အခန်း-၃၉

318 13 7
                                    

ညက လေဖြူးခဲ့သည်ကို အေးသည်
မထင်ခဲ့သော စံရှားမောင်မှာ မနက်မိုးလင်းမှ ရင်ခွင်ထဲ၌ မဟာမြိုင်ရှိမနေတော့သည်မို့ အေးတိအေးစက်ခံစားလိုက်ရ၏။

ဒင်းကလေးက သူနှင့်မတူသော ဝီရိယရှိသဖြင့် အိပ်ယာလည်းစောစောထလောက်ပေပြီ။

စံရှားမောင်က အိပ်ယာမှ ချက်ချင်းထလိုက်သည်တွင် ကုတင်စွန်း၌ကွေးနေသော မဟာမြိုင့်ကိုတွေ့ရ၍ အံ့ဩနေသည့်ကြားမှ ကျေနပ်သွားမိသေးသည်။

ဒါ ကိုယ့်အိမ်၊ ကိုယ့်အိပ်ယာ၌ သူကလေး အသားကျနေသည့် သဘောမဟုတ်လား... ။

စံရှားမောင်က ပြုံးလျက်ပင်
သူကလေးနိုးလာလျှင် အစစအရာရာ အဆင်သင့်‌ဖြစ်နေပေအောင် သွားတိုက်တံပေါ်သွားတိုက်ဆေး တင်ပေးသည်မှအစ အမြိန်ယှက်ဆုံး နံနက်စာအဆုံး လိုလေသေးမရှိအောင် ပြင်ဆင်ပေးမည်ဟု ကြုံးဝါးကာ ကုတင်ပေါ်မှ ဆင်းမည်အပြု

"အင်း...!!"

ညည်းသံ သဲ့သဲ့ကြောင့် စံရှားမောင်မှာ အထိတ်တလန့်ဖြစ်ကာ မဟာမြိုင်၏နှဖူးပေါ်လက်ရွယ်လျက်

"မဟုတ်မှ!!"

ဘုရားရေ...မဟာမြိုင် ဖျားနေသည်ဘဲ...။

"မြိုင်!! မြိုင်...ကလေး!!
ကိုယ်ခေါ်နေတာ ကြားလား...
ရှား ခေါ်နေတာ ကြားလား...ဟင်!
သတိထားစမ်းကွယ်...မြိုင်!"

ကိုယ့်ပါးပြင်ပေါ် သူ၏ပါးကပ်၍ ကိုယ်ကိုလှုပ်ကာ အတင်းခေါ်နေသော လူကြီးကြောင့် မဟာမြိုင်မှာ မျက်စိကို အားယူ၍ ဖွင့်လိုက်၏။

"ဘယ့်နှယ်နေသလဲ ကလေး...
ဖျားနေတာပဲကွယ်...
ဘယ့်နှယ်ကြီးနေသလဲဟင်...
ကိုကို့ ကိုပြော...
ဟုတ်ပြီ ကြည့်! ကိုကို့ကိုကြည့်!!"

"ကျွန်တော် ဘာမှမဖြစ်...
ဒါ...ဖြစ်နေကျ..."

"အိုဗျာ...ဘာကိုဖြစ်နေကျ လဲ!!!"

"ရှား!"

"ဗျာ့!  ရှားရှိတယ်နော်...
ကလေး ဘာပြောချင်လဲ.."

"ခင်ဗျားဘာလို့ ပျာယာခပ်နေတာလဲ...
ကျွန်တော် မကြိုက်...အင်း!!"

စံရှားမောင်က ကိုယ်ကို မတ်လိုက်မိ၏။

ဖျားနေသည်ပင် အမိန့်ပေးနိုင်သော
ဒင်းကလေး။

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now