အခန်း-၅

711 22 7
                                    

ထမင်းစားအပြီး ဧည့်ခန်းအတွင်း၌...

ဦးမဟာအောင်မှာ ဆိုဖာထက်ခြေပစ်လက်ပစ် မှီချထား၏။

စံရှားမောင်က စီးကရက်တစ်လိပ်ကို နုတ်ခမ်းဖျား၌တေ့ကာ လက်ချောင်းရှည်ကြီးများဖြင့် မိမိ ရှပ်အင်္ကျီဖြူဖြူထက် ဟိုစမ်းသည်စမ်းလုပ်ကာ မီးခြစ်ရှာနေသည်။

အင်္ကျီအိပ်ကပ်ထဲ၌ မီးခြစ်မ‌တွေ့ဘဲ စီးကရက်ဗူးထဲ ထည့်ထားသည်ကိုတွေ့မှ ယူ၍ မီးညှိ၏။

သတိမေ့တတ်လေသလော၊ မျက်စိလျှမ်းလေသလောမသိ အဘိုးကြီးနှယ် ဟိုစမ်းသည်စမ်းလုပ်ကာ
လိုရာတွေ့မှ မျက်ခုံးချီပုံကြောင့်
မဟာမြိုင်က ပြုံးလိုက်မိသည်။

မဟာမြိုင်မှာ သူ၏အကျင့်အတိုင်း ဗိုက်ကားသွားသည်နှင့် အင်းခနဲ လေရှည်ဆွဲကာ ဖအေဖြစ်သူ၏
ပေါင်ပေါ် လှဲချပစ်လိုက်သည်။

ဦးမဟာအောင်မှာ မကျေနပ်သည်လည်း မဟုတ်ပါဘဲ သားဖြစ်သူကို မျက်စောင်းခဲ၏။

မဟာမြိုင်က ပြုံးလျှက်ပင် ဖခင်၏ပေါင်ပေါ်ပို၍တိုးဝှေ့ကာ ခြေလက်များ ကားပစ်လိုက်သည်။

*ကလေးဆန်ပါဘိတကား* ဟုသာ
စံရှားမောင်က သတ်မှတ်ရင်း ပြုံးမိသေး၏။

"ဟင်းက ပုံတော်ရုံမို့
မောင်ရင့်ကိုတော့ အားနာပါရဲ့...
သို့သော် သားမြိုင်လက်စွမ်းမို့
မြိန်ရဲ့မလား မောင်ရင်..."

ဦးမဟာအောင်မှာ စီးပွားရေးသမားပီပီ ဟိုဘက်မနာစေလို ၊
ဒီဘက်လည်းမသာစေလို
ပြောတတ်ပုံကြောင့်
စံရှားမောင်က ပြုံးစနဲ့နဲ့ပြု၏။

"မဟုတ်တာဗျာ...
အားနာဖို့ဖြင့်မလိုပါဘူး...
မဟာမြိုင့်လက်ရာဘဲဗျာ...
ဘာနဲ့စားရစားရ တန်ပါတယ်...
ပြီးတော့ အိမ်မှာ တစ်ယောက်တည်းစားရတာထက်လည်း အများကြီးပိုဝင်ပါတယ်..."

"ဘာလို့ ‌တစ်ယောက်တည်းစားတာလဲ"

မဟာမြိုင်က ခေါင်းထောင်၍
စံရှားမောင် ကို မျက်လုံးကလေးပြူးလျှက် မေးသည်။

*ကိုယ့်‌အကြောင်း စိတ်ဝင်စားတာဘဲ*
ဟု တွေးကာ စံရှားမောင် ဘဝင် ဟပ်ရပြန်၏။

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now