အခန်း-၄၆

315 14 8
                                    

နံနက်ခင်း၏ကောင်းကင်ကား မိုးစိုင်မိုးခဲများ ညှို့မှိုင်းကာ မဲမှောင်လျက်ရှိသည်။

ထို မိုးစိုင်မိုးခဲများကဲ့သို့ မဟာမြိုင်နှင့် စံရှားမောင်တို့၏ ရင်တွင်း၌လည်း အပူလုံးကြီးများ အုံ့ဆိုင်းပိတ်ဆို့လျက်ရှိနေ၏။

ကုတင်ပေါ်လှဲနေရသော ဦးမဟာအောင်မှာ ပါးများ၊ မျက်တွင်းများ ခွက်ဝင်ကာ အသက်ကို အလုအယက်ရှူနေရ၍ အပြင်းအထန် အမောဖောက်နေသည်။

"ဖေဖေ! သားခေါ်နေတာ ကြားရဲ့လား
သတိထားစမ်းပါအုံးဗျာ..."

မဟာမြိုင်မှာ မျက်လုံးများ ပြူးကာ လက်ချောင်းများက ဖခင်၏ရင်ဘတ်ပေါ် ပြေးလွှားနေ၏။

စံရှားမောင်က မဟာမြိုင်၏ လက်များကို ဖမ်းဆုပ်ထားကာ သူ၏လက်နှင့် ဦးမဟာအောင်၏ ရင်ဘတ်ပေါ် ယှက်တင်လိုက်သည်။

မဟာမြိုင်မှာ စိတ်ပူသည်ထက် ပိုတိုး၍ ပူသွားရ၏။

ဖခင်၏ နှလုံးခုန်သံများက တဒိုးဒိုးတဒိုင်းဒိုင်း နှင့် ပေါက်ထွက်တော့မည့်နှယ် ရှိသဖြင့် စမ်းသပ်ကြည့်ရုံနှင့် မည်မျှ ခံစားရခက်နေသည်မှာ သိသာလှသည်။

"ရှား! ကယ်ပါအုံးဗျား ရှား!
ဖေဖေ့ကို ကယ်ပါအုံးလားဗျ!!
ကျွန်တော်တို့ ဘာလုပ်ကြမလဲဟင် ရှား!!
ဆေးရုံကို သွားကြမလား ဟင် ရှား!!"

အပြင်းအထန် အမောဖောက်နေသည့်ကြားမှ ဦးမဟာအောင်က သားဖြစ်သူကိုကြည့်ကာ

"မ...သွားဘူး...သားမြိုင်...
ဒီအိမ်မှာဘဲ...ခေါင်းချချင်တာ...ဖေဖေ့ဆန္ဒ.."

စံရှားမောင်၏ မျက်လုံးကြီးများထဲ၌ မျက်ရည်များ ဝဲတက်လာ၏။

"ဒါဖြင့် ဦးအောင်ခံစားနေရတာကို
ကျွန်တော်တို့က လူနုံလူအတွေလို
ဒီတိုင်း ထိုင်ကြည့်နေရမှာလားဗျ!!"

ပြောရင်း စံရှားမောင်က ဦးမဟာအောင်၏ ရင်ဘတ်ပေါ် မျက်နှာအပ်၍ ငိုချလိုက်သည်။

ဦးမဟာအောင်က စံရှားမောင်၏ ဘိုကေကို လက်ချောင်းကြီးများဖြင့် ပွတ်ကာ

"မငိုနဲ့...မောင်..ရင်...
ဦးက...ဦးက...သားကို မောင်ရင့်လက်ထဲ ...အပ်ထားတာ...
မောင်ရင်က...ခုလို ဝမ်းနည်းနေရင်..."

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now