အခန်း-၄၅

321 14 6
                                    

သုံးလေးရက်ဆွေခဲ့သောမိုးက ယနေ့မနက်၌ စင်စင်လင်းကာ ပုန်းလျှိုးခဲ့သော သူရိန်နေမင်းက အညှိုးကြီးနှင့် တအားပူပြနေသည်။

မဟာမြိုင်က အိပ်ယာမှ ထမည်အပြု သူ၏ဗိုက်ပေါ် ခေါင်းတင်ကာ နံရံကိုခြေနှင့်ကန်၍ အိပ်ပျော်နေသော စံရှားမောင်ကို တွေ့ရ၏။

"ရှား!
ကျွန်တော် မနက်စာ ပြင်ရအုံးမယ်ဗျ!
ရှား ဆက်အိပ်နေ
ကျွန်တော်တော့အိပ်ယာထမှဖြစ်မယ်
ဖယ်အုံးနော်..."

စံရှားမောင်က လေးတွဲသော လေသံနှင့်

"မထနဲ့! ကိုယ့်ကလေးမထနဲ့
ကိုယ်လည်းမထဘူး..."

"ဒါဖြင့် မနက်စာ ဘာသွတ်ကြမလဲ
ဘိုးတော်..."

"ရေရှိနေတာဘဲ ရေပဲသောက်ကြမယ်"

"ဒါဖြင့်လည်း နေစမ်းပါစေ..."

စံရှားမောင်က သူ၏ခေါင်းအုံးပေါ် ခေါင်းတင်၍ နေရာမှန်ပြန်အိပ်လိုက်ကာ သူ့ဘေး၌ မဟာမြိုင်ဝင်အိပ်စေရန် လက်ဖြင့်ပုတ်ပြသည်။

မဟာမြိုင်က စံရှားမောင်၏ ခါးပေါ် ခြေခွတင်ကာ ပြန်၍ အိပ်ပစ်လိုက်၏။

(အမှန်မှာ အစ်ကိုကြီးက အိပ်ရေးကြမ်းသူတစ်ယောက် မဟုတ်ပါ။
အစ်ကိုလေးနှင့် အိပ်လျှင်‌ ပုံတော်ရုံ အိပ်တတ်ခြင်းဖြစ်ပါသည်။
အစ်ကိုလေးမှာကား သူအိပ်မပျော်ခင်၌ အအိပ်ဆတ်သလိုလိုနှင့် အိပ်ပျော်ပြီဆိုလျှင် အတော်ကြီး သောင်းကျန်းတတ်ပါသည်။
တစ်ခါက အစ်ကိုကြီး အလုပ်အတွက် ခရီးတစ်ရက်ထွက်ရာ၌ ကျွန်တော်နှင့်ဘွားဘွားကြည်တို့က အစ်ကိုလေး အဖော်ရစိမ့်ခြင်းငှာ
(အစ်ကိုကြီး မှာထားခဲ့ခင်းလည်းပါပါသည်။) အစ်ကိုလေးနှင့်အတူ အိပ်ကြရာ အစ၌ အတော်ကြီး ဟန်သော်ငြား နောက်ပိုင်း၌ အစ်ကိုလေး၏ အအိပ်မသိမ်မွေ့ခြင်း၊
အားကြီးကိုမျှမထောက် ခြေတံရှည်ကြီးများနှင့် ပစ်တင်ခြင်း၊
သည်းခံ၍ အိပ်ပျော်တော့မည့်ဆဲဆဲ၌ ရင်ဘတ်ပေါ် လက်ကြီး ဝုန်းခနဲလာတင်၍ လူကို အလန့်တကြားဖြစ်အောင် လာလုပ်ခြင်းတို့ကြောင့် ကျွန်တော်နှင့် ဘွားဘွားကြည်တို့မှာ ညလုံးပေါက် အိပ်မပျော်နိုင်ဘဲ ရှိခဲ့ပါသည်။
နောက်နေ့၍ ဘွားဘွားကြည်က အစ်ကိုလေး မနိုးခင် အစောကြီးထ၍ အစ်ကိုကြီးအား ဖုန်းဆက်တိုင်ရာ အစ်ကိုကြီးက ရယ်မော၍
"မြိုင်က ဒီလိုလေးတွေရှိတတ်လို့
သည်းခံပေးပါ မေမေကြည်ရဲ့..."ဟု
ဆိုရှာပါသည်။
စိတ်ဆတ်သလောက် အအိပ်မဆတ်သော အစ်ကိုလေးပါပင်။)

Love & Vanity (အချစ် နှင့် မာန)Where stories live. Discover now