတ်၊´
ခဏလောက်ထိုင်ကာစကားတွေပြောအပြီးဘုရားအတူဖူးကာ
ပန်းများကိုအတူဘုရားမှာလှူကာဘုရားကိုဦးချတော့ရှားလော့ကအချိန်အကြာကြီးယူနေတော့မာန်သွေးခက်လည်းငေးပဲကြည့်နေလိုက်သည်
ရှားလော့ဦးချပြီးမာန်သွေးခက်ကိုလှည့်ကြည့်တော့မှအကြည့်လွဲသည်
'ဘာတွေဆုတောင်းလို့အဲ့လောက်ကြာနေရသလဲ´
'သြော်၊ချစ်ရတဲ့သူနဲ့သေတပန်သက်တဆုံးပေါင်းရပါလို၏လို့တောင်းနေလို့ပါ´
ကြည့်လဲ့လဲ့မျက်ဝန်းများဟာငေးကြည့်လို့အကောင်းဆုံးပင်၊
လေကြောင့်မျက်နှာပေါ်တင်ကျန်လာတဲ့ဆံပင်များကိုသပ်တင်ပေးရင်လည်းငေးကြည့်နေမိသည်၊
'အန်တီညနေတွေအားလားဟင်´
'အင်း၊ဘာလို့လဲ´
'ရှားလော့တို့တွေညစျေးထပ်လည်ဖြစ်မယ်ထင်တယ်၊မားမားတို့ပါရောက်နေတော့လေ၊အန်တီကောညစျေးလည်ပါလးဟင်၊အန်တီသာလည်မယ်ဆိုရှားလော့အဖော်လိုက်ပေးမှာပါ၊လာမယ်မလားအန်တီ´
'အင်း၊လာမယ်´
'ဒါဆိုရှားလော့စောင့်နေမှာနော်၊အခုတော့ရှားလော့ပြန်တော့မယ်၊´
'ကောင်းပါပြီ´
ရှားလော့အောင်ခိုင်ပြေးထွက်သွားသည်ကိုကြည့်ရင်းသာကျန်ခဲ့သည်၊
ညနေလောက်ရောက်တော့မိသားစုတွေအကုန်စုကာညစျေးပတ်ရန်ပြင်သည်၊
'လေးလေးတို့ကားနဲ့သမီးလိုက်မယ်´
'အင်းရတုကကော´
'မာမီတို့နဲ့ပဲလိုက်ခဲ့လိုက်မယ်၊သွားနှင့်နော်´
ခဏအကြာချစ်ကြည်နူးတစ်တီတူးကာဆင်းလာသောမိခင်နှစ်ဦးဟာရွှေရတုမျက်လုံးထဲမျက်စိဆံပင်မွှေးစူးနေသည်၊
'အနီလေးနဲ့လှတယ်´
'တော်ပါတော့ဆို´
'အိပ်ခါနီးကျဝတ်ပြဦး´
'ဘွားတော်နော်´
'လှပါတယ်ဆို´
ရွှေရတုလည်းသတိပေးသည်အနေနှင့်
'အနီလေးတွေအဝါလေးတွေနောက်မှလုပ်၊လေးလေးတို့သွားပြီ၊´
ဂရေစ့်လည်းရှက်ရှက်နှင့်ကားပေါ်ပြေးတက်တော့သည်၊
ကားပေါ်မှာလည်းမိခင်နှစ်ဦးစကားပြောနေတာကိုနားထောင်ရာ
'ဘေဘီလေး၊´
'ရှင့်´
'ဒီနေ့ဘေဘီလေးလိုချင်တာ၊စားချင်တာစားနော်၊ဒီနေ့ဘေဘီလေးကြိုက်တာလုပ်၊အန်တီကလေးလေးစိတ်ချမ်းသာတာအကုန်လုပ်ကွာ´
'ဘွားတော်တကယ်ပြောတာလား´
'ဒါပေါ့၊ကလေးရယ်၊မင်းလေးရဲ့မိန်းမနာမည်ရှေ့နေ့တစ်ယောက်ပါ၊ဘေဘီလေးသုံးဖို့ဒီကိုမလာခင်ကတည်းကလစာထုတ်လာတာ၊လိမ္မာရင်ဘေဘီလေးအတွက်ကြီးပဲ၊ရော့´
