အခန်း-၂၉

311 15 0
                                    

"ကိုင်း!!
ဘုန်းတော်ကြီး၍ သက်တော်ရှည်
အိမ်ပြန်ရောက်ပြီဗျ မင်းဘုရား
ခြံတံခါး ဖွင့်ပါအုံး"

မဟာမြိုင်က အိပ်မှုန်စုံမွှားနှင့် ခြံတံခါး ထ ဖွင့်ရာ မျက်စိမပွင့်တပွင့်ဖြစ်နေသဖြင့် သော့တံမှာ သော့ခလောက်ထဲမရောက်ဘဲ ဘေးသို့ချော်၍ ချော်၍ သွား၏။

စံရှားမောင်က ရယ်မောကာ မဟာမြိုင်၏ ပါးကို တစ်ချက်ဆွဲဖဲ့၍

"ဖယ်ပါကွယ်
ကိုယ့်ကောင်လေးက မသောက်ပဲနဲ့
မူးနေတယ်..."

မဟာမြိုင်က မျက်စောင်းတစ်ချက်ခဲကာ အိမ်ထဲသို့ မတ်နေအောင်လျှောက်ကာ အရင်ဝင်သွားသည်။

မဟာမြိုင်မှာ သံပုရာရည်များ ဖျော်လာ၍ စံရှားမောင်ကို ဧည့်ခံ၏။

"ရှား ထိုင်နေအုံးနော်
ကျွန်တော့်မဟေသီလေး
သွားပြီး သိမ်းထားအုံးမယ်"

ပစ္စတိုကို မြှောက်ပြကာ လှေကားပေါ်ပြေးတက်သွားသော မဟာမြိုင့်ကို
စံရှားမောင် ချစ်အားပိုရကာ ပြုံးရယ်မိသေးသည်။

သူ၏ချစ်ခြင်းကို လာထိပါးလားနိုင်သည့် အစွယ်အပွားလေးများကို ရှင်းလင်းကာ * ရှားကို ချစ်ဖို့ ဒီလောက်ပြင်ဆင်တားတယ်* ဆိုသည့် အယူကို စံရှားမောင် နားမလည်နိုင်။

*ကိုယ်ပဲ ဒီလောက်ကြီး အချစ်ခံနေရသလား * ဟု စွတ်စွတ်ရွတ်ရွတ်တွေးလိုက်မိပြန်တော့ လေပေါ်မြောက်တက်သွားသလို တလှပ်လှပ်ဖြစ်ရပြန်၏။

မြီးကောင်ပေါက်အရွယ်လည်းမဟုတ်ပါဘဲ တဇွတ်ထိုးကြီး လုပ်ချင်တတ်သော ၂၃ နှစ်အရွယ် အမျိုးသားကို
ရက်စက်လွန်းသည်ဟု တွေးထင်မိသမျှလည်း
*ကျွန်တော်က ရှားကို ချစ်မိနေပြီလေဗျာ* ဆိုသည့် စကားတစ်ခွန်းက အနိုင်ယူသွားပြန်ပါ၏။

"မဟာမြိုင်~~~မဟာမြိုင်~~~
မင်းဟာလေ ~~~"

ဆိုဖာကို မှီချကာ လှေကားမှ ဆင်းလာသူကို စံရှားမောင် က ငေးကြည့်နေလိုက်သည်။

"ဟောဗျာ...
‌အမောပြေအောင် သံပုရာရည်သောက်ဆိုနေ!"

စကားနားထောင်သော လူကြီးက သံပုရာရည်ကို တစ်ကျိုက်တည်း ကုန်အောင်သောက်ကာ *ကျေနပ်ပြီလား* မျက်နှာထားဖြင့် မဟာမြိုင့်ကို ကြည့်လာ၏။

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now