အခန်း-၃၁

321 13 5
                                    

"ဘာ!!!
မင်းက မြသွေးရဲ့မောင်ကို
ဖက်နမ်းလိုက်တာ!!
ဘာတွေလဲ သတိုး ရ
ငါ့ကို နားလည်အောင် ရှင်းပြစမ်း!!"

"အစ်ကိုကြီးမှတ်မိမှာပါ
ဟိုတစ်ခါ အစ်ကိုလေးနဲ့ အစ်မမြသွေးတို့ ဈေးကို အတူလာကြတာဆိုတာလေ...
ကျွန်တော်တောင် အစ်ကိုကြီးကို
လာပြောသေးတယ်..."

"အင်း!"

"အမှန်တိုင်းပြောရရင် ကျွန်တော်က
အဲ့ကတည်းက အစ်မမြသွေးကို ကြိုက်နေမိတာဗျ"

"ဟေ့ ဟေ့ သတိုး !!
မဟုတ်ကဟုတ်က
ကလေးဟာ ကလေးလိုမနေဘူး"

"ဘယ်တတ်နိုင်မလဲဗျ!
သူက လှတာကိုး...
ဒါနဲ့ကျွန်တော်က အစ်မမြသွေးအကြောင်းတွေ စုံစမ်းကြည့်တော့
သူ့မောင် က ကျွန်တော်နဲ့အတန်းတူ
ခွန်းမြသာ ဆိုတဲ့ကောင် ဖြစ်နေတယ် ...
ဒီနေ့အစ်ကိုလေး အိမ်ကိုသွားတော့
အဲ့ကောင်က အစ်ကိုလေးအိမ်ထဲ
အရင်ရောက်နှင့်နေတာဗျ...
မြသာက ‌သူဌေးသားပီပီ ကျော့မော့နေအောင် ဝတ်စားထားတော့ ကျွန်တော့်လို အနုတ်စုတ်ဂုပ်စုပ်ကိုမြင်တိုင်း
နှာခေါင်းတရှုံ့ရှုံ့လုပ်တာကိုးဗျ...
ပြန်မယ်လုပ်တော့ အစ်ကိုလေးတို့ခြံဝမှာ ဒီကောင်ကလည်း စက်ဘီးနဲ့ဗျ...
ကျွန်တော်လည်း ဘာဖြစ်တယ်မသိဘူးဗျာ...
အဲ့ကောင် မြသာ ကိုမြင်ရင်
အူတယားယားရှိလာတာနဲ့
"ဟေ့ ယောက်ဖ!! " လို့ လှမ်းခေါ်လိုက်မိတာ"

"ဟေ့ !
ဒါတော့ မင်း နည်းနည်းလွန်ပြီကွာ"

"နဂိုကမှ ကျွန်တော့်ကို မျက်မုန်းကျိုးနေတဲ့ မြသာ ဗျာ...
ယမ်းပုံမီးကျဖြစ်ပြီး တရှူးရှူးတရှားရှားနဲ့ ကျွန်တော့်ရှေ့လာပြီး
"ဟေ့ကောင် မင်းခေါင်
ငါ့အစ်မနဲ့မင်းက အရွယ်မတူတော့
မလိုက်ဖက်ပါဘူးကွာ..
မင်းနှမသာ ငါနဲ့အရွယ်တူပြီး
လိုက်ဖက်တာ...
မင်းက ဒီလောက်နှမပေးချင်နေမှတော့ ငါကလည်း အားနာပါးနာနဲ့ ပြန်ခေါ်ရအုံးမယ် ယောက်ဖရေ" ဆိုပြီး
ကျွန်တော့်ကို ဒဲ့ပြန်ဆော်တာဗျ"

(ညီမအရင်း မဟုတ်ပါ။
ဦးကြီး၏ သမီးဖြစ်၍ ကျွန်တော်နှင့် မောင်နှမဝမ်းကွဲတော်စပ်ပါသည်။
ဝမ်းကွဲဖြစ်သည့်တိုင် မောင်နှမအရင်းလို ချစ်ခင်ကြပါသည်။)

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now