အခန်း-၂၀

387 20 0
                                    

နေ့လည်စာအတွက် ချက်ပြုတ်ပြင်ဆင်နေသော မဟာမြိုင့်အနီး
စံရှားမောင် က လှစ်ခနဲရောက်လာကာ
မဟာမြိုင်၏ ပုခုံးကို လက်ဖြင့်ဖျစ်လျက်

"ချက်လှချေလား ကိုယ့်လူ
အာလူး၊ကြက်သား
အင်းးးး
ကြက်အာလူးချက်မလို့လား
ကိုယ်ချက်မယ်လေ ဘေးဖယ်"

နေရာဝင်ယူမည်ပြုသော စံရှားမောင် ကို မဟာမြိုင်က တွန်းဖယ်လိုက်၏။

"‌အသာလေးနေစမ်းပါ ရှား ရာ
ဒါလည်းကူညီရာရောက်ပါတယ်"

စံရှားမောင်က မျက်ခုံးတွန့်ကာ ခါးထောက်လိုက်သည်။

"ဒီမယ် မြိုင်ပင်ပန်းနေတာကို
ကြည့်နေရာတာထက်စာရင်
ကိုယ်တိုင်ဝင်လုပ်လိုက်တာက
ပိုပြီးသက်သာမယ်မှတ်လို့"

"ကိုင်း! ရှား သဘော"

စံရှားမောင်က ကြက်အာလူးကို မဆလာနိုင်နိုင်ဖြင့်ချက်နေသည်မို့
အနံ့များမွှေးလွန်းရကား ဦးမ‌ဟာအောင် မှာ နောက်ဖေးဆောင်ထဲဝင်လာ၏။

"မွှေးလှချေလား ဆရာတို့ရဲ့"

"ရှား ချက်နေတာဖေဖေ"

"ဟာ ဟုတ်လား မောင်ရင်
မြည်းစမ်းကြည့်အုံးမယ်"

"ဟိုးဒါး !
ဘာလုပ်တာလဲ ဦးအောင်
အားနာပေမယ့် အဆီအဆိမ့်တွေ
လျှော့မှ ဖြစ်ပါမယ်
ဦးနန္ဒ ဘာမှာခဲ့သလဲ"

"အိုကွယ်
စားချင်တာတော့ စားကိုစားရမှ
ကျေနပ်မယ်
သေမှသေရော့
နည်းနည်းဖြစ်ဖြစ်မြည်းပါရစေကွယ်
နော် မောင်ရင်"

မိမိအင်္ကျီစ ကို လာဆွဲ၍ ကလေးကြီးသဖွယ် ပူဆာလာသော ဦးမဟာအောင်ကိုကြည့်၍ စံရှားမောင်က တဟားဟားအော်ရယ်သည်။

မဟာမြိုင်မှာ သူတို့နှစ်ဦးသားကိုကြည့်ကာ ပြုံးစိစိ ပြုနေ၏။

"ကလေးလား ဦးအောင်က
ဟမ် ပြောပါအုံးဗျ
လူကိုမနေနိုင်အောင်
လာပူဆာပြနေတာ
နည်းနည်းတော့ရမယ်ဗျာ
မဟုတ်ရင်တော့ ဦးနန္ဒကို ဖုန်းဆက်တိုင်ရမယ်"

"ဟုတ်ပြီကွယ်"

***

ထမင်းစားပွဲ၌

"နည်းနည်းစားရတာတော့
မကျေနပ်သေးဘူးကွယ်
နာလန်ထ ဆန်တောင်မပြနဲ့ ဆိုသလိုဖြစ်နေပြီ
တွေ့ကရ အကုန်စားချင်နေတဲ့ ဦး တော့ မောင်ရင့် လက်ရာကိုတောင်
ဝ အောင်မစားရတာ နာသကွယ်
နောင်ကျ ဦး ကို
ချက်ကျွေးအုံးမယ်မလား မောင်ရင်..."

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now