ပိုက်ဆံအိတ်ကိုပေးလိုက်ဂရေစ့်အပျော်ကြီးပျော်ပါတော့သည်၊
ရွှေရတုမိမိလည်းလိုချင်တာရလောက်မည်အထင်နဲ့
'မားမား´
'ပြောသမီး´
'သမီးကိုကောဝယ်ပေးမှာလားဟင်´
´အပိုတွေမလုပ်ပါနဲ့သမီးရယ်၊မားမားပိုက်ဆံဖြုန်းနိုင်တာမင်းမာမီပဲရှိတာအသိနဲ့ကွယ်´
'ဟုတ်ကဲ့၊ကျေးဇူးပါ´
'သမီးလိုရင်မာမီဝယ်ပေးမှာပေါ့´
'မာမီတကယ်လား´
'မာမီလိုတာရပြီးရင်သမီးအလှည့်ပေါ့´
ရွှေရတုလည်းမချိမသာပြုံးကာ
ငါဒီကားနဲ့လိုက်လာမိတာအမှားပါလေဟုတွေးလိုက်သည်၊
တောင်ကြီးညစျေးသည်အလွန်ပင်စည်သည်၊
ရှမ်းအစားအစာကြိုက်တဲ့ဂရေစ့်တို့မိသားစုအတွက်တော့လာတိုင်းမရိုးမအီအောင်လည်ဖြစ်သည့်နေရာပင်ဖြစ်သည်
ကားရပ်တော့မှရွှေရတုလည်းသက်ပြင်းတချချနှင့်လုပ်နေတော့ဦးလေးဖြစ်သူဂျွန်နီအောင်ခိုင်လည်းမေးလိုက်သည်
'ဘာဖြစ်လို့လဲသမီး´
'သမီးတဲ့မသက်ဆိုင်တာတွေကြားလိုက်လို့ပါ´
ဂရေစ့်နှင့်ရွှေရုပ်လွှာတပတ်လောက်ခွဲလိုက်ရတာကိုရေးကြီးခွင်ကျယ်လုပ်နေကြသည်
'မာဖလာလေးချစ်စရာလေး၊ဘွားတော်ကြည့်ပါဦး´
'ဘေဘီလေးအန်တီကိုချစ်လား´
'ချစ်တာပေါ့၊ချစ်တာမှလေချစ်ချစ်ချစ်နဲ့ကိုမြည်နေတာကို´
'ဒါဆိုဝယ်ကွာ၊ဟိုဆွယ်တာကောကြိုက်လား၊ဒါကော၊ကြိုက်လား´
'ဟုတ်ကြိုက်တယ်´
'အဲ့တာလေးတွေယူမယ်နော်၊ပြီးတော့ဘေဘီလေးဗိုက်ဆာနေပြီလား၊တို့ဟူးကြော်စားမလား၊မာလာရှမ်းကောဆိုင်ရှေ့မှာစားမလား´
'စားမယ်၊´
'ဘေဘီလေးပူတာစပ်တာတွေစားရင်းသောက်ရအောင်bubble teaကောသောက်မလား၊´
'ဟုတ်သောက်မယ်´
'မားမား၊သမီးလည်းစားမယ်´
ရွှေရတုရှေ့လက်ဖြန့်ပြတော့
'မာမီကျကျွေးတယ်´
'သြော်သမီးရယ်၊မာမီကမားမားမိန်းမလေ´
'သမီးကမားမားသမီးလေ´
'သမီးမာမီသာမမွေးရင်သမီးကမားမားသမီးမဟုတ်ဘူးလေ၊´
'မားမားသမီးကိုအနိုင်ကျင့်နေတာပဲ´
'ထားပါ၊သမီးလေးစားချင်စားပါ´
'တကယ်လား´
'အင်း၊နောက်မှပြန်ဆပ်ပေါ့သမီးရယ်၊မားမားအလျင်မလိုပါဘူး၊သားအမိချင်းပဲကို´
ရွှေရတုလည်းဘာမှဆက်မပြောတော့ပါ၊မိခင်နှစ်ဦးကိုပြုံးကာကြည့်နေလိုက်သည်
'ဘွားတော်ဒါလေးကော´
'ဘေဘီလေးသဘော´
'ဒါကောပဲ´
