မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျကာ သားဖြစ်သူ၏ခါးကို သိမ်းကြုံးပွေ့ဖက်၍ ရင်အုပ်ကို တရှူးရှူးနမ်းရှိုက်ကာ အလွမ်းသယ်နေသော မိခင်၏ ပျာပျာသလဲချစ်ခြင်းကိုမျှမထောက်ပါဘဲ စံရှားမောင်က နူတ်ခမ်းများတင်းနေအောင်စေ့ကာ တောင့်တောင့်ကြီးရပ်နေသည်မို့ မဟာမြိုင်က ဘဝင်မကျစွာ မျက်ခုံးတွန့်လိုက်သည်။
"ငုံ့ပါအုံး ရှားကလေးရယ်...
မာမီ့ကို နမ်းခွင့်ပေးပါအုံး...
အရပ်ကြီးရှည်ပြီး အသားတွေညိုနေလိုက်တာ...
ကိုကိုလွန်း!! ခင်တို့သားကိုကြည့်ပါအုံး
ညားကလေး မင့်ကိုကြီးကို ကြည့်စမ်းပါအုံးကွယ်...."တံခါးမှဝင်လာသော ရှပ်အင်္ကျီလက်ရှည်၊ ပုဆိုးနှင့် ကုပ်အင်္ကျီဝတ်ကာ တုတ်ကောက်ကိုင်ထားသောလူကြီးနှင့် ဘေးမှ အသားညိုသယောင်ယောင်၊ လူကောင်ခပ်ထွားထွား၊ ပုဆိုးဝတ်ကာ တီရှပ်အနက်အပေါ်မှ ဂျာကင်အုပ်ထားသော လူငယ်တို့က ဝမ်းသာလုံးဆို့နေကြရင်း
စံရှားမောင်ကို တစ်လှည့် စံရှားမောင်၏ မိခင်ကိုတစ်လှည့် ပြုံးရယ်ကာ ကြည့်နေကြ၏။အံကိုတင်းအောင်ကြိတ်ထားကာ ကိုယ်ကိုမတ်ထားသော စံရှားမောင်၏ ရင်ခွင်ထဲ၌ နှင်းပွင့်လေးသဖွယ် ဖြူဖွေးနေသော သူ၏မိခင်က သားဖြစ်သူကို မော်ကြည့်လျက် အကဲခတ်နေသည်။
စံရှားမောင်က မျက်မှောင်ချိုးကာ သူ၏ညီဟုထင်ရသော လူငယ်ကို စေ့နေအောင်ကြည့်လျက်
"မင်း ငါ့စကားကိုလွန်ဆန်ရဲတယ်
ခံ့ညားမောင်!!!"ဟိန်းထွက်သွားသော အသံကြောင့် စံရှားမောင်၏ မိခင်မှာ ဆတ်ခနဲတုန်သွားရာ သူမ၏ ခင်ပွန်းက စံရှားမောင်၏ရင်ခွင်ထဲမှ ဆွဲထုတ်လိုက်၏။
ခံ့ညားမောင်က ထိတ်ထိတ်ပျာပျာ ခြေလှမ်းကျဲကြီးများဖြင့် ပြေးလာကာ
စံရှားမောင်၏ ခြေသလုံးကို သိမ်းကျုံးပွေ့ဖက်လိုက်သည်။"မဟုတ်...မဟုတ်ရပါဘူး ကိုကြီး
ကျွန်တော် ကိုကြီးစကားကို
လွန်ဆန်ရဲခြင်း မဟုတ်ရပါဘူး"စံရှားမောင်က ခြေကို ခတ်ပစ်လိုက်ရာ ခွန်အားဗလ ကြီးပုံရသော ခံ့ညားမောင်ပင် ကြမ်း၌ လဲသွား၏။
YOU ARE READING
Love & Vanity (အချစ် နှင့် မာန)
Romance[ Completed ] #Myanmar bl novel #Love & Vanity #အချစ် နှင့် မာန #Holmes_002 - respectfully credit to the original artist for cover photo ဤဝတ္ထုတွင်ပါရှိသည့် ဇာတ်ကောင်များကို 'ဘုရားတစ်ဆူ ဂူတစ်လုံး' ထား၍ ကိုးကွယ်ချင်လောက်အောင် အပြစ်အနာအဆာကင်းသည့် ပု...