အခန်း-၅၂

363 12 15
                                    

ဆောင်းဥတုသို့ရောက်လာခဲ့ပြီ...။

မြန်မာပြည်၏ဆောင်းကား လန်ဒန်ကဲ့သို့ အရိုးစိမ့်အောင်ချမ်းလှသည်မဟုတ်သော်လည်း ချမ်းတတ်သော စံရှားမောင်မှာ သူ့နေရာနှင့်သူတော့ ချမ်းပါသေး၏။

စံရှားမောင် ချမ်းတတ်သည်ကို အကြောင်းပြ၍ မဟာမြိုင်နှင့်အိမ်နီးချင်းများက
"ရင်ထဲနွေးသွားအောင် ဝိုင်လေးမော့ကြစို့..."
"ရှိန်းသွားအောင် ရမ်ကလေးကြိတ်ကြစို့လား..."
"ဝီစကီလေးနဲ့ အအေးဒဏ်ကာမယ်လေ..."

စသည်ဖြင့် အမျိုးမျိုးအကြောင်းပြကာ သောက်လမ်းဖောက်ပြသဖြင့် ဆောင်းဝင်စမှာပင် စံရှားမောင်နှင့် မဟာမြိုင်တို့မှာ အိမ်နီးချင်းများနှင့် ပါတီကျနေရ၏။

"ရှား ရှား ရှား!!"

နေပူစာလှုံနေသော စံရှားမောင်ကို တိမ်ညိုတို့အိမ်ဘက်မှ ကဆုန်ပေါက် ပြေးလာသော မဟာမြိုင်က အော်ခေါ်လာသည်။

"ဗျား ဗျား ဗျား!!"

စံရှားမောင်က စောင်လွှားထားရာမှ မတ်တပ်ရပ်ကာ လက်များဆန့်တန်း၍ မဟာမြိုင့်ကို ဆီးကြီု၏။

"ရှား! အစ်ကိုမှိုင်းပြောတာလေ...
ဈေးထဲမှာ ရှမ်းခေါက်ဆွဲ ဆိုင်သစ်ဖွင့်ထားတာ သိပ်စားလို့ကောင်းတာဘဲတဲ့!!
အဲ့တာ ကျွန်တာ် စားချင်တယ်..."

မျက်လုံးတလက်လက်ဖြင့်ပူဆာပြသော မဟာမြိုင်၏ အနည်းငယ်ရဲနေသေးသည့်နှာတံကို စံရှားမောင်က ဖျစ်ညှစ်လိုက်သည်။

"အေးမှာပေါ့ မြိုင်ရယ်...
မြိုင် အအေးပက်မှာပေါ့...
တိမ်ညို့ကို သွားဝယ်ပေးဖို့ ပြောပေးမယ်လေ..."

မဟာမြိုင်က ရင်ခွင်ထဲမှထွက်ကာ စံရှားမောင်ကို စူးခနဲမျက်စောင်းခဲလိုက်၏။

"လိမ်ပြောတာ...
ကျွန်တာ် ဘာမှမစားချင်ဘူးရယ်...
ရှားကို လိမ်ပြောတာ!!"

မျက်တော်ရှနေသော မင်းဘုရားကို စံရှားမောင်က ပြာပြာသလဲ ခစားသည်။

"ဟုတ်သားနော်...
ဆိုင်မှာ ပူပူနွေးနွေးစားရင် သိပ်အရသာရှိမှာ...
နေပါအုံး ရှားလိုက်ပို့ပါ့မယ်..."

စံရှားမောင်က အဝတ်များ သွက်သွက်လဲကာ ဒင်းကလေးအလိုမှန်သမျှဖြည့်စည်းရန် ဖောင်းကားသော အင်္ကျီအိပ်ကပ်နှင့် အိမ်ပြင်ထွက်လာ၏။

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now