တစ်မနက်စာလုံး သူ၏ မောင်ရင်နှင့် စိတ်လွတ်ကိုယ်လွတ် ပျော်လာခဲ့သော ဦးမဟာအောင်တစ်ယောက် အိမ်သို့ပြန်ရောက်ကာမှ ဧည့်ခန်းအတွင်း မြင်လိုက်ရသော မြင်ကွင်းကြောင့် ရင်ဘတ်အား ခြောက်ပေါင်တူနှင့် အထုခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
သားဖြစ်သူ မဟာမြိုင်က နီမြန်းသွားသော သူ၏ပါးတစ်ဖက်ကို လက်နှင့်အုပ်ကာ မျက်ရည်မကျအောင် ထိန်းထားသည့်ပုံဖြင့် နူတ်ခမ်းကို သွားဖြင့် ဖိကိုက်ထားကာ ဒေါ်ခင်သက်ချိုမှာ မီးတဝင်းဝင်းဖြစ်နေသော မျက်လုံးများနှင့် မဟာမြိုင့် ကို စိုက်ကြည့်နေရာမှ ဦးမဟာအောင် ကိုတွေ့သည်နှင့်
နူတ်ခမ်းကို မဲ့ရွဲ့ပစ်လိုက်သည်။ဦးမဟာအောင်မှာ သားဖြစ်သူဘေး အပြေးသွားကာ
"ဟေ့! ခင်သက်ချို!!
ဒါဘာလုပ်တာလဲ!!! ""မြင်တဲ့ အတိုင်းပဲလေ...
လုပ်တာကိုင်တာ အချိုးမကျလို့
ဆုံးမလိုက်တာ...""ဘာကွ!!! ငါ့သားကိုများ ပါးရိုက်ရဲရအောင်
မင်းက ဘာကောင်မ မို့လို့လဲဟမ် !!! မိန်းမယုတ် !!!
တယ်!! ငါ အသေသတ်လိုက်ရ!!!"ဒေါ်ခင်သက်ချိုက မထိတရီ ပြုံးသည်။
"အို.. ကြောက်ရလေရဲ့ရှင်...
ကြောက်ရလေ... ဟုတ်ပါ့ !!
ရှင့်ချည်း လက်ပါတာ ဆိုတော့ ...
ကျွန်မ ဘာကောင်မလဲဆို
စိတ်ထင်တိုင်းလုပ်တဲ့ ကောင်မဘဲ...
ခုလည်း အပြစ်ရှိတယ်ထင်လို့ကို ဆုံးမလိုက်တာ
ဘာဖြစ်သလဲ မှတ်ပလား!!! "ဦးမဟာအောင်မှာ သည်းမခံနိုင်သည့်အဆုံး ဆတ်ခနဲ မတ်တပ်ထရပ်ကာ ဒေါ်ခင်သက်ချိုအား လက်သီးနှင့် ရွယ်ရာတွင် အာဂသတ္တိနှင့် အမျိုးသမီးက မျက်ဆံညိုကြီးများနှင့် စေ့နေအောင်ပြန်ကြည့်နေသဖြင့် ဦးမဟာအောင်မှာ ပို၍ တင်းခနဲ ဖြစ်သွားကာ ထိုးချလိုက်မည်အပြု မဟာမြိုင်က ဖအေဖြစ်သူ၏ လက်ကို ရုတ်ခနဲ ဆွဲဖမ်းထားလိုက်သည်။
ဦးမဟာအောင်မှာ သားဖြစ်သူကို ကြောင်၍ ကြည့်နေရင်းမှ ခေါင်းတွင်တွင်ယမ်းကာ တားမြစ်ခံရသောကြောင့် လက်ကိုပြန်ချလိုက်သည်။
"တောက်!! ငါ့နှယ်နော်..."
"တော်ပါ ဖေဖေ...
ဒါ မေမေလေးအပြစ် မဟုတ်ပါဘူး... ပေါ့ဆမိတဲ့ သားကြောင့် မေမေလေးအင်္ကျီ မီးကျွမ်း သွားရတာ..."
YOU ARE READING
Love & Vanity (အချစ် နှင့် မာန)
Romance[ Completed ] #Myanmar bl novel #Love & Vanity #အချစ် နှင့် မာန #Holmes_002 - respectfully credit to the original artist for cover photo ဤဝတ္ထုတွင်ပါရှိသည့် ဇာတ်ကောင်များကို 'ဘုရားတစ်ဆူ ဂူတစ်လုံး' ထား၍ ကိုးကွယ်ချင်လောက်အောင် အပြစ်အနာအဆာကင်းသည့် ပု...