'ယူကွာ´
'ဘွားတော်၊နေကြာစေ့စားချင်တယ်´
'ဝယ်ပေးမှာပေါ့ကလေးရယ်´
ရှားလော့တို့ကတော့စျေးထဲအမြန်သွားကာလူတစ်ဦးကိုစောင့်နေသည်၊
အအေးဓာတ်ကဲနေချိန်မှာရှားလော့တို့အနွေးထည်ကသိပ်မထူလှပေ၊သွားချင်းရိုက်သည်အထိအေးနေသည်၊
'အသေးလေး´
'အန်တီ၊´
'အနွေးထည်ကမပါးဘူးလား၊´
'နည်းနည်း´
မာန်သွေးခက်သူမဝတ်ထားတဲ့အနွေးထည်ကိုချွတ်ကာဝတ်ပေးလိုက်ရသည်
'နွေးသွားပြီလား´
အနွေးထည်ဟာအရွယ်အစားမတူတော့အနည်းငယ်ကြီးနေသည်
အနွေးထည်ကိုနှာခေါင်းနှင့်ကပ်ကာမွှေးကြည့်ကာ
'မွှေးနေတာပဲ´
မာန်သွေးခက်ပြုံးကာရှားလော့ခေါင်းလေးကိုဖွလိုက်သည်
'အန်တီိဒီနားမှာရှမ်းဆိုင်ရှိတယ်၊တခြားဟာတွေလည်းရတယ်ထိုင်မလား´
'အင်းထိုင်မယ်´
မုန့်စားရင်းကလေးမကသူမငယ်ငယ်ကအကြောင်းတွေပြောပြသည်
လက်ဟန်ခြေဟန်အပြည့်နှင့်ပြောနေသူကိုသဘောကျကာငေးကြည့်မိပြန်သည်၊
ထိုအချိန်
'ခက်´
ထိုအသံကိုကြားရတော့မာန်သွေးခက်မျက်မှောင်ကျုံလိုက်သည်၊
'သြော်၊အန်တီသူငယ်ချင်းပါလား၊လာလေ´
ဘရဏီလည်းမာန်သွေးခက်နားဝင်ထိုင်ကာ
'ဒီမှာဘာလုပ်နေတာလဲခက်´
'နင်မမြင်ဘူးလား၊ဘရဏီ၊ငါဘာလုပ်နေတာလဲဆိုတာ´
'အာ၊မေ့နေတာဟဲ့ငါ့အိတ်ကားပေါ်မှာကျန်ခဲ့တယ်၊သွားယူပေးပါလားခက်´
'နင်ဘာနင်သွားယူလေ´
'ငါဖိနပ်ပေါက်သွားလို့ပါ၊လုပ်ပါဟာ´
မာန်သွေးခက်လည်းကားသော့ကိုယူကာချက်ချင်းထသွားသည်
'မင်းအသက်က´
'၂၀ပါ´
'သြော်ငယ်သေးတာပဲ၊မာန်သွေးခက်ကမရင့်ကျက်တဲ့ကလေးတွေဆိုမကြိုက်ဘူး၊´
'ရှင်´
'အန်တီကငယ်ရာကကြီးလာတာပါကွယ်၊မင်းမျက်လုံးတွေကစကားသံကိုအန်တီသိပါတယ်၊ခက်ကမင်းလိုကလေးဆန်တဲ့လူတွေကိုမကြိုက်ဘူး၊´
ခဏအကြာမာန်သွေးခက်ပြန်ရောက်လာတော့ရှားလော့ကရှိမနေတော့
'အသေးလေးကော´
'ပြန်သွားပြီ၊နင့်နားလိုက်ကပ်နေတာနင်မကြိုက်မှာစိုးလို့ငါနှင်ထုတ်လိုက်တာ´
'ဘရဏီ!´
'ဘာလဲ၊နင်ပြောတော့မကြိုက်ဘူးဆို၊´
'နင်အားနာနေမယ်ဆိုတာသိလို့နှင်လိုက်တာ´
မာန်သွေးခက်လက်ထဲကအိတ်ကိုစားပွဲပေါ်ပစ်တင်ပေးကာထွက်လာလိုက်သည်၊

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now