"ဝုန်း!"
ရုတ်တရက် အခန်းထဲဝင်လာကာ
ကုတင်ပေါ် အားဖြင့် လှဲချလိုက်သော
မဟာမြိုင် ကြောင့် စံရှားမောင် အလန့်တကြားဖြစ်သွားရသည်။"မြိုင် ! "
ကုတင်စွန်း၌လှဲကာ ခြေတစ်ဖက်ကို ကုတင်ပေါ်ထောင်ထား၍ ကျန်ခြေ တစ်ဖက်ကို အောက်သို့တွဲလောင်းချထားသည့် မဟာမြိုင်က ပြုံးစိစိ နှင့် ကြည့်လာသည်မို့ ရေချိုးရန်ကြံရွယ်ကာ ရှပ်အင်္ကျီကြယ်သီးများဖြုတ်နေသော စံရှားမောင် ၏ လက်များ တန့်သွား၏။
"ဘယ့်နှယ်ဟာလေးလဲ
လူကို သည့်နှယ်ကြည့်နေတာ
ဘာသဘောလဲ"လှဲနေသူထံငုံ့ကာ နှဖူးကို ခပ်ဖွဖွတောက်ရင်းမေးတော့ သူကလေးက ပြုံးရယ်ကာ ငေါက်ခနဲ ထထိုင်၍
"ဆေးနီဘယ်မှာထိုးလဲ ရှား !
ကျွန်တော် ဆေးနီထိုးချင်တယ်"ကောက်ကာငင်ကာ ပူဆာလာသော သူကလေးကြောင့် စံရှားမောင် မျက်လုံးပြူးမိ၏။
"ဘာလဲမြိုင်
ဘာပြောတာ!""ရှား လိုမျိုး ဆေးနီထိုးချင်တယ်လို့"
"ဘာလုပ်မှာလဲကွယ်
အသုံးဝင်တာလည်းမဟုတ်ဘဲ
အသားနာတာဘဲရှိမယ်""ဒါဖြင့်
ရှား ကျ ဘာလို့ထိုးထားတာလဲ""ကြည့်! ကြေးတမ်းတိုက်ပုံက
ကိုယ်က မထိုးချင်ပါဘူး
ထား ထိုးပေးထားလို့
ဒီတိုင်း ငြိမ်နေလိုက်ရတာ""ထား ? "
"ကျွန်တော့် အဘွားပါဗျာ"
မျက်ခုံးပင့်ကာ မေးလာသူကို ပြုံးလျက်ဖြေတော့ ရှက်ပြုံးကြီး ပြုံးသည့် မဟာမြိုင်ကား ချစ်စဖွယ်။
"အဘွား ကျ ကြောက်တယ်ပေါ့"
"ချစ်ရတာပါကွယ်..."
"ဘာပဲဖြစ်ဖြစ်ပါဗျာ
ဒါမိုက်တယ်
ကျွန်တော်လည်းထိုးမယ်
ရှား ထိုးတတ်ရင် လာ
ကျွန်တော့်ကျောမှာ ဆေးနီထိုးပေး!"ပြောပြောဆိုဆို တီရှပ်အနီကို ချွတ်ရန်ပြင်သော မဟာမြိုင့်ကို စံရှားမောင်က
တံဘက်ထဲ ထည့်ထုပ်လိုက်သည်။"ဘာဖြစ်တာလဲ မြိုင်
မာနကို အကောင်းဘက်ကိုပဲ
ဦးတည်စမ်းပါကွယ်
ငါလောက်မတတ်ဘူး ၊မတော်ဘူး
ဆိုတာတွေထက်
ဒါမျိုး မလုပ်သင့်၊မလုပ်အပ်တာတွေက ငါနဲ့မတန်ဘူး ဆိုတဲ့ အကောင်းမာနပဲ ထားစမ်းပါ
ကိုယ်လုပ်တိုင်း လိုက်မလုပ်ချင်နဲ့လေ
ဘာအကျိုးရှိမှာမို့လဲ"
YOU ARE READING
Love & Vanity (အချစ် နှင့် မာန)
Romantizm[ Completed ] #Myanmar bl novel #Love & Vanity #အချစ် နှင့် မာန #Holmes_002 - respectfully credit to the original artist for cover photo ဤဝတ္ထုတွင်ပါရှိသည့် ဇာတ်ကောင်များကို 'ဘုရားတစ်ဆူ ဂူတစ်လုံး' ထား၍ ကိုးကွယ်ချင်လောက်အောင် အပြစ်အနာအဆာကင်းသည့် ပု...