"ခင်ဗျား ဘယ်သူလဲ!!!"
မျက်နှာပင့်ကာ မိမိအားစိုက်ကြည့်ရင်း ခတ်ဆတ်ဆတ် မေးခွန်းထုတ်လာသူအား စံရှားမောင် မျက်တောင်မခတ်ဘဲ ငေးကြည့်နေမိသည်။
ခြောက်ပေကျော်သောမိမိအရပ်နှင့် ယှဉ်ရဲသော လူပျိုကလေး၏ အရပ်အမောင်းကား မခေလှပေ။
ဖြူသောအသားအရေ၊
မှုန်နေအောင်ချောမောခံ့ညားသော
ဥပဓိ၊
ကြံ့ခိုင်ပျိုမြစ်သော ခန္ဓာကိုယ်အချိုးအစားတို့အပြင်
မျက်ခုံးချီထားပုံ၊
နူတ်ခမ်းကို တင်းနေအောင်စေ့ထားပုံ၊ မျက်လုံးဝိုင်းများနှင့် တစ်ဖက်လူ စိတ်မလုံအောင် စူးစိုက်ကြည့်ပုံများက အင်မတန် ထည်ဝါလွန်းနေ၏။မိမိအမေးကို ပြန်မဖြေဘဲ စိုက်ကြည့်နေသည့် တစ်ဖက်လူကြောင့်
မဟာမြိုင် အလိုမကျစွာ မျက်မှောင်ကျုံ့သည်။"ကျွန်တော် မေးနေတယ်လေ
ခင်ဗျား ဘယ်သူလဲပြောစမ်း!! ""ဟိုး...ဟိုး!!"
စံရှားမောင်က လက်ညှိုးကလေးထောင်လျှက် ဟန့်သည်။
"လူကြီးကို 'စမ်း' တွေဘာတွေမသုံးရဘူးဗျ!
ရုပ်ကလေးချောသလောက် အပြောအဆို သိမ်မွေ့ပါလေ... ကိုယ်တော်လေး..."မဟာမြိုင့် နူတ်ခမ်းများ ပို၍ ခပ်တင်းတင်းစေ့သွား၏။
"ကိုယ်က စံရှားမောင်...
မင့်ဖေဖေ ဦးအောင်ရဲ့ မိတ်ဆွေ..."မဟာမြိုင်၏ မျက်လုံးများ ဝိုင်းသွားသော်လည်း မကြာပါ။
ခပ်ဆဆကလေးကြည့်၍ စံရှားမောင်ကို အကဲခတ်နေသည်။
အသားအရေကား မဖြူလွန်း၊မညိုလွန်း ရွှေရောင်ဘက် သမ်းချင်သလိုလိုရှိကာ မျက်စိပသာဒ ရှိသလိုမို့ မဟာမြိုင် မျက်မှောင်ပိုကျုံ့မိ၏။
မေးရိုးများ ကြံ့ခိုင်ပုံက အတွင်းစိတ်ဓာတ်ကို ထုတ်ဖော်ပြသနေသယောင်။
နှဖူး၏ပြေပြစ်ညီညာခြင်း၊
အပြစ်ဖို့စရာမရှိသောမျက်ခုံး၏ သေသပ်လှခြင်း၊
နှာတံ၏ဖြောင့်စင်းခြင်း၊
ကြက်သွေးရောင်နူတ်ခမ်းများ၏ပိရိသပ်ရပ်ခြင်း တို့ ကောင်းခြင်းအစုံစုံပေါင်းစပ်ထားသည့် ရုပ်ရည်ကား ခံ့ညားလှသဖြင့် မဟာမြိုင်
မှင်တက်ငေးမောမိသည် ။
YOU ARE READING
Love & Vanity (အချစ် နှင့် မာန)
Romance[ Completed ] #Myanmar bl novel #Love & Vanity #အချစ် နှင့် မာန #Holmes_002 - respectfully credit to the original artist for cover photo ဤဝတ္ထုတွင်ပါရှိသည့် ဇာတ်ကောင်များကို 'ဘုရားတစ်ဆူ ဂူတစ်လုံး' ထား၍ ကိုးကွယ်ချင်လောက်အောင် အပြစ်အနာအဆာကင်းသည့် ပု...