အခန်း-၇

567 17 5
                                    

အချိန်အားဖြင့် နံနက် ၆ နာရီ အတိ။

နှိုးစက်သံ တဂွမ်ဂွမ်ကြောင့်
စံရှားမောင် အိပ်ယာနိုးသည်။

ညက အနာရှိန်ကြောင့် ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။

ယခု အားယူ၍ ထလိုက်သော်လည်း မျက်ရည်ပူများကျကာ ငါးပါးသီလ စောင့်ထိန်းသော စံရှားမောင်
မသောက်ပါဘဲ မူးမိုက်မိုက်။

အဖျားတက် ၊ အနေရခက်နေသည့်ကြားမှ ဒင်းကလေးနှင့်တွေ့ရမည့်အရေး တွေးမိပြန်တော့ အိပ်ယာမှ ဝုန်းခနဲထကာ အိပ်ယာခင်းများကို မည်သို့မည်ပုံ သိမ်းလိုက်သည်မသိ။

*ဒါ အချစ်ရဲ့ စွမ်းအားတွေများလား..*

တစ်ကိုယ်တည်းတွေးကာ ပြုံးမိသေး၏။

နောက်ကျမှ အိပ်ယာဝင်၍ နောက်ကျမှပင် အိပ်ယာထတတ်သော ဝါသနာရှိသည့်အလျောက် မိမိအဖို့ မြင်တွေ့ရခဲသော နံနက်ခင်းမြင်ကွင်းကို စီးကရက်တစ်လိပ်ခဲကာ ပြတင်းကိုမှီရပ်၍
စံရှားမောင် ငေးကြည့်နေမိသည်။

ဤ အကျင့်ဆိုးကြောင့် ဝီရိယမရှိသူဟု ဆိုကြသော်ငြား ကိုယ့်ဟန်နှင့်ကိုယ် နေတတ်သော စံရှားမောင် မှာ မမူ။

ငယ်စဉ်ကတည်းက ယခုထိ ထိုအကျင့် ကို ဖျောက်ဖျက် ဖို့လည်း မကြိုးစားပါပေ။

ယနေ့ ၆ နာရီအတိ၌ အိပ်ယာထခြင်းကား ထိုကောင်လေးအတွက်နှင့် ကိုယ်ပိုင်မူကိုပြင်ကာ ဝီရိယ ထားထားခြင်းဖြစ်၏။

ဇက်ဇက်ကြဲကလေး ကြိမ်းမည်ဆိုးသဖြင့် ပြတင်း၌ ကြာကြာ ရပ်မနေတော့ဘဲ ရေပြေးချိုးလိုက်သည်။

ကော်ဖီနှင့် ပေါင်မုန့် မီးကင်တစ်ချပ်စားကာ ဒဏ်ရာကို ပတ်တီးအသစ်လဲအပြီး ဆေးသောက်လိုက်၏။

ကိစ္စဝိစ္စများ ပြီးစီးသွားသောအခါ ၆ နာရီပင် ခွဲပြီ။

ကားကို ခပ်သွက်သွက်ထုတ်ကာ
မဟာမြိုင်တို့ အိမ်သို့ မောင်းနှင်လာခဲ့၏။

***

မဟာမြိုင် ဖင်မငြိမ်ဘဲ တိုင်ကပ်နာရီကို တကြည့်ကြည့် လုပ်နေမိသည်။

၇ နာရီမတ်တင်းပြီ။

ဖအေဖြစ်သူပင် ပွဲရုံသို့ ရောက်နေလောက်ပြီ။

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now