"ဒီရုပ်ရည်တွေ မနည်းမေ့ထားရပါတယ်ဆိုမှ...!
ခင်သက်ချိုတို့ ကံခေပုံကလည်း...!"မီးပွင့်မည့်နှယ် မျက်လုံးကြီးများနှင့် စူးခနဲစိုက်ကြည့်သွားသော ဒေါ်ခင်သက်ချို၏ အကြောင်းမဲ့ စော်ကားမော်ကားပြုခြင်းကို ဆတ်ဆတ်ထိမခံသော ဒေါ်ဂမုန်းခင်က
"ဒီဟာမ!!!"
ဟုဆိုကာ အနီးရှိ ပန်းအိုးကိုဆွဲယူ၍ ဒေါ်ခင်သက်ချိုကို ချိန်အလိုက်၌ ဦးလွန်းမောင်က ရှေ့မှဝင်ရပ်လိုက်သည်။
"ခင်! ခင်စိတ်လျော့လေကွာ...
ကိုကိုလွန်းပြောတာ နားထောင်စမ်း
ကလေးမလေး...!"ဒေါ်ဂမုန်းခင်က ပန်းအိုးကိုပြန်ချကာ ဦးမဟာအောင်ကို စေ့ခနဲ စိုက်ကြည့်လိုက်၏။
"ဒီကောင်မ ဘာလာလုပ်တာလဲ
မဟာအောင်..!!
ချမ်းသာတဲ့မိန်းမက
အိမ်ငှားနေတာလည်း မဟုတ်တန်ရာ!!""မဟုတ်ဘူးမမ
ကျွန်တော်က ခင်သက်ချိုနဲ့
လက်ထပ်ထားတာ...""ဘာ..!!!"
ဦးလွန်းမောင်က ထိုင်ရာမှထကာ သံကုန်အော်လိုက်သည်။
"ဘာပြောတယ် မဟာအောင်!!
မင်းက ဒီမိန်းမနဲ့...ကျစ်!!..ဘာလဲကွာ
မင်းက နှောင်းကိုမေ့သွားတဲ့သဘောလား...!""ဘာဗျ..! မဟုတ်ဘူး အစ်ကိုလွန်း!!
ကျွန်တော်ပြောတာ နားထောင်!
နှောင်းကိုယ်တိုင်က ကျွန်တော်နဲ့ ခင်သက်ချိုကို လက်ထပ်ပေးခဲ့တာ...!"မဟာမြိုင်က သူ၏ဖခင်ကို ဆတ်ခနဲ စိုက်ကြည့်လိုက်၏။
"ဖေ..ဖေ!!"
"ဒီအကြောင်းတွေကို တစ်ကိုယ်တည်းလုံအောင်ဖုံးထားပေမယ့်
အမှန်တရားဟာ ငုပ်လျှိုးလည်း
ခဏပါပဲ"ဦးလွန်းမောင်က လှေကားဆီ လက်ညှိုးငေါက်ငေါက်ထိုးထာ မျက်ဒေါင့်နီကြီးဖြင့်
"ဘာဖြစ်တာလဲ!!!
ဒါဆို သူက ဘာဖြစ်နေတာလဲ
အခု သူချစ်တဲ့မင်းကို ပိုင်ဆိုင်ရပြီလေ
ကိုယ်တို့ကို ဘယ်လိုရဲတင်းမှု့မျိုးနဲ့
လာပြီး ရွဲ့စောင်းပြောရဲတာလဲ...!!!""ဘာဗျ အစ်ကိုလွန်း!!!
သူချစ်တဲ့ကျွန်တော် ဟုတ်လား!!
မဟုတ်ဘူး အစ်ကိုလွန်း
သူက ကျွန်တော့်ကိုချစ်တာမဟုတ်ဘူး
နှောင်းကိုချစ်တာဗျ!!!
သူမရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့
နှောင်းကို မိန်းခလေးချင်း ချစ်ခဲ့တာ"
YOU ARE READING
Love & Vanity (အချစ် နှင့် မာန)
Romance[ Completed ] #Myanmar bl novel #Love & Vanity #အချစ် နှင့် မာန #Holmes_002 - respectfully credit to the original artist for cover photo ဤဝတ္ထုတွင်ပါရှိသည့် ဇာတ်ကောင်များကို 'ဘုရားတစ်ဆူ ဂူတစ်လုံး' ထား၍ ကိုးကွယ်ချင်လောက်အောင် အပြစ်အနာအဆာကင်းသည့် ပု...