အခန်း-၄၈

311 13 11
                                    

နံနက် ၆ နာရီအတိ၌ နှိုးစက်ပေးထားသည်မို့ နာရီက တဂွမ်ဂွမ်မြည်နေ၏။

အိပ်ယာထက်မှ စံရှားမောင်မှာ တစ်ဖန်ပြန်၍ နှပ်ချင်စိတ်ကိုချိုးနှိမ်ကာ သွက်သွက်လက်လက်ထ,၍ အမှု့ကိစ္စများပြုအပြီး ဧည့်ခန်းအတွင်းဝင်လာရာ ဝီရိယကောင်းလွန်းသူလေးက ထမင်းကြော်နှင့်ရေနွေးကြမ်း ပြင်ထားပေးပြီးဖြစ်သည်။

ကော်ဖီများမုန့်များစားလျှင် မတင်းတိမ်နိုင်ဘဲ ဗိုက်အဆာလွယ်မည်စိုးသဖြင့် ထမင်းကြော်နှင့်ရေနွေးကြမ်းပြင်ထားသော သူကလေး၏ အလိုက်သိတတ်ပုံကြောင့် ပြုံးရသေး၏။

"ဟိုး ဆရာကြီး !!
အိပ်ယာက စောစောထ,ရလို့ သုန်သုန်မှုန်မှုန်ဖြစ်မယ်ထင်နေတာ...
ခုများတော့ ပြုံးလှချေကလား..."

စတစ်အဖြူ လက်စက နှင့် ပုဆိုးပြာဖျော့ဖျော့ကို တွဲ၍ဝတ်ဆင်ထားသော မဟာမြိုင်မှာ ရိုးရိုးကလေးနှင့် တစ်ဖက်လူကို စိတ်ထိခိုက်အောင် စွမ်းဆောင်နိုင်ပါပေ၏။

စံရှားမောင်က မဟာမြိုင့်ကိုယ်ကို နောက်မှသိုင်း၍ လည်တိုင်ကို ရွှတ်ခနဲနမ်းလိုက်သည်။

"ကိုယ့်လူက ဒီလောက်ဝီရိယကောင်းတာ
ဆက်အိပ်နေဖို့တောင် အားနာလှချေရဲ့..."

"‌ဒါမျိုးမှကြိုက်တာ!
ထိုင်ဗျာ...ရှား..ထမင်းကြော်စားရင်း ရေနွေးကြမ်းသောက်ကြရအောင်!!"

နှစ်ယောက်သား ထမင်းစားကြရင်း မဟာမြိုင်က ပွဲရုံ၏အခြေခံနည်းစနစ်များကို စံရှားမောင်သိအောင် ပြောပြနေ၏။

စံရှားမောင်က ဂရုတစိုက်သေချာ နားထောင်နေသည်။

"ရှား! နေပါဗျာ...
ရှား ပင်ပန်းပါ့မယ်...
ကျွန်တော်ပဲ ပွဲရုံသွားပါ့မယ်..."

"ဟိုး! ကိုယ့်ဆရာရယ်...
ဘယ်လိုများ ပြောထွက်ရက်ပါလိမ့်!!
အိမ်မှာဘဲ သက်တောင့်သက်သာနေပါကွယ်...
ကိုယ်ဖြင့် အိမ်မှာ မင်းတစ်ယောက်တည်း ပျင်းနေမှာတောင် စိုးရတယ်..."

မဟာမြိုင်က သူ၏ ဂစ်တာကို လက်ညှိုးထိုးပြကာ

"ကျွန်တော့် အသက်လေး ရှိနေပြီလေ ရှားရဲ့..."

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now