အခန်း-၂၅

350 14 0
                                    

"သမီးရေ အောက်ထပ်မှာ
မြိုင်ကလေး ရောက်နေတယ်တော့!!"

မြသွေးခက်၏မိခင် ဒေါ်နှင်းရီက လှေကားမှ သွက်သွက်တက်လာကာ
ဘုရားသောက်တော်ရေ ကပ်ပြီးသွားသော သမီးဖြစ်သူအား အံ့ဩတကြီး ပြောလိုက်ခြင်းဖြစ်၏။

"အို...
စောစောစီးစီးပါလား
မြိုင်ကလေး ဘာကိစ္စ ပါလိမ့်"

အသားညိုစိမ့်စိမ့်၊ မျက်လုံးမျက်ဖန် လှလှလေးများနှင့် ပန်ချာပီမလေး အသွင်ရှိသော ဒေါ်နှင်းရီက သူမ၏
နူတ်ခမ်းဖူးလေးကို စူတူတူ ပြုလျက်

"လူတွေကို အကဲခတ်ကြည့်ပြီး
စိတ်နေစိတ်ထားကို သိအောင်လုပ်ဖို့
ညဉ်းကို ပြောပေါင်းများလှပါပြီဟယ်
နှင်းရီသမီးဖြစ်ပြီး လူကဲခတ်မညံ့စမ်းပါနဲ့ဟဲ့
ကိုယ့်ဘာသာ အကဲသွားခတ်ချေစမ်းအေ..."

မြသွေးခက်က တခစ်ခစ်ရယ်မောကာ

"ကောင်းပါပြီ ဒေါ်တတ်ပါ့ ရှင့်..."

ဟုဆိုကာ မိခင်၏ပါးကို ဖျစ်၍ အောက်ထပ်သို့ ဆင်းသွားတော့သည်။

ဧည့်ခန်းဆိုဖာ၌ မဟာမြိုင်က စိတ်အလိုမကျသည့်နှယ် ဆံပင်များကို ပွသည်ထက်ပွအောင်ဖွကာ၊ ဝေခွဲရခက်နေသည့်နှယ် မျက်ခုံးလေးများ ကျုံ့ကာကျုံ့ကာ နှင့် ဖင်တကြွကြွ ဖြစ်နေသဖြင့် အကဲခတ်နေသော မြသွေးခက်က တစ်ချက်ပြုံးလိုက်၏။

"ဟယ်တော့...တို့မြိုင်လေး
စောစောစီးစီးပါလား
ဆိုတော့ ဒီနေ့ပွဲရုံလိုက်မသွားဘူးပေါ့"

မြသွေးခက်က
သွားတက်ကလေးပေါ်သည်အထိ ပြုံး၍ ဧည့်ခံသည်တွင်
ထိုအပြုံးကို မြင်ရသူတို့အဖို့
စိတ်ပင်ပန်းမှု့များ မေ့ပျောက်သွားနိုင်သဖြင့်
မဟာမြိုင်ပါ ထပ်တူ ပြုံးလိုက်မိသည်။

"ဒီနေ့ ဖေဖေ့ဆီက ခွင့်ယူထားတယ်
ကျွန်တော် မမမြဆီ လာချင်လို့ "

မြသွေးခက်က မဟာမြိုင့်ကို စေ့နေအောင်ကြည့်ကာ အကဲခတ်၏။

မဟာမြိုင်က သတိထားမိသော်ငြား
*ထုတ်ပြော၍ သိသွားခြင်းထက် အကဲခတ်၍ သိလျှင်လည်း သိစေတော့* သဘောထားကာ
တစ်မျိုးတည်းသော ခပ်မှိုင်းမှိုင်း မျက်နှာထားဖြင့် နေနေလိုက်သည်။

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now