အခန်း-၁၁

410 15 4
                                    

"ပြုံးစိစိနဲ့ မြှုံးမိထားတဲ့ ငါးကြီးကျလို့
ပြောစမ်း !!
ဘယ်တွေ သဝေထိုးနေတာလဲ"

ပြုံးလျက် ကားပေါ်မှ ဆင်းလာသော
စံရှားမောင်ကို မြင်သည်နှင့်
ဒေါ်မေကြည်က ခါးထောက်ကာ
ခြံတံတိုင်းအနီးကပ်၍
အထက်ပါအတိုင်းဆို၏။

"ပြုံးပြီလားဗျာ
မဟာမြိုင်ဆိုတဲ့ မြှုံးကလေးထဲ မိထားမှတော့
ဒီက ငါးကြီး မပြုံးဘဲနေနိုင်ရိုးလား"

ဒေါ်မေကြည်၏ မျက်နှာ လက်ခနဲဖြစ်သွားသည်။

"အောင်မယ် အောင်မယ်
မောင်မင်းကြီးသား တစ်ကိုယ်တော်
လှုပ်ရှားနေပါလား
ဘယ့်နှယ်လဲ မင်းကောင်လေး"

"သူကလေး မာမာချာချာပါဘဲဗျာ"

ဒေါ်မေကြည်က ခြေဖျားထောက်ကာ တံတိုင်းပေါ်မှလက်လှမ်း၍
စံရှားမောင်၏ လက်မောင်းကို ဖြတ်ခနဲလှမ်းရိုက်သည်။

"အဲ့ဒါမေးနေတာမဟုတ်ဘူး ငနုံရဲ့
မင်းအပေါ်ဘယ်လိုသဘောထားလဲမေးတာ ကြည်ဖြူရဲ့လား ဘာညာပေါ့"

စံရှားမောင်က လက်မောင်းကိုပွတ်ကာ တဟဲဟဲရယ်လျက်

"ဆောရီးမေမေကြည်
ကျွန်တော် အဓိပ္ပါယ်ကောက် လွဲသွားတယ်...
မြိုင် ကျွန်တော့်ကို တွယ်တာနေမိပြီဆိုတာကိုတော့ အကဲခတ်ရတယ်...
ဘယ်ပုံနဲ့ တွယ်တာသလဲ ကျွန်တော်လည်း မဆိုတတ်ဘူး...
ဒင်းကလေး ကျွန်တော့်ပေါ် ဆက်ဆံပုံက ရိုးရှင်းလွန်းနေတယ်...
တစ်ခါတစ်ခါ ရိသဲ့သဲ့ပြောလိုက်ရင်တော့ ရှက်သွားရကောင်းမှန်းသိရှာသေးတယ်ဗျ...
ဒါသူ့အပေါ်ထားတဲ့ကျွန်တော့်ခံစားချက်ကို နည်းနည်းရိပ်မိနေတဲ့သဘောပဲ...
တစ်ဆိတ် မလွယ်ဘူး မေမေကြည်..
မြန်မာ့ အသိုင်းအဝိုင်းမှာ ယောက်ျားချင်း ချစ်ကြတယ်ဆိုတာ နည်းနည်းလေးမှ လက်ခံချင်စရာ မကောင်းဘူး မဟုတ်လား...
ခုချစ် ခုကြိုက် ခုအတူနေ ဒါမျိုးကိုယ်လုပ်ချင်ရာ ဇွတ်လုပ်လို့ မဖြစ်ဘူး...
လုပ်လို့ရရင်လည်း ကျွန်တော် ဒါမျိုးကို အပေါစား လို့မှတ်ယူပြီး လုပ်မှာမဟုတ်ဘူး...
ကျွန်တော့်လူကို ကျွန်တော်ချစ်တာမှာ
ဘယ်တဏှာ ဘယ်ရမ္မက်မှ မပါဘူး..
ရိုးရှင်းတယ်..ဖြူစင်တယ်..
ဒါပေမယ့် အတ္တက တော့ အပြည့်ဘဲ..
ကျွန်တော် မြိုင့် ကိုပိုင်ဆိုင်ချင်တယ်..
မြိုင် ဟာ ကျွန်တော့်အပိုင်
ကျွန်တော့်အတွက်ဘဲ
ဒီအတ္တ အတွက် ကျပြန်တော့လည်း
ဘာပဲရင်ဆိုင်ရစမ်းပါစေ...
ပတ်ဝန်းကျင်က ဘယ့်နှယ်ပဲဆိုဆို
ကျွန်တော်က ဂရုစိုက်နေမယ့်ကောင်
မဟုတ်ဘူး..."

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now