အခန်း-၁

4.5K 69 6
                                    

"သားမြိုင်...! "

အသားညိုညို၊ လူကောင်တုတ်တုတ်၊ အရပ်၅ပေ၁၀ခန့်နှင့် လူရှိန်လောက်သောဥပဓိရှိသည့် 'မြိုင်' ပွဲရုံသူဌေး
ဦးမဟာအောင်မှာ အလုပ်နားသည့်ရက် တနင်္ဂနွေနေ့မို့ အပြင်သွားလိုစိတ် ရှိလှသည်နှင့် သားဖြစ်သူအား ပူဆာရန် ခပ်ချွဲချွဲ ခေါ်လိုက်ခြင်းဖြစ်၏။

သားဖြစ်သူ မောင်မဟာမြိုင် မှာလည်း အကင်းပါးသူပီပီ ဖခင် ဖွင့်မပြောရသေးခင်ကပင် ရိပ်မိနေပြီမို့ ချက်ချင်းပြန်မထူးဘဲ သောက်လက်စကော်ဖီကို ဆက်သောက်နေပြန်တော့ ဖအေဖြစ်သူက မကျေနပ်နိုင်ဘဲ ထပ်၍ခေါ်ပြန်သည်။

"သားမြိုင်လို့..."

"ဗျာ...ဗျ!! "

သားဖြစ်သူက မနေနိုင်သည့်အဆုံး ပြန်ထူးကာမှ ဦးမဟာအောင်က တဟဲဟဲ ရယ်မောကာ

"ဒီနေ့ ဖေဖေ
မောင်ရင့်ဆီကို သွားလည်မလို့ ! "

မဟာမြိင်က မျက်ခုံးများကို ဆတ်ခနဲ တွန့်လိုက်၏။

"လာပြန်ပလား! ဒီ မောင်ရင်ဆိုတဲ့လူ!"

"ဘယ့်နှယ်ကြီးခေါ်သလဲ သားမြိုင်...!
သူ့နာမည် စံရှားမောင် ပါ...
ဖေဖေခေါ်သလို လိုက်မခေါ်စမ်းနဲ့ !
သူကမင်းထက် အသက်အများကြီးကြီးတယ်နော်... "

"ဒါတွေ မသိဘူးဗျာ !
ပွဲရုံနားရက်မှာတော့ ကိုယ့်သားနဲ့ကိုယ် အိမ်မှာ နေပါအုံးလား...
အားရင် ဒီလူ့ဆီချည်းသွားချင်နေတာက မလွန်ဘူးလားဗျာ..."

"အယ်... သားမြိုင်က..လုပ်ပြီ!
သားနဲ့က အိမ်မှာနေ့တိုင်းတွေ့နေရတာဘဲလေ.. .
မောင်ရင်နဲ့က ပွဲရုံနားရက်ကလေးမှ တွေ့ရတာလေကွယ်...
ဖေဖေမှ သွားမလည်ရင်
အိမ်တွင်းပုန်းနေတဲ့မင်းဘုရားနဲ့
တွေ့ဖို့က တယ်ခက်သကွ !
မကြာပါဘူးသားရယ်...
မွန်းတည့်လောက်ပြန်လာမပေါ့..နော်.. ကြားလား ဖေဖေပြောတာကို !"

ကလေးကြီးနှယ် ချွဲနွဲ့နေသည့် ဖခင်က ယနေ့ ထို စံရှားမောင် ဆိုသူကိုမှ မတွေ့မမြင်ရလျှင် နွေခေါင်ခေါင် ခေါင်းပေါ်မိုးကြိုးပစ်ချတော့မည့်အလား အတင်းကြီးပြောဆိုကာ ပူဆာနေသည်မို့ မဟာမြိုင် မပိတ်ပင်နိုင်တော့ဘဲ

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now