အခန်း-၃၀

333 16 10
                                    

သတင်းကောင်းပါလာသည့်နေ့မှ အိမ်နီးချင်းများ၏ အရိပ်အယောင်ကို ယောင်လို့မတွေ့ရသဖြင့် စံရှားမောင်
က သက်ပြင်းချလိုက်၏။

အိမ်ထဲဝင်မည်ပြုကာမှ ရုံးအပြန်ရေချိုးပြီးသောတိမ်ညိုက အဝတ်များလှန်းရန် အိမ်ရှေ့ထွက်လာရင်း စံရှားမောင် ကို မြင်သည်နှင့်

"ဘယ်မြို့ပုံသားပါလိမ့်!!" ဟု လှမ်း၍
နောက်လိုက်သည်ကို စံရှားမောင်က
အောက်မျက်ရစ်ကြီးများ ထင်းသွားအောင် ပြုံးပြလိုက်သည်။

"ဘာ ဘာ ဘာအပြုံးကြီးလဲဗျ
ဒီအပြုံးကြီးက လိုချင်တာရလို့
ကျေနပ်နေတဲ့ အပြုံးကြီးပဲ "

ဆိတ်နေ၍ လူကဲခတ်ခြင်းထက် ဇွတ်ဝင်ပြောရမှ ကျေနပ်တတ်သော တပည့်ကျော်က ရှားရှားပါးပါး လူကဲခတ်လိုက်ရာ၌ ဒက်ခနဲ မှန်သွားသဖြင့် စံရှားမောင်က ရယ်လိုက်သည်။

"ဪ ကိုယ်တော်မှိုင်းတို့
လူကဲခတ်စကေးတွေ မြင့်လာပါလား
လာစမ်း ရှေ့ကိုတိုး "

အူလည်လည်နှင့် ရှေ့တိုးလာသောတိမ်ညို၏ နှဖူးကို စံရှားမောင်က လှမ်း၍ တောက်လိုက်၏။

တစ်ကွက်ညံ့သွားသော တိမ်ညိုက မျက်မှောင်တကုပ်ကုပ်လုပ်လေသည်။

"ဘာလဲ လိုချင်တာ ဘာရခဲ့လို့
သွားကြီးဖြီးနေတာလဲဗျ"

"မြိုင့်ကိုရခဲ့လို့လေ...
မဟာမြိုင့်ကိုရလိုက်တာထက်
ကျေနပ်စရာ ဘာရှိသေးမှာမို့လဲ!"

ရယ်သွမ်းသွေးကာ ကားသော့ကလေးဝှေ့ယမ်းလျက် အိမ်ထဲသို့ သီချင်းညည်းကာ ဝင်သွားသော သူ၏ဆရာသမားကိုကြည့်၍ ကြောင်နေသောတိမ်ညိုမှာ ခဏအကြာ ပြူးတူးပြဲတဲဖြစ်ကာ အဝတ်များကို တန်း၌ အလုံးလိုက် တင်ထားခဲ့၍ အိမ်ထဲသို့ ပြေးဝင်သွား၏။

"အမေရေ... အမေ!!!"

***

ရေချိုးရန် အင်္ကျီချွတ်ပြီးမှ ကျွက်ကျွက်ညံနေသော အသံများ နီး၍နီး၍လာသည်မို့ စံရှားမောင်က တံဘက်အဖြူကြီးကို ကောက်လွှားလိုက်၏။

ထင်သည့်အတိုင်း အိမ်နီးချင်းများက သူ့ထက်ငါ အရင်တိုးဝှေ့ကာ အုတ်အုတ်ကျွက်ကျွက်ဖြစ်နေကြရင်းမှ အရိုးထဲက အားသန်သော ဒေါ်မေကြည်က ရှေ့ဆုံးမှ ဝင်လာကာ တုန်ရီသော အသံဖြင့်

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now