"ပေသီး"
"ဟုတ်ကဲ့အာစိ"
"ဟိုတစ်ကောင်ကိုဖမ်းထားတဲ့ကောင်တွေနဲ့သွားထားလိုက် ဒီကောင့်ကိုတော့ငါနဲ့ထားခဲ့....ကိုယ့်အပြစ်ကိုယ်မသိပဲထွက်ပြေးရင် ဘယ်လိုအကြောက်တရားနဲ့ရင်ဆိုင်ရမလဲဆိုတာလက်တွေ့ပြပေးရမယ်..ဟားဟား"
ပုခုံးပေါ်ကနေမိုးပြည့်လူးလွန့်နေမိတယ်။သေချာပေါက်သူ့ကိုယုတ်မာတာတစ်ခုခုလုပ်တော့မယ်ဆိုတာလည်းသူသိနေတယ်လေ..
!ဝုန်း!
"အ့.."
ကြမ်းပြင်နဲ့ကျောနဲ့ရိုက်သံကဝုန်းခနဲပင်မြည်သွားရတယ်။နာကျင်သွားတဲ့နောက်ကျောဘက်ကြောင့်လူးလှိမ့်နေမိတုန်းမှာပဲ သူ့အပေါ်ကနေအုပ်မိုးလာတဲ့ကိုယ်လုံးကြီး..
"ဦးဘောဂ...ခင်..ခင်ဗျား..ဘာလုပ်တာလဲ"
"ငြိမ်ခံစမ်းပါမိုးပြည့်အောင်ရယ် မင်းတို့ညီအကိုတွေအကုန်လုံးဘာလေးတွေလဲဆိုတာငါနားလည်ပြီးသားပါကွာ"
ပြောပြောဆိုဆို လက်ကြမ်းကြီးတွေကလည်းမိုရေစိုပြီးအသားနဲ့ကပ်နေတဲ့ပုဆိုးစလေးကိုအတင်းဆွဲလှန်ယူလာတာမို့ မိုးပြည့်ခန္ဓာကိုယ်လေးတုန်တက်သွားရပြီး..
"တစ်ရွာတည်းသားချင်းကို ခင်ဗျားအဲ့ဒီ့လောက်အထိမယုတ်မာနဲ့"
ပါးပြင်နုနုပေါ်မျက်ရည်စလေးတွေခိုတွဲကျလာရတယ်။ဒီ့ထက်ပိုပြီးလည်းသူမတက်နိုင်တော့တဲ့အခြေအနေမှာ ဘယ်လိုလွတ်မြောက်မှုမျိုးကိုများသူမျှော်လင့်နိုင်ပါတော့မလဲ..
