စံရှားမောင် နှင့် မဟာမြိုင် တို့ မတွေ့ဆုံကြရသည်မှာ ရက်သတ္တပတ် အတော်ပင် ကြာခဲ့ပြီ ဖြစ်၏။
မဟာမြိုင် မှာ အိမ်မှု့ကိစ္စ၊ ပွဲရုံကိစ္စများဖြင့် ယောက်ယက်ခပ်နေရသည်။
စံရှားမောင်မှာ မဟာမြိုင်အား လွမ်းခြင်း၊ဆွေးခြင်း တို့ကိုသာလျှင် အလုပ်ကြီးတစ်ခုသဖွယ် သဘောထားကာ အကြီးအကျယ် လွမ်းနေ၊ဆွေးနေတော့၏။
ဘာရယ်မဟုတ် နံရံညိုညိုထက်မှ
သူကလေး လက်ရာ ပန်းချီကားကို ဖြတ်ခနဲ မြင်မိလျှင် နင့်ခနဲ လွမ်းရသည်။စေ့စေ့ကြည့်မိလျှင် နင့်နင့်နဲနဲကြီးလွမ်း၏။
ခက်ချေပြီ...။
စားပွဲပေါ်မှ ကြွေပန်းအိုး အဖြူလေးကို မြင်မိလျှင်လည်း
*ဒင်းကလေးသဘောကျတဲ့ ပစ္စည်းလေး* ဆိုကာ တစ်ခမ်းတနားကြီး လွမ်းရပြန်ပါသည်။ထိုသို့ တိုက်ဆိုင်မှု့ တစ်ခုခုရှိ၍ လွမ်းရသည်ဆို တော်ပါသေး။
တိုက်ဆိုင်မှု့ မရှိပါဘဲနှင့် ကြံကြံဖန်ဖန်
တွေးတောကာ မနေထိမထိုင်သာ လွမ်းဆွေးနေရသည်ကား အတော်လေး ခက်၏။"ကိုယ်တော့
မင်းကို လွမ်းစိတ်ကြောင့်
သေသွားရင် ခက်ရချေရဲ့ မဟာမြိုင်
ဘယ့်နှယ်များလုပ်ရပါ့...""ဘာတွေ ဘယ့်နှယ်များလုပ်ချင်နေပါလိမ့် ဆရာသမားရေ့ !!"
စံရှားမောင်၏ တိုက်ညိုကလေးနှင့် အရှေ့ဘက် ကပ်လျှက် ၊ ရပ်ကွက်၏
ဦးဆုံးအိမ်နံပါတ် ၁ မှ အိမ်နီးချင်း
တိမ်ညိုမှိုင်း က သုံးဆင့်ချိုင့်ကြီး လက်၌ဆွဲလျက် တံခါးကို ဝုန်းခနဲ ဖွင့်ဝင်လာရင်း ဆိုလိုက်၏။အိမ်တွင်းမှ စီးကရက်အငွေ့များ ချောင်းချောင်းထနေသဖြင့် တိမ်ညို က နှာခေါင်း တစ်ချက်ရှုံ့သည်။
"ဘယ့်နှယ်လဲ မောင်မှိုင်း
ငါ့ကို သေပြီလို့များ သတ်မှတ်ထားလေသလား"တိမ်ညိုမှိုင်း မှာ အသက် ၂၄၊ အသားလတ်လတ်၊ မျက်လုံးမျက်ဖန်ကောင်းကောင်း ၊နှာတံချွန်းချွန်း နှင့် ဖြတ်ဖြတ်လတ်လတ် အသွင်ရှိသည့် လူငယ် ဖြစ်သည့်အလျောက် ဆိုဖာပေါ်စွေ့ခနဲ ဝင်ထိုင်ကာ
YOU ARE READING
Love & Vanity (အချစ် နှင့် မာန)
Romance[ Completed ] #Myanmar bl novel #Love & Vanity #အချစ် နှင့် မာန #Holmes_002 - respectfully credit to the original artist for cover photo ဤဝတ္ထုတွင်ပါရှိသည့် ဇာတ်ကောင်များကို 'ဘုရားတစ်ဆူ ဂူတစ်လုံး' ထား၍ ကိုးကွယ်ချင်လောက်အောင် အပြစ်အနာအဆာကင်းသည့် ပု...