"ကျွန်တော် ကြောက်နေတာဗျ
ဖေဖေများတစ်ခုခုဆို
ကျွန်တော် တစ်ယောက်တည်း..."အသံမထွက်တော့ဘဲ ရှိုက်ကာ ငင်ကာ ငိုနေသောကောင်လေးကို သနားစိတ်က စံရှားမောင်၏ တစ်ကိုယ်လုံး နေရာမလပ်အောင် အလုံးအရင်း ဝင်လာမိကာ တသိမ့်သိမ့်တုန်နေသော ကျောပြင်ကို ပွတ်သပ်ချော့မြူ နေမိသည်။
"ငိုသင့်တဲ့အချိန်မို့
မငိုနဲ့လို့တားဖို့တော့
ဆန္ဒမရှိပါဘူးကွယ်...
ငိုလိုက်လို့ မင်းကို
ပျော့ညံ့တဲ့လူလို့ထင်မှာကိုလည်း
မကြောက်ပါနဲ့...
ရှား က မင်းကို
နားလည်ပေးနိုင်ပါတယ်...
ဒါပေမယ့် ဒါတွေက
လောကဓံ ပဲလေ...
ရှားတို့တစ်တွေက
လောကကြီးထဲ နေနေကြမှာတော့
လောကဓံနဲ့ ကြုံတွေ့ကြရမှာပဲ...
မင်းကလေး ငယ်ပါသေးတယ်ကွယ်...
ဒါတွေ ကြံ့ကြံ့ခံနိုင်အောင်
ကြိုးစားရအုံးမှာ...
လူတော်တွေက လောကဓံနဲ့ ကြုံရင်
မဖြုံကြဘူးလေ...
မင်းဘဲ လူတော်ဖြစ်ချင်ရဲ့ဆို...
စိတ်အားမငယ်နဲ့လေ...
ဦးအောင်မှာ မင်းဘဲရှိတာကို
မင်းကစိတ်ပျော့နေရင် ဦးအောင်က
ဘယ်သူ့ကို အားကိုးရမတဲ့လဲ..."လေအေးကလေးနှင့် ရင်ထဲစိမ့်ဝင်အောင် ဆုံးမတတ်သော စံရှားမောင်က မဟာမြိုင့်ကို များစွာ အားတက်သွားစေသည်။
မဟာမြိုင်က ကိုယ်ကိုမတ်ကာ အင်္ကျီနှင့် မျက်ရည်များသုတ်နေစဉ်
စံရှားမောင်က တစ်ဖန်စွေ့ခနဲ
ပွေ့ဖက်ကာ"ပြီးတော့ တစ်ခုခုဆို
တစ်ယောက်တည်းရှိတယ်လို့
မတွေးစမ်းနဲ့လေ...
ရှား ဆိုတဲ့ ဒီကောင်
ရှိနေပါသေးတယ်...
ခုလို အရေးကြုံချိန်
မင်းက ကိုယ့်ကို
အကူအညီတောင်းတယ် ဆိုတာနဲ့တင်
ကိုယ်က ကျေနပ်နေမိတာ...
မင်းကိုယ့်ကို မမေ့ပါလား ဆိုတဲ့
အတွေးနဲ့တင် ဒီကောင်က ဘာမဆို
စိန်ခေါ်ပစ်လိုက်ချင်တာ..."မဟာမြိုင်က ရင်ခွင်ထဲမှ ခွာကာ
စံရှားမောင်၏ ပုခုံးကို ဖျစ်ညစ်လိုက်သည်။"မမေ့ပါဘူး
ကျွန်တော် ရှား ကို မမေ့ပါဘူးဗျ
ဒါကြောင့်ဘဲ ရှား ဆီဖုန်းဆက်လိုက်မိတာ
ကျွန်တော် လိုအပ်နေတဲ့အချိန်မှာ
အပြေးရောက်လာတဲ့ ရှား က
ကျွန်တော့်ကို ခွန်အားဖြစ်စေပါတယ်
ကျေးဇူးတင်ပါတယ် တကယ်
စိတ်ရင်းနဲ့ တကယ်
ကျေးဇူးတင်ပါတယ် ရှား "
YOU ARE READING
Love & Vanity (အချစ် နှင့် မာန)
Romantik[ Completed ] #Myanmar bl novel #Love & Vanity #အချစ် နှင့် မာန #Holmes_002 - respectfully credit to the original artist for cover photo ဤဝတ္ထုတွင်ပါရှိသည့် ဇာတ်ကောင်များကို 'ဘုရားတစ်ဆူ ဂူတစ်လုံး' ထား၍ ကိုးကွယ်ချင်လောက်အောင် အပြစ်အနာအဆာကင်းသည့် ပု...