"ဟေး!! လေဒီတို့!
ရိုမန့်တစ်ဆန်ချင်သလောက် ဆန်နိုင်တဲ့ ညစာစားပွဲလေးတစ်ခုလောက်
ပြင်ပေးဗျား..."မဟာမြိုင့်လက်ကိုဆွဲကာ ဟိုတယ်ထဲသို့ ပြုံးပြုံးကြီးအော်ဝင်လာသော စံရှားမောင်ကြောင့် ဟိုတယ်ဝန်ထမ်းမ,လေးများ ပြုံးစိစိဖြစ်ကုန်ကြသည်။
စားပွဲရသည်နှင့် စံရှားမောင်က မဟာမြိုင်ထိုင်ရန် ခုံကိုဆွဲပေး၏။
မိမိကိုအသားပေးသောအပြုအမူများကို မဟာမြိုင် အကျေနပ်ကြီးကျေနပ်မိနေသည်။
လူမစည်တော့သည်ဖြစ်၍ အားလပ်နေသော ဝန်ထမ်းမလေးများက စံရှားမောင်နှင့်မဟာမြိုင်တို့စားပွဲအနီး၌ မိတ်ဖြစ်ဆွေဖြစ်စကားပြောကာ နားနားနေနေနေကြရင်း အမျိုးသားနှစ်ဦးပြောသော ပြက်လုံးများ၌ တခစ်ခစ်အသံလေးများ ကျွက်ကျွက်ညံနေတော့၏။
ရုတ်တရက် မြင်နေကျပုံစံနှင့်မတူဘဲ အမြင်ဆန်းနေသော မဟာမြိုင့်ကို စံရှားမောင် စိုက်ကြည့်နေမိသည်။
လက်မ နှင့် လက်ညှိုးကြား စီးကရက်ကိုအကျအနကိုင်ကာ ဖွာရှိုက်နေသော မဟာမြိုင်။
ကျွမ်းကျင်အဆင့်နှင့် စီးကရက်ဖွာနေ၏။
ဘယ်အချိန်ကတည်းက စားပွဲပေါ်မှစီးကရက်ဗူးထဲက နုတ်၍ ဖွာနေသည်မသိ။
"ဟေး!! မြိုင် ဒါဘာလုပ်..."
မဟာမြိုင့် နူတ်ခမ်းဖျားမှ စီးကရက်ကို ပြာပြာသလဲ ဆွဲယူလိုက်သော စံရှားမောင်။
မဟာမြိုင်က ပုခုံးတစ်ချက်တွန့်ပြလိုက်ရာ ဝန်ထမ်းမိန်းခလေးများ စားပွဲမှ ခွာသွားကြ၏။
"မြိုင်!! ဘာလို့ စီးကရက်..."
"စီးကရက်သောက်တော့ ဘာဖြစ်သလဲ ရှား!!"
"ကိုကို့ခေါင်ရမ်းပန်းလေးတွေ အရောင်ရင့်ကုန်မှာပေါ့..."
ခုံမှထ,ကာ စားပွဲပေါ် လက်ထောက်၍ မိမိနူတ်ခမ်းကို လက်မလေးဖြင့် လာပွတ်ဆွဲသော ရှားကြောင့် မဟာမြိုင်မှာ ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွားရ၏။
"ရှားလည်း ယောက်ျား!
ကျွန်တော်လည်း ယောက်ျား!
ရှား စီးကရက်သောက်တယ်...
ကျွန်တော်လည်း စီးကရက်သောက်မယ်...
ရှားကျသောက်ပြီး ကျွန်တော့်ကိုကျမသောက်ခိုင်းတာက
ယောက်ျားမာနကို လာထိပါးတာပဲ!!
ရှား ကျွန်တော့်ကို မိန်းမတစ်ယောက်လိုမျိုး သဘောထားနေတာလား..."
YOU ARE READING
Love & Vanity (အချစ် နှင့် မာန)
Romance[ Completed ] #Myanmar bl novel #Love & Vanity #အချစ် နှင့် မာန #Holmes_002 - respectfully credit to the original artist for cover photo ဤဝတ္ထုတွင်ပါရှိသည့် ဇာတ်ကောင်များကို 'ဘုရားတစ်ဆူ ဂူတစ်လုံး' ထား၍ ကိုးကွယ်ချင်လောက်အောင် အပြစ်အနာအဆာကင်းသည့် ပု...