အခန်း-၂၃

309 17 0
                                    

"ကိုယ်တော့ အနေရခက်နေပြီ
မြိုင်ရယ်
ဒါတွေကို ဖယ်ပစ်ဖို့နည်းကို
ကြံစမ်းပါအုံးလား"

မှန်ရှေ့၌ ရပ်ကာ မရိတ်ကြာကြာပြီဖြစ်၍ တစ်စွန်းတစ်စထွက်လာသော
မုတ်ဆိတ်တိုစိစိများကို လက်ဖြင့်ပွတ်သပ်ရင်း မဟာမြိုင်ရှိရာဘက်သို့လှည့်ကာ စံရှားမောင်က ညည်းညူလိုက်ခြင်းဖြစ်၏။

မဟာမြိုင်က ပြုံးစိစိဖြင့်

"နေပါအုံး
ကျွန်တော့် မုတ်ဆိတ်ရိတ်ဓား
ဘယ်နားမှာပါလိမ့် ကြံပေးစမ်းပါ့မယ်
ခဏစောင့်"

ဟုဆိုကာ ‌စံရှားမောင်ရှိရာ ရေချိုးခန်းထဲမှ ထွက်သွား၍ ခဏအကြာ မုတ်ဆိတ်ရိတ်ဓားတစ်ချောင်းနှင့်
ရောက်လာ၏။

"ရော့ဗျာ
ရေပါတစ်ခါတည်းချိုးခဲ့လိုက်
ကျွန်တော် ရေနွေးကြမ်းနဲ့ ထမင်းကြော် ပြင်ထားမယ်"

စံရှားမောင်က ကလေးသဖွယ်နူတ်ခမ်းဆူကာ

"မြိုင့်စကားမို့သာ
နားထောင်ရမယ်ကွယ်
မနက်ခင်းရေချိုးရမှာ ကြောက်လှချေရဲ့"

မဟာမြိုင်မှာ ပြုံးရယ်လျက် ဧည့်ခန်းဆီသို့ ဦးတည်သွားတော့၏။

ဦးမဟာအောင်မှာ ပုံမှန်အတိုင်း မာမာချာချာဖြစ်သဖြင့် စားပွဲဝိုင်းထိပ်၌
ခပ်မိန့်မိန့်။

"ဘယ့်နှယ်လဲ သားမြိုင်
မင်းဘုရားက စက်တော်ခေါ်တုန်းပဲလားကွယ့်"

"မဟုတ်တာ ဖေဖေ
ဒီက မင်းဆရာက ရေချိုးဖို့
အမိန့်ပေးထားခဲ့တယ်"

ဦးမဟာအောင်မှာ ပြုံးတော့မလို ၊ရယ်တော့မလို မျက်နှာထားဖြင့်

"ဟုတ်မှလည်းလုပ်ပါ သားရဲ့
ဒီကလေးက အအေးကြောက်တတ်ပါဘိ
တော်တော်ကြာ ဖျားနာနေမှဖြင့်
ဖေဖေကတစ်ဖန် ပြန်ပြုစုနေရပါလိမ့်မယ်"

မဟာမြိုင်က ဖအေ့အပြော သဘောကျကာ ခပ်ဟဟရယ်သည်။

ခဏအကြာ ဧည့်သည်တော်က စားပွဲဆီသို့ရောက်လာစဉ် ရေချိုးထားသဖြင့် ဆပ်ပြာနံ့သင်းသင်းကပါ အဖော်ပါလာသေး၏။

မုတ်ဆိတ်များရိတ်ထားသဖြင့် မျက်နှာချောချောက စိမ်းဖန့်ဖန့်နှင့် ကြည်လင်လွန်းကာ ပါးရိုးပေါ်မှ မှဲ့နက်သေးသေးလေးကိုပင် ခပ်ရှင်းရှင်းမြင်နေရသည်။

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now