အခန်း-၄

797 21 3
                                    

"အောင်မယ်!
မောင်မင်းကြီးသားများ!
တယ် အပေါက်အလမ်းတည့်နေကြပါလား...
မောင်ရင် မင်းတော့
အတော်မှ သည်းခံခဲ့ရရဲ့လား...
မင့်ညီ ပြောပေါက် ဆိုပေါက်များကဖြင့်..."

"ဟာ...ဖေဖေဗျာ...!
ကျွန်တော် ဒီလောက်လည်းမဆိုးပါဘူး
စေတနာနဲ့ဆုံးမရင် နာခံမယ့်အထဲ
ပါပါတယ်ဗျာ...
သိပ် အဆိုးမမြင်ပါနဲ့!!"

မျက်မှောင် တကြုတ်ကြုတ်နှင့်ပြောရင်း မိမိရှေ့ ကော်ဖီတစ်ခွက် ချပေးသည့် ဒင်းကလေးကိုကြည့်ကာ စံရှားမောင် ပြုံးမိသည်။

"အော် အခုတင်ကိုကြည့်လေ...
ပြောနေတာတွေက!
မောင်ရင်! မင့်ညီကို မင်းလို
လေအေးလေးနဲ့ပြောတတ်အောင် သွန်သင်ပေးပါအုံးလား..."

စံရှားမောင်က ‌ကော်ဖီကို တစ်ကျိုက်တည်း ကုန်အောင် မော့ချလိုက်သဖြင့် မဟာမြိုင် မျက်လုံးပြူးရသည်။

*ဟန်မလုပ်တတ်သော ဧည့်သည်ပါတကား*ဟု မှတ်ချက်ပေးမိ၏။

"မဟုတ်တာ ဦးအောင်...
ခေတ်လူငယ်တွေက နားပူနားဆာလုပ်ပြီး ကြိမ်းမောင်းပြောဆိုတာမျိုး မလိုချင်ကြဘူးဗျ!
သို့ပေမယ့် ပင်ကိုယ်အသိလေးတွေတော့ ရှိတတ်ကြပါတယ်...
လေအေးလေးနဲ့ပြေရင် နားဝင်လွယ်တာများပါတယ်ဗျာ...
ဒါပေမယ့် မြိုင်က ရိုင်းစိုင်းတာမျိုး မဟုတ်ပါဘူး...
သူ့ဉာဉ်ကလေးနဲ့သူ ပွင့်ပွင့်လင်းလင်း သဘော ရှိတာပါ...
နေပါစေ သူ့ဟန်ပန်ကလေးနဲ့သူနေပါစေ..."

ဦးမဟာအောင် သက်ပြင်းသာ ချမိတော့၏။

ပင်ကိုယ်ကမှ မြောက်ချင်နေသော သားဖြစ်သူအား မြှောက်ပေးမယ့်သူ ပေါ်လာပြီဆိုမှဖြင့်...။

"မပြောတတ်တော့ ပါဘူးကွာ
မင်းတို့လူငယ်တွေ နားမလည်ပေါင်!!"

စိတ်ကြိုက် ပုံသွင်းချင်နေသော ဖခင်က တစ်ထစ်လျှော့သည့်ပုံနှင့် ညည်းညူသည်မို့ မဟာမြိုင်က ပြုံးစိစိဖြင့် စံရှားမောင်ကို မျက်စပစ်ပြ၏။

*ကာပေးရကျိုး နပ်လိုက်လေ* ဟု
စံရှားမောင် အောင့်မေးရင်း ထပ်တူပြုံးပြမိသည်။

တကယ် အပေါက်အလမ်းတည့်သော လူကြီးနှင့် လူငယ်ပါပင်...။

"နေပါအုံး သားမြိုင်!
စောနက မင့်မေမေလေး
လာတယ်မှတ်လို့"

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now