အခန်း-၅၀

399 14 26
                                    

ပွဲရုံနားရက် တနင်္ဂနွေနေ့ဖြစ်သော်လည်း စံရှားမောင်က အစောကြီးအိပ်ယာထ,၏။

အလုပ်နားရက်ကလေး၌ ခင်ပွန်းဖြစ်သူကို ဂရုတစိုက်ပြစုပေးချင်သည်ကား သူ၏ဆန္ဒအစစ်အမှန်။

အိပ်ယာမှမထ,ခင် မိမိ၏ပေါင်ပေါ်ခြေခွတင်၍ အိပ်ပျော်နေသူကိုကြည့်ကာ နှာတံချင်းမထိတထိပွတ်ဆွဲ၍ ဟက်ခနဲသဘောတကျပြုံးရယ်မိသေးသည်။

အချစ်များ ကုန်မကုန်နိုင်ပါ...။

အိပ်ပျော်သူ၏ဒူးကိုအသာလေးမ,၍ မိမိခေါင်းအုံးကိုညှပ်ပေးခဲ့ပြီးမှ မနက်စာပြင်ရန် နောက်ဖေးသို့ဝင်လာလိုက်၏။

***

မဟာမြိုင်အိပ်ယာမှနိုးသောအခါ ဘေးမှလူကိုမတွေ့ရ။

ဒူးကြားမှခေါင်းအုံးကို ကပျာကယာ သူ့နေရာသူပြန်ထား၍ အိပ်ခန်းမှပြေးထွက်လာသည်။

"ရှား ရှား ရှား !!"

"ဗျား ဗျား ဗျား !!"

ပေါင်မုန့်မီးကင်များ ပြင်နေသော စံရှားမောင်က ပြေးလာသော မဟာမြိုင့်ကို ဆီးကြိုပွေ့ဖက်၏။

"လန့်တာဗျာ!!
ရှား ပွဲရုံသွားချိန် မမီတော့ဘူးထင်နေတာ..."

"ဒီနေ့က တနင်္ဂနွေလေ မြိုင်!"

"ဟာ ဟုတ်သား!!
ရှားက ကျွန်တော်နဲ့အတူရှိနေမှာပေါ့
ပျော်စရာကြီး "

စိတ်ထဲရှိရာ ပြောချကာ လည်တိုင်ကို တရွှတ်ရွှတ်လာနမ်းသော ဒင်းကလေးကြောင့် စံရှားမောင်မှာ ကျေနပ်လွန်းကာ ပြုံးရယ်မိတော့၏။

"ကိုင်း ကိုယ့်လူ!!
အိပ်မှုန်စုံမွှားပုံစံလေးက ချစ်ဖို့ကောင်းတာမှန်ပေမယ့် မနက်စာတော့ စားရအုံးမှာနော်!!"

မုတ်စိတ်တိုစိစိလေးများဖြင့် မျက်နှာကိုလာပွတ်သော လူကြီးကြောင့် မဟာမြိုင်က တခွိခွိရယ်မောရင်း မျက်နှာသစ်ရန် အတင်းပြေးသွားလေသည်။

မနက်စာ စားအပြီး၌ မဟာမြိုင်က စံရှားမောင်၏ ပေါင်ပေါ်လှဲ၍ အိပ်နေရင်း စီးကရက်ခဲကာ

"ရှား!! တယောနဲ့ ဂစ်တာမှာ
ဘယ်ဟာက ပိုနွဲ့မယ်ထင်သလဲဗျာ.."

"ကိုယ် ဂစ်တာကို အရင်ကလေ့လာကြည့်ခဲ့ပါသေးတယ်...
သူကအတော်လေးပိုနွဲ့တယ်...
မြိုင်က ကျွမ်းကျင်လွန်းနေတာဟာ တကယ်အံ့ဩစရာရယ်..."

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now