အခန်း-၈

503 26 9
                                    

အရှေ့မှ ခပ်ကျော့ကျော့ကလေး သွားသည့် မဟာမြိုင့်အနောက်မှ
စံရှားမောင်က သွက်သွက်လိုက်သည်။

မဟာမြိုင်က ဖွင့်ထားသော တံခါးချပ်ကို ခေါက်ကာ

"မမမြရေ.. မမမြ!!!"

ဟုဆက်တိုက်ခေါ်ရာ အထဲမှလူထွက်မလာသေးလေ တံခါး‌ကိုပိုခေါက်လေဖြစ်သဖြင့် လက်ဆစ်များနာသွားမည်စိုးသော စံရှားမောင်က မဟာမြိုင့်လက်ကို ဖမ်း၍ ရုတ်စေပြီး အနောက်မှ အုပ်မိုးကာ ကိုယ်တိုင် တံခါးခေါက်၏။

"ဟာဗျာ! မမမြ ရှိလားဗျိုးးး"

စိတ်မရှည်နိုင်ဘဲ သံကုန်ဟစ်ပုံကြောင့် စံရှားမောင်က ခပ်ဟဟရယ်လိုက်သည်။

အိမ်ထဲမှ မိန်းမပျိုက သံပေတံကြီးကိုင်ကာ လှစ်ခနဲပြေးထွက်လာပြီး
မဟာမြိုင့်ကို မြင်သည်နှင့်
အံ့ဩပျော်ရွှင်မှု့များ ရောပြွမ်းသော မျက်နှာထားဖြင့် ပြုံးရယ်ကာ

"ဟယ်တော့!!! တို့မြိုင်လေးပါလား"

အခေါ်အဝေါ်ကြောင့် စံရှားမောင် က မျက်မှောင်ကြုတ်လိုက်မိ၏။

"ခေါ်လိုက်ရတာဗျာ
ကျွန်တော့်အသံ မကြားဘူးလား"

မျက်နှာတည်နှင့်နေသူလေးက
နူတ်ခမ်းကိုအနည်းငယ်ဆူကာ
ချွဲပြမှန်း စံရှားမောင် ရိပ်မိသည်။

"ဟော.. မြိုင်လေးက လုပ်ပြီ
မမမြ အထည်ချုပ်နေလို့ မကြားလိုက်တာပါနော်...
မျက်တော်များ မရှလိုက်ပါနဲ့
မောင်တော်ဘုရား..."

မမမြဆိုသည့်မိန်းခလေးက ခြေဖျားကလေးထောက်ကာ မဟာမြိုင့်ပုခုံးဆီ မေးဖျားကလေးတင်၍ ချော့မော့တော့ ကျေနပ်သွားသော လူပျိုလေးက မိန်းမပျို၏ ဆံပင်ရှည်ကြီးကို နားရွက်နောက် သိမ်းပေးကာ

"ဘယ်မှာလဲ ဦးနဲ့ ဒေါ်ဒေါ်
အခွန်းရော"

မမမြဆိုသူက နူတ်ခမ်းကလေးဆူ၏။

တစ်ဆက်တည်း ခါးကလေးထောက်ကာ စူအောင့်အောင့်နှင့်

"ပါပါးက ပွဲရုံတဲ့လေ
မာမားကဈေးသွားသတဲ့
အခွန်းက နောက်ဖေးမှာ ဒန်းစီးရင်း
စာဖတ်နေတယ်"

"ဟာ... မကောင်းဘူးဗျာ...
ကျွန်တော့် မမမြကို ပစ်ထားကြတယ် ကြည့်စမ်း !!"

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now