အခန်း-၃၂

317 14 6
                                    

"ဟာ ဖေဖေ !
ခုထိအဝတ်မလဲသေးဘဲ ရေဝတ်ပုဆိုးကြီးနဲ့ထိုင်နေတယ်
အအေးပက်မယ်လေဗျာ..."

အခန်းထဲသို့ ပျာပျာသလဲဝင်လာကာ တံဘက်နှင့်ရေသုတ်ပေးလာသော သားဖြစ်သူ မောင်လူချောကို
ဦးမဟာအောင်က မှင်တက်နေသည်။

"ဖေဖေ့ကို ဖေဖေ့သားမှပြင်မပေးရင်
ဘယ်သူပြင်ပေးမလဲ...
သားကိုစောင့်နေတာလေ..."

မဟာမြိုင်က နူတ်ခမ်းစွန်းနှစ်ဖက် ကော့သထက်ကော့တက်သွားအောင် ပြုံးလိုက်၏။

ဗီရိုထဲမှ ခရမ်းပြာရောင်ပုဆိုးကွက်ကျဲနှင့် စတစ်အဖြူလက်ရှည်ကို ထုတ်ကာ အဖေဖြစ်သူကို မဟာမြိုင်က ကျကျနနဝတ်ပေးလိုက်သည်။

ဦးမဟာအောင်မှာ သားအကျိုးပေးသော သူ၏အဖြစ်ကို သူကျေနပ်နေမိ၏။

အိမ်မှု့ကိစ္စများကို ချက်ချက်ချာချာ လုပ်တတ်ကိုင်တတ်၊ ဖအေဖြစ်သူအားလည်း ဂရုတစိုက်ပြုစုယုယပေးတတ်သော သမီးအလိမ္မာလေးရှိထားခြင်းမဟုတ်သည့်တိုင် ထိုကိစ္စများအတွက်
မျက်နှာမငယ်ရလေအောင် သားဖြစ်သူက စနစ်ကျကျ ဒေါင့်စေ့အောင် လုပ်ကိုင်ပေးသောသား ရှိထား၍ ဦးမဟာအောင်မှာ မိမိရှေးကုသိုလ်အတွက် အထူးတလည် ကျေနပ်‌နေ မိ၏။

(စင်စစ်၌ အစ်ကိုလေး၏ မာနကြီးခြင်း၊ဘဝင်မြင့်ခြင်းများကို ကျွန်ုပ်မှာ
ရှုံ့ချနိုင်စွမ်း၊ ရှုံ့ချနိုင်လိုစိတ် နည်းနည်းမျှမရှိပါ။
အရာအရာ၌ တတ်ကျွမ်းထား၍ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းနိုင်သော အစ်ကိုလေး၏ စွမ်းပကားများကြောင့် သူ့တွင်မာနဘဝင်များ ရှိမနေလျှင်ပင် အတော်ကြီး ယုတ္တိယုတ္တာမကျဖြစ်နေပေလိမ့်မည်။
ဘာမျှဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်စွမ်းမရှိဘဲ အခြောက်တိုက် မာနဘဝင်ကြီးမြင့်နေသူများကို ကျွန်ုပ်က မျက်မုန်းကျိုးမိသော်ငြား အစ်ကိုလေးကဲ့သို့ သိပုံ တတ်ပုံတို့ အရင်းခံ၍ဖြစ်တည်လာသော မာန ဘဝင်မျိုးကိုမူ
ရှုံ့ချဖို့ မရဲလှသည့်အပြင် အာဂလူကြီးပါလားဟု အားကျစံထားမိပါသေးသည်။)

"တိုက်ပုံဝတ်မှ ပိုခန့်မယ် ဖေဖေ!"

မဟာမြိုင်က တိုက်ပုံအနက်ရောင်ကို ဖခင်၏ကိုယ်ပေါ် ထပ်ဝတ်ပေးပြီး ကျေနပ်လောက်မှ ဇရာထောင်းစ ဖြူတစ်ဝက်နက်တစ်ဝက် ဆံပင်များကို ဆီသပ်ပေးနေ၏။

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now