အခန်း-၃၆

329 15 4
                                    

"ဒါ အန်တီက နှောင်း...အင်းလေ...
မဟာမြိုင့်မေမေအစား ပြောတာပဲ"

"ဘယ့်နှယ်...
ဒေါ်ဒေါ်တို့ ပြောပုံဆိုပုံများ သိပ်ကို အဆီအငေါ်မတည့်တာကိုးဗျ!
ဒီမှာ ဒေါ်ဒေါ်က ကိုယ်တိုင်ကျ မြိုင့်ကို နှိပ်စက်ချင်စက်မယ်...
မြိုင့်ကို ပျော်အောင်မထားဘူးလို့
ဘယ်သောအခါမှ မတွေးဖူးတဲ့ ကျွန်တော့်ကိုကျ လာပြီးခြိမ်းချောက်တယ်လုပ်နေတာ...
ဘယ့်နှယ်ဟာလဲ!!!"

"ဒီမှာ မောင်စံရှား !
အန်တီစောနက ပြောခဲ့တယ်လေ!
မဟာမြိုင့်အမေအစား ပြောတာပါလို့
အန်တီ့ဘာသာ မဟာမြိုင့်ကို နှိပ်စက်ချင်နှိပ်စက်မယ်...
ဒါ အန်တီသမိုင်းပါ...
ကိုယ့်သမိုင်း ကိုယ်ရေးပါ.."

"ဘာရယ်ဗျ!!!
ဒေါ်ဒေါ့်စကား ငှားပြောရရင်
ကျွန်တော်က ကျွန်တော့်သမိုင်းကျွန်တော်ရေးနေတာဗျ...
ဒေါ်ဒေါ်တို့လူကြီးတွေသာ ကိုယ့်သမိုင်းကိုယ်ရေးကြရုံတွင်မက
ကျွန်တော်တို့လူငယ်တွေသမိုင်းထိပါ
လိုက်ရေးနေကြတာ...
ဒီမှာဒေါ်ဒေါ် ကျွန်တော်လေသံမာရင် တစ်ဆိတ် ခွင့်လွတ်ဗျာ..
ပြောတော့ပြောမှာပဲ !
ကျွန်တော်က ရှင်းတယ်...
မြိုင်နဲ့ ကျွန်တော့်ကို လာမထိပါးသရွေ့
ယဉ်ကျေးပြနေအုံးမှာ...
ဒီလိုမဟုတ် လာထိပါးရင်တော့
ဘယ်လိုအကောင်ကြီး ဖြစ်ဖြစ်
ဘယ်အရွယ်ကြီး ဖြစ်ဖြစ်
တိုက်ခိုက်မှာပဲ...
ရိုင်းလိုက်တဲ့ကောင် လို့
ဒေါ်ဒေါ်ထင်လိုက်ရင်လည်း ကျွန်တော်က တစ်ကျပ်ဖိုးမှ ဝမ်းမနည်းဘူးဗျနော်!!"

ဒေါ်ခင်သက်ချိုက မျက်ခုံးချီကာ စံရှားမောင် ကို စိုက်ကြည့်နေ၏။

"‌တစ်ဆိတ် ဒေါ်ဒေါ်လည်း အသက်ကြီးပါပြီဗျာ...
မာန်လေး လျှော့မှပေါ့...
အချစ်ကြီးလို့ အမျက်ကြီးတယ်ထားအုံး၊ ဒီလောက်ဆို ဦးအောင် နဲ့ မြိုင်လည်း ဝဋ်ကြွေးကျေသင့်ပါပြီ...
ဒေါ်ဒေါ် မကျေနပ်နိုင်သေးဘူးလား..."

ဒေါ်ခင်သက်ချို၏ ပုတီးညိုစေ့ကြီးများသဖွယ် မျက်ဝန်းများ၌ မျက်ရည်များ ပြည့်လျှမ်းသွားသည်။

မာန်လျှောရာမှ ကျလာသော မျက်ရည်များထင်ကာ စံရှားမောင်က ကရုဏာ သက်မိသွားသည်။

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now