အခန်း-၄၀

372 13 4
                                    

"ကိုင်း! ဆရာသမား
အနောက်က‌နေ တက်!!"

ကားဂိုထောင်ထဲမှ ထုတ်လာသော စက်ဘီးကိုခွရင်း စံရှားမောင်က မဟာမြိုင့်ကို မျက်စပစ်ပြသည်။

"ဗျာ! ဘယ်...ဘယ်ကိုလဲဗျ!!
ဘာလုပ်မလို့လဲ!!!"

"ကိုယ့်ဆရာဘဲ ပျင်းရဲ့ဆို...
နေအေးမှတော့ စက်ဘီးလျှောက်စီးကြရအောင်..."

"စိန်လိုက်လေ!!"

မဟာမြိုင်က စက်ဘီးအနောက်ခုံကို ခွကာ စံရှားမောင်၏ အင်္ကျီစကို ဆုတ်ကိုင်လိုက်၏။

*သူ့ကလေး ကိုယ့်ကို အားကိုးခြင်း*
ဟု အဓိပ္ပါယ်ဖွင့်ကာ စံရှားမောင်မှာ
ဘဝင်ဟပ်သွားမိသည်။

ရုံးပြန် ရေချိုးနေသော တိမ်ညိုက

"ဟိုးဆရာတို့! ဘယ်လဲ!"

"နိဗ္ဗာန်လေ မောင်မှိုင်းရဲ့..."

ပြုံးရင်းဖြေသူ၏ ဘေးတိုက်မျက်နှာအနေအထားကို မဟာမြိုင်က ငေးခနဲဖြစ်သွားမိသည်။

အဖြူရောင်ရှပ်လက်တို၊ ခရမ်းဖျော့ဖျော့နှင့် အမဲရောင် လိုင်းဖောက်ထားသော ပုဆိုးကို ဝတ်ထားသည့်လူကြီးက ချစ်စဖွယ်...။

စက်ဘီးကို သွက်သွက်ကြီးနင်းနေသည်က ဟန်ကြီးပန်ကြီး ရှိလွန်းလှသည်။

"ဟိုး!! ကြီးတော်တို့တစ်သိုက်ပါလား"

"အို...မောင်စံရှား ဘယ်လဲ
ဟယ်...ဒါလေးက!!!"

ရပ်ကွက်ထဲမှ အပျိုဖြန်းလေးများကို အမျိုးသမီးကြီးတစ်ဦးက ဦးဆောင်၍လာသော တစ်သိုက်ကို ဖော်ရွေစွာ နူတ်ဆက်နေသော လူကြီးကြောင့် မဟာမြိုင်က လူကြီးကျောနောက်မှ ခေါင်းပြူကာ မျက်ခုံးချီ၍ကြည့်လိုက်သောအခါ ကြီးတော်ဆိုသူ အပါအဝင်
အပျိုဖြန်းလေးများ ရှက်သွေးဖြန်းသွားပုံက မဟာမြိုင့်ကို သဘောခွေ့သွားစေ၏။

"ဒါ ကျွန်တော့်အမျိုးသားလေ...
မဟာမြိုင်တဲ့..."

"အိုတော်!!!"

လန့်ဖျပ်သွားကြရာမှ မျက်နှာထားပြောင်းသွားကြသူတစ်ချို့၊
လူကြီးကို နှမျောတဿ ကြည့်နေကြသူတစ်ချို့၊
အံ့ဩပြီးရင်း အံ့ဩနေသူတစ်ချို့၊
အားလုံးကို စံရှားမောင်နှင့် မဟာမြိုင်က ကွပ်စိပ်ရိုက်ကာ အကဲခတ်နေကြသည် ။

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now