အခန်း-၅၅ (The End)

1.6K 29 15
                                    

"ရှားမောင်!
ဆန်ပြုတ်ကလေး သောက်လိုက်နော်...
ချွေးထွက်သွားရင် အင်္ကျီလေးတွေ လဲထားလိုက်...
ပြီးရင် မေမေကြည် မင့်အဝတ်တွေ လျှော်ထားပေးမယ်..."

ဒေါ်မေကြည်က ဆန်ပြုတ်ပန်းကန်နှင့် အဝတ်အိတ်တစ်လုံးကို စားပွဲပေါ်တင်ကာ နှဖူးကိုစမ်းကြည့်၍ အပြင်ထွက်သွား၏။

စံရှားမောင်က ရှေ့မှဆန်ပြုတ်ပန်းကန်ကို ငုံ့ကြည့်လိုက်သည်။

ဒီလက်စလက်နနှင့် သောက်ချင့်စဖွယ်ဖြစ်အောင် ချက်ထားသည့်ဆန်ပြုတ်က ဒင်းကလေးလက်ရာမှန်း တန်းသိပါ၏။

အဝတ်ထုတ်ထဲ ကြည့်လိုက်သောအခါ တီရှပ်အဖြူ ပါးပါးတစ်ထည်၊ မိုးပြာရောင်ပုဆိုးနှင့် လိုအပ်သည့် ပစ္စည်းပစ္စယတစ်ချို့ကို တွေ့ရသည်။

*သူကလေး ကိုယ့်ဖို့ စီစဉ်ပေးထားသည်ဘဲ...*

မျက်ရည်လည်နေသည့်ကြားမှ သိမ့်ခနဲတုန်အောင် ပြုံးလိုက်မိပါ၏။

ဆန်ပြုတ်ကို တစ်စက်ကလေးမကျန် သောက်ပစ်လိုက်ပြီး ချွေးစို့သွားသောအခါ ဒေါ်မေကြည်က အခန်းထဲသို့ ဝင်လာပြန်သည်။

"ရော့ ရှားမောင်!
ဆေးလေးသောက်လိုက်နော်...
ပြီးရင် အဝတ်တွေချွတ်လိုက်...
မေမေကြည်က ရေဝတ်နည်းနည်းတိုက်ပေးမယ်..."

"ကျွန်တော် သက်သာနေပါပြီ မေမေကြည်...
ကိုယ်တိုင် လုပ်လိုက်ပါ့မယ်ဗျ..."

ခေါင်းဆတ်ပြသွားသော ဒေါ်မေကြည်က ခဏအကြာ ရေညှစ်ထားသော ပုဝါဖြူတစ်ထည်ကိုင်၍ အခန်းထဲ ဝင်လာပြန်ပါသည်။

စေတနာကို အသိအမှတ်ပြုပေးလိုသည်မို့ စံရှားမောင်က အင်္ကျီချွတ်ကာ စာကြည့်စားပွဲ၌ ထိုင်ပေးသောအခါ ဒေါ်မေကြည်က ကျောပြင်ကို ရေဝတ်ဖြင့် စတင်သန့်ရှင်းပေး၏။

စီးကရက်မီးညှိခြင်းနှင့်အတူ နောက်ဆက်တွဲ ခေါင်းခေါက်ခံလိုက်ရမည်ဟု တွေးလိုက်မိသော်လည်း ဒေါ်မေကြည်က မသိချင်ဟန်ဆောင်၍ လက်မောင်းများကို ရေဝတ်တိုက်ပေးနေသည်။

"မေမေကြည့်လူ လာသွားသေးလား"

ဒေါ်မေကြည်က ရိပ်ခနဲ ပြုံးသည်။

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now